← Chapters

ပြင်ပအကူအညီယူခြင်း

Vol. 76 Ch. 1130

ပြင်ပအကူအညီယူခြင်း

Vol. 76 Ch. 1130

ဝေဟင်သုံးအင်မော်တယ် စစ်သင်္ဘောအသေးစားသည်် တချိန်တည်းတွင် လူငါးဆယ်အထိ တင်ဆောင်နိုင်သည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများစစ်သင်္ဘောပေါ်သို့ တတ်ပြီးသည့်အချိန်အထိ သင်္ဘောမထွက်သေးသည်ကို မြင်လျှင် ၀မ်လင်း၏ခံစားချက်သည် ချက်ခြင်းဆိုသလို ဆိုးရွားလာခဲ့သည်။

အကြမ်းဖျင်း ဆယ်မိနစ်ခန့်အကြာတွင် ကျောင်းစောင့်ဖြစ်သည့် လုံခြုံရေးမှူးလီသည် ကျောင်း၀တ်စုံကို စနစ်တကျ ၀တ်စားထားသည့် ကိုယ်စားလှယ်ဆယ်ယောက်ကို အားကစားကွင်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။

ထိုမြင်ကွင်းကို အမှတ် ၆၀ အထက်တန်းကျောင်းမှကျောင်းသားများက ပြတင်းပေါက်ကနေ လှမ်းကြည့်နေခဲ့ကြသည်။

ချန်းချောင်နှင့်ကော်ဟောက်က ကျောင်းသားကိုယ်စားလှယ် ဆယ်ယောက်ကို မြင်လျှင် ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

"အမှတ် ၅၉ အထက်တန်းကျောင်းကပါလား"

အမှတ် ၆၀ အထက်တန်းကျောင်းနှင့် အမှတ် ၅၉ အထက်တန်းကျောင်းသည် ယခုအခါတွင် အသိအကျွမ်းဟောင်းများ အဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။

ထို့အပြင် အမှတ် ၅၉ အထက်တန်းကျောင်း၏ ကျောင်း အုပ်ကြီးကလည်း ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။

အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးကျင်း၏ ရုပ်သွင်ကို မြင်လိုက်သောအခါတွင် ၀မ်လင်းသည် ပထမ စာသင်နှစ်၀က်၌ ကျင်းပခဲ့သော စိတ်၀ိညာဥ်ဓား နှီးနှောဖလှယ်ပွဲကိုပင် ပြန်အမှတ်ရမိသွားခဲ့သည်။

ထိုအချိန်က ကျောင်းနှစ်ကျောင်းသည် ရန်ဘက်အသွင် တွေ့ဆုံခဲ့သော်လည်း ယခုအခါတွင်မူ ကျောင်းနှစ်ကျောင်း သည် ဆက်ဆံရေး နီးကပ်လာခဲ့ပြီ ဖြစ်၏။

ထို့အပြင် အဓိကမြို့ပြ အထက်တန်းကျောင်း ကိုယ်စားလှယ်လောင်း အဖြစ် အမှတ် ၆၀ အထက်တန်းကျောင်း သတ်မှတ်ခံရခြင်းသည် အထူးခြွင်းချက်တစ်ခု ဖြစ်ခဲ့ပြီး အမှတ် ၅၉ အထက်တန်းကျောင်း၏ တိုးတက်ရေး လမ်းကြောင်းကို လုံး၀ မထိခိုက်စေခဲ့ပေ။

ယခုအခါတွင် သူတို့သည် စစ်သင်္ဘောတစ်စီးထဲတွင် ရှိနေခဲ့၍ ပျော်ရွှင်ဖွယ်ရာ ပြန်လည်စုံစည်းခြင်း၏ ပြီးပြည့်စုံသော ပုံရိပ်ဟုပင် ဆိုနိုင်၏။

ဤအရာက ကျောင်းနှစ်ကျောင်း၏ ရေစက်ဖြစ်သည်ဟုပင် ၀မ်လင်း ခံစားမိခဲ့သည်။

ကျောင်းအုပ်ကြီးချန်းနှင့် ကျောင်းအုပ်ကြီးကျင်းတို့သည် ဂိုဏ်းတူများဖြစ်ကြောင်း လူတိုင်းက သိထားကြသည်။

ယခုအခါတွင် သူတို့နှစ်ယောက်လုံးသည် အမျိုးသားအဆင့်ပြိုင်ပွဲတွင် ပါ၀င်ယှဥ်ပြိုင်မည့် ကျောင်းသားများကို ဦးဆောင်နေသော ကျောင်းအုပ်ကြီးများ ဖြစ်လာကြ၏။

ထိုကဲ့သို့ သဟဇာတ ရှိသော အခြေအနေသည် အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းနေခဲ့သည်။

စစ်သင်္ဘောပေါ်သို့ ပထမဆုံးတတ်လာသည့် အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းသားမှာ ဟဲပီဖုန်း ဖြစ်သည်။

၀မ်လင်း ယခင်က သင်ခန်းစာပေးခဲ့ဖူးသည့် ဆိုးသွမ်းကျောင်းသား ဟဲပီဖုန်းသည် ယခုအခါတွင် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ချေပြီ။

သူက သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲရန် အတွက် ဆံပင်ကို ညှပ်ပစ်လိုက်ရုံသာမက စာကြည့်မျက်မှန်ကိုပါ တပ်ထားခဲ့သည်။

"တောင်းမှာအကွပ် လူမှာအ၀တ်"ဟူသော စကားသည် အမှန်တကယ်ပင် ဟဲပီဖုန်းနှင့် လိုက်ဖက်မှု ရှိသည်။

ဟဲပီဖုန်းသည် သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲပြီးချိန်မှစ၍

အပတ်တကုတ် ကြိုးစားခဲ့သည်မှာ ထင်ရှားနေ၏ဖယ

သို့မဟုတ်လျှင် ကျောင်းကိုယ်စားပြု အဖွဲ့၀င်အဖြစ် သတ် မှတ်ခံရလိမ့်မည် မဟုတ်ပေ။

အမှားကိုသိလျှင် အမှန်ကိုပြင်၍ ရသည်ဟူသော ဆိုရိုး စကားရှိသည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများသည် ဟဲပီဖုန်း၏ဆံပင်ပုံစံနှင့် ကြီးမားသော အပြောင်းအလဲများကို တွေ့မြင်ရသောအခါတွင် အနည်းငယ် အံ့အားသင့်သွားကြသည်။

၀မ်လင်းပင်လျှင် ဟဲပီဖုန်းကို မှတ်မိရန် မနည်း အားထုတ်ခဲ့ရ၏။

ထိတ်လန့်စရာကောင်းသည်မှာ ဟဲပီဖုန်းသည် စစ်သင်္ဘောပေါ်သို့ တက်ပြီးသည်နှင့် သူ့ဆီ တန်းတန်းမတ်မတ် လျှောက်လာခဲ့ခြင်းပင်။

၀မ်လင်းက သူ့ကို မည်သူမှ သတိမထားမိစေရန် နောက်ဆုံးမှ ထိုင်ခုံတစ်ခုံတွင် တမင်တကာ ထိုင်နေခဲ့သည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ လူတိုင်းသည် ၀မ်လင်း၏ အမူအကျင့်ကို သိနေကြသောကြောင့် မည်သူမှ သူ့ကို အရှေ့နားတွင် ထိုင်ရန် မခေါ်ခဲ့ကြပေ။

ဝေဟင်သုံး အင်မော်တယ်စစ်သင်္ဘောသည် အလွန်ပင် ကျယ်၀န်း၏။

ဟဲပီဖုန်းသည် ၀မ်လင်းဆီသို့ ဦးတည်နေသည်မှာ ထင်ရှားနေ၏။

"ကျေးဇူးပြုပြီး ငါဒီမှာ ထိုင်လို့ရမလား"

ဟဲပီဖုန်းက မေးခွန်းထုတ်လိုက်ရာ ပတ်၀န်းကျင်ရှိ တခြားသူများက အံ့အားသင့်သွားကြသည်။

၎င်း၏ ယဥ်ကျေးသော အမူအရာသည် အမှတ်၆၀ အထက်တန်းကျောင်းမှ လူတိုင်းကို တခဏမျှ စကားမပြောနိုင်ပဲ မှင်တက်သွားစေခဲ့သည်။

၀မ်လင်း ပြန်မဖြေခင်မှာပင် ဟဲပီဖုန်းသည် ၀မ်လင်းကိုကျေးဇူးတင်စကား ပြောလိုက်ပြီး ၀မ်လင်း၏ဘေးတွင် ၀င်ထိုင်လိုက်၏။

၀မ်လင်း "..........."

၀မ်လင်းက ဘာပြောရမှန်းမသိဘဲ ဆွံ့အနေခဲ့သည်။

တစ်ချိန်က သူ့ကိုကျီစယ်ရန် ကြောင်နက်အဖြစ် ပြောင်းလဲခဲ့ဖူးသော ဟဲပီဖုန်းသည် ယခုအခါတွင် သူ့ဘေးမှာ ထိုင်နေခဲ့ပြီ ဖြစ်သည်။

၀မ်လင်းက ဤသည်ကို ကံတရားဟုသာ ယူဆနိုင်တော့သည်။

[အို.. မှားလို့ ဒါကကံအကြောင်းမလှတဲ့ ဆက်ဆံရေးပဲ]

သို့သော် ဟဲပီဖုန်းထံတွင် မကောင်းသော ရည်ရွယ်ချက် ရှိပုံမရပေ။

၀မ်လင်း ပြောနိုင်သည့်အချက်မှာ ဟဲပီဖုန်းသည် ယခုအခါတွင် သူ့အပေါ်၌ ထူးခြားသောခံစားမှုမျိုး ရှိနေပုံရသည်။

၀မ်လင်းက ဟဲပီဖုန်း ပြောင်းလဲသွားသည်ကို အနည်းငယ် သံသယ ဖြစ်မိ၏။

တိုတိုတုတ်တုတ် ပြောရလျှင် သူ့အနေဖြင့် ဟဲပီဖုန်းကို သတိထားနိုင်မှသာ တော်ကာကျမည် ဖြစ်သည်။

သူ့အမြင်တွင် ဟဲပီဖုန်း၏ အမူအရာသည် ပရိသတ်တစ်ယောက်နှင့် ပိုတူနေပေသည်။

၀မ်လင်းက စိတ်ထဲတွင် ပေါက်ကရအတွေးများသာ တွေးနေခဲ့သည်။

သူက ပြတင်းပေါက်အပြင်သို့ စိတ်အေးလက်အေး လှမ်းကြည့်ကာ ဟဲပီဖုန်းကို လျစ်လျူရှုထားဟန် ဆောင်ခဲ့သော်လည်း ဟဲပီဖုန်း၏ သဘောထားကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားခဲ့သည်။

ဟဲပီဖုန်းအပြင် အမှတ် ၅၉ အထက်တန်းကျောင်း၏ အခြားအဖွဲ့၀င် လေးဦးလည်း ရောက်ရှိလာခဲ့သည်။

၎င်းတို့မှာ ထန်ကျင်းဇီနှင့် လျန့်မိသားစုမှ ညီအစ်ကိုသုံးယောက် ဖြစ်သည့် လျန့်ဝေ့၊လျန့်ကျန့် နှင့် လျန့်ဖေးတို့ ဖြစ်ကြသည်။

ကျန်အဖွဲ့၀င် ငါးဦးကိုမူ ၀မ်လင်းက မသိခဲ့ပေ။

သူက ၎င်းတို့၏ မှတ်ဥာဏ်များကို စစ်ဆေးလိုက်ရာ ၎င်းတို့အားလုံးက မရင်းနှီးကြကြောင်း တွေ့ရှိခဲ့ရသည်။

ထို့အပြင် ထိုအဖွဲ့၀င်ငါးဦးကို စိတ်၀ိညာဥ်ဓား နှီးနှောဖလှယ်ပွဲတွင်လည်း သူ မတွေ့ဖူးပေ။

အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများ အင်မော်တယ် စစ်သင်္ဘောပေါ်သို့ တက်လာပြီး နောက်တွင် မြင်ကွင်းသည် လျင်မြန်စွာပင် အသက်၀င်သွားခဲ့သည်။

အကြောင်းရင်းမှာ ကျောင်းနှစ်ကျောင်းအနေဖြင့် ယခုအခါတွင် ပိုမိုရင်းနှီးလာသောကြောင့်ပင်။

ထန်ကျင်းဇီသည် အမှတ် ၆၀ အထက်တန်းကျောင်းသို့ မကြာခဏ ရောက်ရှိလာတတ်သောကြောင့် စစ်သင်္ဘောပေါ်ရှိ ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများ၏ အငွေ့အသက်သည် မျှော်လင့်ထားသည်ထက်ပင် ပိုမို ကောင်းမွန်နေခဲ့၏။

ကျောင်းနှစ်ကျောင်းက လိုက်ဖက်ညီလွန်းသဖြင့် ကျောင်း အုပ်ကြီးနှစ်ဦးပင် အံ့အားသင့်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။

"အစ်ကိုကြီး ကျွန်တော်တို့ ဒီတစ်ခေါက် မဟာမိတ်ဖွဲ့ကြမလား"

ကျောင်းအုပ်ကြီးကျင်းက ကျောင်းအုပ်ကြီးချန်းကို မေးလိုက်သည်။

"ဂျူနီယာညီလေးက ပြိုင်ပွဲမှာ လှည့်စားမှုတွေ ရှိနေမယ်ထင်လို့လား"

ကျောင်းအုပ်ကြီးချန်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

သူ့ဂျူနီယာညီလေး၏ စရိုက်အပေါ် သူကောင်းစွာ နားလည်သည်။

မဟာမိတ်ဖွဲ့ရန် အမှန်တကယ် ဆန္ဒမရှိလျှင် သူ၏ ဂျူနီယာညီလေးသည် ပါးစပ်ကနေ ထုတ်ဖော်ပြောဆိုနေမည် မဟုတ်ပေ။

တကယ်တော့ ကျောင်းအုပ်ကြီးကျင်းသည် ကျောင်းနှစ်ကျောင်း ဤမျှအထိ ခင်မင်ရင်းနှီးသည်ကို မြင်သောအခါတွင် အံ့သြသွားခဲ့သည်။

သို့သော်လည်း သူတို့ ကျောင်းနှစ်ကျောင်းသည် အခြေခံအားဖြင့် ပြိုင်ဆိုင်သည့် ဆက်ဆံရေးမျိုး ရှိခဲ့ဖူး၏။

"ဒီနည်းလမ်းက ပိုပြီး လုံခြုံမယ်ထင်လို့ပါ.. ဒါပေမဲ့ အကိုတော် မဖွဲ့ချင်ရင်လည်း ထားလိုက်ပါ"

ကျောင်းအုပ်ကြီးကျင်းက ထိုစကားကို ပြောလိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"မဟာမိတ်မဖွဲ့ချင်ဘူးလို့ ငါဘယ်တုန်းက ပြောခဲ့လို့လဲ"

ကျောင်းအုပ်ကြီးချန်းက ပြုံးကာ ပြောလိုက်သည်။

တက္ကသိုလ်တွင် အတူရှိစဥ်က ကျောင်းအုပ်ကြီးချန်းသည် သူ၏ ဂျူနီယာလေးကို မကြာခဏ စနောက်ခဲ့ဖူးသည်။

ယခုအခါတွင် သူတို့နှစ်ယောက်လုံး ဘွဲ့ရပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကျောင်းအုပ်ကြီးချန်း၏ အမြင်တွင် သူ့ဂျူနီယာညီလေးသည် ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း ယခင်ကလိုပင် နူးညံ့သောနှလုံးသား ရှိနေဆဲပင်။

"ကောင်းပြီလေ ဒါဆို ကျွန်တော်တို့ စာချုပ်ချုပ်ကြရအောင်"

ကျောင်းအုပ်ကြီးကျင်းက ပြောလိုက်သည်။

"စာချုပ်လား..တရား၀င်ဖြစ်သွားအောင်လား.."

"ဟုတ်တယ်လေ"

ကျောင်းအုပ်ကြီးကျင်းက ပြန်ဖြေလိုက်သည်။

"ကျနော်တို့ ကျောင်းသားတွေ စစ်မြေပြင်ထဲ ရောက်တာနဲ့ နှစ်ဖက်စလုံးက တစ်ဖက်ကို တစ်ဖက် အစွမ်းကုန် ကူညီပေးရမယ်.. ပြိုင်ပွဲရဲ့ ခြောက်ရက်မြောက်နေ့ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်မယ်.. ခုနစ်ရက်မြောက်နေ့မှာ စာချုပ်က ပျက်ပြယ်သွားမှာ ဖြစ်ပြီး ပုံမှန်အတိုင်းပဲ ဆက်လက်ယှဥ်ပြိုင်ကြမယ်"

"ကောင်းပြီလေ အဆင်ပြေပါတယ်"

သူ့ဂျူနီယာညီလေး၏ အကြုံပြုချက်ကြောင့် ကျောင်းအုပ်ကြီးချန်းက ပြုံးလိုက်မိသည်။

မဟာမိတ်ဖွဲ့ခြင်းသည် သေချာပေါက် ကောင်းမွန်သောအရာ ဖြစ်သည်။

သို့သော် သူ့အနေဖြင့် အမှတ် ၅၉ အထက်တန်းကျောင်း၏ တိုက်ခိုက်ရေး စွမ်းဆောင်ရည်နှင့် ပတ်သက်၍ အနည်းငယ် သံသယရှိနေဆဲပင်။

"ကျွန်တော် တက္ကသိုလ်မှာတုန်းက အစ်ကိုတော်လိုပဲ အထောက်အပံ့ မှော်နည်းစနစ်တွေကို အထူးပြုလေ့လာခဲ့တယ်.. ကျွန်တော့်ရဲ့ကျောင်းသားတွေကို ကျွန်တော့်ရဲ့နည်းစနစ်တွေ သင်ကြားပေးထားတယ်"

"ဂျူနီယာညီလေး.. မင်းကိုကြည့်ရတာ မင်းရဲ့ အမှတ်၅၉ အထက်တန်းကျောင်းက ကျောင်းသားတွေကို အတော်လေး မျှော်လင့်ထားပုံပဲ"

"အစ်ကိုတော် ပြောတာ အမှန်ပဲ"

ကျောင်းအုပ်ကြီးကျင်းက ရယ်မော၍ ပြန်ဖြေလိုက်သည်။

"ဒီတစ်ခါ မင်းရွေးချယ်ထားတဲ့ကျောင်းသားတွေထဲမှာမျက်နှာစိမ်းတွေ ပါနေပုံပဲနော်"

ထိုစကားအထိ ပြောပြီးနောက်တွင် ကျောင်းအုပ်ကြီးနှစ်ယောက်လုံးသည် တိတ်တဆိတ် နားလည်သဘောပေါက်ပြီး ပြုံးလိုက်ကြသည်။

"ဂျူနီယာညီလေးကို ကြည့်ရတာ ပြင်ပအကူအညီကို ရှာဖွေခဲ့တဲ့ပုံပဲ"

"အဲဒီလိုလည်း အတိအကျပြောလို့မရဘူး.. ဒီကလေးတွေက အရမ်းတော်တာတော့ အမှန်ပဲ.. ဘယ်လိုပဲဖြစ်ဖြစ်ပါ. သူတို့က အမှတ် ၅၉ အထက်တန်း ကျောင်းသားတွေ ဖြစ်နေပါပြီ"

"မင်းသူတို့တွေကို အပြောင်းအရွှေ့ကျောင်းသားအဖြစ် ဘယ်ကျောင်းကနေ သွားလုထားတာလဲ"

"ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်း"

ကျောင်းအုပ်ကြီးကျင်း၏အဖြေကြောင့် ကျောင်းအုပ်ကြီးချန်း အနည်းငယ် အံ့သြသွားခဲ့သည်။

ထိုကျောင်းအကြောင်းကို သူအရမ်းကြီး မသိပေ။

ထိုကျောင်းသည် ကျင့်ဟွာမြို့ရှိ အဆင့်မြင့်အရာရှိများနှင့် လူကုံထံများက သူတို့၏ ကလေးများအတွက် ဦးစားပေး ရွေးချယ်ကြသောကျောင်း ဖြစ်သည်။

ဖန့်ရှင်းသည် ထိုကျောင်းကနေ အမှတ် ၆၀ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်၏။

ကျောင်းအုပ်ကြီးကျင်း အနေဖြင့် ထျန်းရှစ်အင်ပါယာအထက်တန်းကျောင်းမှ ကျောင်းသားများကို လုယူနိုင်ခဲ့၍ ကျောင်းအုပ်ကြီးချန်းသည် မယုံနိုင်လောက်အောင် အံ့အားသင့်နေခဲ့သည်။

အပိုင်း(၁၁၃၀) ပြီး၏

All Chapters