← Chapters

အခန်း (၃၈၃)

Vol. 26 Ch. 383

အခန်း (၃၈၃)

Vol. 26 Ch. 383

“နှစ်စဉ်ဖွင့်တဲ့ ထိုက်ရှလှေကားက နောက်ဆုံးတော့ ဖွင့်ခဲ့ပြီ”

“ပြီးခဲ့တဲ့နှစ်က ငါ တိုက်ရှု လှေကားကို တက်ခဲ့တယ်.. နောက်ဆုံးတော့ ခြေလှမ်း အနည်းငယ်အလိုမှာ ကျရှုံးခဲ့ရတယ်.. ဒီနေ့တော့ ကိုးဆယ့်ကိုးဆင့်ကို ဖြတ်ကျော်ပြီး ထိုက်ရှဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာစေရမယ်”

“ဟားဟား… ထိုက်ရှဂိုဏ်း.. ငါ ဒီမှာ ရောက်လာပြီကွ”

“.......…”

ခံ့ညားသော လေသံ ပျောက်ကွယ်သွားသည်နှင့် ကျောက်စင်မြင့် ပေါ်မှ လူအများအပြားသည် ထိုက်ရှလှေကား ဆီသို့ အလျင်အမြန် ပြေးသွားကြသည်။

“ညီနောက် ကျန်းချန်.. ငါ ထိုက်ရှလှေကားကို တက်တော့မယ်.. မင်း ငါနဲ့ အတူတူ သွားမလား”

မိုကျင့်ယွင်က ကျန်းချန်ကို အလျင်အမြန် မေးလိုက်သည်။

“မင်းပဲ အရင် သွားလိုက်ပါ”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူ့တွင် ထိုက်ရှဂိုဏ်း၏ တပည့်အထောက်အထား တံဆိပ်ပြား ရှိ၍ ထိုက်ရှလှေကားကို တက်ရန် သူ အလျင်မလိုခဲ့ပေ။

“ဒါဆို ငါ အရင် သွားလိုက်မယ်.. ထိုက်ရှဂိုဏ်းမှာ မင်းနဲ့ပြန်လည်ဆုံခွင့်ရဖို့ ငါ မျှော်လင့်တယ်”

မိုကျင့်ယွင်က စကားဆုံးသည်နှင့် ထိုက်ရှ လှေကား ဆီသို့ အလျင်အမြန် လျှောက်သွားခဲ့သည်။

“ဒီကောင်က ထိုက်ရှ လှေကားကို ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်မှု ရှိပုံရတယ်”

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ချက်ချင်းပင် သူ၏ အကြည့်များသည် ထိုက်ရှ လှေကားဆီသို့ရောက်ရှိသွား၏။

အဆတစ်ရာစနစ်ကြောင့် ကျန်းချန်သည် ဤထိုက်ရှ လှေကား၏ အသေးစိတ် အချက်အလက်များကို တစ်ချက်ကြည့်ရုံဖြင့် အကုန် မြင်နိုင်ခဲ့သည်။

ဤထိုက်ရှ လှေကားကို တက်ရန် ခက်ခဲရသော အကြောင်းရင်းမှာ ၎င်းတွင် အလွန် အားကောင်းသော သတ္တမအဆင့် အစီအရင် ရှိသောကြောင့်ပင်။

မည်သူမဆို ထိုက်ရှဂိုဏ်း၏ လှေကားပေါ်သို့ တက်လိုက်သည်နှင့် သတ္တမအဆင့် အစီအရင်၏ ဖိအားကို ခံရလိမ့်မည် ဖြစ်သည်။

ထို့အပြင် လှေကားတစ်ဆင့် မြင့်တက်လာတိုင်း အစီအရင်၏ ဖိအားသည် ပိုမို အားကောင်းလာလိမ့်မည် ဖြစ်၏။

ယင်းက သာမန်လူများ ခံနိုင်သော အရာ မဟုတ်ပေ။

အမှန်တကယ်လည်း ကျန်းချန် မျှော်လင့်ထားသည့်အတိုင်းပင်။

ထိုက်ရှ လှေကားကို တက်သွားသော လူငယ်များသည် အစပိုင်းတွင် အလွန် မြန်မြန်ဆန်ဆန် တက်နိုင်ခဲ့ကြသည်။

လူအများအပြားသည် တစ်ကြိမ်တည်းနှင့် ခြေလှမ်း ဒါဇင်ပေါင်းများစွာပင် တက်ခဲ့ကြသည်။

သို့သော် ၎င်းတို့က လှေကားကို ပိုမြင့်အောင် တက်လေလေ တက်သော အမြန်နှုန်းသည် ပိုမို နှေးကွေးလေလေ ဖြစ်လာခဲ့သည်။

ပိုမို အားနည်းသော လူတချို့ ဆိုလျှင် အဆင့် ငါးဆယ်ကို တက်ပြီးသောအခါ လှေကားပေါ်မှ ကြောက်စရာကောင်းသော ဖိအားကို မခံနိုင်တော့ဘဲ အဆုံးသတ်၌ တိုက်ရိုက် ဆုတ်ခွာသွားကြသည်။

သိပ်မကြာခင်မှာပင် လူအတော်များများသည် အရှက်တကွဲဖြင့် ထိုက်ရှလှေကားကနေ ဆုတ်ခွာသွားခဲ့ကြသည်။

ဆယ်မိနစ် မပြည့်ခင်တွင် သုံးပုံတစ်ပုံ နီးပါး လုံးဝ ကျရှုံးသွားကြ၏။

"အိုး… အဆင့် ကိုးဆယ့်ကိုးဆင့် ရှိတဲ့ ထိုက်ရှလှေကားက တကယ်ပဲ တက်ဖို့ မလွယ်ဘူးဟ"

“ဟုတ်တယ်.. ငါ ပြီးခဲ့တဲ့နှစ်က အဆင့် ခြောက်ဆယ်ထိ တက်နိုင်ခဲ့တယ်...ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ကထက် အဆင့် ငါးဆင့်ပဲ တက်နိုင်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး”

“ကြည့်ရတာ ငါက ထိုက်ရှဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ဖို့ အရည်အချင်း မပြည့်မီသေးပုံရတယ်”

“…........”

ကျရှုံးခဲ့သော လူအချို့သည် ၎င်းတို့၏ ခေါင်းများကို ခါယမ်းပြီး သက်ပြင်းချကာ ရေရွတ်လိုက်ကြ၏။

ကျန်းချန်သည် လှေကားပေါ်မှအခြေအနေကို ခဏလောက် စောင့်ကြည့်နေခဲ့သည်။

လူအများစု ထိုက်ရှလှေကားကို တက်ပြီးနောက်တွင် သူသည် ထိုက်ရှ လှေကားဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။

စင်စစ် သူက ထိုက်ရှဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်၍ ဤထိုက်ရှ လှေကား၏ စစ်ဆေးမှုတွင် ပါဝင်ရန် မလိုအပ်ပေ။

သို့သော် သူသည် ထိုက်ရှဂိုဏ်းမှ လူများ၏ လမ်းညွှန်မှု မပါဘဲ တစ်ယောက်တည်း ထိုက်ရှဂိုဏ်းကို လာခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် သူသည် ဤထိုက်ရှလှေကားမှ တဆင့် ထိုက်ရှဂိုဏ်းထဲသို့ ဝင်ရောက်ရန် တစ်နည်းသာ ရှိတော့၏။

“ကောင်လေး.. အခုကစပြီး တိုက်ရှလှေကားထဲကို ဘယ်သူမှ ဝင်ခွင့် မပြုတော့ဘူး”

“မင်းဝင်ချင်ရင် ထိုက်ရှ လှေကားကို ငါတက်ပြီးတဲ့အချိန်ထိ စောင့်ပါ”

ကျန်းချန်က ထိုက်ရှ လှေကားထဲသို့ ဝင်ရန် တံခါးဆီသို့ လျှောက်သွားသောအချိန်တွင် ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်ခပ်ရှည်ရှည် လူငယ်တစ်ယောက်သည် ဓားကို အလျားလိုက်ကိုင်ပြီး ကျန်းချန်ကို ဟန့်တားလိုက်သည်။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဘာလို့ မင်းတက်ပြီးတဲ့အချိန်ထိ စောင့်ရမှာလဲ”

ရွှေရောင်ဝတ်စုံဝတ် လူငယ်က အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ငါ ထိုက်ရှ လှေကားကို တက်တဲ့အခါ ဘယ်သူမှ လွှမ်းမိုးတာ မလိုချင်လို့ပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။

“ဒီထိုက်ရှလှေကားက မင်းပိုင်တဲ့ အရာ မဟုတ်ဘူး.. မင်းက အရမ်း ဗိုလ်ကျလွန်းတယ်"

အခန်း(၃၈၃) ပြီး၏

All Chapters