← Chapters

အခန်း (၃၈၅)

Vol. 26 Ch. 385

အခန်း (၃၈၅)

Vol. 26 Ch. 385

“ကောင်လေး.. မင်းမှာ အစွမ်းအစရှိသားပဲ”

“ဒါပေမဲ့ မင်းက ငါ့ရဲ့ မျက်စိအောက်မှာ ထိုက်ရှလှေကားထဲကို ဝင်ချင်တာကတော့ ငါ့ကို အထင်သေးလွန်းနေပြီ”

သွမ့်ရှင်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

ဤကောင်လေးသည် လေဆန္ဒကို အမှန်တကယ် သဘောပေါက်ခဲ့သည်။

အစောပိုင်းက သူသာ လုံလောက်အောင် မတုံ့ပြန်နိုင်ခဲ့လျှင် ဤကောင်လေးသည် သူ၏ မျက်စိရှေ့မှာပင် ထိုက်ရှ လှေကားထဲကို ဝင်သွားလောက်ပြီ ဖြစ်၏။

တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် သူ၏ ရှေ့တွင် ရပ်တန့်နေသော သွမ့်ရှင်းကို မြင်လျှင် ကျန်းချန်၏ အကြည့်သည် ရုတ်တရက် လေးနက်သွားခဲ့သည်။

ယခုလေးတင် သူသည် လေဆန္ဒကို ထုတ်ဖော်ခဲ့၏။

သို့ရာတွင် သွမ့်ရှင်းက သူ၏ အမြန်နှုန်းကို လိုက်မီပြီး သူ့ကို နောက်တစ်ကြိမ် တားဆီးခဲ့သည်။

ယင်းကိုကြည့်၍ လေ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်မှုတွင် သွမ့်ရှင်း၏ နားလည်မှုသည် သူ့ထက် မနိမ့်ကျသည်မှာ သံသယဝင်စရာပင် မလိုပေ။

အနည်းဆုံးတော့ သွမ့်ရှင်းကို လုံးဝ လျော့မတွက်သင့်မှန်း ကျန်းချန် သဘောပေါက်သွားခဲ့၏။

“မင်းက လေဆန္ဒကို သဘောပေါက်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး.. ဒါက ငါ့ကို နည်းနည်းတော့ အံ့အားသင့်စေတယ်”

ကျန်းချန်က သွမ့်ရှင်းကို အမှုမထားဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းက ငါ့ကို ဆက်ပြီး တားဆီးချင်တာ သေချာလား"

“ငါက မင်းရဲ့ခွန်အားကို အခုမှ ပိုပြီး စိတ်ဝင်စားလာမိတယ်”

“နှစ်ပေါင်းများစွာအတွင်း ငါတို့မျိုးဆက်ထဲမှာ မင်းက ငါနဲ့ နှိုင်းယှဉ်နိုင်တဲ့အထိ လေဆန္ဒကို နားလည်တဲ့ ပထမဆုံး လူပဲ”

သွမ့်ရှင်းသည် ကျန်းချန်ကို စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။

“မင်းက ထိုက်ရှ လှေကားထဲကို ဝင်ချင်ရင် ငါမင်းကို မတားတော့ဘူး...ဒါပေမဲ့ မင်း ငါနဲ့ ယှဉ်ပြိုင်ရမယ်”

ထိုစကားကို ကြားလျှင် ကျန်းချန်သည် သူ့ မျက်ခုံးများကို ပင့်လိုက်သည်။

“ပြောပါဦး.. မင်းက ဘယ်လို ပြိုင်ချင်တာလဲ”

“ဒါက အရမ်း ရိုးရှင်းပါတယ်.. ထိုက်ရှလှေကားကို အမြန်ဆုံး ကျော်ဖြတ်နိုင်တဲ့သူက အနိုင်ရရှိမယ်”

သွမ့်ရှင်းက ပြုံးပြီး ပြောလိုက်သည်။

"ရှုံးတဲ့သူက အနိုင်ရတဲ့သူ့ရဲ့ အမိန့်ကို ခြွင်းချက်မရှိ နာခံရမယ်.. မင်း ဘယ်လို သဘောရလဲ”

“မင်းရဲ့ လောင်းကြေးက နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ.. ကောင်းပြီလေ.. မင်းက ပြိုင်ချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်း မိသားစု သုံးစုထဲက ထိပ်တန်း ပါရမီရှင်တစ်ယောက်ကို အမိန့်ပေးစေခိုင်းနိုင်တာက အတော်လေး အရသာရှိမှာပဲ"

“မင်းက စကားကြီး စကားကျယ်များ ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား.. မင်းက ငါ့ကို အနိုင်ရမယ်လို့ ဒီလောက်တောင် သေချာနေတာလား။”

သွမ့်ရှင်းက အေးစက်စက် ခနဲ့လိုက်သည်။

သူက စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်း မိသားစု သုံးစုထဲမှ သွမ့်မိသားစု၏ မိသားစုဝင်တစ်ယောက် ဖြစ်သည်။

သွမ့်မိသားစု၏ ရှန်ဖုန်း သွေးသည် အစကတည်းကပင် အမြန်နှုန်းကို အထောက်အပံ့ပေးသော သွေးတစ်မျိုး ဖြစ်သည်။

သူက နတ်ဘုရား ဆန်သော ရှန်ဖုန်းသွေးစွမ်းအားနှင့် လေဆန္ဒကို ပေါင်းစပ်လိုက်လျှင် သူ၏ အမြန်နှုန်းသည် အလွန် ကြောက်စရာကောင်းသော အနေအထားကို ရောက်ရှိသွားခဲ့သည်။

ထို့အပြင် ရှန်ဖုန်းသွေး ဖြစ်စေ၊ လေဆန္ဒ ဖြစ်စေ၊ ထိုစွမ်းအားများသည် လှေကားပေါ်မှ ဖိအားကို အလွန် ထိရောက်စွာ ခုခံနိုင်၏။

ထို့ကြောင့် ဤကောင်လေးက သူ့ထက် ပိုမြန်အောင် ထိုက်ရှလှေကားကို တက်နိုင်မည်ဟု သွမ့်ရှင်း အမှန်တကယ် မယုံကြည်ခဲ့ပေ။

“အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောစမ်းနဲ့... အခုပဲ ပြိုင်ပွဲကို စလိုက်ကြရအောင်”

“ဘယ်လိုပဲဖြစ်ဖြစ်ပါ.. မင်းက ငါ့အမိန့်ကို နာခံရတော့မယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး တံခါးထဲသို့ တိုက်ရိုက် လျှောက်သွားကာ ထိုက်ရှလှေကား၏ ပထမဆုံး အဆင့်ပေါ်တွင် ရပ်လိုက်သည်။

၎င်းကို မြင်သောအခါ သွမ့်ရှင်းသည် အလျန်အမြန် ခြေလှမ်းလိုက်ပြီး ကျန်းချန်၏ ဘေးတွင် ရပ်လိုက်သည်။

ခဏအကြာတွင် သူတို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

ချက်ချင်းဆိုသလို သူတို့သည် တစ်ပြိုင်နက်တည်း ထိုက်ရှလှေကား၏ ထိပ်ဆီသို့ တက်သွားကြတော့သည်။

၎င်းတို့ နှစ်ယောက်စလုံးသည် ထိုက်ရှလှေကားပေါ်မှ ဖိအားကို ဘာမှ မဟုတ်သလိုမျိုး သဘောပိုက်ပြီး ထိုက်ရှ လှေကားကို တက်ခဲ့ကြသည်။

တစ်မိနစ် မပြည့်ခင်မှာပင် သူတို့ နှစ်ယောက်သည် လှေကားထစ် နှစ်ဆယ်ကို ဖြတ်ကျော်ပြီးပြီ ဖြစ်၏။

ပိုပြီး အံ့သြ တုန်လှုပ်စရာကောင်းသည်မှာ သူတို့ နှစ်ယောက်၏ အမြန်နှုန်းသည် ဤလှေကားအဆင့်နှစ်ဆယ်ကျော်ထိ တူညီနေခြင်းပင်။

ဤသို့ဖြင့် အလွန် မြန်ဆန်စွာပင် သူတို့ နှစ်ယောက်သည် ထိုက်ရှ လှေကား၏ အဆင့် ငါးဆယ်ကို ရောက်လာကြသည်။

သူတို့နှစ်ယောက် အဆင့် ငါးဆယ်ကို ခြေချလိုက်သောအခါတွင် သူတို့၏ အမြန်နှုန်းသည် အဆုံးသတ်တွင် သိသိသာသာ နှေးကွေးသွားခဲ့၏။

အခန်း(၃၈၅) ပြီး၏

All Chapters