← Chapters

ဝိညာဉ်စွမ်းအင်

Vol. 1 Ch. 10

ဝိညာဉ်စွမ်းအင်

Vol. 1 Ch. 10

“အား”

ဖုန်ချင်အန်း ကုတင်ပေါ်လှဲရင်း ညည်းညူနေရသည်။ သူ့ဘောင်းဘီ အောက်သို့နည်းနည်းဆွဲချထားသည်။ ဖုန်ချင်ပင်းက စိတ်ပျက်ဟန်ဖြင့်ပြုံး၍ သူ့ကို ဆေးလိမ်းပေးနေသည်။

“အား...အကိုကြီး၊ ဖြေးဖြေးလုပ်ပါဗျ၊ နာတယ်”

“နာမှန်းတော့သိတယ်ပေါ့”

ဖုန်ချင်ပင်း ရယ်လိုက်သည်။

“ကျုပ်က သစ်သားရုပ်မှမဟုတ်တာ။ မနာဘဲနေမလား”

“နာမယ်မှန်းသိရင် လူရှေ့သူရှေ့မှာ အရာရှိငယ်ဖြစ်ချင်တယ်လို့ ဘာလို့ပြောခဲ့သေးလဲ။ အရိုက်ခံရတာတောင် နည်းသေးတယ်”

“အကိုက ကျွန်တော့်ကို အရာရှိငယ်မဖြစ်စေချင်ဘူးလား”

ဖုန်ချင်အန်း လက်မောင်းပေါ်မေးတင်ထားရင်း ဆေးလိမ်းပေးနေသည့် သူ့အကိုကို ခေါင်းစောင်း၍ လှည့်ကြည့်သည်။

ယင်ရှီရိုက်သည် ကြမ်းတမ်းသည်ထင်ရသော်လည်း အရှိုးရာထင်ရုံသာရှိသည်။ သူယခု ကုတင်ပေါ်လှဲနေရသည်က ဖုန်ရှို့လီုတုတ်ချက်ကြောင့်ဖြစ်သည်။

အကိုအားကိုးဖြင့် အရာရှိငယ်ဖြစ်ချင်သည်ဟူသည့်စကားကြောင့် သူ့ဖခင်လူဖြောင့်စိတ်တိုကြီး ဒေါသထွက်ခဲ့သည်။ ဝါးရင်းတုတ်ကိုဆွဲ၍ မညှာမတာရိုက်သည်။ တစ်ခြားလူများသာ ဝိုင်းမဆွဲလျှင် ဖုန်ချင်အန်း ခြေနှစ်ချောင်း ကျိုးနေပြီးဖြစ်မည်။

“မင်းက ဘယ်လိုအရာရှိငယ်မျိုး ဖြစ်ချင်တာလဲ”

ဖုန်ချင်ပင်း ပြုံး၍မေးလိုက်သည်။

“အမျိုးအစားကွဲသေးတာလား”

ဖုန်ချင်အန်း အံ့ဩသွားသည်။

“မြို့တော်ကိုရောက်တုန်းက အထက်တန်းလွှာသားသမီးတွေက တန်ဖိုးကြီးအဝတ်တွေဝတ်တာ၊ မိန်းမလိုက်စားတာ၊ သီချင်းဆိုတာ၊ ကတာ၊ လောင်းကစားတာ၊ နေရာမျိုးစုံမှာ အပျော်ရှာတာတွေ ငါမြင်ခဲ့ရတယ်။ လနဲ့ချီပြီး အိမ်မပြန်ဘဲနေကြတယ်။ မြို့တော်စာမေးပွဲဖြေဖို့သွားတော့လည်း အဲလိုလူချမ်းသာသားသမီးတွေက မိသားစုအရှိန်အဝါနဲ့ လူတွေကို အနိုင်ကျင့်နေတာ မြင်ခဲ့တယ်။ ရွာကတက်လာတဲ့မိန်းကလေးတွေကို အတင်းသိမ်းပိုက်တယ်။ လယ်မြေတွေကို အပိုင်သိမ်းတယ်။ သူတို့ကို မုန်းတဲ့လူတွေ လမ်းပေါ်မှာအပြည့်ရှိနေတယ်”

“ကျွန်တော်ကတော့ ပထမအမျိုးအစားကိုပဲ သဘောကျတယ်။ ယုတ်ညံ့တဲ့လုပ်ရပ်တွေလုပ်တာ အနိုင်ကျင့်တာတွေက ကျွန်တော့်ပုံစံမဟုတ်ဘူး။ ဒါပေမယ့် ကြက်တိုက်တာတို့၊ ခွေးပြိုင်ပွဲတို့၊ ပြည့်တန်ဆာရုံမှာ ညဘက်အချိန်ဖြုန်းတာတို့ကတော့ မဆိုးပါဘူး”

ဖုန်ချင်အန်း စဉ်းပင်မစဉ်းစားဘဲ ချက်ချင်းတန်းဖြေလိုက်သည်။

“အတည်ပြောနေတာလား”

ဖုန်ချင်ပင်းမျက်နှာမှအပြုံးများ ပျောက်ကွယ်သွားပြီး အလေးအနက်ထပ်မေးသည်။

“အကိုကျွန်တော့်အကြောင်း မသိသေးဘူးလား”

ဖုန်ချင်အန်း လက်ပေါ်မျက်နှာအပ်ရင်း မသဲမကွဲဖြေသည်။

“မင်းက တော်ဝင်စာမေးပွဲဖြေပြီး အရာရှိငယ်ဘဝနဲ့ ဘဝကို သက်တောင့်သက်သောနေချင်တယ်ပေါ့”

“ဟုတ်တယ်၊ ကျွန်တော့်ရဲ့အကြီးဆုံးရည်မှန်းချက်က နန်းတွင်းစာမေးပွဲအောင်ဖို့ပဲ”

ဖုန်ချင်အန်း ခေါင်းမော့ကြည့်လာသည်။ မျက်လုံးများ အရောင်တောက်နေသည်။ သို့သော် ချက်ချင်း မျက်နှာမှုန်သွားသည်။

“ဒါပေမယ့် အားလုံးကို ကျွန်တော့်ကို အကို့လို ထိပ်ဆုံးပညာရှင် ဒါမှမဟုတ် အနည်းဆုံး အဆင့်မြင့်ပညာရှင်လောက် ဖြစ်စေချင်နေကြတယ်လေ”

“ဒါကြောင့် မင်းအဓိပ္ပါယ်မရှိတာတွေ ပြောခဲ့တာပေါ့”

ဖုန်ချင်ပင်း ရယ်လိုက်သည်။

“အဓိပ္ပါယ်မရှိတာရယ်တော့ မဟုတ်ဘူး။ အစက စာပေပညာရှင်ဖြစ်ဖို့ ကျွန်တော်ရည်ရွယ်ခဲ့တယ်။ ဒါပေမယ့် အကို ဒီလောက်ထူးခြားအောင်လုပ်နိုင်မယ် မထင်ခဲ့ဘူး။ အခု ခြောက်ထပ်ကွမ်းပထမအဆင့်စာပေပညာရှင် ဖြစ်လာတယ်။ ကျွန်တော်ကဘာလို့ ဆယ်နှစ်လောက်ဒုက္ခခံရမှာလည်း။ အကို့အရှိန်အဝါလေး မျှသုံးနိုင်ရင်တော်ရောပေါ့”

ဖုန်ချင်အန်း ရယ်မောရင်း ပြန်ဖြေသည်။ အစက စာမေးပွဲအောင်မြင်ရန် သူတကယ်အလေးအနက်ကြိုးစားခဲ့သည်။ သူတစ်ပါးအားကိုးဖြင့် ရှင်သန်ရသည်မှာ သိပ်မကောင်းလှ။ သို့သော်ယခု မသေမျိုးကျင့်စဉ်ကို ကျင့်နိုင်ပြီဖြစ်သည်။ ‌တော်ဝင်စာမေးပွဲကို မျက်လုံးထဲမထည့်တော့။

“မင်းဘာလို့ ငါ့လိုထိပ်တန်းပညာရှင်မဖြစ်ချင်တာလဲ”

ဖုန်ချင်ပင်း ပြုံး၍မေးလိုက်သည်။

“အကိုဘာလို့ အဲလောက်ရက်စက်နေတာလဲ။ ကျွန်တော်က သာမန်လူပါ။ အကို့အရှိန်လေးသုံးပြီး ချမ်းချမ်းသာသာနဲ့ ဂုဏ်ရှိရှိလေး တစ်သက်လုံးနေသွားရုံပဲ။ ဘာလို့ ထိပ်တန်းစာပေပညာရှင်ဖြစ်ဖို့ကို စိတ်ထဲထည့်နေရမှာလဲ။ စာမေးပွဲခန်းထဲမှာ အဘိုးကြီးတွေအများကြီး တွေ့ခဲ့တယ်မဟုတ်လား”

ဖုန်ချင်အန်း ပြန်အော်လိုက်သည်။ အသက်ဆယ့်လေးနှစ် ခြောက်ထပ်ကွမ်းပထမရသူဖြစ်ရုံမက ကြယ်နတ်ဘုရားဝင်စားသူဖြစ်လျှင်ပင် သူအံ့ဩမည်မဟုတ်။ ကျင့်ကြံသူများရှိနေလျှင် မသေမျိုးမျိုးများ ရှိနေလျှင် ထိုအဆင့်လောက်သည် အံ့ဩစရာဘာမှမရှိ။

“အင်း”

ဖုန်ချင်ပင်းခေါင်းငြိမ့်သည်။ စာမေးပွဲခန်းမတွင် မြင်ခဲ့သည့် လူများအကြောင်း ပြန်တွေးမိသည်။ လူပေါင်းများစွာ စာမေးပွဲများပေါ်တွင် နှစ်မြှုပ်ထားကြသည်။ တစ်ချို့က အသက်သာကြီးသွားသော်လည်း အောင်မြင်မှုမရကြ။

“ဒီတော့ ကျွန်တော်အခု အသုံးမကျတဲ့ကောင်တစ်ယောက်လို ဟန်ဆောင်နေရင် လူကြီးတွေက ကျွန်တော့်ကို မျှော်လင့်ချက် သိပ်ထားကြမှာမဟုတ်တော့ဘူး။ နောင်တစ်ချိန် ကျွန်တော်နည်းနည်းထူးချွန်အောင်လုပ်နိုင်ရုံနဲ့ သူတို့အတော်ဝမ်းသာသွားကြမှာလေ”

"ဟားဟား၊ တကယ်ဆိုးတဲ့ကောင်ပဲ”

ဖုန်ချင်အန်း၏ ဉာဏ်နီဉာဏ်နက်ကို ဖုန်ချင်ပင်းသဘောကျသွားသဖြင့် ‌ရယ်မောနေသည်။

“မင်း စာအုပ်တွေတော့ အများကြီးဖတ်ဖို့ လိုသေးတယ်။ နတ်းတွင်းစာမေးပွဲဖြေမဖြေ အရာရှိလုပ်မလုပ်ဆိုတာ မင်းအပေါ်ပဲမူတည်ပါတယ်”

ဖုန်ချင်ပင်းက စိတ်ရှည်လက်ရှည် သတိပေးသည်။ လိမ်းဆေးလိမ်းပြီးနောက် ဖုန်ချင်အန်းဘောင်းဘီကို ဆွဲတင်၍ စောင်ခြုံပေးလိုက်သည်။

“ဆေးတော့လိမ်းပြီုးပြီ။ သုံးလေးညတော့ မှောက်လျက်အိပ်လိုက်ဦးပေါ့။ ညဘက်ကျရင် အရမ်းကြီး လူးလှိမ့်မနေနဲ့။ မဟုတ်ရင် မင်းပိုပြီး ဒုက္ခခံရလိမ့်မယ်”

“ဟုတ်ပါပြီ”

ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။ သူ့အကိုဆေးဗူးကိုင်၍ ထွက်သွားသည်ကို ကြည့်နေသည်။ ကျယ်ဝန်းသည့်အခန်းထဲတွင် တစ်ကိုယ်တည်းကျန်ခဲ့သည်။ ရှားပါးလှသည့် တိတ်ဆိတ်ငြိမ်းချမ်းမှု နှစ်မြှုပ်ခံစားလိုက်သည်။

အိပ်ယာပေါ်တွင်လှဲ၍ ခဏငေးနေပြီးနောက် သူ့စိတ်များ တဖြေးဖြေးတည်ငြိမ်လာသည်။ ညအမှောင်က ပို၍ပီပြင်လာသည်။

“ငါအခု စမ်းကြည့်လို့ရပြီ”

သားရဲထိန်းသခင်ကျင့်စဉ်တွင် ခန္ဓာကိုယ်အနေအထား သတ်မှတ်ချက်မရှိ။ ထို့ကြောင့် မှောက်လျက်လှဲနေရင်း ပထမဆုံးကျင့်ကြံမှုကို စတင်လိုက်သည်။

အမှောင်ထဲတွင် အဖြူရောင်အလင်းတစ်ခုပေါ်လာသည်။ ကြယ်တစ်လုံးလို တဖျတ်ဖျတ်တောက်ပနေသည်။ အမှောင်ထုကို ထိုးခွဲ၍ အဆုံးစမဲ့လေဟာနယ်အတွင်းပိုင်းသို့ ဝင်လာပြီး ရပ်တန့်နေသည်။ အဖြူရောင်လှိုင်းဂယက်လေးများ ထနေသည်။

“အောက်အီးအီးအွတ်”

အာရုံတက်ချိန်တွင် ကျယ်လောင်သည့် လင်းကြက်တွန်သံပေါ်လာသည်။ တစ်ညလုံးအိပ်ယာပေါ်လှဲနေသည့် ဖုန်ချင်အန်း မျက်လုံးပွင့်လာသည်။ ပြတင်းပေါက်မှ အလင်းမှိန်မှိန် ထိုးကျနေသဖြင့် သူနည်းနည်းအံ့အားသင့်သွားသည်။

“တစ်ညလုံး အချိန်ကုန်သွားတာလား”

အိပ်ယာပေါ်တွင်လှဲရင်း သူစဉ်းစားနေသည်။ သူ့ကျင့်ကြံချိန် ဘယ်လောက်ကြာသွားမှန်း မသိလိုက်။ နောက်ပိုင်းတွင် အိပ်ပျော်သွားပုံရသည်။ သို့သော် တစ်ခုတော့သေချာသည်။ စတင်ကျင့်ကြံခြင်းအဆင့်သို့ သူအောင်မြင်စွာရောက်ရှိသွားပြီဖြစ်သည်။

သူ့မြင်ကွင်းသို့ဝင်လာသည့်အရာအားလုံး ယခင်နှင့်မတူတော့။ သို့သော် ဘာကကွဲပြားနေမှန်းလည်း သူမသိ။ ထူးခြားသည့်ခံစားချက်တစ်ခု ရှိနေသည်။

မနေ့ညက ကျင့်ကြံမှုကြောင့် ထူးခြားချက် ကွဲပြားချက်များကို သေချာပြန်စဉ်းစားနေသည်။ ထိုအချိန်တွင် အသက်မဲ့၍ ခံစားချက်ကင်း၍ စနစ်အသံပေါ်လာသည်။

“မစ်ရှစ်ခွဲ၊ အနားဂတ်အမြင် ၃”

“ရှင်းလင်းချက်၊ အရည်အချင်းရှိတဲ့ သားရဲတစ်ကောင်ဟာ သခင်နဲ့အတူ လက်တွဲတိုက်ခိုက်နိုင်တဲ့ ထူးခြားဉာဏ်ရည်မျိုးရှိရမယ်”

“လိုအပ်ချက်၊ ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်စွမ်းရည်ကိုသုံးပြီး သင့်သားရဲရဲ့ခန္ဓာကိုယ်ကို အဆင့်မြှင့်ပါ။ သိစိတ်ဉာဏ်ရည်နိုးထအောင် လုပ်ပါ”

“လိုအပ်ချက်၊ သားရဲသရုပ်ခွဲစွမ်းအားရပါမယ်”

ဖုန်ချင်အန်း ခဏစဉ်းစားသည်။ သွေးသန့်စင်စွမ်းရည်လက္ခဏာများကို သေချာပြန်သုံးသပ်သည်။ ထို့နောက် ထိုမစ်ရှင်ကို မေ့ထားလိုက်သည်။ သူ့ပထမဝိညာဉ်စာချုပ်ကိုပင် ခိုင်မာအောင် မလုပ်ရသေး။ သူကျင့်ကြံထားသည့် မဖြစ်စလောက် ဝိညာဉ်စွမ်းအင်လေးက သားရဲဖြစ်တည်မှုကို အာရုံခံနိုင်ရုံသာရှိသည်။ လျှို့ဝှက်နည်းလမ်း မသုံးနိုင်သေး။

ထို့အပြင် မသေမျိုးကျင့်စဉ်များနှင့်မတူ။ သားရဲထိန်းလျှို့ဝှက်ကျင့်စဉ်များတွင် အန္တရာယ်လည်းရှိနေသည်။ သားရဲထိန်းသခင်များကို ထိခိုက်နိုင်သည်တော့မဟုတ်။ မွေးထားသည့်သားရဲအတွက် ထိခိုက်နိုင်သည်။ သားရဲသခင်တစ်ယောက် ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်စွမ်းရည်ကို အသုံးပြုရာတွင် အမှားအယွင်းဖြစ်လျှင် သားရဲကောင်ကို ထိခိုက်မည်။ ထို့ကြောင့် သူအတော်သတိထားဖို့လိုသည်။ မသေချာသေးလျှင် အသုံးမပြုသည်က အကောင်းဆုံးဖြစ်သည်။

***********************************************

All Chapters