← Chapters

ပထမဆုံးကျော်ဖြတ်နိုင်သည့်အသင်း

Vol. 76 Ch. 1135

ပထမဆုံးကျော်ဖြတ်နိုင်သည့်အသင်း

Vol. 76 Ch. 1135

တိုင်တန်အထက်တန်းကျောင်း၏ အပေါ်ဆုံးသို့ တက်ရန် နည်းလမ်းသည် ပတ်၀န်းကျင်ရှိ လူအုပ်ကြီးကို အံ့အားသင့်စေခဲ့သည်။

လှေကားပေါ်ကနေ တတ်နေကြသော ကျောင်းသားများသည် ပြတင်းပေါက်ကနေ အပြင်သို့ လှမ်းကြည့်လိုက်ရာ ဥက္ကာပျံတစ်စင်း အပေါ်သို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက်တွင် ပေါက်ကွဲသံကြီး တစ်သံသည် အပေါ်ဆုံးထပ်ကနေ ထွက်ပေါ်လာခဲ့သည်။

လူတိုင်း၏ မျက်နှာပေါ်တွင် လုံး၀ အံ့အားသင့်နေသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"လခွမ်း...အဲဒါကဘာလဲဟ"

"လူသားအမြောက်ကျည်ဆန်လား"

"ဒါ တိုင်တန်အထက်တန်းကျောင်းကပဲ"

"သူတို့က အဲဒီလောက်ထိတောင် ပျံသန်းနိုင်သတဲ့လား"

"ဒါက ကျူးဟန်ယွင် လက်ချက်ဆိုတာ သေချာတယ်.. သူက တိုင်တန်းအထက်ကျောင်းရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး စစ်သင်္ဘောအဆင့်ရှိတဲ့ တစ်ဦးတည်းသောသူပဲ"

ထိုအချိန်တွင် လူအများသည် တိုင်တန်အထက်တန်းကျောင်းမှ စစ်သင်္ဘောအဆင့် ကျောင်းသားများ၏ ခွန်အားကို လျှော့တွက်မိခဲ့ကြောင်း သဘောပေါက်သွားကြသည်။

ကျူးဟန်ယွင်သည် သူ၏အဖွဲ့တွင် တစ်ဦးတည်းသော စစ်သင်္ဘောအဆင့် ကျောင်းသားဖြစ်ပြီး ဤနေရာရှိလူတိုင်းကို အံ့သြထိတ်လန့်စေခဲ့သည်။

ဤသည်မှာ စစ်သင်္ဘောအဆင့် ကျောင်းသားတစ်ဦး၏ ခွန်အားသာ ရှိသေးသည်။

တိုင်တန်ကျင့်စဥ်ကို လေယာဥ်တင် သင်္ဘောအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည့် ကျောင်းသားများသာ ဤတိုက်ပွဲတွင် ပါ၀င်ခဲ့မည်ဆိုလျှင် တခြားကျောင်းများအနေဖြင့် အခွင့်အရေးရနိုင်တော့မည် မဟုတ်လောက်ချေ။

လူတိုင်းအံ့အားသင့်သော အချိန်မှာပင် ကျူးဟန်ယွင်သည် ဒုတိယလူကို ပစ်လွှတ်လိုက်ပြီ ဖြစ်သည်။

ထိုလူကလည်း ဂျူနီယာညီမလေး ကဲ့သို့ပင် တောင်တန်းများနှင့် သမုဒ္ဒရာများကို ဖြတ်သန်းလာခဲ့သည့် ဥက္ကာခဲကဲ့သို့ အရှိန်အဟုန်ဖြင့် အပေါ်သို့ ပျံသန်းသွားခဲ့သည်။

ဒုတိယမြောက်လူသည် ဘုံကျောင်း၏ အပေါ်ထပ်ကို

တစ်ခဏအတွင်း အတိအကျ ရောက်ရှိသွားခဲ့သည်။

ယင်းမှာ လှေကားအဆင့်များကို တက်နေဆဲဖြစ်သည့် ကျောင်းသားများကို သာမက စည်းကမ်းထိန်းသိမ်းရေး အတွက် တာ၀န်ရှိသည့် ဆရာများနှင့် အထူးတပ်ဖွဲ့၀င်များကိုပါ အံ့အားသင့်စေခဲ့သည်။

ကျူးဟန်ယွင်တွင် ကြီးမားသည့်ခွန်အား ရှိရုံသာမက အတိအကျ ထိမှန်အောင် ပစ်လွှတ်နိုင်သည့် စွမ်းရည်လည်းရှိပုံရသည်။

အကြောင်းရင်းမှာ ကျူးဟန်ယွင်၏ ဂျူနီယာညီလေးသည် ဂျူနီယာညီမလေး ဖျက်ဆီးခဲ့သည့် အုတ်ကြွပ် အပေါက်ကနေ တစ်ခါတည်း ဖြတ်သန်းသွားသောကြောင့်ပင်။

ဆိုရလျှင် ကျူးဟန်ယွင်၏ ခွန်အားနှင့် အချိန်အဆသည် ပြီးပြည့်စုံနေခဲ့သည်။

"ဒါတော့ နည်းနည်းလွန်သွားပြီ"

ချန်းချောင်နှင့် ကော်ဟောက်တို့က တိုင်တန်အထက်တန်းကျောင်းမှ ကျောင်းသားများကို မွန်းစတားများဟု မြင်လာပြီး တုန်လှုပ်သွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်လုံးသည် အားငယ်သွားကြသည်။

စင်စစ် ကျူးဟန်ယွင် ပြသခဲ့သည့် စွမ်းရည်များသည် တကယ်တမ်းတွင် စိတ်ဓာတ်စစ်ဆင်ရေး အတွက်သာ ဖြစ်သည်။

တိုင်တန်အထက်တန်းကျောင်းတွင် ထူးခြားသည့်နည်းလမ်းများ ရှိသလို မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း နှင့် မျှခြေမီးလျှံ အထက်တန်းကျောင်းတို့တွင်လည်း နည်းလမ်းကိုယ်စီ ရှိကြသည်။

ထိုအခိုက်အတန့်တွင် ချန်းချောင်နှင့် ကော်ဟောက်တို့သည် သူတို့၏အမှတ် ၆၀ အထက်တန်းကျောင်းက ထိုကျောင်းများလောက် အစွမ်းအစ မရှိသလို ခံစားမိပြီး သိမ်ငယ်စိတ်များ ၀င်လာခဲ့ကြသည်။

စိတ်၀ိညာဥ်ဓားသိုင်းသည် အမှတ် ၆၀ အထက်တန်းကျောင်း၏ ထင်ရှားသော နည်းစနစ်တစ်ခု ဖြစ်သော်လည်း ဤခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပြိုင်ပွဲတွင် ထိုနည်းစနစ်ကို အသုံးပြုရန် အခွင့်အရေး ရနိုင်မည်လား ဆိုသည်မှာ မသေချာသေးပေ။

ဆိုရလျှင် ကျောင်းအုပ်ကြီးချန်း၏ ပံ့ပိုးပေးမှုများသည် အခြားကျောင်းအုပ်များနှင့် နှိုင်းယှဥ်လျှင် မှေးမှိန်နေခဲ့သည်။

ထိုအချိန်တွင် ကော်ဟောက်သည် အမှတ် ၆၀ အထက် တန်းကျောင်းအနေဖြင့် ဤပထမအဆင့်ကို ကျော်ဖြတ်နိုင်ပါ့မလားဟု တွေးတောနေမိသည်။

ကျူးဟန်ယွင်သည် သူ၏ဂျူနီယာညီလေး၊ ညီမလေးများကို တစ်ယောက်ပြီးတစ်ယောက် အပေါ်သို့ ပို့ဆောင်ပြီးနောက်တွင် သူ၏ခြေထောက်များကို စပရိန်များ ကဲ့သို့ ကွေးညွတ်လိုက်သည်။

ထို့နောက်တွင် သူသည်လည်း ကျယ်လောင်သောအသံနှင့်အတူ အမြောက်ဆန်ကဲ့သို့ ပျံသန်းကာ အပေါ်ထပ်သို့ ရောက်ရှိသွားခဲ့သည်။

ဤသည်မှာ လုံး၀ မျှော်လင့်မထားသော အခြေအနေတစ်ခုဖြစ်သည်။

ခန္ဓာကိုယ်အလေးချိန်စီးသော တိုင်တန်အထက်တန်းကျောင်း၏ ကျောင်းသားများသည် ဤပထမအဆင့်တွင် အဖွဲ့၀င်အားလုံး ရှင်သန်ကျန်ရစ်ခဲ့သည့် ပထမဆုံးအဖွဲ့ ဖြစ်လာမည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ပေ။

"အခုငါတို့အလှည့်ပဲ"

ထိုအချိန်တွင် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ ကျောင်းသားများသည် ရုတ်တရက် ရှေ့သို့ ချီတတ်လာခဲ့ကြသည်။

သူတို့အားလုံးက အနက်ရောင် ယူနီဖောင်းများကို ၀တ်ဆင်ထားကြသည်။

"သူတို့ကို ဦးဆောင်နေတဲ့သူက ကောင်းထျန်းမင်ပဲ.. သူက မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်းရဲ့ အဖွဲ့ခေါင်းဆောင်ပဲ"

ကော်ဟောက်က မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းအဖွဲ့၏ ရှေ့ဆုံးတွင် ရပ်နေသော ပိန်ရှည်ရှည်လူငယ်လေးကို ကြည့်ကာ ပြောလိုက်သည်။

အဖွဲ့ခေါင်းဆောင် ကောင်းထျန်းမင်သည် အလွန်ပင် အရပ်ရှည်သည်။

သူက သုံးမီတာနီးပါး မြင့်မား၍ လူအုပ်ထဲတွင် ဘီလူးကြီးတစ်ကောင်လို ထီးထီးကြီး ဖြစ်နေခဲ့သည်။

"သူဘာလို့ ဒီလောက် အရပ်ရှည်နေရတာလဲ"

ချန်းချောင်က ကောင်းထျန်းမင်ကို ကြည့်ကာ အနည်းငယ်အံ့အားသင့်နေခဲ့သည်။

အရပ်အမြင့်သည် များသောအားဖြင့် မျိုးရိုးဗီဇ ပေါ်တွင်သာ မူတည်၏။

ချန်းချောင်သည် လက်ရှိတွင် တစ်ဒသမ ခုနစ်ဆယ့်ငါး မီတာခန့်သာ ရှိသည်။

သို့သော်လည်း ဤအသက်အရွယ်ရှိ ယောကျ်ားလေးများသည် အနည်းငယ် ထပ်မံ မြင့်လာနိုင်ပါသေးသည်။

တတိယနှစ်သို့ရောက်လျှင် သူ့အနေဖြင့် တစ်ရာ့ရှစ်ဆယ်မီတာသို့ ရောက်နိုင်ပါမည်လော။

ချန်းချောင်က သူ့ကိုယ်သူ ယခုထက် အရပ်ပိုရှည်လာမည်ဟု မျှော်လင့်ထားသော်လည်း ကောင်းထျန်းမင်၏ အရပ်အမောင်းမှာ အနည်းငယ် လွန်ကဲလွန်းသည်ဟု ထင်မြင်မိသည်။

ဤလူက ချစ်သူရှာလျှင် အရပ်ရှည်သည့် ချစ်သူကိုရှာဖွေမှသာ သင့်တော်လိမ့်မည်။

မဟုတ်လျှင် သူမကို နမ်းဖို့ ဒူးထောက်နေရ၍ အလွန်ပင်ပန်းနေလိမ့်မည် မဟုတ်လော။

ယင်းက ပင်ပန်းရုံတင်မကပဲ ရယ်စရာလည်း ကောင်းနေလိမ့်မည်။

လက်ရှိအချိန်တွင် ကောင်းထျန်းမင်သည် အဖွဲ့၏အရှေ့ဆုံးတွင် ရှိနေခဲ့သည်။

လူအများက မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းကို စောင့်ကြည့်နေသော အချိန်မှာပင် ၎င်းတို့လူစုက ပျောက်ကွယ်သွားခဲ့ပြီး တောင်ထိပ်ပေါ်တွင် စိတ်၀ိညာဥ် စွမ်းအားလှိုင်းများက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းအား စောင့်ဆိုင်းနေသောအချိန်မှာပင် ဘုံကျောင်း၏ အပေါ်ဆုံးထပ်ကနေ ၀ိညာဥ်စွမ်းအားလှိုင်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုစွမ်းအားလှိုင်းများက ရေကန်ထဲကို ခဲတစ်လုံး ပစ်ချလိုက်သလို တွန့်လိမ်နေခဲ့၏။

"ဘာတွေဖြစ်နေတာများလဲ"

လှေကားထစ်ကနေ တက်နေသည့် ကျောင်းသားများသည် အပေါ်ဆုံးထပ်မှ ဖိအားကို ခံစားရသောအခါတွင် အံ့အားသင့်သွားကြသည်။

"ဒါက အစီအရင်အခင်းအကျင်း တစ်ခုပဲ.. ကြည့်ရတာ

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ဖြစ်နိုင်တယ်"

စွန်းရုံက သုံးသပ် ပြောဆိုလိုက်သည်။

သူမက ထင်ထင်ရှားရှား မမြင်လိုက်ရသော်လည်း သူမ၏ အတွေ့အကြုံနှင့် အသိစိတ်ကို အခြေခံကာ ခန့်မှန်းနိုင်ခဲ့သည်။

စွန်းရုံ၏ သုံးသပ်မှုကိုကြားလျှင် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ ခေါင်းဆောင် ကောင်းထျန်းမင်သည် အနည်းငယ် အံ့သြသွားခဲ့သည်။

ထို့နောက် သူက စွန်းရုံကို တစ်ချက်ကြည့်လိုက်ပြီး သူ့အနောက်ရှိ ဂျူနီယာညီငယ်ညီမငယ်များနှင့်အတူ ရှေ့ကို လှမ်းတက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူတို့လူစု၏ အရှေ့၌ အစီအရင်အခင်းအကျင်း တစ်ခုက ပေါ်လာခဲ့၏။

ထိုအစီအရင်သည် ဘုံကျောင်းထိပ်ရှိ အစီအရင်နှင့်

ချိတ်ဆက်ထားခဲ့သည်။

ထို့နောက်တွင် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုကာ အပေါ်ဆုံးထပ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီး ဒုတိယမြောက်အသင်းအဖြစ် အရည်အချင်း ပြည့်မီသွားခဲ့သည်။

" ? ? ? "

ထိုမြင်ကွင်းကြောင့် ပတ်၀န်းကျင်မှ ကျောင်းသားများက တခဏမျှ မှင်တတ်သွားခဲ့ကြသည်။

တော်တော်များများက မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း မည်သို့သောနည်းလမ်းဖြင့် အပေါ်သို့ ရောက်သွားသည်ကို နားမလည်ခဲ့ကြပေ။

"မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းက အပေါ်ဆုံးထပ်မှာ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကို ဘယ်လိုလုပ်ပြီး တည်ဆောက်ခဲ့တာလဲ"

ထိုမေးခွန်းကို တစ်စုံတစ်ယောက်က ခန့်မှန်းဖြေကြားခဲ့သည်။

"သူတို့က ရုပ်သေးနည်းစနစ်ကို အသုံးပြုခဲ့တာ ဖြစ်မယ်.. ကြည့်ရတာ တိုင်တန်အထက်တန်းကျောင်းရဲ့ အဖွဲ့၀င်တစ်ယောက်က သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီး မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်း အတွက် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖန်တီးပေးခဲ့တဲ့ပုံပဲ.. သူတို့က ဒီအခွင့်အရေးကို အရယူပြီး အပေါ်ဆုံးထပ်ကို ရောက်ရှိသွားတာဖြစ်မယ်"

မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်း အပေါ်ဆုံးထပ်သို့ရောက်ရှိသွားပြီးသည့်နောက်တွင် တီးတိုးဆူညံသံများသည် တခဏမျှ ဖြစ်ပေါ်လာခဲ့သည်။

လှေကားကိုတက်နေဆဲ ဖြစ်သည့် ကျောင်းသားတချို့သည် ဖိအားဒဏ်ကို ခံစားလာကြရသည်။

သူတို့က လှေကားထစ် ငါးသောင်းပင် မတက်ရသေးသော်လည်း မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းနှင့် တိုင်တန် အထက်တန်းကျောင်း နှစ်ကျောင်းသည် ဒုတိယအဆင့်အတွက် အရည်အချည်း ပြည့်မီသွားခဲ့ပြီ မဟုတ်ပါလော။

"သူတို့တွေက သိပ်ကိုအားကောင်းလွန်းတယ်.. ငါတို့ ဘယ်လိုယှဥ်ပြိုင်ရမှာလဲ"

"စိတ်မပျက်ပါနဲ့.. ဒါက ပထမအဆင့်ပဲ ရှိပါသေးတယ်.. တကယ့်ပြိုင်ပွဲကျရင် ကန့်သတ်ချက်အမျိုးမျိုး ရှိလာလိမ့်မယ်.. ငါ့အထင်တော့ ငါတို့တွေအနေနဲ့ မဟာမိတ်တွေကို ခပ်မြန်မြန်ရှာဖွေရမယ်.. မဟုတ်ရင်တော့ ဒီလိုမျိုး အားကောင်းတဲ့ ကျောင်းတွေကို ဖျက်ဆီးဖို့ ငါတို့မှာ အခွင့်အရေးလုံး၀မရှိဘူး"

လှေကားထစ်ပေါ်တွင် ရှိနေကျဆဲ ဖြစ်သည့် ကျောင်းသားတော်တော်များများသည် တိုင်တန် အထက်တန်းကျောင်းနှင့်မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းတို့၏ စွမ်းအားးများကို မြင်ပြီးသည့်နောက်တွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာကြသည်။

ကျောင်းသား တော်တော်များများသည် လှေကားထစ်တက်နေရင်းဖြင့် မဟာမိတ်ရှာဖွေဖို့ မမေ့ခဲ့ကြပေ။

"အခုငါတို့အလှည့်ပဲ"

စွန်းရုံက အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်ပြီးနောက် ပြောလိုက်သည်။

"ဘယ်လိုစီစဥ်ထားလဲ"

ချန်းချောင်က မေးခွန်းထုတ်လိုက်သည်။

"ငါတို့ရဲ့ ခွန်အားကို ချွေတာနိုင်မဲ့နည်းလမ်းတစ်ခုကို ငါစဥ်းစားထားတယ်.. ငါ့ရဲ့ဆန်းကြယ်ပင်လယ်က ငါတို့ကို သူ့ရဲ့ ရေထုစွမ်းအားနဲ့ လိုက်ပို့ပေးနိုင်တယ်.. ဒါပေမဲ့ အကွာအဝေးက အနည်းငယ်အလှမ်းဝေးတဲ့ အတွက် ငါတစ်ယောက်တည်းရဲ့ ၀ိညာဥ်စွမ်းအားနဲ့တော့ လုံလောက်မှာမဟုတ်ဘူး.. ဒါကြောင့် ငါတို့တွေအတူတူ အလုပ်လုပ်ဖို့ လိုအပ်လိမ့်မယ်.. ဒါပေမဲ့ ဒါက ငါ့အတွက် ပထမဆုံးအကြိမ် ကြိုးစားကြည့်ခြင်းပဲ.. အကယ်၍ ငါတို့ဆယ်ယောက်ဆီမှာ လုံလောက်တဲ့ စိတ်၀ိညာဥ်စွမ်းအားတွေ မရှိရင် ငါတို့အနေနဲ့ လမ်းခုလတ်မှာပဲ ကျဆုံးနိုင်တဲ့ အခွင့်အရေးရှိတယ်"

"အဲဒီလောက်ထိတောင်လား"

ကော်ဟောက်က စိုးရိမ်သောလေသံဖြင့် ရေရွတ်လိုက်သည်။

"ကောင်းပါပြီ အတန်းခေါင်းဆောင် ပြောစကားကိုနားထောင်လိုက်ရအောင်"

ထိုအချိန်တွင် ကူရွှင်းကျစ်က ပြုံး၍ ပြောလိုက်သည်။

စွန်းရုံသည် ၀မ်ကျန်း၊ လျူချင်းရီ၊ ကူရွှင်းကျစ် နှင့်ကျန်းရွမ်တို့က စကြာ၀ဠာအဆင့် နျူကလီးယားစွမ်းရည်သုံး မော်တာများကဲ့သို့ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။

အင်္ဂါဂြိုလ်မှလူများကို နတ်ဘုရားနယ်မြေသို့ ပို့ဆောင်ရန်ပင် သူတို့အတွက် ပြသနာမရှိပေ။

၀မ်လင်းအကြောင်းကိုမူ ပြောစရာပင် မလိုအပ်ချေ။

သူ၏ အရံ၀ိညာဥ်စွမ်းအားကပင် ဆန်းကြယ်ပင်လယ်၏ ရေထုကို စကြာ၀ဠာတခွင်သို့ အကြိမ်ကြိမ် ပို့ဆောင်ပေးနိုင်စွမ်းရှိသည်။

အပိုင်း(၁၁၃၅) ပြီး၏

All Chapters