← Chapters

နဂါးသခင်ကို အပြစ်ပေးသည့်ဓား

Vol. 2 Ch. 27

နဂါးသခင်ကို အပြစ်ပေးသည့်ဓား

Vol. 2 Ch. 27

“တော်ဝင်စာမေးပွဲမှာ ထိပ်တန်းစာရင်းဝင်တဲ့ ပညာရှင်တွေဟာ စာစစ်မှူးက ဒါမှမဟုတ် အင်ပါယာက သဘောကျတဲ့လူတွေပဲ။ ဒါပေမယ့် ဒီနှစ်ရဲ့ ခြောက်ထပ်ကွမ်းစာပေပညာရှင်ကတော့ အရင်စည်းမျဉ်းတွေကနေ ချွင်းချက်ပေါ့။ သူက အထူးခြားဆုံးပဲ”

“ရှင်းပြပေးပါဦး သခင်”

စာပေနတ်မင်း ပိုနားရှုပ်လာသဖြင့် နောက်တစ်ကြိမ် ထပ်တောင်းဆိုလိုက်သည်။

“စန့်ကျန်းမြစ်ဆိုတာ ကြားဖူးသလား”

မြို့တော်နတ်ဘုရားက ချက်ချင်းမဖြေသေးဘဲ မသက်ဆိုင်သည့်မေးခွန်းတစ်ခု ပြန်မေးသည်။

“စန့်ကျန်းမြစ်၊ အဲဒါ နန်းမြို့တော် အရှေ့တောင်ဘက်က တော်ဝင်မြစ်မဟုတ်လား။ မြစ်ပြင်အကျယ်ဆုံးနေရာဟာ မိုင်တစ်ရာရှိတယ်။ တစ်ဘက်ကမ်းကို လှမ်းမမြင်ရဘူး”

စာပေနတ်မင်း ခဏစဉ်းစား၍ ပြန်ဖြေသည်။

“သခင်အန်းက တကယ်ဗဟုသုတများတာပဲ”

“အခုလိုချီးကျူးပေးတာ ဝမ်းသာပါတယ် သခင်။ ဒီမြစ်ဟာ တကယ့်နာမည်ကျော်ပဲ။ တစ်ချိန်တုန်းက အဲဒီမြစ်ဘေးကနေ ဖြတ်သွားရင်း ကဗျာတွေ‌တောင်ရေးခဲ့ဖူးပါတယ်”

စာပေနတ်မင်းက တည်ငြိမ်သည့်အမူအရာဖြင့် ပြန်ဖြေသည်။

“မြစ်ဘေးမှာကဗျာရေးတယ်ပေါ့။ သခင်အန်းက တကယ်အနုအရွကြိုက်တဲ့လူပဲ။ ဒါပေမယ့် ကျုပ်လက်အောက်မှာ တာဝန်ထမ်းနေတဲ့ နှစ်ရာချီအတွင်းမှာ မင်းကဗျာရေးတာ မတွေ့ဖူးပါလား”

“အချိန်တွေက ပြောင်းခဲ့ပါပြီ။ ဒီရုံးတော်ကိုဝင်ပြီး စာပေနတ်မင်းအဖြစ် တာဝန်ထမ်းကတည်းက အရင်လိုလည်း မအားလပ်သလို ကဗျာရေးဖို့လည်း ရည်ရွယ်ချက်မရှိတော့ပါဘူး”

စာပေနတ်မင်း မချိပြုံးပြုံး၍ဖြေသည်။

“ဟုတ်တယ်၊ အဲဒါအမှန်ပါပဲ။ အချိန်ကြောင့် ကျုပ်တို့ သက်တမ်းရင့်လာကြပြီ။ ဒါနဲ့ စန့်ကျန်းမြစ်ကိုသိတယ်ဆိုတော့ အဲဒီ့မြစ်ကို ဘယ်သူအုပ်ချုပ်သလဲသိသလား”

သက်ပြင်းတစ်ချက်ချပြီးနောက် မြို့တော်နတ်ဘုရားက မူလစကားစကို ပြန်ကောက်သည်။

“နဂါးသခင်တစ်ယောက်လို့ ကျုပ်ကြားဖူးတယ်။ အတော်လေးအခြေခိုင်မာပြီး ထူးခြားတဲ့လူတဲ့”

နတ်ဘုရားက ဘာရည်ရွယ်ချက်ကြောင့် ပြောနေသည်ကို သိပ်နားမလည်သော်လည်း သူပြန်ဖြေလိုက်သည်။ သူကိုယ်တိုင်က သရဲနတ်ဘုရားဖြစ်သော်လည်း ကောင်တီငယ်လေးမှ တရားသူကြီးတစ်ယောက်သာဖြစ်သည်။ စန့်ကျန်းမြစ်စောင့်နတ်ဆိုသည်မှာ သူမော့ကြည့်၍ပင်မရနိုင်သည့် အဆင့်အတန်းဖြစ်သည်။ ထိုမြစ်စောင့်နတ်၏နောက်ခံဇစ်မြစ်ကို သူဘာမှမသိ။

ထူးခြားသည့်နောက်ခံရှိပေလိမ့်မည်။ မရှိလျှင် နန်းမြို့တော်နံဘေးမှ မြစ်ကြီးတစ်စင်းကို အုပ်ချုပ်နိုင်မည်မဟုတ်။

“နဂါးသခင်တဲလ့ား။ သူက ယုတ်မာတဲ့ရေနဂါးတစ်ကောင်ထက် မပိုပါဘူး။ စွမ်းအားမြင့်အမွေအနှစ်ကို အားကိုးပြီး နတ်ဘုရားရာထူးယူထားတာပါ”

မြို့တော်နတ်ဘုရားက အထင်မကြီးဟန်ဖြင့် ပြောသည်။

“သခင်..”

စာပေနတ်မင်း နည်းနည်းလန့်သွားသည် မြို့တော်နတ်ဘုရားတစ်ယောက်သည် အဆင့်နိမ့်သည်ဟု မဆိုသာသော်လည်း မြစ်နဂါးနတ်ဘုရားတစ်ယောက်နှင့် ယှဉ်၍မရ။ နဂါးသခင် မြစ်နှင့်ဝေးနေလျှင်ပင် လောကကိုကိုင်လှုပ်နိုင်သည့် ပင်လယ်ပြောင်းပြန်လှန်ပစ်နိုင်သည့် ကြောက်စရာစွမ်းအားမျိုးရှိသည်။

ဆွေးနွေးပြောဆိုမှုများသည် အဓိပ္ပါယ်မရှိ။ ထိုဝေဖန်စကားမျိုးက ကပ်ဆိုးတစ်ခုသို့ ဦးတည်သွားနိုင်သည်။

“ထိတ်လန့်နေစရာမလိုပါဘူး။ ဒီနဂါးယုတ် ခေါင်းဖြတ်ခံရပြီးပြီ။ မင်းနဲ့ငါ့ကို ဒုက္ခမပေးနိုင်တော့ပါဘူး”

လန့်နေသည့် စာပေနတ်မင်းကိုကြည့်လျက် မြို့တော်နတ်ဘုရား ပြုံး၍ပြောလိုက်သည်။

“စန့်ကျန်းနဂါးသခင် သေသွားပြီပေါ့”

စာပေနတ်မင်း အံ့အားသင့်သွားသည်။ တာ့ကျင်းသရဲအသိုင်းအဝိုင်းကို တုန်လှုပ်သွားသည်။စေနိုင်သည့် သတင်းမျိုးဖြစ်သည်။ သူတစ်ခါမှ မကြားဖူးခဲ့။ ယနေ့မှ သိရခြင်းဖြစ်သည်။ သူ့အဆင့်အတန်းက နိမ့်လွန်း‌သောကြောင့်လည်း ဖြစ်နိုင်သည်။

“ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ။ အသေဆိုးနဲ့သေခဲ့ရတာပါ။ အဆင့်မြင့် မြစ်နတ်ဘုရားတစ်ပါးက ဒီလိုအခြေအနေနဲ့ အဆုံးသတ်သွားတာ။ အမှန်တော့ သူဒီလိုပုံစံနဲ့ တကယ်သေသင့်တာပါ”

မြို့တော်နတ်ဘုရားက နည်းနည်း‌ပျော်ရွှင်နေဟန်ဖြင့် ရယ်မောလိုက်သည်။

“စန့်ကျန်းနဂါးသခင်နာမည်ကို ကြားဖူးပေမယ့် သူ့အကြောင်းသိပ်မသိဘူး။ သူဘာတွေများလုပ်ခဲ့လို့ သခင်သူ့ကို ဒီလောက်မုန်းနေတာလဲ။ ပြီးတော့ သူဘာလို့ ဒီလိုအဖြစ်ဆိုးကြုံရတာလဲ”

စာပေနတ်မင်း ပြန်မေးလိုက်သည်။

“ငါလည်း သူ့အကြောင်းသိပ်မသိပါဘူး။ တိုင်းတစ်ပါးကနေရောက်လာတယ်ဆိုတာပဲသိတယ်။ တကယ့် နဂါးအစစ်တစ်ကောင်ရဲ့သားလို့ ကောလဟာလပြောကြတယ်”

“သဘောပေါက်ပါပြီ”

စာပေနတ်မင်း နားလည်လာသည်။ ထိုစကားအမှန်ဆိုလျှင် နဂါးသခင် မြစ်နတ်ဘုရားရာထူးရသည်မှာ မဆန်းတော့။

“ဒီနဂါးကဲ့ ယုတ်ညံ့တဲ့လုပ်ရပ်တွေကို ငါကိုယ်တိုင်မြင်ခဲ့ရတယ်”

နဂါးသခင်အပေါ် အလိုမကျသည့်အဖြစ်ကို မြို့တော်နတ်ဘုရားဖုံးကွယ်မထား။ ကံဆိုးသွားသည်ကို ကျေနပ်နေဟန်ရှိသည်။

“ဒီကောင့်မှာ ဝါသနာတစ်ခုရှိတယ်။ နှစ်တိုင်း လပြက္ခဒိန် ပထမလရဲ့ ဆယ့်ငါးရက်နေ့မှာ မြစ်ကမ်းနှစ်ဘက်က မိန်းကလေးဆယ်ယောက်ကို လာရှာပြီး အတင်းသိမ်းပိုက်တယ်။ပြီးတော့ ဒုတိယလ ဒုတိယနေ့ရောက်ရင် နဂါးနန်းတော်မှာ သူတို့ကို လက်ထပ်တယ်”

“နဂါးဆိုတာ ဒီလိုစရိုက်မျိုးရှိတာပါပဲ”

ဘာမှထူးခြားသည်ဟု စာပေနတ်မင်း မထင်။ မိန်းကလေးများကို ရွေးချယ်လက်ထပ်သူက အင်အားကြီး မြစ်နဂါးနတ်ဘုရားဖြစ်သည်။ သေမျိုးမိသားစုများအတွက်လည်း သမီးပျိုများ နဂါးသခင်နှင့် လက်ထပ်ခွင့်ရသည့်အတွက် ကံထူးခြင်းပင်ဖြစ်သည်။

“ဒီလူယုတ်မာက လူသားဓလေ့ကိုယူပြီး နှစ်တိုင်း မိန်းကလေးဆယ်ယောက်ကို အတင်းခေါ်သွားတာ ငါတို့က သည်းခံနေရမှာလား”

“သခင်၊ ဒါက..”

စာပေနတ်မင်း ဘာပြန်ပြောရမှန်းမသိ.

“ငါ့ကို ရှင်းပြို့မလိုပါဘူး။ မင်းတွေးတာ ငါနားလည်တယ်။ ဒါပေမယ့် ဒီနဂါးယုတ်က ဒီလောက်ပဲလုပ်ခဲ့ရင် သူ့ကိုသုတ်သင်ဖို့ ငါအကူအညီခေါ်ခဲ့စရာ မလိုဘူး။ ဒါပေမယ့် သူခေါ်သွားတဲ့မိန်းကလေးတွေကို နောက်ထပ်လုံးဝပြန်မမြင်ရတော့ဘူး။ အမြဲတမ်း အဲဒီအတိုင်းပဲ ထပ်တလဲလဲဖြစ်ခဲ့တယ်”

“အဲဒီ့မိန်းကလေးတွေက..”

စာပေနတ်မင်း ချက်ချင်း အတွေးတစ်ခုပေါ်လာပြီး နည်းနည်းမျက်လုံးပြူးသွားသည်။

“ဒီကောင်က လူသားကြိုက်တယ်လို့ ကောလဟာလပြောကြတယ်”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ တော်ဝင်ရုံးတော်အရာရှိတွေ၊ တော်တင်စာပေပညာရှင်တွေက ဒီလိုကိစ္စကို လျစ်လျူရျုထားတာလား။ အင်ပါယာကရော မမြင်သလိုဟန်ဆောင်နေတာလား။ နန်းမြို့တော်နတ်ဘုရားကရော ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေတာလား”

စာပေနတ်ဘုရား မယုံနိုင်အောင်ဖြစ်သွားသည်။

“အဲဒါက ကောလဟာလပဲလေ။ သက်သေမှမရှိတာ။ အင်ပါယာ ဒါမှမဟုတ် အရာရှိတွေထဲမှာ မြစ်နဂါးနတ်ဘုရားတစ်ယောက်ကို အရေးယူဖို့ ဘယ်သူအကြံပြုမှာလဲ။ ဒီနဂါးကို ခေါင်းဖြတ်နိုင်ရင်တောင် တိုင်းခြားကရောက်လာမယ့် နဂါးအစစ်ရဲ့ဒေါသကို ဘယ်သူခံနိုင်မှာလဲ”

မြို့တော်နတ်ဘုရား မေးခွန်းပြန်ထုတ်သည်။ ထို့နောက် အော်ဟစ်ရယ်မောနေသည်။

“ပြီးတော့၊ ဒီသတင်းအမှန်ဆိုရင်တောင် တစ်နှစ်မှ မိန်းကလေးဆယ်ယောက်ပဲလေ။ ဒါလောက်နဲ့ စန့်ကျန်းမြစ်နဂါးကို ထိန်းထားနိုင်ရင် တစ်ချို့လူတွေက သိပ်ကောင်းတဲ့အလဲအလှယ်ပဲလို့တောင် ထင်နေကြမှာ”

“အဓိပ္ပါယ်မရှိတာပဲ”

“ဒါပေါ့၊ တကယ်အဓိပ္ပါယ်မရှိဘူး။ ဒါကြောင့်လည်း နဂါးယုတ် ဒီလိုအဆုံးသတ်သွားတာ”

“အဲဒါ ဒီနှစ်ရဲ့ထိပ်တန်းစာပေပညာရှင်လက်ချက်လား”

စာပေနတ်မင်းနှုတ်မှ လွှတ်ခနဲထွက်သွားသည်။ ယခုအထိ သူမခန့်မှန်းနိုင်သေးလျှင် တုံးအလွန်း၍သာဖြစ်လိမ့်မည်။ သို့သော် ပြောလိုက်ပြီးမှ အတော်ယုံရခက်သည့်ကိစ္စမျိုးဖြစ်ကြောင်း သူခံစားမိသည်။ ဖြစ်နိုင်စရာပင်မရှိ

“ဒီနှစ် လပြက္ခဒိန် ပထမလမှာ လူငယ်စာဖြေသူတစ်ယောက် ရွာသားတစ်ယောက်ရဲ့အိမ်မှာ တည်းခိုတယ်။ အဲဒီ့ရွာသားမှာ အတော်လှတဲ့ သမီးတစ်ယောက်ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ပထမလ ဆယ့်ငါးရက်နေ့မှာ အဲဒီ့မိန်းကလေးကို နဂါးယုတ်က ရွေးချယ်ခဲ့တယ်။ စေ့စပ်ကြောင်းလမ်းစာတစ်စောင့် အတင်းအကြပ်ပို့တယ်။ စာဖြေလာတဲ့လူငယ်က အဲဒီအကြောင်းသိသွားတယ်။

“ဒုတိယလ ပထမရက်မှာ ချုန်ရှန်းပြည်နယ်မြို့တော်နတ်ဘုရားက သူ့လက်အောက်က သရဲနတ်ဘုရားတွေနဲ့အတူ လူငယ်တစ်ယောက် သုံးပေရှည်တဲ့အစိမ်းယောင်ဓားနဲ့ မြစ်ဘေးမှာ နဂါးကိုခေါင်းဖြတ်နေတာ မြင်ကြတယ်။ ဓားလှုပ်ရှားလိုက်တဲ့အချိန်မှာ တရားမျှတမှုဩဇာက အရပ်လေးမျက်နှာနဲ့ အထက်စကြာဝဠာတစ်ခုလုံး ပျံ့သွားတယ်။ အဲဒီကတည်းက စန့်ကျန်းမြစ်နတ်ဘုရားရာထူးနေရာ လစ်လပ်သွားတာပဲ”

မြို့တော်နတ်ဘုရားက အတိတ်ကိုပြန်အောက်မေ့နေဟန်ဖြင့် ဖြေးဖြေးချင်း ပြောလိုက်သည်။

အတိတ်ဘဝက သူကိုယ်တိုင် ထိုသို့လုပ်ရန် အကြိမ်ရာထောင်မက စိတ်ကူးခဲ့ဘူးသည်။ သို့သော် သူသေဆုံး၍ သရဲနတ်ဘုရားဖြစ်လာပြီးနောက်မှာပင် နဂါးယုတ်၏အကြေးခွံတစ်ခုတစ်လေကိုမျှ မထိနိုင်ခဲ့။ ယခု အသက်နှစ်ဆယ်မပြည့်သေးသည့် လူငယ်တစ်ယောက်က သူ့စိတ်ကူးကို အောင်မြင်အောင် လုပ်သွားသည်။ သူ့တစ်သက်တာဆန္ဒကို ဖြည့်ဆည်းသွားသည်။

“ကျုပ်စိတ်ထဲ ရှုပ်ထွေးနေတာတွေကို ရှင်းလင်းပေးတာ ကျေးဇူးတင်ပါတယ်သခင်”

နဂါးသတ်ခဲ့သည့်လူငယ်အကြောင်း သိရပြီးနောက် စာပေနတ်မင်း အသိဝင်လာပြီး လေးလေးနက်နက်ဦးညွှတ်အရိုသေပြုလိုက်သည်။

ယခုနှစ်ထိပ်တန်းစာပေပညာရှင်သည် အရင်ကစာပေထိပ်သည်းများနှင့်မတူကြောင်း ပြောခဲ့သည့် မြို့တော်နတ်ဘုရား၏စကားကို သူနားလည်သွားပြီဖြစ်သည်။

စာစစ်မှု၏ သဘောကျမှုမကျမှု။ စာစစ်မေးခွန်း ခက်ခဲခြင်းမခက်ခဲခြင်း။ ဤခြောက်ထပ်ကွမ်းစာပေပညာရှင်အတွက် ဘာမှအရေးမကြီးတော့။ စာမေးပွဲခန်းတွင်ဝင်ထိုင်၍ ဖြေဖို့သာလိုသည်။

အမှားအယွင်းရှိလျှင် စာစစ်မှူး၏အမှားသာဖြစ်မည်။ မေးခွန်းမှားခြင်း၊ သို့မဟုတ် သူ့နိုင်ငံရေးအမြင်မှားခြင်းဖြစ်မည်။

နန်းတော်စာမေးပွဲတွင် အင်ပါယာသဘောကျမှုမကျမှုကိစ္စ။

နဂါးပလ္လင်ပေါ်တွင် မျောက်တစ်ကောင်တစ်ထိုင်နေလျှင်ပင် ယခုနစ် ထိပ်တန်းစာပေပညာရှင် ဘယ်သူဖြစ်သင့်မှန်း သိပေလိမ့်မည်။

******************************************

All Chapters