ဝိညာဉ်အားလုံး၏အဓိပဓိ
Vol. 2 Ch. 21
အခန်းရှေ့တျွင် သူရပ်နေသည်။ ဝေခွဲမရသည့်အရိပ်များ သူ့မျက်နှာတွင် ပေါ်နေသည်။ ဝိညာဉ်တစ်သောင်းအဓိပဓိခန္ဓာ။ နာမည်ကပင် ဝိညာဉ်ခန္ဓာထက် အဆများစွာ ပိုသန်မာမှန်း သိသာနေသည်။
သို့သော် ဝိညာဉ်ခန္ဓာပြောင်းစဉ်ကပင် သူ့ခံနိုင်ရည် ဂိတ်ဆုံးသို့ရောက်ခဲ့သည်။ အဘယ်ကြောင့် အားအကြီးဆုံးပုံရိပ်သားရဲသခင်ရလာသည် ဤဆုလာဒ်က သူ့ကိုဘယ်လောက် နှိပ်စက်မည်မသိ။
ပုံရိပ်သားရဲသခင်သည် မည်မျှအဆင့်အတန်းရှိမှန်းတော့ သူမသိ။ သို့သော် ဝိညာဉ်တစ်သောင်းအဓိပဓိခန္ဓာသည် ယခုလောလောဆယ် သူလက်ခံနိုင်စွမ်းရှိမည်မဟုတ်သည်မှာ သေချာသည်။
“ဝုတ်”
တံခါးတွင် မလှုပ်မယှက်ဖြစ်နေသဖြင့် တောင်နက်က ခပ်အုပ်အုပ်အသံပေးသည်။
“ငါဘာမှမဖြစ်ပါဘူး”
တောင်နက်ကို သူလှည့်ကြည့်၍ ခြေတစ်လှမ်းပြန်ဆုတ်ကာ တံခါးပိတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်ဝင်လှဲ၍ ဆုံးဖြတ်ရန် ခက်ခဲနေသည်။ အချိန်မည်မျှကြာသွားသည်မသိ။ တောင်နက်က စိုးရိမ်နေဟန်ဖြင့် ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာဝပ်နေသည်ကို မြင်လိုက်ရသဖြင့် သူရယ်လိုက်သည်။
တောင်နက် သူ့ရှေ့တွင် ရှိနေသည်ကို သူအာရုံခံနိုင်သည်။ မျက်လုံးမှိတ်ထားလျှင်ပင် စိတ်ကအလိုလိုသိနေသည်။ ဝိညာဉ်စာချုပ်၏ ဆက်သွယ်မှုအာရုံသိစိတ်ဖြစ်သည်။
သူ့ခန္ဓာကိုယ် သိသိသာသာပြောင်းလဲသွားသည်ကိုလည်း အာရုံခံမိသည်။ အချိန်ကြာမြင့်စွာ တောင့်တခဲ့သည့် စွမ်းအားမျိုးသူရလာသည်။ ရက်တစ်ရာကျော် မရပ်မနားကျင့်ကြံခဲ့ရသည့် အကျိုးရလာဒ်ဖြစ်သည်။
ထိုပြောင်းလဲမှုသည် အကျိုးရလာဒ်များစွာထဲမှ တစ်ခုသာဖြစ်သော်လည်း အထင်ရှားဆုံးဖြစ်သည်။ ယခု အကြီးမားဆုံး ဆုလာဒ်တစ်ခု သူ့ရှေ့တွင်ရှိနေသည်။ ဒုက္ခနည်းနည်းခံရနိုင်သော်လည်း မည်သို့ပင်ဆိုစေ သူရထားသည့် ဆုလာဒ်သာဖြစ်သည်။
အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးမှ ဤအခွင့်အလမ်းမျိုးကို စိုးရိမ်ကြောက်ရွံ့နေလျှင် ရယ်စရာကောင်းနေပေလိမ့်မည်။
“ပြောင်းလဲမယ်”
ယတိပြတ်ဆုံးဖြတ်ပြီးနောက် အတွေးဖြင့် အတည်ပြုလိုက်သည်။
ရုတ်တရက် သူ့သိစိတ်အာရုံက အဆုံးစမဲ့နက်ရှိုင်းသည့် ချောက်နက်တစ်ခုနှင့် ဆုံစည်းလိုက်ရသည်။ အဆုံးစမဲ့စွမ်းအင်များ သူ့ကိုယ်ထဲသို့ လောင်းထည့်ပေးလိုသယောင်ရှိသည်။ စက္ကန့်ပိုင်းအတွက် တစ်ကိုယ်လုံး အစိတ်စိတ်အမွှာမွှာဖြစ်၍ ဝါးမျိုခံရသလို ထင်လိုက်မိသည်။ သူ့သိစိတ်အာရုံ ဝေဝါးသွားသည်။
(ဝိညာဉ်တစ်သောင်းအဓိပဓိခန္ဓာကိုယ်အဖြစ် ပြောင်းလဲနေပါတယ်)
“ပြောင်းလဲမှုဖြစ်စဉ်...၀.၀၀၀၁ ရာနှုန်း။ ပုံရိပ်သားရဲသခင်ရဲ့အသက်ဓာတ်တွေ ပုံမှန်မဟုတ်ပါဘူး)
(ပုံရိပ်သားရဲသခင်ရဲ့ အသက်အန္တရာယ်ကင်းရှင်းမှုက ပထမဦးစားပေးပါ)
(ဝိညာဉ်တစ်သောင်းအဓိပဓိခန္ဓာပြောင်းလဲခြင်း ဖျက်သိမ်းပါပြီ)
“ဘုတ်”
တစ်ကိုယ်လုံး ချွေးများစိုရွှဲလျက် အိပ်ယာပေါ် နောက်ပြန်လဲကျသွားသည်။ နည်းနည်းစိုးရိမ်သွားဟန်ရှိသည့် တောင်နက်က ရှေ့သို့ချက်ချင်းပြေးလာပြီး သူ့ကိုယ်ပေါ်သို့ ခေါင်းငုံ့၍ အနံ့ခံသည်။
ထို့နောက် စိတ်ချသွားဟန်ရှိသော်လည်း ကုတင်ဘေးတွင် အတ်ောကြာအောင် ငြိမ်သက်စွာ ရပ်နေသည်။ လမင်းက ကောင်းကင်အလယ်သို့ ရောက်လာချိန်မှ သူကြမ်းပြင်ပေါ် ပြန်ဝပ်လျက် အိပ်ချင်ဟန်ဆောင်သည်။ သူ့ဗိုက်ထဲ အလွန်တရာ ဆာလောင်နေသော်လည်း သခင့်အနားမှထွက်မသွားပေ။
“အောက်အီးအီးအွတ်”
စူးရှသည့် ကြက်တွန်သံကြောင့် ဖုန်ချင်အန်း နိုးလာသည်။ ကြည်လင်နေသည့် အဖြူနှင့်အနက် မျက်လုံးသားထဲတွင် စိတ်ရှုပ်ထွေးနေသယောင်ရှိသည်။ ပုံမှန်တက်ကြွမှုမျိုးမရှိ။
ထိုခဏမှာပင် မနေ့ညကဖြစ်ခဲ့သည် အဖြစ်အားလုံးကို ပြန်မှတ်မိလာသည်။ ချက်ချင်း ကုတင်ပေါ် ထထိုင်လိုက်သည်။
“ပြောင်းလဲမှုကို ဖျက်သိမ်းခဲ့တာလား”
“ဖန်သားပြင်”
(ပုံရိပ်သားရဲသခင် - ဖုန်ချင်အန်း)
(အဆင့် - ပုံရိပ်သားရဲသခင်)
(ခန္ဓာတည်ဆောက်မှု - ဝိညာဉ်တစ်သောင်းအဓိပဓိခန္ဓာ။ (ဆက်ကြည့်ရန်))
“ပထမဝိညာဉ်စာချုပ် - တောင်နက် (ဆက်ကြည့်ရန်))
“ခန္ဓာတည်ဆောက်မှုကို ဆက်ကြည့်မယ်”
(ရှင်းလင်းချက်- သင်ဟာ မသေမျိုးဝိညာဉ်ရင်းမြစ်ဖြစ်တဲ့ ဝိညာဉ်တစ်သောင်းအဓိပဓိခန္ဓာပိုင်ရှင် ဖြစ်လာဖို့ရှိပါတယ်။ သွေးတစ်စက်ချင်း၊ ဆံပင်တစ်ချာင်းချင်းစီဟာ မသေမျိုးစွမ်းအားရှိပြီး အတားအဆီးအားလုံးကို ချိုးဖျက်လို့ အဆုံးမဲ့မသေမျိုးအဖြစ်ကို ရရှိနိုင်တဲ့ အနန္တစွမ်းရည်ကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်)
(ခန္ဓာပြောင်းလဲတည်ဆောက်ခြင်း မပြည့်စုံသေးပါဘူး။ လက်ရှိ ပြောင်းလဲမှုက ၀.၀၀၀၁ ရာနှုန်းပါ)
(ဝိညာဉ်ခန္ဓာဗီဇစွမ်းရည် ပေါင်းစပ်နိုင်ပါတယ်)
(ပေါင်းစပ်လိုပါသလား)
အချိန်အတော်ကြာအောင် ထိုင်လျက်သား သူငြိမ်သွားသည်။ ထိုမက်ဆေ့များပေါ်လာသည်နှင့် သူပြောချင်သည့်စကား များစွာရှိနေသည်။
ထင်ထားသည့်အတိုင်း ဝိညာဉ်တစ်သောင်းအဓိပဓိခန္ဓာပြောင်းလဲဖြစ်စဉ်က သူလက်ရှိရထားသည့် ဝိညာဉ်ခန္ဓာကို ဖျက်ဆီးပစ်ခဲ့သည်။ အဆတစ်သန်းတွင် တစ်ပုံခန့်သာပြီးမြောက်ခဲ့သော်လည်း ဝိညာဉ်ခန္ဓာကိုယ်ကို အတင်းဖယ်ထုတ်၍ ပေါင်းစပ်နိုင်သည့် ဗီဇစွမ်းရည်တစ်ခုအဖြစ်ပြောင်းလဲလိုက်သည်။
သားရဲများအပေါ် ပုံရိပ်သားရဲသခင် အသုံးပြုသည့် အချိန်ကာလနှင့် အားထုတ်မှု အတိုင်းအတာတစ်ခုထိ ရောက်မှသာ ထူးခြားသည့်အပြောင်းအလဲဖြစ်၍ အကျိုးခံစားရမည်။
(ခန္ဓာဗီဇစွမ်းရည်ကို ပေါင်းစပ်နေပါတယ်...)
(ပေါင်းစပ်မှု အောင်မြင်ပါတယ်)
ပေါင်းစပ်ဖြစ်စင်က အလွန်ရိုးရှင်းသည်။ ခန္ဓာကိုယ်တွင် မည်သည့်အပြောင်းအလဲမှ မခံစားရ။ အစောကတည်းက ပေါင်းစပ်ထားပြီးဖြစ်ဟန်တူသည်။ သူနိုးလာပြီး အတည်ပြုရန်သာ စောင့်နေခြင်းဖြစ်မည်။
“ခန္ဓာဖွဲ့စည်းမှုကို ကြည့်မယ်
(ဝိညာဉ်တစ်သောင်းအဓိပဓိခန္ဓာ)
(ပြောင်းလဲမှုဖြစ်စဉ် ၀.၀၀၀၁ ရာနှုန်း)
(ဖွဲ့စည်းမှုဗီဇ ၁ - မသေမျိုးဝိညာဉ်ရင်းမြစ် (လက်ကျန်))
(ဖွဲ့စည်းမှုဗီဇ ၂ - ဝိညာဉ်ခန္ဓာ)
ဤတစ်ကြိမ်တွင် ဖွဲ့စည်းမှုဆိုင်ရာ ရှင်းလင်းချက်လုံးဝမပါတော့။ ရိုးရှင်းတိကျသည့်ရှင်းလင်းချက်က တစ်ကြိမ်သာ ပြဿဟန်တူသည်။
သူဆက်လည်းမမေးချင်တော့။ အဖြေရမည်မဟုတ်မှန်း သိနေသောကြောင့်ဖြစ်သည်။ အတော်များများကိုလည်း ခန့်မှန်းနိုင်ပြီဖြစ်သည်။
ဖွဲ့စည်းမှုဗီဇ မသေမျိုးဝိညာဉ်ရင်းမြစ်နောက်မှ ‘လက်ကျန်’ ဟု ပါသည်။ အကြောင်းရင်းကရှင်းနေသည်။ ပြောင်းလဲမှုနှုန်း တစ်သန်းပုံလျှင် တစ်ပုံမျှသာရှိသည့်အဖြစ်ကိုကြည့်၍ နားလည်နိုင်သည်။ ထိုဗီဇစွမ်းရည်အတွက် မျှော်လင့်စရာမရှိ။
သို့သော် ဝိညာဉ်ခန္ဓာဗီဇဖွဲ့စည်းမှုကိုတော့ မျှော်လင့်ထားရမည်။ သူပထမပြောင်းလဲခဲ့သည့် ဝိညာဉ်ခန္ဓာကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ သို့သော် ထိုဗီစစွမ်းရည်များကို အပြည့်အဝပေါင်းစပ်ထားခြင်းဟုတ်မဟုတ် မသိသေး။
(အဓိကမစ်ရှင် ၂ - မြေသားရဲစစ်သူကြီးအဖြစ် တိုးမြှင့်ခြင်း)
(လိုအပ်ချက် - ဒုတိယနှင့် တတိယ ဝိညာဉ်စာချုပ်များကို တည်ဆောက်၍ စစ်သူကြီးအဆင့်ထက်မြင့်သည့် စွမ်းရည် သို့မဟုတ် တိုက်ခိုက်စွမ်းအားရှိသည့် သားရဲတစ်ကောင်နှင့် အောင်မြင်စွာစာချုပ်ချုပ်ဆိုနိုင်ရမည်)
(ဆုလာဒ် - နတ်ဘုရားဆင်းသက်ခြင်းကျင့်စဉ်)
စနစ်အသံက အာရုဏ်တက်ခါနီးတွင် ပေါ်လာသည်။ ဖုန်ချင်အန်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သို့သော် အကြောင်းအရာများကို ဖတ်ကြည့်ပြီး တဖြေးဖြေးစိတ်ပေါ့ပါးသွားသည်။
မနေ့ညက အတော်များများ ဖြတ်ကျော်ခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည်ဟု ပြောနိုင်လောက်သည့် အကျိုးကျေးဇူးများစွာ ရခဲ့သော်လည်း ခံရသည့်ဝေဒနာက ပြင်းထန်လွန်းသည်။ နောက်တစ်ကြိမ်ပင် မကြုံရဲအောင်ဖြစ်နေသည်။
သို့သော် ကြည့်ရသလောက် မကြံဘဲနေမည်မဟုတ်။ လက်ရှိအဆင့်အတွက် စွမ်းအားအကြီးဆုံး အောင်မြင်မှုဆုလာဒ်ကို ရထားသည်။ ပုံရိပ်သားရဲစနစ်မှလည်း စွမ်းအားအကြီးဆုံး ဆုလာဒ်ကို ချီးမြှင့်ထားသည်။
ပုံရိပ်သားရဲစနစ်တွင် ထိုထက်မြင့်သည့်အဆင့်များ ရှိသေးသည်မှာ သေချာသည်။ အသစ်ပေါ်လာသည့် မစ်ရှင်က ပုံရိပ်သားရဲသခင်နှင့်သားရဲကောင်တို့၏ ပိုမြင့်မားသည့်အဆင့်များရှိကြောင်း သက်သေခံနေသည်။ မြေသားရဲစစ်သူကြီးအဆင့်နှင့် စစ်သူကြီးအဆင့်တို့ဖြစ်သည်။
သူမြေသားရဲစစ်သူကြီးအဆင့်သို့ ရောက်လျှင် ထိုအဆင့်အတွက် အမြင့်ဆုံးအောင်မြင်မှုဆုလာဒ်ကို ရနိုင်ဖွယ်ရှိသည်။ ထိုဆုလာဒ်ကလည်း နောက်တစ်ကြိမ် သူ့ကိုနှိပ်စက်ပေလိမ့်ဦးမည်။
ထိုသို့တွေးနေသောလည်း သူ့စိတ်ထဲတွင် မျှော်လင့်တောင့်တစိတ်က မသိမသာနိုးကြားလာသည်။
ပြန်လည်မွေးဖွားရန် အခွင့်အလမ်းသစ်များကို မလိုချင်သူမရှိ။
“တောင်နက်၊ သွားကြစို့”
စိတ်ထဲတွင် ရှင်းလင်းပြီး လန်းဆန်းတက်ကြွလာသဖြင့် ကုတင်ပေါ်မှ သူခုန်ဆက်းလိုက်သည်။ သူမျက်လုံးပွဲ့ကတည်းက ထရပ်နေသည့် တောင်နက်ထံ လျှောက်သွားသည်။
“ဝုတ်”
တောင်နက် ကျယ်လောင်စွာ တစ်ချက်ဟောင်၍ အမြီးနံ့ကာ သူ့သခင်နောက်သို့ လိုက်သွားသည်။ သူလည်း အတော်ပျော်ရွှင်နေဟန်ရှိသည်။
သို့သော် မနက်နေရောင်ခြည်ထိုးကျနေသည့် ခြံဝင်းထဲသို့ရောက်သည်နှင့် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကြောင့် သူအံ့ဩသွားပြီး ခြေလှမ်းများ ရပ်တန့်သွားသည်။
****************************************