ပြန်လည်မွေးဖွားခြင်း
Vol. 2 Ch. 19
အိပ်ယာပေါ်တွင် သူဖိုင်၍ ကျင့်ကြံမှုအဆင့်သို့ ချက်ချင်းပြောင်းလဲလိုက်သည်။ သို့သော် ဤတစ်ကြိမ်သည် မတူတော့။ သူ့ရင်ဘတ်က အသက်ရှူသံနှင့်အတူ စည်းချက်ကျနေပြီး ပိုးစုန်းကျူးနှင့်တူသည့် အလင်းစက်ပေါင်းရောချီက သူ့ဘေးပတ်လည်တွင် တစ်လက်လက်တောက်ပကခုန်၍ စုဝေးနေပြီး စွဲမက်ဖွယ်မြင်ကွင်းတစ်ခု ဖန်တီးပေးနေသည်။
ထူးဆန်းသည့်ထိုအဖြစ်က သူ့အိပ်ခန်းထဲတွင်သာ ဖြစ်ပေါ်နေသည်။ သူ့အတွင်းဝိညာဉ်စွမ်းအင်များ ကျုံ့ဝင်လိုက်ပြန့်ကားလိုက်ဖြစ်နေပြီး ဝိညာဉ်စာချုပ်တစ်ခု တည်ဆောက်နေခြင်းကြောင့် အပြင်လေထုထွင် ထူးခြားမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုအဆင့်သည် သိပ်မခက်။ အခက်အခဲလည်းမရှိ။ ဝိညာဉ်စွမ်းအင်များ ရေမြောင်းတစ်ခုလို သူ့ဘာသာစီးဝင်လာသည်။ နာရီဝက်ကြာပြီးနောက် သူ့ဘေးတွင်ဝေ့ဝဲနေသည့် အဖြူရောင်အလင်းများက စက်ဝန်းတစ်ခုအဖြစ်ပြောင်းသွားပြီး သူ့ကိုဝိုင်းရံထားသည်။
“ဝိညာဉ်စာချုပ်”
သူ့မျက်လုံးများ ဖြေးညှင်းစွာပွင့်လာသည်။ မျက်လုံးပွင့်သည်နှင့် အဖြူရောင်အလင်းစက်ဝန်းလည်း ဖြေးညှင်းစွာပျောက်ကွယ်သွားသည်။ အိပ်မက်တစ်ခုမက်ခဲ့သလို ဖြစ်နေသည်။
“နောက်ဆုံးတော့ အလုပ်ဖြစ်လာပြီပေါ့”
စိတ်လှုပ်ရှားမှုကိုထိန်း၍ ကုတင်ပေါ်မှဆင်းလိုက်သည်။ အပြင်ထွက်ခွင့်မပြု၍ သူ့အခန်းထဲတွင် ညအတ်ောကြာသုန်မှုန်နေသည့် တောင်နက်ကိုတွေ့ရသည်။
အခုရက်ပိုင်းအတွင်း သူအဆင့်တက်၍ ပထမဝိညာဉ်စာချုပ် ချုပ်နိုင်မည်ဟု မျှော်လင့်ထားသဖြင့် ထိုသတ္တဝါကို အရင်လို့ အပြင်လျှောက်သွားခွင့်မပေးခြ့ခြင်းဖြစ်သည်။
ဝိညာဉ်စာချုပ်တည်ဆောက်ခြင်းက ခရီးတစ်ဝက်သာဖြစ်သည်။ ရွေးချယ်ထားသည့်သားရဲနှင့် ဝိညာဉ်စာချုပ်ချုပ်ဆိုပြီးမှသာ သူသည် တရားဝင်သားရဲထိန်းသခင် ဖြစ်လာပေလိမ့်မည်။
“တောင်နက်၊ ဒီကိုလာစမ်း”
အိပ်နေသည့် တောင်နက်က ဖုန်ချင်အန်းအမိန့်ကြောင့် စိတ်မပါ့တပါ ထလာသည်။ ယခုလို သုန်မှုန်နေခြင်းမှာ လေးငါးရက်ခန့် အပြင်ထွက် အမဲမလိုက်ရသဖြင့် အစာဝအောင်မစားရသောကြောင့်ဖြစ်သည်။ ဝမ်းဟာနေလျှင် ဘယ်သူမှ ပျော်ရွှင်နိုင်မည်မဟုတ်။
“ဝုတ်”
“မအော်နဲ့။ ငါ့အမေတို့ နိုးသွားလိမ့်မယ်”
တောင်နက်ပါးစပ်ကို လက်ဖြင့်အမြန်ပိတ်လိုက်သည်။ သူကိုယ်တိုင်မွေးထားသည့်ခွေးဖြစ်၍ သူကြောက်စရာမရှိ။ သူ့ဖခင်ပင် ကြိုးနှင့်ချည်ထားရန် မပြောတော့။
“အူးးး”
တောင်နက် ခပ်တိုးတိုး ညည်းနေသည်။ ထို့နောက် အမိန့်နာခံ၍ ကြမ်းပြင်ပေါ်ဝပ်လိုက်သည်။ ဖုန်ချင်အန်း သူ့အစီအစဉ်ကိုစသည်။
“ခဏနေရင် ငါမင်းနဲ့ ပိုပြီးရင်းနှီးတဲ့ ဆက်သွယ်မှုတစ်ခု ဖန်တီးမယ်။ အဲဒါပြီးရင်ငါတို့ကံကြမ္မာတွေက ပေါင်းစည်းသွားပြီ။ နည်းနည်းတော့ မင်းဒုက္ခခံရမယ်။ မရုန်းနဲ့”
ဖုန်ချင်အန်း လက်ကိုလွှတ်လိုက်သည်။ တောင်နက် ချက်ချင်းအသံတိတ်သွားသည်။ လူတစ်ယောက်လို ခေါင်းငြိမ့်ပြသည်။
“ကောင်ပြီ၊ ဒါဆိုငါ အခုစတော့မယ်”
သူ့ကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်။ ဖန်တီးထားသည့် ဝိညာဉ်စာချုပ် သူ့လက်ဝါးထဲတွင် ပေါ်လာသည်။ အဖြူရောင်မှိန်ဖျော့ဖျော့ အလင်းစက်ဝန်းတွင် ထူးဆန်းသည့်အမှတ်အသားများ ပါနေသည်။ စူးရှသည့် အလင်းတန်းလေးများ စက်ဝန်းထဲတွင် ရုန်းကြွလှုပ်ရှားနေသည်။
“မရုန်းနဲ့နော်”
နောက်တစ်ကြိမ်သတိထပ်ပေး၍ လက်ဝါးကို တောင်နက်၏ဦးခေါင်းပေါ်တင်လိုက်သည်။ လက်ဝါးထဲမှ အလင်းစက်ဝန်းက တောင်နက်၏ခန္ဓာကိုယ်ကို လွှမ်းခြုံနိုင်လောက်အောင် ပြန့်ကားလာသည်။ ထို့နောက် တစ်ဖြေးဖြေး အောက်သို့ကျလာသည်။
ထူးဆန်းသည့်မြင်ကွင်းကိုကြည့်ရင်း စိတ်မသက်မသာဖြစ်ဟန်ဖြင့် တောင်နက်တစ်ချက်တွန့်သွားသည်။ လည်ချောင်းထဲမှ ညည်းညူသံထွက်လာသည်။ သို့သော် ဖုန်ချင်အန်းကို ယုံကြည်ထားသဖြင့် သူမလှုပ်မယှက်ငြိမ်နေသည်။
“တော်တယ်”
ဖုန်ချင်အန်း လွတ်နေသည့်လက်တစ်ဘက်ကို လက်သီးဆုပ်ထားပြီး ဝိညာဉ်စာချုပ် တောင်နက်ကိုယ်ထဲသို့ တဖြေးဖြေးစိမ့်ဝင်သွားသည်ကို ကြည့်နေသည်။
ပထမဆုံး ဝိညာဉ်နိုးထသည့်အဆင့် သွေးသန့်စင်သည့်အဆင့်များကဲ့သို့ပင် ချောချောမွေ့မွေ့ ပြီးဆုံးသွားသည်။
“ဟုတ်ပြီကွ”
သူ့နှုတ်မှ ခပ်အုပ်အုပ်အော်လိုက်မိသည်။ ဝိညာဉ်စာချုပ်ကို တောင်နက်၏ဝိညာဉ်ထဲသို့ တစ်သက်အမှတ်အသားတစ်ခုအဖြစ် အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။ သူနှင့်တောင်နက်ကြား ထာဝရ ပေါင်းစည်းလိုက်ခြင်းဖြစ်သည်။
“မင်းတော်တယ် တောင်နက်”
စိတ်လှုပ်ရှားစွာဖြင့် တောင်နက်၏ဦးခေါင်းကို ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။ တောင်နက်ကသူ့ကိုသာမက ဝိညာဉ်စာချုပ်ကိုပါ ခုခံခြင်းဆန့်ကျင်ခြင်းမပြုခဲ့သောကြောင့် ထိုမှအဆင်ပြေပြေ ပြီးဆုံးသွားခြင်းဖြစ်သည်။
“ဝုတ်”
တောင်နက်ထံမှ အတော်ပျော်ရွှင်နေသည့်အော်သံမျိုး ပေါ်လာသည်။ စိတ်ချင်းဆက်သွယ်မိပြီဖြစ်၍ ဖုန်ချင်အန်း၏ ခံစားချက်ကိုပင် သူမျှဝေခံစားနိုင်စွမ်း ရှိလာသောကြောင့်ဖြစ်သည်။
“တောင်နက်၊ မင်း...”
ဖုန်ချင်အန်းအန်း တစ်ခုခုပြောရန်ဟန်ပြင်နေစဉ် အပြောင်းအလဲတစ်ခု ဖြစ်လာသည်။ ရေအောက်ရောက်သွားသကဲ့သို့ ပြင်းထန်သည့်ဖိအားတစ်ခုက ဝိညာဉ်စာချုပ်မှ ထွက်လာပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး စိမ့်ဝင်ပျံ့နှံ့သွားသည်။
တစ်ကိုယ်လုံး စွမ်းအင်များတောက်ပနေသလိုခံစားရသည်။ ထိုဖိအားအောက်တွင် သူ့ခန္ဓာကိုယ် အသွင်ပြောင်းနေသည်ကို အာရုံခံမိသည်။
နည်းနည်းနားမလည်ဖြစ်နေဟန်ဖြင့် အမြီးနံ့ပြနေသည့် တောင်နက်ထံမှ အစပြုလာသည့် စွမ်းအင်ဖိအားဖြစ်ကြောင်း ထင်ရှားနေသည်။
“သားရဲသခင်ဖြစ်တယ်ဆိုတာ ဒါမျိုးလား”
ဖုန်ချင်အန်း လက်သီးဆုပ်လိုက်သည်။ အားကောင်းသည့်စွမ်းအင်များ သူ့တစ်ကိုယ်လုံး စီးဆင်းနေသည်။ လေးလကြာပင်ပင်ပန်းပန်းလုပ်ခဲ့ရသဖြင့် ရလာဒ်ဖြစ်သည်။
(ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ပထမဆုံးသားရဲနဲ့ အောင်မြင်စွာ စာချုပ်ချုပ်ပြီး တရားဝင်သားရဲသခင်တစ်ယောက် ဖြစ်လာပါပြီ။ အဓိကမစ်ရှင် ပြီးဆုံးပါပြီ)
(ဆုလာဒ်၊ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ပါ။ အတည်ပြုလိုပါသလား)
ဖုန်ချင်အန်း အံ့ဩချိန်ပင်မရသေးမီ စနစ်အသံမြည်လာသည်။
“အတည်ပြုမယ်”
တုံ့ဆိုင်းမနေဘဲ သူချက်ချင်းတုံ့ပြန်လိုက်သည်။ အချက်အလက်များစွာ သူ့ရှေ့တွင် ပေါ်လာသည်။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ သူ့ဦးနှောက်ထဲတွင် တံဆိပ်ကပ်သလို စွဲထင်လာသည်။
အံ့ဩမဆုံးဖြစ်နေစဉ်မှာပင် စနစ်အသံ ထပ်ပေါ်လာပြန်သည်။
“စနစ်ဖန်သားပြင်အချက်အလက်များ အသက်ဝင်ပါပြီ။ သားရဲသခင်ဟာ ကိုယ်ရေးအချက်အလက်နှင့် ကိုယ်ပိုင်သားရဲအချက်အလက်များကို လွတ်လပ်စွာကြည့်ရှုနိုင်ပါပြီ)
“ဘာရယ်”
သူနည်းနည်း မျက်လုံးပြူးသွားသည်။ လျှို့ဝှက်ကျင့်စဉ်ကို ယခု ဘေးဖယ်ထားရဦးမည်။ ထိုကျင့်စဉ်ကို သူကြည့်ခွင့်ရလျှင်ပင် ချက်ချင်းလေ့ကျင့်နိုင်ဦးမည်မဟုတ်။ အသက်ဝင်လာသည့် အချက်အလက်ဖန်သားပြင်ကတော့ စိတ်ဝင်စားစရာကောင်းမည့်ပုံရှိသည်။
“ဖန်သားပြင်”
တိကျသည့် သတင်းအချက်အလက်များ စိတ်အာရုံဖန်သားပြင်တွင် ပေါ်ာလသည်။
(သားရဲထိန်းသခင် - ဖုန်ချင်အန်းင်အန်း)
(အဆင့် - ပုံရိပ်သားရဲသခင်)
(ဝိညာဉ်ခန္ဓာ - မရှိ)
(ပထမဝိညာဉ်စာချုပ် - တောင်နက်(ဆက်ကြည့်ရန်))
“ဒါပဲလား”
သူတွေးရခက်သွားသည်။ ခန္ဓာစွမ်းအား၊ လျင်မြန်ဖြတ်လတ်မှု၊ အသိဉာဏ် စသည့်တန်ဖိုးများ လုံးဝမပါ။ လက်ရှိတွင် ပုံရိပ်သားရဲသခင်အဆင့်ဖြစ်ကြောင်းသာ သိရသည်။
‘ဆက်ကြည့်ရန်’ဟူသည့် နေရာကို သူသတိပြုမိသဖြင့် ဖွင့်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင်။ အစောပိုင်းက အကဲဖြတ်စွမ်းရည်မှတစ်ဆင့် သိထားခဲ့သည့် တောင်နက်၏ အချက်အလင်များသာဖြစ်သည်။ တစ်ခုတော့ ပြောင်းလဲသွားသည်။
(ပထမစာချုပ် - တောင်နက်)
(မျိုးနွယ် - ခွေးဝံပုလွေ)
(ကိုယ်ပိုင်အရည်အသွေး - သားရဲ)
(စွမ်းရည်အဆင့် - ဝိညာဉ်နိုးထခြင်း အလတ်တန်းအဆင့်)
(တိုက်ခိုက်အားအဆင့် - မရှိ)
“အမ်”
ပြောင်းလဲသွားသည့် စွမ်းရည်အဆင့်ကိုကြည့်သည်။ ထို့နောက် ဘာမှထူးခြားဟန်မရှိသည့် တောင်နက်ကို ပြန်ကြည့်သည်။ အစောပိုင်းက သူခံစားခဲ့ရသည့် အပြောင်းအလဲအကြောင်း ပြန်တွေးမိပြီးနောက် အခြေအနေကို အကြမ်းဖျင်းနားလည်လာသည်။
ဝိညာဉ်စာချုပ်သည် အမှန်တကယ် အစေခံနှင့်သခင်ကြား ဆက်သွယ်မျုဖြစ်သည်။ ထို့ကြောင့်လည်း သူ့အဆင့်တိုးလာသလို တောင်နက်၏စွမ်းရည်အဆင့်လည်း တိုးတက်လာခြင်းဖြစ်သည်။
(အောင်မြင်မှု - အသန်မာဆုံးပုံရိပ်သားရဲသခင်ဖြစ်လာခြင်း)
ထိုစဉ် တတိယအကြိမ်မြောက် စနက်အသိပေးသံ မြည်လာသည်။
***********************************