← Chapters

ပထမအဆင့်

Vol. 76 Ch. 1133

ပထမအဆင့်

Vol. 76 Ch. 1133

ကျောင်း၏ဖိုင်ထဲတွင် ဤကဲ့သို့ အသေးအမွှား ပြဿနာများကိုပင် မှတ်တမ်းတင်ထားလိုက်မည်ဟု မည်သူမှ မျှော်လင့်ထားမည် မဟုတ်ပေ။

ဟုတ်ပါသည်၊ ဤသည်မှာ ကျောင်း၏ အတွင်းရေးမှတ်တမ်းများသာ ဖြစ်ပြီး လူသိရှင်ကြား ထုတ်ပြန်မည် မဟုတ်ပေ။

ထို့အပြင် ကျောင်းသားများ၏ နောက်ခံအချက်အလက်များပါ၀င်သော ဖိုင်တွဲများတွင်လဲ ထည့်သွင်းမည် မဟုတ်ချေ။

ဤကဲ့သို့ အသေးအဖွဲ မှတ်စုအများစုကို တာ၀န်ခံဆရာက ရေးလေ့ရှိကြသည်။

ဆရာတစ်ဦးချင်းစီတွင် အားကောင်းသော မျက်လုံးများ ရှိကြသည်။

၀မ်လင်းက အတန်း၏ နောက်ဆုံးတွင်ထိုင်ကာ ခေါက်ဆွဲခြောက်ကြော်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ခိုးစားခဲ့သော်လည်း ဆရာမဖန်သည် ပြတင်းပေါက်မှန်ကနေ တဆင့် ဖမ်းမိခဲ့သည်။

သို့သော်လဲ ဆရာမဖန်သည် ၀မ်လင်းကို တစ်ခါမှ မတားမြစ်ခဲ့ပေ။

စာကျက်မှတ်ခြင်းသည် ဦးနှောက်ဆဲလ်များကို အလုပ်ပေးခြင်းဖြစ်၍ ကျောင်းသားများအနေဖြင့် စာသင်ချိန်အတွင်း အနည်းငယ်မျှ ခိုးစားခြင်းသည် အလွန်ပုံမှန်သာ ဖြစ်သည်။

ဆိုရလျှင် သင်ကြားရေးဆရာက ဖမ်းမမိသ၍ အဆင်ပြေ၏။

သို့သော်လည်း ၀မ်လင်းသည် သူ၏ခိုးစားမှုကို အသေးစိတ် မှတ်တမ်းတင်ထားမည်ဟု မမျှော်လင့်ခဲ့ပေ။

အမှတ် ၆၀ အထက်တန်းကျောင်း၏ ရွှေတံဆိပ်ဆုရ သင်ကြားရေး ရှေ့ဆောင် ဆရာမဖြစ်သည့် ဆရာမဖန်သည် မျှော်လင့်ထားသည့် အတိုင်းဟုပင် ဆိုရမည်။

ပြိုင်ပွဲအတွက် စစ်ဆေးမှုများသည် သူတို့ထင်ထားသည်ထက်ပင် ပိုမို ပြင်းထန်နေသည်။

"ကြည့်ရတာ အမှောင်နက်ဝေါ့ခ်က တစ်ခုခုထပ်ပြီးကြံစည်မယ်လို့ တွက်ထားပုံပဲ.. ဒါကြောင့် စစ်ဆေးရေးကို တင်းကြပ်နေတာ ဖြစ်နိုင်တယ်"

ချန်းချောင်က ထိုစကားကို ပြောလိုက်သောအခါတွင် ပတ်၀န်းကျင်ရှိ လူအားလုံးသည် ရုတ်တရက် အံ့သြထိတ်လန့်သွားခဲ့ကြသည်။

၀မ်လင်းသည် ချန်းချောင်၏ မှော်ဆန်သော နှုတ်အစွမ်းကို ကောင်းစွာသိရှိထားသူ ဖြစ်သည်။

ထို့အပြင် သူသည် စိတ်ဖတ်စွမ်းရည်ကို အသုံးပြု၍ ကျိုးရီထံကနေ အကြောင်းအရာအချို့ကို လေ့လာခဲ့သည်။

ထို့ကြောင့် အရာအားလုံးသည် အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်၏ ဦးခေါင်းခွံ ခိုးယူခံရခြင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။

ထို့အပြင် ဤအဖြစ်အပျက် နောက်ကွယ်မှ ကြိုးကိုင်နေသောသူသည် နဂါးကိုးကောင်တောင်ရှိ ပင်မသွေးပြန်ကြောကို ရယူရန်အတွက် အမှောင်ဘိုးဘေး၏ ခွန်အားကို အသုံးချရန် ကြိုးပမ်းနေသည်ဟု ဟွာရှို့မဟာမိတ်အဖွဲ့မှ ခန့်မှန်းထားခဲ့သည်။

ဤကိစ္စသည် အနက်ရောင်အရိပ်စစ်တပ်နှင့်လည်း သက်ဆိုင်နေ၏။

၀မ်လင်းကိုယ်တိုင်ကမူ အနက်ရောင်အရိပ်စစ်တပ်၏ ခေါင်းဆောင်နှင့် ရှဲ့စန်းရှောင်၏ ဦးခေါင်းခွံ ခိုးယူမှု နောက်ကွယ်ရှိ ကြိုးကိုင်သူသည် တစ်ဦးတည်း ဖြစ်သည်ဟု ထင်မြင်ခဲ့သည်။

တစ်ဖက်လူတွင် လူသေများကို ရှင်သန်ထမြောက်စေသည့် အံ့ဖွယ်အစွမ်းသတ္တိ ရှိ၏။

အာဏာပိုင်များ၏ လက်ထဲတွင် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသော အမှောင်နက်ဝေါ့ခ်သည် အာဏာပိုင်များကို ကလဲ့စားချေရန် ဆန္ဒရှိနေသဖြင့် တစ်ဖက်လူသည် အမှောင်နက်ဝေါ့ခ်ကို အသုံးချလာနိုင်ခြေ ရှိပေသည်။

သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေတွင် အာဏာပိုင်များသည် အမှောင်နက်ဝေါ့ခ်မှ ကျင့်ကြံသူများကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းမိခဲ့သည်။

ထိုအထဲတွင် အင်္သချေအဖိုးအို၊ သွေးစွန်းလိပ်ပြာ နှင့် အမှောင်ရနံ့သခင်တို့လည်း ပါ၀င်၏။

၎င်းတို့သည် လက်ရှိအချိန်တွင် တရားဥပဒေအတိုင်း အရေးယူခံရမည်ကို စောင့်ဆိုင်းနေကြောင်း သိရှိရသည်။

အရာအားလုံးကို ပေါင်းစပ်တွေးတောပြီးနောက်တွင် ၀မ်လင်း၏ နှလုံးသားထဲ၌ ဆိုးရွားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

--------------------

နိုင်ငံတစ်ဝန်းမှ ကျောင်းသားများသည် နဂါးကိုးကောင်စခန်းသို့ အင်မော်တယ် စစ်သင်္ဘောများနှင့်အတူ ရောက်ရှိလာခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့၀င်များ ဖြစ်သည့် ဒါဇင်နှင့်ချီသော နဂါးကိုးကောင်အထူးတပ်ဖွဲ့၀င်များ၏ ညွှန်ကြားချက်အောက်တွင် လူတိုင်းသည် ညီညာစွာ တန်းစီနေခဲ့ကြသည်။

စစ်ဆေးရေးမှုများကို ခံယူပြီးနောက်တွင် ၀မ်လင်းနှင့် အခြားသော ကျောင်းသားများသည် ကျောင်းနှင့် ခရိုင်အလိုက်ခွဲကာ စတုရန်းပုံစံ သပ်ရပ်စွာ စုရုံးခဲ့ကြသည်။

နဂါးကိုးကောင် အထူးတပ်ဖွဲ့၀င် အရေအတွက်က ယခင်ထက် တိုးမြှင့်လာသည်ကို ၀မ်လင်း သတိပြုမိခဲ့သည်။

တကယ်တမ်းတွင် ဤလုံခြုံရေးအစီအစဥ်သည် ရေခဲ တောင်၏ အစွန်အဖျားမျှသာ ရှိသည်။

ပြိုင်ပွဲတစ်ခုလုံးနှင့် ပတ်သက်၍ ဆရာ၀န်များ၊ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့များ အပါအ၀င် လုံခြုံရေးကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ထားခဲ့၏

ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့သည် ဤပြိုင်ပွဲအတွက် ကျင့်ကြံသူပေါင်း သောင်းနှင့်ချီ၍ လုံခြုံရေး ချထားခဲ့သည်။

ဤအရေအတွက်က ချဲ့ကားမှုတစ်ခုဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကျင့်ကြံခြင်းကျောင်းများ၏ ကျောင်းသားများကို ဦးစားပေးသော လက္ခဏာတစ်ရပ် ဖြစ်သည်။

ဆိုရလျှင် နဂါးကိုးကောင်တောင်၏ မြေမျက်နှာသွင်ပြင်သည် အလွန်ရှုပ်ထွေးပြီး ကျယ်၀န်းသော ဧရိယာတစ်ခု ဖြစ်သည်။

အကယ်၍သာ ကျောင်းသားများအနေဖြင့် ထိုနေရာတွင် ပျောက်ဆုံးသွားခဲ့လျှင် ရှာဖွေရန်အတွက် လူအင်အား မလုံလောက်ပါက ချက်ခြင်း တွေ့ရှိနိုင်မည် မဟုတ်ပေ။

ဤကဲ့သို့ တောရိုင်းပတ်၀န်းကျင်မျိုးတွင် ကျောင်းသားများသည် အချိန်မရွေး အန္တရာယ် ကြုံတွေ့နိုင်ပေသည်။

ပြိုင်ပွဲ၀င်များသည် ကျင့်ကြံခြင်းကမ္ဘာ၏ အနာဂတ်ပန်းပွင့်လေးများ ဖြစ်သည်။

ထို့ကြောင့် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုတွင် နာမည်ကျော်တစ်ဦး ရုတ်တရက် သေဆုံးသွားသည်ဟု တင်ဆက်တတ်သည့် ရသစုံရှိုးပွဲများနှင့်မတူပဲ လုံခြုံရေးအစီအမံများ ပြည့်စုံနေရန် လိုအပ်၏။

ထိုကဲ့သို့ ရသစုံရှိုးပွဲ၏ စိတ်အနှောင့်အယှက် ဖြစ်စရာအကောင်းဆုံးအချက်မှာ လဲကျနေသော နာမည်ကျော်ကို ပထမလေးမိနစ် အတွင်းမှာပဲ ကယ်တင်နိုင်ခြင်း ဖြစ်သည်။

ညနေငါးနာရီမတိုင်ခင် ငါးမိနစ်အလိုတွင် နောက်ဆုံးကျောင်းသားသည် စစ်ဆေးရေး ရွက်ဖျင်တဲထဲကနေ ထွက်လာခဲ့သည်။

ထိုကျောင်းသား သူ့အဖွဲ့သို့ ပြန်ရောက်ခါနီးတွင် ရင်းနှီးသော ရုပ်ပုံသဏ္ဍာန်တစ်ခုကို မှော်ရတနာ ပရောဂျက်တာဖြင့် ကောင်းကင်ပေါ်တွင် ပြသခဲ့သည်။

ထိုရုပ်သွင်က ၀မ်လင်းနှင့် အလွန်ရင်းနှီးသော မျက်နှာတစ်ခုဖြစ်သည်။

ဟုတ်ပါသည်၊ ဤသည်မှာ ဗုံးပစ်စီနီယာအင်မော်တယ် ကိုယ်တိုင်ပင် ဖြစ်သည်။

နဂါးကိုးကောင်တောင်ပေါ်တွင် ကျင်းပမည့် အမျိုးသားအဆင့် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပြိုင်ပွဲ အတွက် အချိန်ဇယားနှင့် လှုပ်ရှားမှုများကို ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့နှင့် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးတို့မှ ပူးပေါင်း ရေးဆွဲထားခြင်း ဖြစ်သည်။

ဤသည်က ၀မ်လင်းအတွက်တော့ အံ့သြစရာမဟုတ်ပေ။

ပကတိအရှင်မြတ် ဖြစ်လာကတည်းကပင် ဗုံးပစ်စီနီယာအင်မော်တယ်သည် အခြေခံအားဖြင့် ဟွာရှို့နိုင်ငံ၏ ဒေါက်တိုင်တစ်ဦး ဖြစ်လာခဲ့ပြီး သူ၏မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဂုဏ်သတင်းသည်လည်း ကျယ်ကျယ်ပြန့်ပြန့် ကျော်ကြားလာခဲ့သည်။

ကမ္ဘာပေါ်ရှိ နံပါတ်တစ် ဂိုဏ်းချုပ်ကြီးအဖြစ် ဗုံးပစ်စီနီယာအင်မော်တယ်သည် အမိမြေ၏ ကြီးလေးသော တာ၀န်များကို ထမ်းဆောင်ရန် ဆန္ဒရှိခဲ့သည်။

သူက ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အပြင် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ ကျော်ကြားမှုကို ဆက်လက် ဖြန့်ကျက်ရန်အတွက် အချိန်ယူခဲ့ရသည်။

စင်စစ် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး ကျော်ကြားလာခြင်းသည် ၀မ်လင်းအတွက် လုံး၀ မကောင်းသည်တော့ မဟုတ်ပေ။

အနည်းဆုံးတော့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် ယခုအခါတွင် သူ့ကို ခေါက်ဆွဲခြောက်ကြော်များ ၀ယ်ယူရန် ရန်ပုံငွေ အများအပြား ပေးအပ်ထားခဲ့သည်။

၀မ်လင်းသည် သူ၏ကိုယ်ပွားဖြစ်သည့် ခေါက်ဆွဲခြောက် တာအို ဧကရာဇ်ကို အသုံးပြု၍ သရေစာအဖွဲ့၏ ခေါင်းဆောင်အပြင် ဂိုဏ်း၏သရေစာဆိုင် အကြီးအကဲအဖြစ်လည်း တာ၀န်ထမ်းဆောင်ခဲ့သည်။

ကောင်းကင်ယံပေါ်တွင် ရှိနေသော ဗုံးပစ်စီနီယာအင်မော်တယ်၏ ပုံသဏ္ဍာန်သည် ကမ္ဘာပေါ်ရှိ နံပါတ်တစ် ဂိုဏ်းကြီး၏ အရှိန်အ၀ါကို အပြည့်အ၀ ပြသခဲ့သည်။

တတ်ရောက်လာကြသော ကျောင်းသားအများအပြားသည် ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်သည့် ပကတိအရှင်မြတ်ကို တလေးတစား ကြည့်ရှုနေခဲ့ကြသည်။

ဤအစီအစဥ်ကို ကြိုတင်စီစဥ်ထားခြင်းမရှိဘဲ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်၏ ပုံရိပ်ကို

ထုတ်ပြလိုက်သည့်အခါတွင် လူအုပ်ကြီးထဲမှ ကျောင်းသားများသည် အလွန်ပင် ပျော်ရွှင်သွားခဲ့ကြသည်။

"၀ိုး...ဒါက ကမ္ဘာပေါ်က ပထမဦးဆုံးသော ပကတိအရှင်မြတ်ပဲ.. ဗုံးပစ်စီနီယာအင်မော်တယ်ကို တွေ့ခွင့်ရတာ ဒါပထမဆုံးပဲ"

ကျောင်းသားများသည် အချင်းချင်း တီးတိုးစကား ပြောဆိုနေခဲ့ကြသည်။

ထိုအချိန်တွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ဆက် လက်လုပ်ဆောင်မည့် အစီအစဥ်ကို စတင်ကြေငြာခဲ့သည်။

"နဂါးကိုးကောင်စခန်းမှ ကြိုဆိုပါတယ်.. ဒီပထမအဆင့်ကို ဖယ်ရှားခြင်းလို့ ခေါ်တယ်.. မင်းတို့တွေအားလုံးက ဘုံကျောင်းရဲ့ လှေကားခုနစ်သိန်းကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ တက်ဖို့လိုအပ်တယ်"

ထိုစကားကိုကြားလျှင် ကျောင်းသား အတော်များများသည် အနည်းငယ် ထိတ်လန့်သွားခဲ့ကြသည်။

"လှေကားခုနစ်သိန်း ဟုတ်လား...."

"ပြိုင်ပွဲကျင်းပဖို့ ရန်ပုံငွေ အကန့်အသတ်ရှိတဲ့ အတွက် နေရာထိုင်ခင်းကိုလည်း ကန့်သတ်ထားတယ်.. အပေါ်ဆုံးထပ်မှာ အခန်းပေါင်း လေးရာပဲ ရှိတဲ့အတွက် မင်းတို့တွေအနေနဲ့ အခန်းရဖို့ ယှဥ်ပြိုင်ဖို့ လိုအပ်တယ်.. အခန်းတွေ အားလုံးက နှစ်ယောက်ခန်းတွေပဲ.. မင်းတို့မှာ အရည်အချင်းပြည့်မီသ၍ နေခွင့်ရမယ်"

ဗုံးပစ်စီနီယာအင်မော်တယ်က ပြောကြားခဲ့သည်။

ထိုစကားကို ပြောပြီးနောက်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က ကြင်နာစွာ ပြုံးလိုက်ပြီး "ဒါဆို ပထမအဆင့်ကို တရား၀င်စလိုက်ရအောင်"

သူ၏စကားဆုံးသည်နှင့် နဂါးကိုးကောင်ဘုံကျောင်း၏ မြေညီထပ်ရှိ တံခါးသုံးဆယ့်နှစ်ပေါက်သည် အရပ်ရပ်မှ ကျောင်းသားများကို မျက်နှာမူကာ ပွင့်သွားခဲ့သည်။

အပိုင်း(၁၁၃၃) ပြီး၏

All Chapters