← Chapters

အစောင့်အ‌ရှောက်ဝိညာဉ်သားရဲ

Vol. 2 Ch. 25

အစောင့်အ‌ရှောက်ဝိညာဉ်သားရဲ

Vol. 2 Ch. 25

“ထိပ်တန်းစာပေပညာရှင်ကိုယ်တိုင် ဆိုရင်တော့ ကျုပ်နည်းနည်း လေးစားမှုပေးချင်ပေးမှာပေါ့။ ဒါပေမယ့် သူ့ရဲ့စာပေစွမ်းအင်ရောင်လောက်က ဘာကြောက်စရာရှိမှာလဲ”

စစ်နတ်မင်း ကျိုင်းတုတ်ကိုကိုင်၍ ဝင့်ကြွားသည့်ဟန်ပန်ဖြင့် ပြောသည်။

သူ့စကားကြောင့် အမြဲလိုလို မျက်နှာတည်တည်နေခဲ့သည့် ယုံနင်မြို့တော်နတ်ဘုရားပင် မျက်ခုံးတစ်ဘက်မြင့်သွားပြီး သူ့ကိုစိုက်ကြည့်သည်။ ထို့နောက် ခေါင်းငုံ့၍ ပြန်စဉ်းစားနေသည်။

စစ်ပွဲနတ်မင်းသည် မြို့တော်နတ်ဘုရားလက်အောက်တွင် ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင်၍ များစွာ အကျိုးပြုခဲ့သည်။ သူ့အနေဖြင့် ရာထူးတိုး၍ တစ်ခြားနေရာသို့ ရွှေပြောင်းရန် အချိန်ကျပြီဖြစ်သည်။ မြို့တော်ငယ်နတ်တစ်ပါးအဖြစ် ထမ်းဆောင်နေခြင်းသည် အရည်အသွေးဖြုန်းတီရာရောက်သည်။

“ဒါဆိုရင် သခင်ရှုရဲ့ သတင်းကောင်းကို ကျုပ်စိတ်အားထက်သန်စွာ စောင့်မျှော်နေပါ့မယ်”

စစ်ပွဲနတ်မင်းစကားကြောင့် စာပေနတ်မင်း အတော်အံ့အားသင့်သွားသည်။ ပုံမှန်အပြုအမူမျိုးဖြင့်သာ စကားတုံ့ပြန်လိုက်ရသည်။

“နတ်ဆို‌တွေ တော်ဝင်စွမ်းအင်ရောင်မျိုး ရှိနေရင်တောင် ကျုပ်အတွက် သူတို့ကိုဖမ်းဖို့ဆိုတာ အလွယ်လေးပါ။ ခဏပဲစောင့်ပါ မြို့တော်သခင်။ ကျုပ် ဒီနတ်ဆိုးကို အခုချက်ချင်းသွားဖမ်းပါ့မယ်”

စာပေနတ်ဘုရား၏စကားလုံးနောက်ကွယ်မှ အတွင်းအဓိပ္ပါယ်ကို စစ်ပွဲနတ်မင်း ဂရုစိုက်ဟန်မရှိ။ သူလုံးဝအရေးမစိုက်သောကြောင့်ဖြစ်သည်။

“ခဏနေဦး”

မြို့တော်နတ်ဘုရား အမြန်တားလိုက်သည်။ စစ်ပွဲနတ်မင်း လှည့်ကြည့်လာသည်။ မြို့တော်နတ်ဘုရားက တည်ငြိမ်သည့်လေသံဖြင့်

“ငါဟာ ယုံနင်ရဲ့ ကြည်ညိုလေးစားမှုခံယူခဲ့တာ နှစ်သုံးရာကျော်ခဲ့ပြီ။ တော်ဝင်စွမ်းအင်‌ရောင် အကာအကွယ်ရှိတဲ့ နတ်ဆိုးသားရဲမျိုး ပထမဆုံးကြုံဖူးတာပဲ။ ငါ့အလုပ်တွေ လက်စသတ်လိုက်ဦးမယ်။ ငါလည်း အတူလိုက်ခဲ့မယ်”

“ဟုတ်ကဲ့ သခင်”

စစ်ပွဲနတ်မင်း ခြေလှမ်းရပ်သွားသည်။

စာပေနတ်မင်း စိတ်ပေါ့ပါးသွားဟန်ြင့် သက်ပြင်းချလိုက်သည်။ မြို့တော်နတ်ဘုရား ထိုလူရမ်းကားကို သားရဲကောင်အား ဖမ်းဆီးခွင့်ပြုလိုက်မည်ကို သူအတော်စိုးရိမ်ခဲ့သည်။

ဦးနှောက်နည်းနည်းရှိသူပင် ခြောက်လမပြည့်သေးသည့် ခွေးနတ်ဆိုးတစ်ကောင် တော်ဝင်စွမ်းအင်ရောင်အောက် လွတ်လပ်စွာနေထိုင်နိုင်သည့်အဖြစ်သည် ထူးဆန်းနေကြောင်း သိနိုင်သည်။ သာမန်နတ်မင်းများ ကိုင်တွယ်နိုင်သည့်ကိစ္စမဟုတ်။ အတင်းတိုးဝင်သွားဖို့မဆိုထားနှင့် ရှောင်တိမ်းချိန်ပင်ရလိုက်မည်ဟုတ်။

သေကြောင်းကြံခြင်းသာဖြစ်သည်။

ညနေစောင် ယင်နှင့်ယန် ကူးပြောင်းချိန်တွင် ညနေဆည်းဆာအလှကိုခံစားရင်း ဖုန်ချင်အန်း လွယ်အိတ်ငယ်တစ်လုံး ကျောပိုး၍ သူ့အိမ်ဆီ ပြန်လာသည်။ အတော်ကြည်နူး၍ စိုးရိမ်ပူပန်မှုကင်းနေသည်။ မနေ့ညက ကျင့်ကြံမှုအကျိုးကျေးဇူး ခံစားခဲ့ရသောကြောင့်သာဖြစ်သည်။

ဒုတိယ ကျင့်စဉ်ပိုင်းကို စချင်နေသည်။ သို့သော် စိတ်ရှည်ရမည်ဖြစ်ကြောင်း သူနားလည်သည်။ ကျင့်စဉ်လမ်းသည် မလျှော့မတင်းသွားရခြင်းဖြစ်သည်။ ဥပမာအားဖြင့် မနေ့က တောင်နက်ကို ဝိညာဉ်စွမ်းအင်များစွာ သွင်းပေးခြ့သည်။ ရက်တစ်ချို့ကြာအောင် ဝိညာဉ်ပေါင်စပ်သန့်စင်မှုကို လက်ခံနိုင်ဦးမည်မဟုတ်။

“ဘာနံ့ပါလိမ့်”

ခြံတံခါးရှေ့သို့ ရောက်ချိန်တွင် ရုတ်တရက် ခြေလှမ်းရပ်သွားသည်။ မျက်မှောင်ကျုံ့၍ အနံ့ခံကြည့်သည်။ သူ့နှာခေါင်းတွင် စန္ဒကူးနံ့လိုလိုရနေသည်။

“ဝုတ်”

ညနေခင်းလေပြေထဲတွင် အေးစိမ့်မှုတစ်ချို့ပါလာသည်။ သူအမြန်လှည့်ကြည့်လိုက်သည်။ မလှမ်းမကမ်းအိမ်များကြားမှ အရပ်မြင့်မြင့်အရိပ်တစ်ချို့ကို ဖျတ်ခနဲတွေ့လိုက်ရသည်။ သို့သော် သူသေချာပြန်ကြည့်ချိန်တွင် ဘာမှမရှိတော့။ အားလုံးက ပုံမှန်အတိုင်းဖြစ်နေသည်။

“ငါအမြင်မှားလို့များလား”

မျက်လုံးကိုပွတ်၍ အတန်ကြာအောင် ဘေးပတ်လည်ကို သေချာရှာကြည့်သည်။ ထို့နောက် ခြံထဲသို့ဝင်လိုက်သည်။

သူအံ့ဩရပြန်သည်။ ပုံမှန်ဆိုလျှင် သူအိမ်ပြန်လာသည်နှင့ တောင်နက်က ပြေးထွက်ကြိုနေကျဖြစ်သည်။ သို့သော် ယခု မတွေ့ရ။ ဝိညာဉ်စာချုပ်အစွမ်းကြောင့် တောင်နက်ရှိသည့်နေရာကို ချက်ချင်း သိလိုက်သည်။

သူ့အခန်းထဲမှ ကုတင်အောက်တွင် အမြီးကုတ်၍ ပုန်းနေသည်။ ဖုန်ချင်အန်းကိုမြင်မှ ထွက်လာသည်။

“မင်းဘာဖြစ်တာလဲ”

တောင်နက်ကိုကြည့်၍ စူးစမ်းလိုက်သည်။ ဝိညာဉ်စာချုပ်ကြောင့် တောင်နက် တစ်ခုခုကို ကြောက်လန့်နေကြောင်း သူအာရုံခံမိသည်။

“အူးး”

ဖုန်ချင်အန်းထက်ပင် အရွယ်အစားကြီးနေသည့် ခွေးဝံပုလွေသည် ယခု အန္တရာယ်မရှိသည့် ခွေး‌ပေါက်လေးတစ်ကောင်လိုဖြစ်နေသည်။ ဖုန်ချင်အန်းပုခုံးပေါ် ခေါင်းတင်၍ သနားစရာအသွင်ဖြင့် ညည်းနေသည်။

အမှန်တကယ်လည်း ခွေးပေါက်လေးဖြစ်သည်။ အရွယ်အစား ကြီးလွန်းနေသည်သာရှိသည်။

“ကြောက်စရာကောင်းတဲ့သတ္တဝါတွေ ငါတို့အိမ်ကိုလာပြီး မင်းကိုရိုက်ဖို့လုပ်တယ်လို့ ပြောတာလား”

တောင်နက်အော်ညည်းနေသည်ကို ခဏနားထောင်ပြီး‌နောက် ပြောလိုသည့်အဓိပ္ပါယ်ကို သူရိပ်စားမိလိုက်သည်။

“ဝုတ်”

တောင်နက်က ထောက်ခံသည့်ဟန်ဖြင့် တစ်ချက်ဟောင်သည်။ ထို့နောက် အားကိုးတကြီး စိုက်ကြည့်နေသည်။

ဖုန်ချင်အန်း အတွေးနက်သွားသည်။

အိမ်အဝင်တွင် စန္ဒကူးနံ့ရခဲ့သည်ကို ပြန်အမှတ်ရလာသည်။ သူအာရုံမှားသည်ဟုထင်ခဲ့သည့် မြင်ကွင်းကို ပြန်တွေးမိလာသည်။ သူ့စိတ်တွင် အတွေးပေါင်းများစွာ ပြေးလွှားနေသည်။

“ခြေလက်‌ဆေးကြောပြိး အိမ်ကြစို့”

တောင်နက်ဦးခေါင်းကို သူပုတ်လိုက်သည်။ တောင်နက်က ကြောက်စိတ်ကြောင့် ကုတင်အောက်တွင် ပုန်းနေခဲ့သည့်အဖြစ်ကို သူ့ဘာသာရှက်ပြီး မကျေမနပ်ဖြစ်နေပုံရသည်။ သူ့သခင် သိက္ခာပြန်ဆည်ပေးဖို့ မျှော်လင့်နေသည်။

သို့သ်ော ဘုံကျောင်းများတွင်သာ ရနိုင်သည့် စန္ဒကူးနံ့အကြောင်း၊ ခန္ဓာကိုယ်အရပ်အမောင်းမြင့်မားလှသည့် အရိပ်များအကြောင်း ပြန်စဉ်းစားရင်း အဖြေကရှင်းနေသည်။ သိက္ခာပြန်ဆယ်ရန်ဆိုသည်မှာ သူ့အတွက် နည်းနည်းခက်ခဲနေသည်။ ထိုဖြစ်တည်မှုများကို သူမြင်နိုင်စွမ်းပင်မရှိ။ ဖျတ်ခနဲမြင်လိုက်ရသည်မှာလည်း ညနေမိုးချုပ် ယင်ယန်အပြောင်းအလဲ၏ ထူးခြားချက်ကြောင့် ဖြစ်နိုင်သည်။

သူသည် သေမျိုးအဆင့်သာရှိသေးသည်။ အရင်ထက် ပိုသန်မာလာသည်သာရှိသည်။ ရွာကျောင်းတွင် တစ်ခြားကလေးများနှင့် နပမ်းသတ်ရင်း သူ့အတည်ပြုနိုင်ခဲ့သည်။ သူ့ထက် နှစ်နှစ်သံးနှစ်ကြီးသည့် ကလေးများပင် သူ့လောက်မသန်မာကြ။

“အူးးး”

ဖုန်ချင်အန်းအတွေးကို ရိပ်စားမိဟန်ဖြင့် တောင်နက် ခေါင်းငိုက်စိုက်ကျသွားပြီး စိတ်ပျက်လက်ပျက် ကြမ်းပြင်ပေါ်ပြန်ဝပ်သွားသည်။ ယနေ့ည အပြင်ထွက်၍ သူအမဲမလိုက်ရဲတော့။

အကြောင်းအရင်းကိုမသိသော်လည်း တောင်နက်စိတ်ထဲ တစ်ခုတော့ သေချာသိသည်။ ကြောက်စရာကောင်းသည့် ထိုအရိပ်များသည် ခြံဝန်းထဲသို့ ဝင်နိုင်ကြပုံမပေါ်။ သူအပြင်မထွက်လျှင် ထိုအရိပ်များ ဘာမှလုပ်နိုင်မည်မဟုတ်။

ထိုအချိန်တွင် ဖုန်အိမ်တောအပြင်ဘက် ဖုန်ချင်အန်း အရိပ်များမြင်ခဲ့သည့် နေရာတွင် ယင်ရှီလေပြင်းများ တိုက်ခတ်နေသည်။ မျက်နှာတင်းတင်းနတ်မင်းများ ရပ်နေကြသည်။ ခေါင်းဆောင်နတ်မင်းက အနက်ရောင်ဝတ်ရုံကိုဝတ်ထားပြီး အားကောင်းသည့်နတ်စွမ်းအင်ရောင်များထွက်နေသည်။ ယုံနင်မြို့တော်နတ်မင်းပင်ဖြစ်သည်။

“ခုနက အိမ်ထဲဝင်သွားတဲ့ကောင်လေးက ဘယ်သူလဲ”

တော်ဝင်စွမ်းအင်ရောင် လွှမ်းခြုံနေသည့်အိမ်တော်ဆီလှမ်းကြည့်၍ သူမေးလိုက်သည်။

“သခင်၊ ဒီကလေးက သခင်ဖုန်ရှိ့လင်ရဲ့ ဒုတိယသားပါ။ ဒီနှစ်ထိပ်တန်းအဆင်နဲ့‌အောင်မြင်ခဲ့တဲ့ စာပေပညာရှင်ရဲ့ ညီငယ်ပေါ့”

နယ်ခံနတ်က အမြန်ရောက်လာပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အမြန်ပြန်ဖြေလိုက်သည်။

“သဘောပေါက်ပြီ။ သူ့အာရုံက အတော်ထက်မြက်တာပဲ။ ခုနက ငါတို့ကို သူမြင်သွားပုံရတယ်”

မြို့တော်နတ်ဘုရား ခေါင်းငြိမ့်သည်။ အံ့ဩဟန်မရှိ။

ထိုကဲ့သို့လူများသည် မရှားလှ။ အချိန်ကိုက်နေရာကိုက်ကြုံလျှင် သို့မဟုတ် ထူးခြားအခွင့်အခါနှင့်ကြုံလျှင် နတ်များကို ဖျတ်ခနဲ မြင်နိုင်စွမ်းရှိသည်။ အချိန်ကိုက်နေရာကိုက်ကြုံခြင်းကြောင့် အဖြစ်များသည်။

“ဒါပေမယ့်၊ နေ့ညအကူးမှာ ယင်နဲ့ယန်ရောနှောနေလို့ သူမြင်သွားတာပါ”

စစ်ပွဲနတ်မင်းက ပြောသည်။ တောသားကလေးငယ်တစ်ယောက်သည် အတွင်းချီ လုံးဝပျောက်ကွယ်သွားခြင်း မရှိသဖြင့် တစ်ခါတစ်ရံ သေမျိုးအာရုံထက်ကျော်လွန်၍ မြင်နိုင်ခြင်းသည် ဆန်းပြားသည်ဟု သူမထင်ပေ။

“သခင်၊ ကျုပ်တို့ ဒီမှာရောက်နေတာ အတော်ကြာပြီ။ ဟိုနတ်ဆိုးသားရဲကိစ္စ ဘယ်လိုဖြေရှင်းကြမလဲ”

ယခု အစောပိုင်းက ဖမ်းမည်ဆီးမည်ဟု မာန်ပါပါပြောခဲ့သည့် စစ်ပွဲနတ်မင်း နည်းနည်းလေသံလျှော့သွားပြီဖြစ်သည်။ မောက်မာဝင့်ကြွားသူဖြစ်သော်လည်း အိမ်တော်ကိုလွှမ်းခြုံနေသည့် ထူထဲသည့်တော်ဝင်စွမ်းအင်ရောင်နှင့် ထိတွေ့မိလျှင် ခံစားရမည့် အကျိုးဆက်ကို သူနားလည်သည်။

သူ့နတ်ခန္ဓာကြေမွပျက်စီး၍ သူ့ဝိညာဉ်ပျောက်ကွယ်သွားနိုင်သည်။

သို့သော် သူမစွမ်းဆောင်နိုင်၍ မြို့တော်နတ်ဘုရားလည်း မစွမ်းဆောင်နိုင်ဟု မဆိုလိုပေ။ မြို့တော်နတ်ဘုရားသည့် ယုံနင်ကောင်တီမှ လူနှစ်ထောင်ကျော်၏ ကိုးကွယ်မှုခံယူထားသူဖြစ်သည်။

“ဒီနေရာမှာ ဘယ်လိုလုပ် နတ်ဆိုးခွေးတစ်ကောင် ရှိနိုင်မှာလဲ။ ငါမြင်တာတော့ သန့်စင်တဲ့ဗီဇရှိတဲ့ အစောက်အရှောက်ဝိညာဉ်သားရဲပါပဲ”

မြို့တော်နတ်ဘုရားက စစ်ပွဲနတ်မင်းကို တစ်ချက်လှည့်ကြည့်သည်။ သူ့ကို ရာထူးတိုးပြောင်းရွှေ့ရန်အတွက် ကူညီပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ဤနေရာတွင်မရှိဘဲ တစ်ခြားနေရာသို့ရောက်သွားခြင်းက ပို၍ကောင်းပေလိမ့်မည်။

**********************************************

All Chapters