← Chapters

ထူးခြားသောဖြစ်တည်မှု

Vol. 2 Ch. 26

ထူးခြားသောဖြစ်တည်မှု

Vol. 2 Ch. 26

“ဝိညာဉ်သားရဲ”

မြို့တော်နတ်ဘုရားစကားကြောင့် စစ်ပွဲနတ်မင်း မှင်သက်မိသွားသည်။ နားမလည်သည့်အရိပ်များ သူ့မျက်လုံးတွင် ပေါ်လာသည်။

“သခင်ပြောတာက...”

“သခင်ရှု(စစ်ပွဲနတ်မင်း)က မြို့တော်နတ်ဘုရားပြောတဲ့စကားကို မှားတယ်လို့ ထင်နေတာလား”

စာပေနတ်မင်းက အရူးတစ်ယောက်ကို ကြည့်နေပုံမျိုးဖြင့် ကြည့်လိုက်သည်။

ထိုလူ ဤနေရာသို့ရောက်လာချိန်က ထိပ်တန်းစာပေပညာရှင်ချန်ခဲ့သည့် စွမ်းအင်ရောင်ကိုမြင်ပြီး အံ့ဩတုပ်လှုပ်သွားသည်ကို သူမှတ်မိနေသည်။

ထိုစစ်ပွဲနတ်မင်းသည် ကိုယ့်အကြောင်းကိုယ်သိပုံရသည်။ သူ့အတွေးအကြံများသည် အဓိပ္ပါယ်မရှိမှန်း နားလည်သဖြင့် မြို့တော်နတ်ဘုရားကို ကိုယ်တိုင်လှုပ်ရှားစေချင်နေသည်။ သူ့အတွေးကို တစ်ခြားလူများလည်း ရိပ်မိသည်သာဖြစ်သည်။

သာမန်အိမ်မွေးခွေးတစ်ကောင် အသွင်ပြောင်းလဲ၍ ဉာဏ်အလင်းရလာခြင်းသာသည်။ မြို့တော်နတ်ဘုရားအနေဖြင့် နက်ရှိုင်းသည့်သူ့စွမ်းအားကိုသုံး၍ ပညာရှင်ချန်ထားခဲ့သည့်စွမ်းအင်ရောင်ကို ဆန့်ကျင်တိုက်ခိုက်စရာ မကြောင်းမရှိ။

တိုက်ခိုက်ဖို့ မဆိုထားနှင့်။ မြို့တော်နတ်ဘုရား အထိအခိုက်ခံနိုင်လျှင်ပင် တော်ဝင်စွမ်းအင်ရောင် အကာအကွယ်မဲ့သွားသည့် ဖုန်မိသားစုအိမ်တော် နောင်တစ်ချိန် တစ်ခုခုဖြစ်သွားလျှင် ဘယ်သူတာဝန်ခံမည်နည်း။

ထိုတိုက်ပွဲနတ်မင်းသည် တစ်ခြားလူများ ထိခိုက်စေမည့် မကျေမနပ်ဖြစ်စေမည့် လုပ်ရပ်တစ်ခုကို ကျူးလွန်ရန် ကြိုးစားနေခြင်းသာဖြစ်သည်။

“မြို့တော်နတ်ဘုရားရဲ့စကားတွေဟာ တကယ်မှန်ကန်ပါတယ်”

တော်ဝင်စွမ်းအင်ရောင်အောက်တွင် နေထိုင်နိုင်သည့် သရဲဝိညာဉ်များကို ရှောင်ရှားနိုင်သည့်ခွေးမျိုးကို သူမမြင်ဖူးကြောင်း ဝန်ခံလိုက်ရသည်။ သို့သော် သူစိတ်မလျှော့သေး။

“ဒါပေမယ့် ဒီခွေးဟာ စွမ်းအားရပြီး သေမျိုးတွေနဲ့ အတူနေတာပါ။ တစ်နေ့နေ့မှာ ယုတ်ညံ့တဲ့စိတ်မျိုးပေါ်လာရင် သေမျိုးတွေရဲ့အသက်ကို ဘယ်လိုအာမခံနိုင်မှာလဲ”

တော်ဝင်စွမ်းအင်ရောင်ကို မကြောက်သည့်ခွေးဖြစ်၍ ဝိညာဉ်သားရဲတစ်ကောင်ဖြစ်ကြောင်း သူအသိအမှတ်ပြုည်။ သို့သော် ဝိညာဉ်သားရဲများပင် လူသားတို့ကို အန္တရာယ်ပြုခဲ့သည့်အဖြစ်များ ရှိခဲ့ဖူးသည်။ အရေးအကြီးဆုံးအချက်မှာ ဤခွေးကိုမွေးထားသူများသည် ခုခံနိုင်စွမ်းမရှိသည့် သေမျိုးများဖြစ်နေခြင်းဖြစ်သည်။

ဖြစ်လာနိုင်ချေနည်းသော်လည်း ထူးဆန်းသည့်ခွေးတစ်ကောင် စိတ်ရူးပေါက်၍ သေမျိုးများအန္တရာယ်ကြုံလာမည့်အဖြစ်ကို သူလက်မခံနိုင်။

ထိုခွေးသာ ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ယာယီအားဖြင့် သူလက်ခံနိုင်သေးသည်။ သို့သော် ဤရွာတွင် အိမ်ပေါင်းရာချီရှိသည်။ ကျင့်ကြံသူတစ်ယောက်တစ်လေပင် သူမမြင်ရ။ ခြောက်လသားမပြည့်မီ နတ်ဆိုးအသွင်ပြောင်းလာသည့် ထိုခွေးကို နယ်မြေစောင့်နတ်က မည်မျှကြာအောင် တောင့်ခံထားနိုင်မည်မသိ။

“တော်ဝင်စွမ်းအင်ရောင်ကြောင့် အလင်းရလာတဲ့ အိမ်မွေးခွေးတစ်ကောင်က လူတွေကို ဘယ်လိုလုပ် ဒုက္ခပေးမှာလဲ”

စာပေနတ်မင်းက ချက်ချင်းတုံ့ပြန်လိုက်သည်။

ထိုခွေးသည် တော်ဝင်စွမ်းအင်ရောင်က မွေးထုတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သူယူဆသည်။ ထိုကြောင့် ဝိညာဉ်ဉာဏ်အလင်းဖွင့်၍ မှော်သားရဲအဖြစ်ပြောင်းလဲသွားခြင်းဖြစ်မည်။

ထိုသတ္တဝါမျိုးသည် လူများကို အတော်ခင်မင်တတ်သည်။ ကောင်းကောင်းသွန်သင်လမ်းညွှန်ပေးနိုင်လျှင် အိမ်ယာများကိုကာကွယ်သည့် ဝိညာဉ်သားရဲများအသွင် ပြောင်းသွားနိုင်သည်။

“တကယ်လို့ ဖြစ်လာခဲ့ရင်ရော ဘယ်လိုလုပ်မလဲ”

စစ်ပွဲနတ်မင်းက အတွန့်တက်သည်။

“အန္တရာယ်ကြုံတဲ့လူရဲ့ အတိတ်နောက်ခံကို သေချာစစ်ဆေးမှာပေါ့။ အားလုံးဟာ အကျိုးနဲ့အကြောင်းရှိတာပဲ။ ဝိညာဉ်ခွေးကြောင့် ဒဏ်ရာရတဲ့လူဟာ ယုတ်မာကောက်ကျစ်တဲ့လူပဲ ဖြစ်လိမ့်မယ်”

စာပေနတ်မင်းက ချက်ချင်းပြန်ဖြေသည်။

“ဖော်လံဖားကောင်”

စစ်ပွဲနတ်မင်း ဒေါသတကြီးအော်လိုက်သည်။

ဒဏ်ရာရသူကို လူယုတ်မာဟု သတ်မှတ်သည်။ အဖြစ်အပျက် တကယ်မဖြစ်မီကတည်းက ကြိုတင်ဆုံးဖြတ်ခြင်းဖြစ်သည်။

“ခေါင်းမာပြီးရူးမိုက်တဲ့ကောင်”

စာပေနတ်မင်းကလည်း လှောင်ပြုံးပြုံး၍ ပြန်ပြောသည်။

“တော်ကြတော့။ မင်းတို့နှစ်ယောက်ဟာ ငါ့ရဲ့ဘယ်လက်ရုံးနဲ့ညာလက်ရုံးပဲ။ ဒီလိုရန်ဖြစ်နေတာ မသင့်တော်ဘူး။ ဒီကိစ္စကို ငါဆုံးဖြတ်ပြီးပြီ။ နောက်ထပ် ဘာမှမပြောကြနဲ့”

မြို့တော်နတ်ဘုရားက တားဆီးလိုက်သည်။

“သခင်၊ ဒီခွေးကို တကယ်ပဲ လွှတ်ပေးထားတော့မှာလား”

“စစ်ပွဲနတ်မင်း စိတ်ပူနေရင် ဒီကိုပုံမှန်လာပြီး ကိုယ်တိုင်စစ်ဆေးပါ”

မြို့တော်နတ်ဘုရား ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ”

စစ်ပွဲနတ်မင်း ချက်ချင်းခေါင်းငြိမ့်သည်။

မြို့တော်နတ်ဘုရား ဘာမှမပြောတော့။ အင်္ကျီလက်ကို အသာဝှေ့ယမ်းလိုက်သည်။ ကျယ်ပြန့်သည့် နတ်စွမ်းအားက လေလှိုင်းအဖြစ်ပြောင်းသွားပြီး နတ်မင်းများ ကိုယ်ရံတော်အစောင့်များ ယင်အရာရှိများကို ယုံမင်ကောင်တီသို့ ပြန်ခေါ်သွားသည်။

နတ်ဘုရားနယ်မြေသို့ ယင်အရာရှိများအားလုံး လူစုခွဲသွားသည်။

“သခင်”

စာပေနတ်မင်းက မြို့တော်နတ်ဘုရားနားသို့ လျှောက်လာသည်။

“ဘာကိစ္စရှိလို့လဲ သခင်အန်း”

မြို့တော်နတ်ဘုရားက ပြုံး၍မေးလိုက်သည်။

“နည်းနည်း မေးချင်တာလေးတွေရှိလို့ပါ”

“တော်ဝင်စွမ်းအင်ရောင်အကြောင်း သိချင်တာလား”

“ဟုတ်ပါတယ်။ သခင်နတ်ဘုရားက တကယ်ဉာဏ်ထက်မြက်တာပဲ”

စာပေနတ်မင်း ချီးကျူးလိုက်သည်။

“မင်းအဲလောက် ချီးကျူးနေဖို့မလိုပါဘူး။ ရှုဝူပန်(စစ်ပွဲနတ်မင်း)က မင်းကို ဖော်လံဖားတဲ့လူလို့ပြောတာ မှန်နေပုံပဲ”

မြို့တော်နတ်ဘုရားရယ်လိုက်သည်။

“ကျုပ်စိတ်ရင်းနဲ့ပြောတာပါ”

"ဟားဟား၊ အဲဒီ့တော်ဝင်စွမ်းအင်ရောင်က တကယ်ထူးခြားပါတယ်။ မင်းမပြောနဲ့၊ ဒီထိပ်တန်းစာပေပညာရှင်အကြောင်း နည်နည်းပဲသိတဲ့ငါတောင် တကယ်အံ့ဩမိတယ်”

မြို့တော်နတ်ဘုရားက စွမ်းအင်ရောင်အကြောင်းကိုသာ ဆက်ပြောသည်။

“သခင်၊ လွန်ခဲ့တဲ့ငါးနှစ်က လောကတစ်ခွင်ကျော်ကြားတဲ့ ကွန်ဖြူးရှပ်စာပေပညာရှင် လျိုဟွိုက်ဟာ ကျုပ်တို့ကောင်တီကနေ ဖြတ်သွားပါတယ်။ ဒီသတင်းကြားလို့ မလှမ်းမကမ်းကနေ သွားကြည့်ဖူးတယ်။ တကယ်အားကောင်းတဲ့ စွမ်းအင်ရောင်ပါပဲ။ မကောင်းဆိုးဝါးတွေအားလုံး ကြောက်ရွံ့စေနိုင်လောက်ပါတယ်။ ဒါပေမယ့် အဲဒီပညာရှင်ရဲ့စွမ်းအင်ရောင်တောင်မှ ဒီထိပ်တန်းစာပေပညာရှင်အိမ်က စွမ်းအင်ရောင်ကို မမီပါဘူး”

စာပေနတ်မင်းက သူ့သံသယကို ဖွင့်ပြောသည်။ သူသည် အတိတ်ဘဝက ကွန်ဖြူးရှပ်ကျောင်းထွက်တပည့် ပညာရှင်တစ်ယောက်ရှိသည်။ ထို့ကြောင့်လည်း ထိပ်တန်းစာပေပညာရှင်၏ စွမ်းအင်ရောင်ထူးခြားမှုကို ကောင်းကောင်းသိနေခြင်းဖြစ်သည်။

“သူက ဒီခေတ်ရဲ့ တစ်ဦးတည်းသောခြောက်ထပ်ကွမ်းပညာရှင်ဆိုပေမယ့် ဒီစွမ်းအင်ရောင်က နည်းနည်းတော့...”

စာပေနတ်မင်း စကားစ ဆက်ရှာမရ။

“နည်းနည်းထူးခြားလွန်းနေတယ်မဟုတ်လား။ သာမန်ထိပ်တန်းပညာရှင်တွေမှာ ရှိတာမျိုးမဟုတ်ဘူးလေ”

မြို့တော်နတ်ဘုရားက သူ့စကားကိုဖြည့်ပေးလိုက်သည်။

“ဟုတ်ပါတယ်၊ သူက အသက်ဆယ့်လေးနှစ်တောင် မပြည့်သေးပါဘူး။ ကျုပ်ဆယ့်လေးနှစ်သားအရွယ်က ကျုပ်ကျိတ်ပုန်းချစ်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ကဗျာတစ်ပုဒ်ရေးဖူးတာ ပြန်တွေးမိတယ်”

စာပေနတ်မင်းမျက်နှာ မချိပြုံးပြုံးနေသည်။ ယခု ဆယ့်လေးနှစ်ပညာရှင်နှင့် ယှဉ်ကြည့်လျှင်။ မဟုတ်သေး၊ သူယှဉ်၍ပင်မရ။

"ဟားဟားဟား၊ လူငယ်ဘဝအချစ်။ အဲဒါသဘာဝပါပဲ။ ဒါပေမယ့် ဒီထိပ်တန်းပညာရှင်က ငါ့အတွေ့အကြုံနဲ့ ခန့်မှန်းတိုင်းတာလို့မရနိုင်ဘူး။ သူက သာမန်မဟုတ်ဘူး”

“ရှင်းပြပေးပါဦးသခင်”

စာပေနတ်မင်း ရိုရိုသေသေတောင်းဆိုသည်။ သူအတော်စိတ်ဝင်စားနေသည်။ မြို့တော်နတ်ဘုရား တစ်ခုခုသိထားသည်မှာ သေချာသည်။

“ဒီနှစ်ရဲ့ထိပ်တန်းပညာရှင် ခြောက်ထပ်ကွမ်းဘွဲ့ရတာဟာ စာစစ်အကြီးအကဲက သဘောကျလို့၊ လက်ရှိအင်ပါယာက သဘောကျလို့ သူရခဲ့တယ်ထင်သလား”

မြို့တော်နတ်ဘုရားက ရုတ်တရက် ပြန်မေးသည်။

“အဲလိုပဲ မဟုတ်ဘူးလား”

စာပေနတ်မင်းကလည်း နားမလည်ဟန်ဖြင့် ပြန်မေးသည်။

တာ့ကျင်နိုင်ငံ တော်ဝင်စာမေးပွဲသည် ပြည်သူကြားမှ ပါရမီရှင်ရွေးချယ်သည့် အရေးကြီးသည့်လမ်းစဉ်တစ်ခု ဖြစ်သည်။ တော်ဝင်စာမေးပွဲ၏ ပထမသုံးဆင့်တွင် ၊ ကောင်တီစာမေးပွဲ၊ ပြည်နယ်စာမေးပွဲနှင့် နန်းတော်ဝင်ခွင့်စာမေးပွဲများရှိသည်။ စိတ်နှစ်၍ကြိုးစားလျှင် အခြေခံခိုင်မာလျှင် ကိုးယောက်တွင် ဆယ်ယောက်အောင်မြင်နိုင်သည်။

သို့သော် နန်းမြို့တော်စာမေးပွဲမှစ၍ အခြေအနေ စတင်ပြောင်းလဲသွားသည်။ မြို့တော်စာမေးပွဲအောင်၍ ပြည်နယ်စုံစာမေးပွဲအတွက် ရွေးချယ်ခံရသူသည် အရာရှိဖြစ်လာနိုင်သည်။ ထိုရွေးချယ်မှုကို နန်းတော်တရားရုံးအရာရှိများက ဆုံးဖြတ်သည်။ အုပ်ချုပ်မှုရေးရာစွမ်းရည်ကိုလည်းကြည့်သည်။ ပြောစရာအချက်များစွာ ရှိသည်။

ထို့ကြောင့် ဉာဏ်ထက်သည့်ရွေးချယ်ခံများက ထိုအဆင့်ရောက်သည်နှင့် အဆက်အသွယ်များ၊ ငွေကြေးများအသုံးချ၍ စာစစ်သူ၏ နိုင်ငံရေးအမြင်၊ ပြောသည်စကား၊ ကြိုက်နှစ်သက်သည့်အရာများနှင့် လတ်တလောတင်သွင်းထားသည့် သူတို့၏မှတ်တမ်းများကိုပင် စုံစမ်းကြသည်။

နောက်ဆုံးစာမေးပွဲအဆင့်ဖြစ်သည် နန်းတော်စာမေးပွဲကတော့ ပြောစရာမလိုတော့။ ထိုအဆင့်တွင် အညံ့ဆုံးလူပင် ထိပ်တန်းပညာရှင်ဖြစ်လာနိုင်သ်ည။ သို့သော် ရွေးချယ်ခံအတွက် သတ်မှတ်သည့်အဆင့်က အဓိကသော့ချက်ဖြစ်သည်။

အဆင့်ခွဲခြားမှုကို အင်ပါယာတစ်ယောက်တည်းက ဆုံးဖြတ်သည်။ အင်ပါဘာသည်လည် ထိုမျှအားလျားနေသည်မဟုတ်။ ပထမအဆင့်ရွေးချယ်မှုကိုသာ အာရုံစိုက်လေ့ရှိသည်။ ထို့ကြောင့် အင်ပါယာမျက်စိကျဖို့ အလွန်အရေးကြီးသည်။

‌ရေးထားသည့်စာ ကောင်းခြင်းမကောင်းခြင်းက ဤနေရာတွင် သိပ်အရေးမကြီးတော့။ ရုပ်ရည်ခံ့ညားလျှင် စာပေပါရမီနည်းနည်းညံ့သော်လည်း အင်ပါယာသတ်မှတ်သည့် ပထမအဆင့်တွင် ဝင်နိုင်သည်။ ရုပ်ဆိုးသဖြင့် ပထမအဆင့်မှ အင်ပါယာကန်ထုတ်ခဲ့သည့်ဖြစ်ရပ်များလည်း ရှိခဲ့ဖူးသည်။

အတိုချုပ်ပြောရလျှင် နောက်ဆုံးစာမေးပွဲသုံးဆင့်သည် စာပေပါရမီကိုကြည့်၍ ဆုံးဖြတ်ခြင်းမဟုတ်။

**************************************

All Chapters