← Chapters

တော်ဝင်သမီးပျို

Vol. 1 Ch. 2

တော်ဝင်သမီးပျို

Vol. 1 Ch. 2

“ငါ့သားက ပထမရတာလား”

ဖုန်ရှို့လီ လက်ကောက်ဝတ်သွေးကြောကို ဆွဲဆိတ်ပေးသဖြင့် သတိပြန်ရလာသည့်ယင်ရှီက ဖုန်ရှို့လင်ကို ငေးကြောင်၍ကြည့်နေသည်။ ကြားလိုက်သည့်သတင်းကို အတည်ပြုရန်ကြိုးစားသည်. သို့သော် ဖုန်ရှို့လီ ပြန်မဖြေမီပင် အမိန့်ကြေညာသူက နောက်တစ်ကြိမ်ကြေညာသည်။

“ဂုဏ်ယူပါတယ်ခင်ဗျား၊ ဖုန်မိသားစုက ဖုန်ချင်ပင်းဟာ...”

ဂုဏ်ပြုစကားထပ်ကြားသည်နှင့် ယင်ရှီ နောက်တစ်ကြိမ် မျက်ခွံလန်သွားပြန်သည်။ ဖုန်ရှို့လင်က သူ့လက်ကို အမြန်ဆိတ်လိုက်ပြန်သည်။ နှစ်ကြိမ်သတိမေ့ပြီးမှ သူ့သားကြီး ပထမရသည့်အဖြစ်ကို ယင်ရှီ လက်ခံနိုင်သွားသည်။

“အကူအညီ မြန်မြန်ခေါ်ဟေ့။ ဖုန်မိသားစုသခင်ကြီး မေ့လဲသွားပြီ။ ဟိုအဒေါလည်း မေ့လဲတော့မယ်..”

ပြန်သတိရလာပြီးစယင်ရှီ ခြံဝန်းထဲမှ အော်သံများကို ကြားလိုက်ရသည်။ ဖြစ်နေသည်မှာ သူသာမဟုတ် သူ့ယောက္ခမအဘိုးကြီးနှင့် ဆွေးမျိုးစပ်ဒေါ်လေးတစ်ယောက်လည်း စိတ်လှုပ်ရှားလွန်း၍ သတိမေ့သွားကြပြီဖြစ်သည်။

ကံကောင်းထောက်မ၍ ဖုန်အိမ်တော်အပြင်ဘက်မှ ကြည့်နေသည့် သမားတော်တစ်ယောက်ကို ဆွဲခေါ်လာနိုင်ခဲ့သည်။ အဘိုးကြီးနှင့် အဒေါ်ဖြစ်သူ ပြန်သတိရလာသည်။ စိတ်လှုပ်ရှားမှုကြောင့် သတိမေ့သွားခြင်းသာဖြစ်ပြီး စိုးရိမ်စရာတော့မရှိ။

“ဂုဏ်ယူ....”

အမိန့်ကြေညာသူ တတိယတစ်ကြိမ် ဂုဏ်မပြုနိုင်မီမှာပင် အပျော်လွန်နေသည့် ဖုန်မိသားစု အသိဝင်လာသည်။ ဖုန်ရှို့လင်နှင့်ကျန်သည့်ဖုန်မိသားစုဝင်များ လာရောက်ဂုဏ်ပြုသူများကို ကြိုပြင်ထားသည့် စာအိတ်နီအန်ပေါင်းများ အမြန်ဝေငှပေးလိုက်သည်။ ဂုဏ်ပြုရန်လာသည့် ဧည့်သည်များလွန်းသဖြင့် ယင်ရှီပင် အငြိမ်မနေအားတော့။

“ဒါလေးယူလိုက်ပါ။ အားလုံး နည်းနည်းစီ ယူကြပါ”

လူအုပ်ကြားတွင် အမှုန်အမွှားပမာဖြစ်နေသည့် ဖုန်ချင်အန်းက သူ့မိသားစု အလုပ်ရှုပ်နေသည်ကို ရပ်ကြည့်နေသည်။ သူ့အသက်အရွယ်ဖြင့် ဘာမှအကူအညီပေးနိုင်မည်ဟု သူမိသားစုက မယူဆကြ။ ထို့ကြောင့် သူ့မိခင် နယ်မြေသခင်နှစ်ယောက်လက်ထဲ ငွေပြားထည့်ထားသည့် စာအိတ်နီများထိုးထည့်ပေးသည်ကို အသံတိတ်ကြည့်နေရုံသာရှိသည်။

ထိုပုဂ္ဂိုလ်နှစ်ယောက်သည် ဒေသကောင်တီသခင်နှင့် ကျန်အန်းပြည်နယ်သခင်များဟု သူသတင်းကြားသည်။ သို့သော်ယခု ယင်ရှီက သူတို့ဂုဏ်အဆင့်အတန်းကို ဂရုမစိုက်အားတော့ပဲ စာအိတ်နီများကို အတင်းထိုးထည့်ပေးနေသည်။

သာမန်လူများ တွေ့ဆုံနိုင်ရန်ခဲယဉ်းလှသည့် သခင်နှစ်ယောက်ကလည်း ခြောက်ထပ်ကွမ်းစာပေပညာရှင်ကို မွေးထုတ်နိုင်ခဲ့သည့် မိခင်ဖြစ်သူ၏အန်ပေါင်းကို ရယ်ရယ်မောမောဖြင့် လက်ခံလိုက်ရသည်။

“ကျွတ်”

ထိုမြင်ကွင်းကြောင့် ဖုန်ချင်အန်း စုပ်သပ်မိသည်။ ဘာပြောရမှန်းမသိတော့။ ယခု သူတို့ အိမ်သစ်တွင်နေ၍ ပိုးထည်များဝတ်နေရသော်လည်း ထိုအပြောင်းအလဲသည် မနှစ်ကမှစခဲ့ခြင်းဖြစ်သည်။ သူအကို နန်းတွင်းစာမေးပွဲမဖြေမီက သူတို့မိသားစုသည် သာမန်ဝမ်းဝရုံအဆင့်သာရှိသည်။

သူ့အကိုဖုန်ချင်အန်း နန်းတွင်းစာမေးပွဲဝင်ဖြေပြီးမှ ထိုအပြောင်းအလဲကြီးများ စတင်ခဲ့သည်။

ပြည်နယ်စာမေးပွဲ ပထမရပြီးချိန်တွင် ကောင်တီက ငွေတုံးနှစ်ဆယ် ဆုချီးမြှင့်သည်။ ရွာကလည်း လယ်မြေငါးဧက သူတို့မိသားစုကို ခွဲပေးသည်။ ခက်ခဲစွာရုန်းကန်နေခဲ့ရသည့် သူတို့မိသားစု ချောင်လည်လာသည်။

ပထမဆုံးအကြိမ် နှစ်သက်ကူးချိန် ပွဲတော်ချိန်မဟုတ်ဘဲ ယင်ရှီ ဝက်သားတစ်ချို့ အိမ်သို့ယူလာရဲခဲ့သည်။ ပွဲတော်ရက်မဟုတ်ဘဲ ပထမဆုံးအကြိမ်ဝက်သားစားရခြင်းဖြစ်၍ ဖုန်ချင်အန်း မျက်ရည်ပင်ဝဲခဲ့မိသည်။

ပုံမှန်အားဖြင့် အသားစားချင်လျှင် ရွာဘေးတောစပ်ရေအိုင်ထဲသို့သွား၍ ငါးပုဇွန်တစ်ခု သူဖမ်းရသည်။ ရေတော့ မကူးရဲ။ မွေးကတည်းက ခါးထက်နက်သည့်ရေထဲသို့ မဆင်းဖူး။ နည်းနည်းပိုနက်သည့်ရေအိုင်များသို့ပင် လုံးဝမသွား။ ရေကန်ကြီးများဆိုလျှင် ဝေးဝေးကကွေ့ရှောင်သွားသည်။

သူ့အကို နန်းတွင်းစာမေးပွဲအောင်မြင်၍ အရာရှိဖြစ်လာသည်။ သူတို့ဘဝ နေ့ချင်းညချင်းပြောင်းလဲသွားသည်။ သက်ငယ်မိုးအိမ်အိုကို အပြာရောင်အုပ် အနီရောင်အုပ်ကြွပ်ပြားများဖြင့် အသစ်ပြန်ဆောက်သည်။ တံခါးနှစ်ခု ထားသည်။ ရှီလီဖုန်ကျာ့ကန်းမှ ရာချီသည့်မိသားစုများကြားတွင် သူတို့အိမ် အတော်လေးဂုဏ်တင့်ခဲ့သည်။

တိုးပွားလာသည့် လယ်မြေများကြောင့် သက်တမ်းတစ်ဝက်လောက် လယ်လုပ်ခဲ့သည့် အလုပ်ကြိုးစားသူ သူ့ဖခင်က ကောင်တီမှ နွားတစ်ရှဉ်းဝယ်၍ပင် နှစ်ပေါင်းများစွာစိတ်ကူးယဉ်ခဲ့သည့် သူ့ဆန္ဒကို အကောင်းအထည်ဖေါ်သည်။ လူတစ်စုကိုဦးဆောင်၍ နေ့စဉ် လယ်ထဲဆင်းသည်။

လယ်မြေများ ရုတ်တရက်တိုးပွားလာသဖြင့် အလုပ်ကြိုးစားသည့် သူ့ဖခင်နှင့် နွားတစ်ရှဉ်းသည်ပင် မလုံလောက်တော့။ လုပ်အားအကူအညီခေါ်ရသည်။

ယခု သူ့အကိုသည် ခြောက်ကြိမ်တိုင်တိုင် ပထမရခဲ့ပြီး ထိပ်တန်းစာပေပညာရှင်ဖြစ်လာသည်။ နောင်တစ်ချိန် သူတို့မိသားစု မည်သို့ဖြစ်လာဦးမည်ကို ဖုန်ချင်အန်း စိတ်ကူးနိုင်စွမ်းပင် မရှိတော့။ သူ့အကိုသည် ဆယ့်လေးနှစ် မပြည့်သေး။ အနာဂတ်အခွင့်အရေးများစွာ ရှိနေသည်။

ယခုအထိ သူ့အကိုသည် လက်မထပ်ရသေး၊ မစေ့စပ်ရသေး။ နန်းတွင်းစာမေးပွဲ မတိုင်မီက သူတို့မိသားစု ဆင်းရဲလွန်းသဖြင့် ကြင်ဘက်ရှာဖို့လည်း မစဉ်းစားနိုင်ခဲ့။

သို့သော် နန်းတွင်စာမေးပွဲအောင်၍ စာပေပညာရှင်ဖြစ်လာချိန်တွင် ထင်ရှားကျော်ဇောသည့် လူတစ်ယောက်ဟု သတ်မှတ်ခံလိုက်ရသဖြင့် အနီးအနားရွာများမှ ရောက်လာသည့် အောင်သွယ်များမှာ အိမ်လှေခါးပြိုမတတ်ပင်ဖြစ်သည်။

သို့သော် အောင်သွယ်လာတိုင်း ဖုန်ချင်အန်း နှင်လွှတ်သည်။ သူ့အကို နာမည်တစ်ခုရပြီး အခြေခိုင်မှ အိမ်ထောင်ပြုလျှင် သူဘာမှသိပ်ပြောစရာမရှိ။

ယခု သူ့အကို နာမည်ရစဖြစ်သည်။ ချမ်းသာဖို့အစပျိုးနေသူဖြစ်သည်။ ထိုလူမျိုးနှင့် လက်ဆက်ချင်သူများမှာ စိတ်ကူးယဉ်နေခြင်းသာဖြစ်သည်။ မြေပိုင်ရှင်သမီးတစ်ယောက်ပင် သူ့အကိုကို အိပ်မက်မက်ဦးမည်မဟုတ်။ တတ်နိုင်သမျှ ဝေးဝေးရောက်အောင် တက်လှမ်းသင့်သည်။

ဖုန်ချင်အန် အောင်သွယ်များကို နှင်ထုတ်သလို မိဘများကိုလည်း အတင်းနားချသည်။ သူ့အမြင်တွင် သူ့အကိုသည် မြေရှင်သမီးအဆင့်ထက် ပိုမြင့်သူနှင့်သာ ထိုက်တန်သည်။ သို့သော် သူ့မိဘများက သူ့အကိုအတွက် ရေရှည်မတွေးပဲ သဘောတူလိုက်လျှင် သူ့ငြင်းပယ်မှုများ အကျိုးမရှိတော့။

မိဘများနှင့် အောင်သွယ်ကြားမှ ကတိကဝတ်သည် စကားလုံးသက်သက်မဟုတ်။ သို့သော် သူ့အဖုန်ရှို့လင်သည် အနေရိုးသော်လည်း ဉာဏ်နည်းသူမဟုတ်။ သူ့အမေ ယင်ရှီကိုလည်း ဖုန်ချင်အန်းက ဖျောင်းဖေ၍ ထိန်းထားသည်။

ဖုန်ချင်ပင်းသည် ရုပ်အတော်ချောသည်။ ယခု ခြောက်ထပ်ကွမ်းစာပေထိပ်သီးဖြစ်၍ မြို့တော်မှ တော်ဝင်သမီးပျိုများ ဝိုင်းဝိုင်းလည်လာတော့မည်မှာ သေချာသည်။

သူတို့မိသားစုသည် နောက်ခံမတောင့်တင်းပဲ ဆင်းရဲစွာမွေးဖွားလာသည့် သာမန်လူတန်းစားဖြစ်သော်လည်း အထက်တန်းလွှာမိသားစုများက အဆင့်အတန်းနိမ့်သည်ဟု ယူဆကြမည်မဟုတ်။ ထူးခြားသည့်ခွန်အားမျိုးရှိသည်ဟုသာ မြင်ကြမည်။

ထိုသို့တွေးနေရင်း ဖုန်ချင်အန်း ပြုံးမိသည်။ သူအကိုသာ အထက်တန်းလွှာမိန်းကလေးတစ်ယောက် အိမ်ခေါ်လာနိုင်လျှင် သူတို့အနာဂတ်ဘဝနေထိုင်မှုလည်း ပြောင်းလဲလာမည်။

သာယာသည့်အနာဂတ်ကို စိတ်ကူးယဉ်နေစဉ်မှာပင် ဆူညံသည့်စကားသံတစ်ခုကြောင့် အတွေးပြတ်သွားသည်။

“ဖိုင်ကို နောက်တစ်ကြိမ် ကုဒ်ဖြေလိုပါသလား”

“အင်း”

သူပြန်မဖြေလျှင် ဆက်မေးနေမည့်ဟန်ရှိသည်။ ထို့ကြောင့် မျှော်လင့်ချက်မရှိသော်လည်း သူပြန်ဖြေလိုက်သည်။

“စနစ်ဖိုင်တွေကုဒ်ဖြေနေပါတယ်။ ခဏစောင့်ပေးပါ”

“သုံးစားမရတဲ့ဟာပဲ”

ထိုတုံ့ပြန်မှုမျိုးကြားရသည်မှာ ဆယ်ကြိမ်မြောက်ဖြစ်သည်။ ထိုစနစ်ဟူသည်အရာကို ဘာမျှော်လင့်ချက်မှ မထားတော့။ အတော်စိတ်ကုန်ခဲ့ပြီဖြစ်သည်။

တစ်နှစ်သားအရွယ်တွင် အတိတ်ဘဝမှတ်ဉာဏ်များကို သူပြန်ရသည်။ ထိုစဉ်က သူ့ခန္ဓာကိုယ် ဖွံ့ဖြိုးသည့်အဆင့်သို့ ရောက်စဖြစ်သည်။ ဟိုယိုင် ဒီယိုင် လမ်းလျှောက်သင်နေချိန်ဖြစ်သည်။ ထိုနေ့မှာပင် သူ့ကိုယ်ထဲတွင် စနစ်တစ်ခုရှိကြောင်း သိလိုက်ရသည်။

ခုနက အပျော်များပင် ပျောက်သွားသည်။ စနစ်ကို စိတ်ပျက်သည့်ခံစားချက်က တိုးဝင်လာသည်။

စနစ်တစ်ခါကုဒ်ဖြေလျှင် ရက်ပေါင်းသုံးရာခြောက်ဆယ်ကြာသည်။ ထိုမျှကြာအောင်စောင့်သော်လည်း ထွက်လာသည့် တစ်ခုတည်းသောမက်ဆေ့က “ဖိုင်ဒေတာမှားယွင်းပါတယ်။ ကုဒ်ပြန်ဖြေလိုပါသလား” ဟုသာဖြစ်သည်။

မှတ်မိပါသေးသည်။ ကလေးသွားပေါက်စအချိန်ဖြစ်သည်။ စနစ်မအောင်မြင်ကြောင်း ပထမဆုံးကြားခဲ့ရသည်။ ချက်ချင်း နောင်တစ်ကြိမ် ကုဒ်ဖြေသည်။ သို့သော် ဘာမှမထူးခြား။

တစ်ကြိမ်ပြီးတစ်ကြိမ် ကျော်ဖြတ်ခဲ့သည်။ ယခု ဆယ်ကြိမ်မြောက်။ သို့သော် သုံးစားမရသည့် ထိုစနစ်အပေါ် သူဘာမျှော်လင့်ချက်မှမရှိတော့။ ဆယ်စုနှစ်တစ်ခုနီးပါး ခါးသီးခဲ့ပြီးဖြစ်သည်။

သူ့အကို၏ ထူးခြားသည့်စွမ်းရည်များကို လက်တွေ့မြင်ရပြီးနောက် သူပို၍ပင် မုန်းတီးလာသည်။ ထိုအမှိုက်စနစ် မေ့ထားလိုက်သည်။ သူ့အကိုအရိပ်ကို ခိုနေရသည်က ထိုအမှိုက်ကို ယုံကြည်ရသည်ထက် ပိုကောင်းသေးသည်။

သူ့အကိုသည် သုံးနှစ်အရွယ်မှစ၍ အနီးအနားဆယ်ရွာစုတွင် ပါရမီရှင်ဟု သတ်မှတ်ခြင်းခံရသည်။ ကျောင်းတွင်သင်သည့်ဆရာကိုယ်တိုင်က သူ့မိဘများကို လာ‌ပြောသည်။ ပညာသင်ကြေး ပေးစရာမလို။ နေ့လည်စာပင် ကျွေးသေးသည်။ သူတို့မိသားစု အတော်ဆင်းရဲခဲ့သောကြောင့်လည်းဖြစ်သည်။

အကိုက ဉာဏ်ထက်သည့်အရှိန်အဝါကြောင့် ဖုန်ချင်အန်း ဉာဏ်ထိုင်းသကဲ့သို့ ဟန်ဆောင်စရာပင်မလိုခဲ့။ ထူးထူးဆန်းဆန်းစကားများ သူမပြောလျှင် တစ်ခါတစ်လေ လူကြီးတစ်ယောက်လို ရင်ကျင့်သည့်အတွေးအခေါ်မျိုး ပြောမိသည့်တိုင် သူ့ကို ပုံမှန်မဟုတ်သူဖြစ်ကြောင်း ဘယ်သူမှမသိကြ။

ယခု ဘယ်သူကမှလည်း သူ့ကို ထူးခြားသည့်လူဟု မတွေး။ အသက်အငယ်ဆုံး ခြောက်ထပ်ကွမ်းစာပေထိပ်သီးတစ်ယောက်၏ ညီငယ်အနေဖြင့် ရွယ်တူတန်းတူများထက် ပို၍ဉာဏ်ကောင်းနေသည်မှာ ဘာမှထူးခြားဆန်းပြားသည်မဟုတ်။

သာမန်လူများနှင့်မတူသည့် ထူးခြားသည့်အရည်အသွေးမျိုး မရှိမှသာ သူ့ကို ပုံမှန်မဟုတ်ဟု ထင်ကြမည်။ တစ်ဝမ်းတည်းမွေးခဲ့သည့် လူနှစ်ယောက်ဖြစ်၍ အကိုဖြစ်သူ၏ စာပေပါရမီငွေ့အသက် လွှမ်းနေရမည်။ သာမန်လူများထက် ပိုတော်နေရမည်သာဖြစ်သည်။

***********************************

All Chapters