← Chapters

နဂါးမျိုးနွယ်၏ မူလနဂါးအစွမ်း

Vol. 5 Ch. 64

နဂါးမျိုးနွယ်၏ မူလနဂါးအစွမ်း

Vol. 5 Ch. 64

ဓားရှည် ပေါ်လာသည်နှင့် မီးတောက်စိမ်းများဖြင့် ဖွဲ့စည်းထားသော မိစ္ဆာဝိဥာဥ်၏ ခန္ဓာကိုယ်က အချိန်မရွေး ပြိုကွဲပျက်စီးသွားတော့မည့်အလား တုန်ယင်လာသည် ။

မိစ္ဆာဝိဥာဥ်မှာ ဓားရှည်ကိုကြည့်ကာ ကြောက်လွန်းသဖြင့် စိတ်ထဲမှ အော်လိုက်သည်။

" ဝိဥာဥ် သုတ်သင် ဓား ပါလား .. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ငါ့ကို သွားခွင့်ပေးပါကွာ ။ ခုချိန်ကစပြီး ငါ မင်းနဲ့ ဝေးဝေးမှာပဲ နေပါ့မယ် "

မိစ္ဆာဝိဥာဥ်မှာ ဤတစ်ကြိမ်တွင် အမှန်တကယ် ကြောက်ရွံ့နေ၏။

သို့သော် ...

" သွားခွင့်ပေးရမယ် .. ဟုတ်လား ... နောက်ကျသွားပြီကွ "

လောထျန်းက ထိုသို့ပြောကာ ဓားရှည်ဖြင့် ခုတ်လိုက်သည်။

ဘုန်း ...

ဝိဥာဥ် သုတ်သင်ဓား ပေါ်တွင် အစွမ်းထက်သော ဝိဥာဥ်စွမ်းအင်များ ထွက်ပေါ်လာပြီး မိစ္ဆာဝိဥာဥ်၏ ခန္ဓာကိုယ်အား ချက်ချင်း ချေမှုန်းပစ်လိုက်တော့သည်။

" အရှုံးမပေးနိုင်ဘူးကွ .. ငါ နဂါးသင်္ချိုင်းမြေကနေ နောက်ဆုံး ထွက်လာနိုင်ပြီးတော့ အချုပ်အနှောင်ကိုလဲ ဖျက်ဆီးနိုင်ခဲ့ပြီ ။ အောင်မြင်ဖို့ လက်တကမ်းပဲ လိုတော့တာ .. "

မိစ္ဆာဝိဥာဥ် နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။

သို့သော် .. နောက်ကျသွားခဲ့လေပြီ ။

ခဏအကြာတွင်မူ မိစ္ဆာဝိဥာဥ်၏ ခန္ဓာကိုယ်က ကောင်းကင်နှင့် မြေကြီးမှ လုံးဝ လွင့်စင်ပျောက်ကွယ်သွားတော့၏။

သူ မရှိခဲ့ဖူးသည့်အတိုင်းပင် ...

လောထျန်းက လက်ကို ဝေ့ယမ်းလိုက်ရာ ဝိဥာဥ်သုတ်သင်ဓားနှင့် ဝိဥာဥ်ဖိနှိပ် သံချောင်းတို့ ပြန်ပျောက်ကွယ်သွားကြသည်။

ထို့နောက် သူက မလှမ်းမကမ်းတွင် ရှိနေသော နတ်ဆိုးဘုရင်အား လှည့်ကြည့်လိုက်သည်။

နတ်ဆိုးဘုရင်မှာ မှင်သက်ဆွံ့အနေ၏။

လွန်ခဲ့သော စက္ကန့်ပိုင်းကပင် သူ နိုင်သွားပြီး လောထျန်း သေရတော့မည်ဟုသာ သူ ထင်နေခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ အားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ ။

သူ အားကိုးအားထား ပြုရသည့် မိစ္တာဝိဥာဥ်က သေဆုံးသွားခဲ့ပြီဖြစ်သည်။

သူ့ရှေ့တွင် ကျန်နေသည့် တစ်ယောက်တည်းသော သားရဲမှာ လောထျန်းပင် ။

" အ .. သခင်ကြီး .. ကျုပ် သခင်ကြီးကို ကျုပ်ရဲ့ သခင်အဖြစ် သတ်မှတ်ပါတယ် "

နတ်ဆိုးဘုရင်က ဟန်ဆောင်ပြုံး၍ ပြောလိုက်သည်။

သို့သော် လောထျန်းက သူ့စကားကို လျစ်လျူရှုကာ လက်ဖြင့် နောက်ပြန်ရိုက်ချလိုက်သည်။

ဘုန်း ..

နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ကွဲသွား၏။ ၎င်းက မူလခန္ဓာကိုယ် ပြန်ရရန် စုစည်းနေစဥ်မှာပင် ..

လောထျန်းက လက်သီးဖြင့် သုံး ၊ လေး ချက် ဆက်ထိုးလိုက်သည်။

ဖုန်း .. ဖုန်း ... ဖုန်း ...

ထိုလက်သီးချက်များနောက်တွင်မူ မြေပြင်တွင် အသားအပိုင်းလိုက်ပင် ရှိမနေတော့ပဲ အမှုန့်များသာ ကျန်နေခဲ့တော့၏။

နတ်ဆိုးဘုရင်၏ ကိုယ်အရောင်အဝါမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ ။

မသေမျိုး ခန္ဓာကိုယ် ရှိသည်ဟု နာမည်ကျော်ခဲ့သည့် သားရဲက ပြာအဖြစ် ​ရောက်သွားခဲ့ရပြီဖြစ်သည်။

" အမှိုက်ကောင် "

လောထျန်းက ဒေါသတကြီး ပြောကာ လှည့်ထွက်ရန် ပြင်လိုက်သည် ။

သို့သော် ထိုအချိန်မှာပင် ...

ဝီ ...

အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်ကို သူ သတိထားမိလိုက်၏။

" ဟင် "

လောထျန်း လှည့်ကြည့်လိုက်သောအခါ မိစ္ဆာဝိဥာဥ် ရှိနေခဲ့သည့် နဂါးအရိုးက မြေကြီးပေါ်၌ ဆက်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

ယခင်က ထိုနဂါးအရိုးပေါ်တွင် သွေးနီရောင် အလင်းတန်းတစ်ခု ရှိနေခဲ့သော်လည်း ..

ယခုတွင်မူ နဂါးအရိုးများက အဖြူရောင်အဖြစ်သာ ​ရှိနေ၏။

လောထျန်း ကြည့်နေစဥ်မှာပင် နဂါးအရိုးများက ပြောင်းသ့ားကြပြန်သည်။

၎င်းအရိုးပေါ်၌ မှေးမှိန်သော အရိပ်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။

လောထျန်း မျက်မှောင်ကြုံ့သွားကာ အေးစက်စက် ပြောလိုက်သည် ။

" မပြီးသေးဘူးလား .. လာပြန်ပြီလား နောက်ထပ် မိစ္ဆာဝိဥာဥ် .. "

သူက ပြောပြီးသည်နှင့် လက်ကို ဆန့်ထုတ်လိုက်ရာ ဝိဥာဥ်သုတ်သင်ဓား ပြန်ပေါ်လာသည် ။

သို့သော် ထိုစဥ်မှာပင် နဂါးအရိုးပေါ်မှ အရိပ်က ရုတ်တရက် အော်ပြောလာ၏။

" ကျေးဇူးရှင်လေး ..ခန နေပါဦး "

" ကျေးဇူးရှင်လေး . ဟုတ်လား "

လောထျန်း အံ့အားသင့်သွားကာ အရိပ်အား သေချာစိုက်ကြည့်လိုက်သည်။

ထိုအချိန်မှသာ နဂါးအရိုးပေါ်မှ အရိပ်က သေးငယ်သော နဂါးလေးတစ်ကောင် ဖြစ်နေသည်ကို သူ သတိထားမိလိုက်၏။

" မင်းက ဘယ်သူလဲ "

လောထျန်းက အံ့သြတကြီး မေးလိုက်သည်။

နဂါးလေး ရှောက်လုံက ခပ်မြန်မြန် ပြန်ဖြေ၏။

" ကျေးဇူးရှင်လေး .. ကျုပ်က နဂါးမျိုးနွယ်စုက အဖွဲ့ဝင်တစ်ယောက်ပါ ။ ဒီအရိုးတွေက ကျုပ်ရဲ့ အရိုးတွေပဲ "

" အော် .. ဒါဆို ခင်ဗျားက သေသွားတဲ့ နဂါးပေါ့ "

လောထျန်း အံ့သြတကြီး ပြောသည် ။

ရှောက်လုံက အောင့်သက်သက်ပြုံး၍ ပြန်ဖြေ၏။

" ဟုတ်ပါတယ် ။ ကျုပ်က တခြားသူဆီမှာ ပြန်ဝင်စားဖို့ မျှော်လင့်ချက်နဲ့ နဂါးသင်္ချိုင်းမြေမှာ စောင့်နေခဲ့တာကြာပြီ ။ ဒါပေမယ့် ဟိုးလွန်ခဲ့တဲ့ နှစ်တွေက ကံဆိုးပြီးတော့ မိစ္ဆာဝိဥာဥ်တစ်ကောင်က ကျုပ်အရိုးတွေကို အပိုင်စီးသွားခဲ့တယ် ။သူ့ကြောင့် ကျုပ်ရဲ့ စိတ်ဝိဥာဥ်တောင် ညစ်နွမ်းသွားခဲ့ရတယ် "

" ကျုပ်က ဒီ မိစ္ဆာဝိဥာဥ်ကို ပြန်တိုက်ခိုက်ခဲ့သေးပေမယ့် သူက သားရဲတွေနဲ့ လူသားတွေရဲ့ အသွေးအသားကို စတေးပြီး ကျုပ်အရိုးတွေကို အပိုင်စီးသွားခဲ့တာ ။ တကယ်လို့ ကျေးဇူးရှင်လေးသာ မရောက်လာဘူးဆိုရင် ကျုပ်က သိပ်မကြာခင်မှာပဲ အသိစိတ်မရှိတော့ ဝိဥာဥ်တစ်ကောင် ဖြစ်သွားပြီးတော့ ဒီမိစ္ဆာဝိဥာဥ်ရဲ့ အစာ ဖြစ်သွားတော့မှာ "

ထိုစကားကို ကြားသောအခါ လောထျန်းက ခေါင်းအသာ ညိတ်လိုက်သည်။

" ဒါဆို အခု ခင်ဗျားက လွတ်လပ်သွားပြီပေါ့ "

သူက ထိုသို့ ပြောပြီးသည်နှင့် ထွက်သွားရန် ပြင်လိုက်ပြန်၏။

" ခဏလေး နေပါဦးဗျာ "

ရှောက်လုံက ပြောလိုက်ပြန်သည်။

" တခြား ဘာကျန်သေးလို့လဲ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ကျေးဇုးရှင်လေး .. ကျုပ်က မိစ္ဆာဝိဥာဥ်ရဲ့ လက်က လွတ်ပြီဆိုပေမယ့် ၊ နဂါးသင်္ချိုင်းမြေမှာသာ ဆက်မနေရင် မကြာခင်မှာ ကျုပ်အရိုးတွေက အငွေ့ပျံပြီး ပျောက်ကွယ်သွားရတော့မှာ ။ ဆိုတော့ ကျေးဇူးပြုပြီး ကျုပ်ကို ထျန်းလုံသင်္ချိုင်းမြေဆီ ပြန်ပို့ပေးလို့ ရမလားခင်ဗျာ "

ရှောက်လုံက ပြောလိုက်သည်။

" နဂါး သင်္ချိုင်းမြေကို ကျုပ် မသိဘူးဗျ ၊ တခြားတစ်ယောက်ကိုပဲ ရှာလိုက်ပါ "

လောထျန်းက ထွက်ခွာရန် ပြင်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ ရှောက်လုံ အရှက်ရသွား၏။

သူသည် နဂါးတစ်ကောင် ဖြစ်နေသည့်တိုင် တစ်ဖက်လူက သူ့အား လေးလေးစားစား မဆက်ဆံဘဲ သူ့ တောင်းဆိုမှုကို ချက်ချင်း ငြင်းပစ်ခဲ့သည်။

ရှောက်လုံ ထိုသို့တွေးကာ  စိတ်ဓာတ်ကျနေစဥ်မှာပင် ထွက်သွားသော လောထျန်းဆီမှ တစ်ယောက်တည်း ရေရွတ်သံကို ကြားလိုက်ရသည်။

" ဒီကောင်က ဘာကောင်လဲ ၊ လူတစ်ယောက်ကို အကူအညီတောင်းတာတောင် အဲ့လူအတွက် ဘာမှ ပြန်လုပ်ပေးမယ် မရှိဘူး ။ဒါနဲ့များ နဂါးမျိုးနွယ်စုကတဲ့ ... တော်တော် မောက်မာတာပဲ "

ထိုစကားကို ကြားသောအခါ ရှောက်လုံ ချက်ချင်း အသိဝင်သွားပြီး ပြောလိုက်၏။

" ကျေးဇုးရှင်လေး .. ကျုပ် ကို ကူညီပေးရင် ကျေးဇူးပြန်ဆပ်မှာပါ "

ထိုအချိန်မှသာ လောထျန်း လှည့်လာပြီး သူ့ကိုကြည့်၍ မေးလိုက်သည်။

" ဘယ်လို ကျေးဇူးပြန်ဆပ်မှာလဲ "

ရှောက်လုံက ပြော၏။

" ကျုပ်တို့ နဂါးမျိုးနွယ်က ဟိုးအရင်ကလောက် အင်အားမကြီး ၊ နာမည် မကျော်တော့ပေမယ့် ကျုပ်တို့က ဒီကမ္ဘာကြီးမှာရှိတဲ့ အစွမ်းထက်ဆုံး မျိုးနွယ်တွေထဲက တစ်ခုပဲ ။ ကျုပ်ကို ပြန်ပို့ပေးတာနဲ့ ကျုပ်တို့ မျိုးနွယ်က လူတွေက သခင်လေးအပေါ် မတရား ဆက်ဆံတော့မှာ မဟုတ်ဘူး "

ထိုစကားကို ကြားသောအခါ လောထျန်းက နှာခေါင်းနှိုက်၍ ပြောလိုက်သည်။

" ခင်ဗျား ပြောလို့ ပြီးပြီလား "

" ဟင် .. "

ရှောက်လုံ ဘာပြန်ပြောရမည်မသိ ဖြစ်သွား၏။

လောထျန်းက ချာခနဲ လှည့်ထွက်သွားလိုက်ပြန်သည် ။

" ချီးပဲကွာ .. ငါ့ကိုများ စကားလုံးလှလှလေးတွေ သုံးပြီး လာပြောနေသေးတယ် ။ ငါ့ကို အရူးလို့ ထင်နေလား မသိပါဘူး "

ထိုစကားကို ကြားသောအခါ ရှောက်လုံ အရှက်ရသွားပြန်၏။

" ကျေးဇူးရှင်လေး .. ခန စောင့်ပါဦး ။ တခြား အကျိုးကျေးဇူးတွေလဲ အများကြီး ရဦးမှာပါ "

ရှောက်လုံ ထပ်အော်ပြောလိုက်သည်။

လောထျန်း ပြန်လှည့်လာ၏။

" ခင်ဗျားကို နောက်ဆုံး အခွင့်အရေး တစ်ခါပေးမယ် ။ ကျုပ်ကို ဘာအဓိပ္ပါယ်မှ မရှိတဲ့ စကားတွေ လျှောက်မပြောနဲ့ "

ရှောက်လုံက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" ကောင်းပါပြီ ၊ သခင်လေးသာ ကျုပ်ကို နဂါးသင်္ချိုင်းမြေကို ပြန်ပို့ပေးမယ်ဆိုရင် ကျုပ်အရိုးထဲမှာ ကျန်နေတဲ့ မူလနဂါးစွမ်းအင်ရဲ့ တစ်ဝက်ကို ပေးမယ် "

" မူလ နဂါးစွမ်းအင် ဟုတ်လား .. အဲ့ဒါကို ဘယ်မှာ သုံးလို့ရလဲ "

လောထျန်းက မေးလိုက်သည်။

ရှောက်လုံက ပြောပြ၏။

" မူလ နဂါးစွမ်းအင်ဆိုတာ နဂါးမျိုးနွယ်ရဲ့အဓိက  စွမ်းအင် အရင်းအမြစ်ပဲ ။ ကျုပ် ခန္ဓာကိုယ်က သေသွားပြီ ဆိုပေမယ့် ဒီ နဂါးအရိုးက ကျုပ်ရဲ့ မူလစွမ်းအင် အရင်းအမြစ်ပဲ ဗျ ။ ဒီထဲမှာပါတဲ့ စွမ်းအင်က အင်မတန် အစွမ်းထက်တယ် "

သူက ပြောပြီးသည်နှင့် သေဆုံးနေကြသော သားရဲများ၏ အလောင်းကို ညွှန်ပြလိုက်သည်။

" ကျေးဇူးရှင်လေး .. ဒီသားရဲတွေရဲ့ အစွမ်းကို တွေ့ခဲ့ရတယ် မဟုတ်လား "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် "

ရှောက်လုံ စကားဆက်လိုက်၏။

" တကယ်တော့ ဒီသားရဲတွေက အစပိုင်းမှာ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်နဲ့ စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့်မှာပဲ ရှိကြတာ ။နတ်ဆိုးဘုရင်တောင် စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်မှာပဲ ရှိနေခဲ့ပြီးတော့ ဒီတစ်သက်ကြိုးစားရင်တောင် နောက်တစ်ဆင့်ထပ်တက်ဖို့ မလွယ်ဘူး "

" ဒါပေမယ့် မိစ္ဆာဝိဥာဥ်က ကျုပ်ရဲ့ မူလနဂါးစွမ်းအင်ကို ခိုးယူပြီးတော့ သူ့ကိုယ်သူ ဒီသားရဲတွေရဲ့ ခန္ဓာကိုယ်မှာ ခဏကပ်နေခဲ့တယ် ။ ဒါ့ကြောင့်မို့ ဒီသားရဲတွေက ထုံရွှယ်အဆင့်လောက်ထိကို အစွမ်းထက်လာကြတာပဲ "

ထိုစကားကြောင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" ဒါ .. တကယ်ကြီး ဖြစ်နိုင်တယ်ပေါ့ .. အခု ခင်ဗျားဆီမှာ မူလနဂါးစွမ်းအင် ဘယ်လောက် ကျန်သေးလဲ "

ရှောက်လုံက ပြုံး၍ ပြောလိုက်သည်။

" မိစ္ဆာဝိဥာဥ်က ရက်စက်ယုတ်မာပေမယ့် ကျုပ်တို့ နဂါးမျိုးနွယ်ရဲ့ အစွမ်းကို အဲ့လိုလွယ်လွယ်နဲ့ ခိုးလို့ မရဘူးဗျ ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာတောင် သူ ရခဲ့တဲ့ နဂါးစွမ်းအင်က ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတယ် ။ ကျန်တဲ့ နဂါးစွမ်းအင် အများစုက ကျုပ်ဆီမှာပဲ ကျန်နေသေးတာ ။ ကျုပ်ရဲ့ ဒီမူလနဂါးစွမ်းအင် နဲ့သာဆိုရင် ကျေးဇူးရှင်လေးရဲ့အစွမ်းက အများကြီး တိုးတက်သွားလိမ့်မယ် ၊ အခု ကြည့်လိုက်ဗျာ "

သူ ပြော​ပြီးသည်နှင့် နဂါးအရိပ်က ဖျတ်ခနဲ လက်သွားပြီး နဂါးအရိုးမှ ရွှေရောင်စွမ်းအင်တစ်ခု ထွက်လာကာ ဖြည်းညင်းစွာ စီးဆင်းသွားသည်။

" ကျေးဇူးရှင်လေး .. ပြန် မခုခံပါနဲ့ .. ကျုပ် ဒီစွမ်းအင်တွေကို သခင်လေးရဲ့ ကိုယ်ထဲ စီးဆင်းခိုင်းပြီးတော့ သခင်လေးရဲ့အစွမ်းကို မြှင့်တင်ခိုင်းလိုက်မယ် "

ရှောက်လုံက ပြောကာ ရွှေရောင်စွမ်းအင်များအား လောထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားစေလိုက်သည်။

လောထျန်း၏ ခန္ဓာကိုယ်အတွင်း၌ ရွှေရောင်စွမ်းအင်များ ဖြည်းညင်းစွာ စီးဆင်းသွား၏။

" ကျေးဇူးရှင်လေး .. ဒါ ကျုပ် မူလအစွမ်းရဲ့ ဆယ်ပုံတစ်ပုံစာပဲ ရှိတယ် ။ ဒီစွမ်းအင်တွေကို သန့်စင်လိုက်ရုံနဲ့ ကျေးဇူးရှင်လေးရဲ့ အစွမ်းက ပိုမြင့်တဲ့ အဆင့်ကို သူ့အလိုလို ရောက်သွားလိမ့်မယ် ။ ဒါပေမယ့် ဒီစွမ်းအင်တွေက အစွမ်းထက်တာမို့ အားလုံးကို သန့်စင်ပြီးဖို့ဆိုရင် နှစ်နဲ့ချီပြီးတော့ အချိန်ပေးရလိမ့်မယ် "

ရှောက်လုံက အပြုံးဖြင့် ရှင်းပြလိုက်သည်။

လောထျန်းက သူ့စကားကို လျစ်လျူရှုကာ ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကို တိတ်တဆိတ် စတင်လေ့ကျင့်လိုက်သည်။

ထိုသို့ စလေ့ကျင့်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ နဂါးစွမ်းအင်များက ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် စတင် သန့်စင်လာ၏။

ဆယ်စက္ကန့်ကျော်မျှ ကြာပြီးနောက်တွင်မူ သူ့ကိုယ်ထဲမှ နဂါးစွမ်းအင်များအားလုံးကို လောထျန်း စုပ်ယူ၍ ပြီးသွားတော့သည်။

All Chapters