စုံစမ်းရေးကို ဘောင်ကျဥ်းသွားအောင်လုပ်ခြင်း
Vol. 76 Ch. 1140
တချိန်တည်းမှာပင် ကွပ်ကဲရေးစင်တာရှိ ကျောင်းအုပ်ကြီးအားလုံးသည် နဂါးကိုးကောင်ဘုံကျောင်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုကို ဆွေးနွေးနေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ဒုတိယအဆင့် ဖယ်ရှားခြင်း အစီအစဥ်သည် ဤသို့စီစဥ်ထားခြင်း မဟုတ်ပေ။
မူလအစီအစဥ်အရ ဒုတိယအဆင့် ဖယ်ရှားခြင်း အစီအစဥ် အတွက် ပုလဲအရေအတွက် အနည်းငယ်ကို လှေကားခုနစ်သိန်းတွင် ချန်ထားမည်ဖြစ်ပြီး ပုလဲတစ်လုံးကို ရယူနိုင်လျှင် နောက်ထပ် တစ်ဆင့်သို့ ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
ယခုအခါတွင် ဖယ်ရှားခြင်းပြိုင်ပွဲ၏ စည်းမျဥ်းများက ပြောင်းလဲသွားပြီး ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိနေခဲ့သည်။
ထို့ကြောင့် တက်ရောက်လာကြသော ကျောင်းအုပ်ကြီးများသည် သဘာ၀အတိုင်းပင် စိုးရိမ်နေခဲ့ကြသည်။
အားလုံးထဲတွင် အစိုးရိမ်ဆုံးလူမှာ တိုင်တန်အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဖြစ်သည့် လျှိုထျန်း ဖြစ်သည်။
"ဥက္ကဌချီ.. တကယ်ပဲ အဲဒီခန္ဓာကိုယ်က တည်ဆောက်ခြင်းမှော်အတတ်နဲ့ ဖန်တီးထားတာဆိုရင် ငါတို့ကျောင်းက ကျူးဟန်ယွင်က အခုဘယ်ကိုရောက်နေတာလဲ"
ကျောင်းအုပ်ကြီး လျှိုထျန်းက သတ္တိကောင်းကောင်းဖြင့် ဥက္ကဌချီကို မေးခွန်းထုတ်လိုက်သည်။
"ကျောင်းအုပ်ကြီးလျှို.. စိတ်မပူပါနဲ့ ကျောင်းသားကျူးက အခုအချိန်မှာ ဘေးကင်းလုံခြုံပြီး ငါတို့ရဲ့ ကာကွယ်မှုအောက်မှာ ရှိပါတယ်.. ဒီအဆင့်ရဲ့ စည်းမျဥ်းက လူသတ်သမားကို ဖမ်းမိရင် လူတိုင်းက နောက်တဆင့်ကို ကျော်ဖြတ်နိုင်မှာဖြစ်တယ်.. လူသတ်သမားက ကျောင်းသားတွေထဲမှာ ပုန်းအောင်းနေတဲ့အတွက် ငါတို့အနေနဲ့ ကျောင်းသားတွေရဲ့ ကောက်ချက်ချနိုင်စွမ်းကို စမ်းသပ်နိုင်မှာဖြစ်တယ်.. အခုအချိန်မှာတော့ ငါတို့အနေနဲ့ စောင့်ကြည့်ရုံပဲ လုပ်ဆောင်နိုင်တယ်.. အကယ်၍ ငါတို့က အလောတကြီး လုပ်ဆောင်ခဲ့ရင်
သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်"
ဥက္ကဌချီက ပြောလိုက်သည်။
ကျောင်းအုပ်ကြီးများက ဥက္ကဌချီ၏ ရှင်းလင်းချက်ကို နားမလည်ခဲ့ပေ။
သို့သော်လည်း ဥက္ကဌချီ၏ စကားကိုကြားပြီးနောက်တွင် သူတို့၏ စိုးရိမ်ပူပန်သောစိတ်များသည် အနည်းငယ် သက်သာရာ ရသွားခဲ့သည်။
ဤဖြစ်ရပ်က အထက်လူကြီးများ ကြိုတင်စီစဥ်ထားသည့် အစီအစဥ်တစ်ခု ဖြစ်သည်ဟု ထင်ရ၏။
ထို့ကြောင့် သူတို့အနေဖြင့် မေးခွန်းထုတ်လျှင် မသင့်တော်ပေ။
အစည်းအဝေးခန်းမ၏ အနောက်ဘက်တွင် ထိုင်နေကြသော ကျောင်းအုပ်ကြီးများသည် နဂါးကိုးကောင်ဘုံကျောင်းမှ ထုတ်လွှင့်နေသော ရုပ်ပုံများကို သူတို့ရှေ့ရှိ ကြီးမားသော ဖန်သားပြင်ပေါ်တွင် ကြည့်ရှုနေခဲ့ကြသည်။
သူတို့တစ်ဦးချင်းစီသည် အချိန်တစ်ခုကြာသည်အထိ သူတို့၏ ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြုပ်နေခဲ့ကြသည်။
ကျောင်းအုပ်ကြီးများအနေဖြင့် သူတို့၏အလုပ်သည်အထက်လူကြီးများကို တိုက်ရိုက်မေးခွန်းထုတ်ရန် မဟုတ်ဘဲ အထက်လူကြီးများ၏ ရည်ရွယ်ချက်ကို ဖော်ထုတ်ရန်အတွက် ဦးနှောက်များကို အလုပ်ပေးရန် ဖြစ်သည်။
"ကျောင်းအုပ်ကြီးချန်း မင်းဘယ်လိုတွေးမိလဲ"
အမှတ် ၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး လီချင်းရှီသည် ဖန်သားပြင်ကို ကြည့်နေရင်း တစ်စုံတစ်ရာကို သတိထားမိပြီးနောက် ခပ်ယဲ့ယဲ့ပြုံးကာ မေးခွန်းထုတ်လိုက်သည်။
"ကျောင်းအုပ်ကြီးလီက အဖြေကိုသိပြီးသားမဟုတ်လား.. ဘာကြောင့် ငါ့ကို မေးနေရတာလဲ"
ကျောင်းအုပ်ကြီးချန်းက ရယ်မောကာ ပြောလိုက်
သည်။
"မင်းတို့ကျောင်းက ကောင်းထျန်းမင်က တကယ်ကို တော်တဲ့ကလေးပဲ.. ဒီတစ်ကြိမ်ပြိုင်ပွဲ၀င်တွေကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာတယ် ဆိုတော့ မင်းရဲ့ ဂုဏ်ယူစရာ ကျောင်းသားတစ်ဦး.. ဖြစ်ပုံရတယ်"
"ဟုတ်တယ် ကောင်းထျန်းမင်က တကယ်ကို အလားအလာရှိတဲ့ ကလေးပဲ.. ကျောင်းပြီးရင် သူ့ရဲ့နေအိမ်ကို ကိုယ်တိုင်သွားပြီး သူ့ကိုတပည့်အဖြစ် လက်ခံဖို့ စီစဥ်ထားတယ်"
သူ၏တပည့်ကို ကျောင်းအုပ်ကြီးချန်းက ချီးကျူးသည်ကို ကြားလျှင် ကျောင်းအုပ်ကြီးလီချင်းရှီသည် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
သို့ရာတွင် မြေခွေးအိုချန်းသည် သူ၏မေးခွန်းကို မဖြေခဲ့ကြောင်း သတိထားမိပြီး ကျောင်းအုပ်ကြီး လီချင်းရှီက ထပ်မံမေးခွန်းထုတ်လိုက်သည်။
"ကျောင်းအုပ်ချန်း စကားမလွှဲပါနဲ့.. မင်းဘယ်လိုတွေးမိသလဲ ဆိုတာပဲ ပြောပြပါ.. မင်းရဲ့အတွေးက ငါရဲ့အတွေးနဲ့ တူမတူ ငါသိချင်တယ်"
ဤအပြုအမူသည် စာမေးပွဲ ဖြေဆိုမှုအပြီးတွင် ထိပ်တန်းကျောင်းသားနှစ်ဦးက ၎င်းတို့၏ အဖြေများကို နှိုင်းယှဥ်ကြည့်နေသည့် ပုံစံနှင့် အနည်းငယ် ဆင်တူနေသည်။
စင်စစ် ကျောင်းအုပ်ကြီးချန်း၏ ကိစ္စတစ်ခုအပေါ် ထိုးထွင်းသိမြင်မှုသည် အခြားသော ကျောင်းအုပ်ကြီးများထက် သာလွန်သည်။
ဤသည်က ကျောင်းအုပ်လီချင်းရှီ အနေဖြင့် ကျောင်း အုပ်ကြီးချန်း၏အမြင်ကို သိရှိလိုနေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
ကျူးဟန်ယွင်၏ သေဆုံးမှုသည် အထက်လူကြီးများက စီစဥ်ထားသော အခြေအနေတစ်ခု ဖြစ်နေသည်မှာ ထင်ရှားသည်။
သဘာ၀အတိုင်းပင် သူတို့သည် မြင်နေရသည့် အရာများကိုသာ အခြေခံ၍ ကောက်ချက်ချ၍ မရပေ။
သို့သော်လည်း ပထမအဆင့် ဖယ်ရှားခြင်း အစီအစဥ်ကို ထည့်သွင်းစဥ်းစားလိုက်သောအခါတွင် ကျောင်းအုပ်ကြီးချန်းသည် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိခဲ့သည်။
ကျောင်းသားများကို စမ်းသပ်ရန် နည်းလမ်းပေါင်းများစွာ ရှိသော်လည်း အထက်လူကြီးများသည် အဘယ့်ကြောင့် ကျောင်းသားများအား လှေကားခုနစ်သိန်းတက်ရန် တိုက်တွန်းခဲ့ရပါသနည်း။
အဖြေက တစ်ခုသာရှိသည်။
ယင်းမှာ ကျောင်းသားများကို အိပ်မောကျစေလိုခြင်း ဖြစ်၏။
အဆုံးသတ်တွင် ကျောင်းအုပ်ကြီးချန်းသည် သူသိထားသည်များကို ကျောင်းအုပ်ကြီးလီချင်းရှီအား ပြောပြလိုက်သည်။
သူ၏စကားကို ကြားလိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးလီချင်းရှီသည် စိတ်သက်သာရာ ရသွားခဲ့ပြီး သက်ပြင်းကို ရှည်လျားစွာ ချလိုက်သည်။
ဆိုရလျှင် သူတို့၏ မှန်းဆချက်များသည် အတော်လေးတူညီနေကြသည်။
ကျောင်းသားများကို အိပ်မောကျသွားစေရန် လှေကားခုနစ်သိန်းကို တက်ခိုင်းခဲ့သော်လည်း အိပ်မောမကျသွားသော ကျောင်းသားအချို့လည်း ရှိနေပါသေးသည်။
ထိုကျောင်းသားများမှာ အမှတ် ၁ မိစ္ဆာနှိမ်နင်းရေး
အထက်တန်းကျောင်း၊ တိုင်တန်အထက်တန်းကျောင်း၊ မျှခြေမီးလျှံ အလယ်တန်းကျောင်း နှင့် အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများ ဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုကျောင်းမှ ကျောင်းသားများသည် လှေကားဖြင့်မတက်ဘဲ ကိုယ်ပိုင်နည်းလမ်းများဖြင့် ထိပ်ဆုံးသို့ တက်ခဲ့သောကြောင့် ဖြစ်၏။
အိပ်မောကျစေရန် လုပ်ဆောင်ရာတွင် စိတ်ပိုင်းဆိုင်ရာကိုအထောက်အကူပြုရန် သီးသန့်ပတ်၀န်းကျင်တစ်ခု လိုအပ်၏။
ထို့အပြင် ကျောင်းသားရာချီကို တစ်ပြိုင်နက်တည်း အိပ်မောကျအောင် လုပ်ဆောင်ရန်မှာ မလွယ်ကူပေ။
ထို့ကြောင့် ဤကိစ္စသည် ပြိုင်ပွဲမစမီကတည်းက စီစဥ်ခဲ့သောအရာတစ်ခုဖြစ်သည်မှာ ထင်ရှားနေ၏။
ပထမအဆင့်ဖယ်ရှားခြင်း အစီအစဥ်တွင် တိုက်ရိုက် ထိပ်ဆုံးကို ရောက်ရှိခဲ့သော ကျောင်းသားများအတွက်မူ ကျောင်းအုပ်ကြီးချန်းသည် အခြားသောနည်းလမ်းဖြင့် တစ်ဦးချင်းစီကို အိပ်မောကျသွားအောင် လုပ်ဆောင်ခဲ့မှန်း သူတို့ မှန်းဆမိခဲ့သည်။
အတိုချုပ်အားဖြင့် ပြောရလျှင် ၀မ်လင်း၊၀မ်ကျန်း၊လျူချင်းရီ၊ကူရွှင်းကျစ်၊ကျန်းရွမ် နှင့် ဖန့်ရှင်းတို့မှလွဲ၍ လူတိုင်းသည် အိပ်မောကျသွားလိမ့်မည် ဖြစ်သည်။
ကျောင်းသားများကို အိပ်မောကျစေပြီးနောက်တွင် နောက်တစ်ဆင့်အနေဖြင့် ဘာဆက်လုပ်ခဲ့ပါသနည်း။
ထိုအတွက် ကျောင်းအုပ်ကြီးချန်းတွင် ကိုယ်ပိုင်မှန်းဆချက် ရှိသည်။
"အိပ်မက်ဖန်တီးခြင်းမှော်အတတ်"
ကျောင်းအုပ်ကြီးချန်း၏ စကားကိုကြားလျှင် လီချင်းရှီသည် အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့သည်။
အကြောင်းရင်းမှာ သူတို့၏အတွေးများက တိုက်ဆိုင်စွာပင် အပြည့်အ၀ တူနေသောကြောင့်ပင်။
ဆိုရလျှင် ကျောင်းသားများကို အိပ်မောကျအောင်လုပ်ဆောင်ပြီးနောက် နောက်တစ်ဆင့် လုပ်ဆောင်ခဲ့သည့်အရာမှာ အိပ်မက်များကို ဖန်တီးခြင်း ဖြစ်သည်။
လက်ရှိအခြေအနေတွင် ထိုသို့ လုပ်ဆောင်နိုင်သူမှာ ဥာဏ်ပညာသူတော်စင်အဖြစ် လူသိများသည့် ဥက္ကဌချီ ဖြစ်သည်။
ထို့ကြောင့် ယခုအခါတွင် လူတိုင်း မြင်နေရသည့် အရာအားလုံးသည် ဖန်တီးထားသော အရာများသာ ဖြစ်သည်။
ဆိုရလျှင် နဂါးကိုးကောင်ဘုံကျောင်းရှိ ပြိုင်ပွဲ၀င်ကျောင်းသား ၈၀၀ သည် ပထမအဆင့် ဖယ်ရှားခြင်းပြိုင်ပွဲကို ယှဥ်ပြိုင်ပြီးနောက်တွင် အိပ်မက်ထဲသို့ ကျရောက်သွားခဲ့ကြပြီ ဖြစ်၏။
အခြားတစ်ဖက်တွင်လည်း ကူရွှင်းကျစ် ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုသည် အတော်လေး ခရီးရောက်နေခဲ့ပြီ ဖြစ်သည်။
၀မ်လင်းက အနောက်ဘက်ကနေ ကူရွှင်းကျစ် အလုပ်လုပ်နေသည်ကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ပြိုင်ပွဲကျင်းပရေးကော် မတီ၏ စီစစ်မှုတစ်ခုတွင် ပိတ်မိနေသည်ကို ကောင်းစွာ သတိထားမိခဲ့သည်။
ဤနေရာရှိ ပြိုင်ပွဲ၀င် ကျောင်းသားအားလုံးသည် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကျင့်ကြံသူများသည် သာမန်လူများထက် စိတ်ပိုင်းဆိုင်ရာ ပိုမို တည်ငြိမ်သောကြောင့် ၄င်းတို့ကို အိပ်မောကျအောင် လုပ်ဆောင်ရန်မှာ ရှုပ်ထွေးသော လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် လှေကားခုနစ်သိန်းကို တိုက်ရိုက် တက်ခိုင်းခြင်းသည် ကျောင်းသားများကို အိပ်မောကျစေမည် ဖြစ်ပြီး အိပ်မက်ထဲသို့ ကျရောက်သွားစေရန် အတွက် အဓိကသော့ချက်တစ်ခု ဖြစ်သည်။
လှေကားကနေ မတက်ခဲ့သော ကျောင်းသားများအတွက်မူ ဥက္ကဌချီသည် ၎င်းတို့အတွက် အခန်း၀န်ဆောင်မှုများ စီစဥ်ပေးသည်ဟု ဟန်ဆောင်ခဲ့ပြီး တစ်ဦးချင်းစီကို အိပ်ငွေ့ချခဲ့သည်။
သို့သော် ဤကဲ့သို့ အိပ်ငွေ့ချခြင်းက ၀မ်လင်းအတွက် အလုပ်မဖြစ်ကြောင်း မည်သူမှ မသိခဲ့ပေ။
အိပ်ငွေ့ချကာ အိပ်မက်ဖန်တီးသော အလုပ်သည် လက်ရှိကျင့်ကြံခြင်းလောကတွင် ရှားပါးသော အလုပ်အကိုင် တစ်ခုမဟုတ်ပေ။
သို့သော်လည်း လူပေါင်းများစွာကို တစ်ပြိုင်နက်တည်း အိပ်မက်ထဲတွင် ပိတ်မိစေရန် လုပ်ဆောင်နိုင်သူသည် စိတ်ခွန်အား ကြီးမားရန် လိုအပ်၏။
ဟွာရှို့နိုင်ငံတွင် ထိုသို့ လုပ်ဆောင်နိုင်သူမှာ ၀မ်မင်အပြင် ဥက္ကဌချီသာ ရှိသည်။
ထိုအချိန်တွင် ၀မ်လင်းသည် ကူရွှင်းကျစ်၏ စစ်ဆေးမှုကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
ပထမအဆင့် စုံစမ်းစစ်ဆေးမှု ပြီးနောက်တွင် ကူရွှင်းကျစ်သည် ကျောင်းသား ကိုးဆယ် ရာခိုင်နှုန်းနီးပါးကို ဖယ်ထုတ်ပြီးပြီ ဖြစ်၏။
အစစ်အဆေးမခံရသေးသော သံသယရှိသူများထဲတွင် အမှတ် ၁ မိစ္ဆာအထက်တန်းကျောင်း၊တိုင်တန်အထက် တန်းကျောင်း၊မျှခြေမီးလျှံ အလယ်တန်းကျောင်းနှင့် တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းမှ ကျောင်းသားများ ပါ၀င်နေ၏။
"ဒီဖြစ်ရပ်မတိုင်ခင် ဘာလုပ်ခဲ့သလဲဆိုတာ ရှင်းပြပေးပါ"
ကူရွှင်းကျစ်က တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းမှ ယောကျ်ားလေး တစ်ယောက်ကို သိမ်မွေ့စွာ ပြုံး၍ ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ.. ဘာလို့ ငါတို့ကို စစ်မေးနေရတာလဲ"
ထိုယောကျ်ားလေးက သံသယရှိသူအဖြစ် သတ်မှတ်
ခံရသည်ကို မနှစ်သက်သည်မှာ ထင်ရှားနေ၏။
သူက ကူရွှင်းကျစ်၏ နောက်ခံအကြောင်းကို မသိ
ထားသလို တစ်ချိန်တည်းမှာပင် အမှတ် ၆၀ အထက်တန်းကျောင်းကို အထင်သေးနေခဲ့သည်။
အလယ်အလတ်အဆင့် အထက်တန်းကျောင်းမှ ကျောင်း သားတစ်ယောက်က အမှုကို စုံစမ်းစစ်ဆေးရာတွင် ဦးဆောင်နေသည်ကို သူ့အနေဖြင့် လုံး၀လက်ခံ၍ မရပေ။
"စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်.. မဟုတ်ရင် မင်းအတွက်ခက်ခဲလိမ့်မယ်"
ကူရွှင်းကျစ်က ထိုယောကျာ်းကို နူးညံ့သောလေသံဖြင့် သတိပေးလိုက်သည်။
သူ၏အသံက ကျယ်လောင်ခြင်း မရှိသော်လည်းညထိတ်လန့်ဖွယ်ကောင်းသော စိတ်စွမ်းအင်သည် ထိုယောကျာ်းလေး၏ စိတ်ထဲသို့ စီး၀င်သွားခဲ့သည်။
တစ်ချိန်တည်းတွင် ထိုယောကျာ်းလေးသည် နေရာမှာပင် မှင်တက်သွားပြီး ခေါင်းထဲတွင် ကျယ်လောင်သော အသံများကို ကြားလိုက်ရ၏။
သူက ကူရွှင်းကျစ်ကို မကောင်းဆိုး၀ါးတစ်ကောင် ကဲ့သို့ ကြောက်လန့်တကြား ကြည့်ရှုနေခဲ့ပြီး အဆုံးသတ်တွင် နေရာမှာပင် ငိုကြွေးသွားခဲ့သည်။
"........"
အနောက်ဘက်ကနေ ကြည့်နေရင်း ၀မ်လင်းက သက်ပြင်းချလိုက်သည်။
သေချာသောအချက်မှာ ကူရွှင်းကျစ်သည် သိုသိုသိပ်သိပ်နေထိုင်သည့် လမ်းစဥ်ကို စတင်ရန် အလွန် အတွေ့အကြုံ နုနယ်နေသေးသည်။
အင်အားပြသမှုမျိုးသည် တစ်ခါတစ်ရံတွင် အထိုက်အလျောက် လိုအပ်သော်လည်း ကူရွှင်းကျစ်သည်အနည်းငယ် လွန်ကဲနေသည် မဟုတ်ပါလော။
ကူရွှင်းကျစ်တို့ လူစုသည် ၀မ်လင်းထံမှသင်ယူရန် ကျောင်းအတူ တက်ခဲ့ကြခြင်း ဖြစ်၏။
သူတို့က သိုသိုသိပ်သိပ်နေထိုင်ပြီး သူတို့၏စွမ်းအားနှင့် အဆင့်များကို ထိန်းချုပ်တတ်ရန် သင်ယူလိုကြသည်။
သို့သော်လည်း သိုသိုသိပ်သိပ် နေထိုင်သောလမ်းစဥ်ကို လျှောက်လှမ်းရန်အတွက် ၄င်းတို့တွင် ရှည်လျားသောလမ်းကြောင်းတစ်ခု ကျန်ရှိနေသေးသည်မှာ ထင်ရှားနေသည်။
အပိုင်း(၁၁၄၀) ပြီး၏