← Chapters

အခန်း (၃၇၉)

Vol. 26 Ch. 379

အခန်း (၃၇၉)

Vol. 26 Ch. 379

ကျန်းချန်သည် သွေးအရှိန်အဝါနောက်သို့ အာရုံခံမိကာ အနီရောင် ပုံရိပ် ပြေးသွားသော ဦးတည်ရာကို ခံစားမိခဲ့သည်။

ကျန်းချန်က လိုက်ဖမ်းရန် ပြင်နေသောအချိန်မှာပင် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်သည် သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

“မင်း ဘယ်သူလဲ...ဘာလို့ ငါ့သွားလမ်းကို ပိတ်ဆို့ထားတာလဲ”

ရုတ်တရက် သူ၏ ရှေ့တွင် ရပ်နေသော အနက်ရောင် ဝတ်စုံနှင့် လူကို မြင်သောအခါ ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

အနက်ရောင် ဝတ်စုံနှင့် လူသည် အရပ်ပုပြီး ၁.၅ မီတာသာ ရှိပုံရ၏။

သို့သော် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် အားမနည်းပေ။

ထို့ပြင် အားကောင်းသော လူသတ်ငွေ့များလည်း ထွက်ပေါ်နေ၏။

ဤကဲ့သို့ အရှိန်အဝါသည် သာမန်လူများတွင် ရှိနိုင်သော အရာ မဟုတ်သည်မှာ ထင်ရှားသည်။

“မင်းရဲ့ လမ်းကို ပိတ်ဆို့နေတယ် ဟုတ်လား.. ငါ ဒီလောက်ထိ အားမနေဘူး”

အနက်ရောင် ဝတ်စုံနှင့် လူက ကျန်းချန်ကို တိုက်ရိုက် ကြည့်ကာ ပြောလိုက်သည်။

“ငါက မင်းရဲ့ ခေါင်းကို ယူဆောင်ဖို့ ရောက်လာတဲ့သူပဲ”

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။

“မင်း ဘယ်သူလဲ ငါ မသိဘူး.. အရင်က ငါတို့ကြားမှာ မကျေနပ်မှုလည်း မရှိပါဘူး.. ရန်ငြိုးရန်စ မရှိဘဲ ဘာလို့ မင်းက ငါ့ကို သတ်ချင်တာလဲ”

“ငါ့လို လူသတ်သမား တစ်ယောက်အတွက်တော့ သတ်ဖြတ်ဖို့နဲ့ပတ်သက်ပြီး အကြောင်းပြချက် မလိုအပ်ဘူး”

အနက်ရောင် ဝတ်စုံနှင့် လူ၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွှတ်သွားသည်။

“မင်းရဲ့ ခေါင်းကို ယူဖို့အတွက် လူတစ်ယောက်က အဆင့်နိမ့်မှော်စွမ်းအင်ကျောက်တုံး ငါးသန်း သုံးစွဲခဲ့တယ်.. ငါ့တာဝန်က မင်းရဲ့ခေါင်းကိုယူပြီး ပိုက်ဆံကို ယူဖို့ပဲ”

“ဟားဟား... အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး ငါးသန်းက တကယ်ပဲ များပြားတဲ့ပမာဏ တစ်ရပ်ပါပဲ”

“ဒါပေမဲ့ မင်းက ငါ့ရဲ့ ခေါင်းကို ယူဖို့ အရည်အချင်း မလုံလောက်မှာ ငါ စိုးရိမ်မိတယ်”

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

သူသည် သူ့ရှေ့မှ အနက်ရောင် ဝတ်စုံနှင့် လူကို အမှုမထားဟန်ဖြင့် ကြည့်လိုက်သည်။

"မင်းကို အခွင့်အရေး တစ်ခု ပေးမယ်.. ငါ့ကို သတ်ဖို့ မင်းကို ဘယ်သူ ငှားလဲဆိုတာကို ပြောပြပါ.. ဒါဆို မင်းရဲ့ ခွေးအသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်"

“ကောင်လေး.. ငါ့ရှေ့မှာ ဒီလို လေလုံးထွားရဲတယ်ပေါ့လေ”

“ငါက မရေမတွက်နိုင်တဲ့ လုပ်ကြံသတ်ဖြတ်ရေး မစ်ရှင်တွေကို လက်ခံခဲ့ဖူးတယ်.. ဒါပေမဲ့ ငါ တစ်ခါမှ မလွဲချော်ခဲ့ဖူးဘူး.. ဒါကြောင့် ငါ သေမှာ မဟုတ်ဘူး”

အနက်ရောင် ဝတ်စုံနှင့် လူက မထီမဲ့မြင် ပြုံးလိုက်ပြီး ဆန်းကြယ်သော ခြေလှမ်းကွက်ကို ထုတ်ဖော်လိုက်သည်။

နောက်ထပ် တစ်ခဏတွင် သူ၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့၏။

သူ၏ လက်ထဲမှ အေးစက်သော အလင်းရောင်များ တောက်ပနေသော ဓားမြှောင်သည် ကျန်းချန်၏ လည်ပင်းဆီသို့ အလျင်အမြန် ဦးတည်သွားခဲ့သည်။

သို့သော် အနက်ရောင် ဝတ်စုံနှင့် လူ၏ တိုက်ခိုက်မှု မြန်နှုန်းထက် ကျန်းချန်၏ အမြန်နှုန်းက ပိုမြန်နေ၏။

ချက်ချင်းဆိုသလို ကျန်းချန်၏ ပုံရိပ်သည် လေထဲမှာပင် ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် အနက်ရောင် ဝတ်စုံနှင့် လူ၏ မျက်လုံးများက ရုတ်တရက် ကျုံ့သွားပြီး ဖော်မပြနိုင်သော အေးစက်မှုတစ်ခုသည် သူ၏ နှလုံးသားထဲသို့ ချဥ်းနင်း ဝင်လာခဲ့၏။

သူ ဘာမှမလှုပ်ရှားရသေးခင်မှာပင် ကြောက်မက်ဖွယ် လက်သီးတစ်လုံးသည် သူ၏ နောက်ကျောပေါ်သို့ ကျရောက်လာခဲ့သည်။

"ဝေါ့"

အနက်ရောင် ဝတ်စုံနှင့် လူက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

သူက ခြေလှမ်း အနည်းငယ် နောက်ဆုတ်ပြီးမှ ခန္ဓာကိုယ်ကိုတည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။

သူက သူ၏ နောက်ကျောဘက်တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ မျက်လုံးတွင် ကြောက်လန့်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။

[ခွေးမသားကြီး ကျီထျန်းလွေ့.. ငါ့ကို လှည့်စားရဲတယ်]

အနက်ရောင် ဝတ်စုံနှင့် လူက ထိတ်လန့်သွားသည်။

သူတို့က အလုပ်ကို လက်ခံသောအခါ ကျီထျန်းလွေ့သည် သူတို့ကို ပစ်မှတ်က သဘာဝစွမ်းအားဖွင့်ခြင်း ပထမအဆင့်မှ ကောင်လေး တစ်ယောက်သာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

သို့သော် သူတို့ ရှေ့မှ ကောင်လေးသည် သူ့ကို တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူနိုင်ခဲ့သည်။

သူ၏ သဘာဝစွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့် အင်အားဖြင့်ပင် သူသည် ဤကောင်လေး၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။

ဤမျှအထိ ကြောက်စရာကောင်းသော အင်အား။

ယင်းက သဘာဝစွမ်းအားဖွင့်ခြင်း ပထမအဆင့် ကျင့်ကြံသူထံတွင် ရှိနိုင်သောခွန်အား ဖြစ်ပါသလော။

အနက်ရောင် ဝတ်စုံနှင့် လူက ထိတ်လန့်နေသောအချိန်တွင် ကျန်းချန်၏ အထက်စီးဆန်သော အသံသည် သူ၏ နားထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

“မင်းရဲ့ စွမ်းရည်နဲ့ ငါ့ကို မသတ်နိုင်ဘူးလို့ ငါ ပြောခဲ့သားပဲ”

“နောက်ဆုံး တစ်ကြိမ်မေးမယ်.. မင်း မသေချင်ရင် မင်းကို ဘယ်သူ ငှားခဲ့လဲဆိုတာ ငါ့ကို ပြောပြစမ်း”

အခန်း(၃၇၉) ပြီး၏

All Chapters