ဝမ်လင်း၏ ကျောင်းမှတ်တမ်း
Vol. 76 Ch. 1132
ဤသည်က အလွန်ရိုးရှင်းသော စစ်ဆေးမှုတစ်ခုဟု ထင်ရသော်လည်း တကယ်တမ်းတွင် နက်နဲရှုပ်ထွေးသည်။
ဆရာ၀န်က တာအိုချပ်ပြားနှင့် မှန်တစ်ချပ်ကို ကိုင်ကာ ဂါထာတစ်ပုဒ်ကို တီးတိုး ရွတ်ဆိုလိုက်သည်။
ထိုခဏမှာပင် တာအိုချပ်ပြားဆီကနေ သူတို့ငါးဦးကို
စကင်န်ဖတ်သည့် အလင်းတန်းတစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
ဤတာအိုချပ်ပြားမှာ အကြမ်းဖက်နှိမ်နင်းရေး တာအိုချပ်ပြားဖြစ်သည်။
၎င်းမှထွက်ပေါ်လာသော အလင်းတန်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်မှ ချွေးများအပြင် အရေပြားပေါ်တွင်ကျန်ရှိသည့် ၀ိညာဥ်စွမ်းအင် မော်လီကျူးများကို ချက်ခြင်းထုတ်ယူနိုင်ကာ ဒေတာဘေ့စ်ကြီးတစ်ခုမှ တဆင့် အဆုံးသတ်တွင် မည်သူမည်၀ါ ဖြစ်ကြောင်း အတည်ပြုချက် ရယူနိုင်မည် ဖြစ်သည်။
ဆိုရလျှင် ဤတာအိုချပ်ပြားမှ ထုတ်လွှတ်သော အလင်းတန်းသည် မွန်းစတားများကိုပင် ဖော်ထုတ်နိုင်စွမ်း ရှိ၏။
ထို့ကြောင့် တစ်စုံတစ်ယောက်က အသွင်ပြောင်းလဲ၍ ၀င်ရောက်ရန် ကြိုးစားခဲ့လျှင် ဤတာအိုချပ်ပြားသည် ရှင်းရှင်းလင်းလင်း သိရှိနိုင်မည် ဖြစ်သည်။
အလင်းတန်းအောက်တွင် ရှိနေသော ချန်းချောင်၊ ကော်ဟောက်နှင့် တခြားသူများသည် တိတ်တဆိတ် စိုးရိမ်နေခဲ့ကြသည်။
စစ်ဆေးရေးဂိတ်က အကြမ်းဖက်မှု နှိမ်နင်းရေး တာအိုချပ်ပြားကိုပင် အသုံးပြုနေခဲ့သည် မဟုတ်ပါလော။
ဤတစ်ခေါက်ပြိုင်ပွဲသည် အမှန်တကယ်ကို တင်းကြပ်လွန်းနေသည်။
ပြိုင်ပွဲကျင်းပရေးကော်မတီသည် ကိစ္စတစ်ခုခုကို ဖုံးကွယ်ထားသည်ဟု သူတို့ ခံစားခဲ့ရ၏။
၀မ်လင်းနှင့် တခြားသူများ အင်္ကျီပြန်၀တ်ပြီးချိန်တွင် စစ်ဆေးမှု၏ ရလဒ်များသည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အထောက်အထားကို စစ်ဆေးပြီးနောက်တွင် အသွင်ပြောင်းလဲထားခြင်း မရှိကြောင်း အတည်ပြုခဲ့သည်။
ခန္ဓာကိုယ်တွင် ဆေး၀ါးများ သို၀ှက်ထားခြင်း မရှိကြောင်းလည်း အတည်ပြုခဲ့သည်။
ထို့အပြင် မှော်ရတနာများ ၀ှက်ထားခြင်း မရှိကြောင်းလည်း အတည်ပြုခဲ့သည်။
လိမ်လည်လှည့်ဖျားခြင်း မရှိကြောင်းလည်း အတည်ပြုခဲ့သည်။
စစ်ဆေးမှု ပြီးဆုံးသောအခါတွင် တာ၀န်ခံဆရာ၀န်သည် တစ်ဦးချင်းစီ၏ အစီအရင်ခံစာတွင် တံဆိပ်တုံး ထုပေးလိုက်သည်။
ထို့နောက် သူက စာရွက်များကို ပြန်ပေးလိုက်ပြီး သူ့အနောက်ဘက်ရှိ ကန့်လန့်ကာကို ညွှန်ပြလိုက်သည်။
"ပထမအဆင့် စစ်ဆေးမှုတော့ ပြီးသွားပြီ.. ကန့်လန့်ကာထဲကို ၀င်သွားလိုက်ပါ"
"နောက်ထပ် စစ်ဆေးမှုတွေ ရှိသေးတယ်လား"
ချန်းချောင်က အံ့အားသင့်သွားခဲ့သည်။
"ပထမအဆင့်က မင်းတို့ရဲ့ အထောက်အထားတွေကို စီစစ်ဖို့ဖြစ်ပြီး ဒုတိယအဆင့်ကတော့ မင်းတို့ရဲ့မှတ်တမ်းတွေကို စစ်ဆေးဖို့အတွက်ပဲ.. အကယ်၍ မင်းတို့မှာ ရာဇ၀တ်မှုမှတ်တမ်းရှိရင် ဒီပြိုင်ပွဲအတွင်း မင်းတို့ရဲ့ လှုပ်ရှားမှုတွေက သိသိသာသာ ကန့်သတ်ခံရလိမ့်မယ်.. ဒါ့အပြင် အပိုကြီးကြပ်မှုကိုလည်း ခံရလိမ့်မယ်"
ချန်းချောင် "ရာဇ၀တ်မှုမှတ်တမ်း ဟုတ်လား"
တခြားသူများကလည်း အံ့အားသင့်သွားကြသည်။
သို့သော် ဆရာ၀န်က ချန်းချောင်၏ မေးခွန်းကို မဖြေကြားခဲ့ပေ။
သူ့တွင် လူတိုင်းကို ရှင်းပြနေရန် အချိန်မရှိချေ။
အကြောင်းရင်းမှာ ယခုအချိန်တွင် နဂါးကိုးကောင်စခန်း၌ ကျောင်းသားအများအပြား ရောက်ရှိနေကြပြီး စစ်ဆေးမှုအားလုံးကို ငါးနာရီအတွင်း အပြီးသတ်ရမည် ဖြစ်သောကြောင့်ပင်။
၀မ်လင်းတို့လူစုက ကန့်လန့်ကာထဲသို့ ၀င်လိုက်လျှင် ရင်းနှီးသောရုပ်သွင်ကို မြင်လိုက်ရာ အံ့အားသင့်သွားခဲ့ကြသည်။
ဒုတိယအဆင့်၏ စစ်ဆေးရေးမှုးမှာ ကျိုးရီ ဖြစ်နေခဲ့၏။
ကျိုးရီသည် ပထမအဆင့် စစ်ဆေးနေစဥ်ကတည်းကပင် သူ့ဆရာ၏ အရှိန်အဝါကို ခံစားမိခဲ့သည်။
ဆရာနှင့် တပည့်သည် အပိုစကားများကို ပြောဆိုရန် မလိုအပ်ခဲ့ပေ။
သူတို့က တိတ်ဆိတ်မှုဖြင့် နားလည်မှုခြင်း ဖလှယ်လိုက်ကြသည်။
"စီနီယာကျိုး"
ချန်းချောင်နှင့်အခြားသူများက ကျိူးရီကို မြင်ပြီးနောက်တွင် စိတ်လှုပ်ရှားမှုများ ပြေလျော့သွားကြသည်။
ကျိုးရီသည် အမှတ် ၆၀ အထက်တန်းကျောင်း၏ ကျောင်းသားဟောင်း ဖြစ်သလို ကျောင်း၏ ဂုဏ်ဆောင် တစ်ယောက်လည်း ဖြစ်သည်။
သူရှိနေသ၍ အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်း သားများကို ပြိုင်ပွဲမှ အလွယ်တကူ ထုတ်ပယ်နိုင်မည် မဟုတ်ချေ။
ထို့ပြင် ကော်ဟောက်သည် အမှတ် ၆၀ အထက်တန်းကျောင်းကို ပြန်လည် မွမ်းမံပြင်ဆင်သောအခါတွင် ကျောင်းဂိတ်တံခါးရှိ ဟောင်းနွမ်းနေသော ကျောက်စစ်ရုပ်တု နေရာတွင် ကျောင်းသားအားလုံး၏ အိုင်ဒေါလ်ဖြစ်သော ကျိုးရီ၏ ရုပ်တုနှင့် အစားထိုးမည်ဟု ယုံကြည်စိတ်ချရသော သတင်း အရင်းအမြစ်ကနေ ရရှိခဲ့သည်။
ထိုအခိုက်တွင် ကျိုးရီက ပြုံး၍ ပြောလိုက်သည်။
"မင်းတို့တွေ ဒီနေရာမှာတော့ ငါ့ကို စစ်ဆေးရေးမှူးချုပ်လို့ ခေါ်သင့်တယ်"
"ဟုတ်ကဲ့ပါ စစ်ဆေးရေးမှူးချုပ်"
ချန်းချောင်က ခေါင်းငြိမ့်၍ သွက်လက်စွာ ပြောလိုက်သည်။
ကျိုးရီ၏ ဖော်ရွေသောအပြုအမူက မည်သူ့ကိုမဆို စိတ်အေးချမ်းစေမည်မှာ သေချာ၏။
သို့သော်လည်း ကျောင်းသားများသည် သူတို့၏
မှတ်တမ်းများကို စစ်ဆေးမည်ဖြစ်၍ အနည်းငယ်တော့ စိတ်ရှုပ်နေကြဆဲ ဖြစ်သည်။
ကျောင်းသားများသည် သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်မတွေးဘဲ မနေနိုင်ခဲ့ပေ။
ထိုအချိန်က ရာဇ၀တ်ကောင်များသည် အင်အား အလုံးအရင်းဖြင့် သူတို့ကို နှောင့်ယှက်ခဲ့ဖူးကြသည်။
ထို့ကြောင့် ဤတစ်ခေါက်တွင်လည်း ထပ်မံမနှောင့်ယှက်ဟု မည်သူမှ အတိအကျ မပြောနိုင်ပေ။
ဤသည်က ချန်းချောင်၏အတွေးသာ ဖြစ်ပြီး နှုတ်ကနေ ထုတ်ဖော်ပြောသည့် အဆင့်သို့ မရောက်ရှိသေးပေ။
ကျိုးရီသည် ဒုတိယအဆင့် စစ်ဆေးမှုတွင် စစ်ဆေးရေးမှူး တစ်ဦးမျှသာ မဟုတ်ဘဲ ပြိုင်ပွဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် လုံခြုံရေးကိုပါ တာ၀န်ယူထားခဲ့သည်။
သူက သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသောကြောင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ရန် အဆင်မပြေခဲ့ပေ။
ယေဘုယျအားဖြင့် ကျောင်းသားများထဲတွင် ရာဇ၀တ်မှတ်တမ်းများ မရှိကြပေ။
သို့သော်လည်း ဤတစ်ကြိမ် ပြိုင်ပွဲအတွက် စံနှုန်းများသည် အလွန်ပင် မြင့်မား၏။
ထို့ကြောင့် အရာရာတိုင်းကို သဘာ၀အတိုင်းပင် အသေအချာ စစ်ဆေးရမည် ဖြစ်သည်။
၄င်းက ရာဇ၀တ်မှုမှတ်တမ်း ဆိုသော်လည်း တကယ့် ရာဇ၀တ်မှုမှတ်တမ်းတော့ မဟုတ်ပေ။
စာမေးပွဲအတွင်း ကူးချခြင်း၊ ကျောင်းတွင်း အကြမ်းဖက်ခြင်း၊အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ တစ်ဖက်သားအား နှိမ့်ချခြင်း စသည့် ကိစ္စရပ်များအားလုံးကို ထည့်သွင်း တွက်ချက်ထားသည်။
စင်စစ် ကျိုးရီသည် စစ်ဆေးရေးအတွက်သာ တာ၀န်ရှိ၏။
ကျောင်းသားတစ်ဦးသည် ရာဇ၀တ်မှုမှတ်တမ်း ရှိနေခဲ့လျှင် ပြိုင်ပွဲအတွင်း စောင့်ကြည့်ခံရမည် ဖြစ်သည်။
ပြိုင်ပွဲကျင်းပရေးကော်မတီက ပြစ်မှုကျူးလွန်ဖော်သော ကျောင်းသားများအနေဖြင့် ရာဇ၀တ်မှုများကျူးလွန်ရန် ပိုမိုနီးစပ်သည်ဟု ဆွေးနွေးပြီးနောက်တွင် ဤစစ်ဆေးမှုကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ် အမျိုးသားအဆင့် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပွဲတွင် ပါ၀င်ယှဥ်ပြိုင်ကြမည့် ကျောင်းသားများမှာ ကျောင်းအသီးသီး၏ လက်ရွေးစင်များ ဖြစ်ကြပြီး ဒုတိယနှစ်၀က် ကျောင်းသားများလည်း ဖြစ်ကြသည်။
သီအိုရီအရ ပြောရလျှင် မည်သည့် ပြဿနာမှ မဖြစ်နိုင်သော်လည်း ဤကမ္ဘာကြီးတွင် အမြဲတစေ ခြွင်းချက်ရှိခဲ့သည်။
ဥပမာအားဖြင့် ရည်းစားဖြစ်သူကို ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့သော နာမည်ကျော် ကျင့်ကြံခြင်းကျောင်းဖြစ်သည့် လေမိစ္ဆာအထက်တန်းကျောင်းမှ မိုးယံဇွန်ဟု ခေါ်သော အထက်တန်း ကျောင်းသားတစ်ဦး အကြောင်း မကြာသေးမီက ပျံ့နှံ့ခဲ့သည်။
ဤသည်က ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်၍ လူ့အဖွဲ့ အစည်းအတွက် လုံး၀ထိတ်လန့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
ကျိုးရီက လူတိုင်း၏ အိုင်ဒီကိုယူ၍ ကျောင်းစနစ်မှတဆင့် ၄င်းတို့၏ မှတ်တမ်းများကို စတင်စစ်ဆေးခဲ့သည်။
အမှတ် ၆၀ အထက်တန်းကျောင်းကို ဒုတိယနှစ်၀က်တွင် ပြောင်းရွှေ့လာသည့် ကူရွှင်းကျစ်၊ ကျန်းရွမ် နှင့် ၀မ်ကျန်းတို့၏ မှတ်တမ်းများသည် ထုံးစံအတိုင်း ဗလာများ ဖြစ်နေခဲ့သည်။
စင်စစ် ထိုသုံးယောက်၏ အထောက်အထားများကို ကျိုးရီနှင့် ဗုံးပစ်စီနီယာအင်မော်တယ် တို့က ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် စစ်ဆေးရေး လုပ်ငန်းစဥ်ကို ၎င်းတို့ သုံးယောက်ကလည်း ဖြတ်သန်းနေကြရသည်။
ချန်းချောင်နှင့်ကော်ဟောက်တို့ အလှည့်သို့ ရောက်သောအခါတွင် ကျိုးရီသည် မှတ်တမ်းအလွတ်များကို မတွေ့ရတော့ပေ။
ကျိုးရီက ၄င်းတို့၏ ဖိုင်မှတ်တမ်းကို မြင်သောအခါတွင် မရယ်ဘဲ မနေနိုင်တော့ချေ။
"ကျောင်းသားချန်းချောင်.. မင်းက မနက်တိုင်း စောစောထတဲ့ပုံပဲ"
ထိုစကားကိုကြားလျှင် ချန်းချောင်က ရယ်မော၍ ပြန်ဖြေလိုက်သည်။
"စောစောထတာက ကျွန်တော့်အတွက် ပုံမှန်ပါပဲ.. ဘာလို့လဲဆိုတော့ ကျောင်းနောက်ကျရင် ရင်ထဲကနေ အရမ်းပဲ နာကျင်ရလို့ပါ"
"ကျောင်းနောက်ကျမှာဆိုးတာ ဟုတ်လို့လား...အိမ်စာတွေ ကူးချမလို့ မဟုတ်ဘူးလား"
ကျိုးရီက ပြန်မေးလိုက်သည်။
ထိုစကားကိုကြားလျှင် ချန်းချောင်က အံ့အားသင့်သွားခဲ့၏။
"ဒီအထိတောင် မှတ်တမ်းတင်ထားတာလား စစ်ဆေးရေးမှုးချုပ်"
"မင်းလုပ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မသိစေချင်ရင် လုံး၀မလုပ်မိစေနဲ့"
ကျိုးရီက ပြောလိုက်သည်။
ထို့နောက်တွင် ကျိုးရီသည် ကော်ဟောက်ကို လှည့်ကြည့်လိုက်သည်။
"ဒါနဲ့ ကျောင်းသားကော် ကျေးဇူးပြုပြီး အိမ်စာတွေကို ကူးချတဲ့အခါ အန္တရာယ်ကြီးတာတွေ မလုပ်မိစေနဲ့.. နှာခေါင်းထဲကို ဘောပင်ထည့်ပြီး အိမ်စာကူးတာက ခန္ဓာကိုယ်အတွက် အရမ်းပဲ အန္တရာယ်များတယ်"
ကော်ဟောက်"........"
ချန်းချောင်နှင့်ကော်ဟောက်တို့၏ အဓိကပြစ်မှုများမှာ ကျောင်းသို့ စောစောစီးစီးလာပြီး အိမ်စာကူးချခြင်းသာ ဖြစ်သည်။
သို့သော် ဤကဲ့သို့ပြစ်မှုသည် အပိုကြီးကြပ်မှု မလိုအပ်သော သေးငယ်သည့် ပြဿနာလေးသာ ဖြစ်၏။
ချန်းချောင်တို့၏ဖိုင်များကို စစ်ဆေးပြီးနောက်တွင် ကျိုးရီသည် ၀မ်လင်း၏ အိုင်ဒီနံပါတ်ကို ရိုက်ထည့်လိုက်သည်။
၀မ်လင်းက မည်သူနည်း။
သူက ကျိုးရီ၏ ဆရာ ဖြစ်သည်။
မည်ကဲ့သို့ ပြသနာရှိနိုင်ပါအံ့နည်း။
အဆုံးသတ်တွင် ကျိုးရီသည် ၀မ်လင်း၏ဖိုင်ကို ဖွင့်လိုက်ရာ မှတ်ချက်များစွာကို တွေ့လိုက်ရပြီး လူတိုင်း၏ရှေ့တွင် မူးလဲလုနီးပါး ဖြစ်သွားခဲ့သည်။
"အိုး.. မှတ်ချက်တွေ အများကြီးရှိနေပါလား"
အနီးအနားရှိ စစ်ဆေးရေးမှုးများကလည်း စိတ်၀င်တစား.ဖြစ်ကာ ၀ိုင်းကြည့်လိုက်ကြသည်။
၀မ်လင်း၏ဖိုင်တွင် ရေးသားထားသောအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
ယခုလ ဧပြီလ သုံးရက်နေ့တွင် ကျောင်းသား၀မ်လင်းသည် အတန်းထဲတွင် ခေါက်ဆွဲခြောက်ကြော်ကို တိတ်တဆိတ် ခိုးစားခဲ့သည်။
ယခုလ ဧပြီလ လေးရက်နေ့တွင် ကျောင်းသား၀မ်လင်းသည် အတန်းထဲတွင် ခေါက်ဆွဲခြောက်ကြော်ကို တိတ်တဆိတ် ခိုးစားခဲ့သည်။
ယခုလ ဧပြီလ ငါးရက်နေ့တွင် ကျောင်းသား၀မ်လင်းသည် အတန်းထဲတွင် ခေါက်ဆွဲခြောက်ကြော်ကို တိတ်တဆိတ် ခိုးစားခဲ့သည်။
"........."
ယနေ့နို၀င်ဘာလ ၁၄ရက် သောကြာနေ့တွင်လည်းကျောင်းသား၀မ်လင်းသည် အင်မော်တယ်စစ်သင်္ဘောပေါ်တွင် ခေါက်ဆွဲခြောက်ကြော်များကို တိတ်တဆိတ် ခိုးစားခဲ့သည်။
လူတိုင်း"........"
အပိုင်း(၁၁၃၂) ပြီး၏