← Chapters

လောထျန်း၏ ပါရမီ

Vol. 5 Ch. 69

လောထျန်း၏ ပါရမီ

Vol. 5 Ch. 69

အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်သောအခါ မျက်နှာထားတင်းတင်းဖြင့် ရပ်နေသည့် မိန်းမချောလေး တစ်ယောက်ကို တွေ့လိုက်ကြသည်။

" သူက ဘယ်သူလဲ ၊ ဘယ်မိသားစုက ပါရမီရှင်လေးလဲ "

" သူ့အဝတ်အစားကို ကြည့်ရတာတော့ ကျိုးယွဲ့ဂိုဏ်းကနဲ့ တူတယ် "

" ဒုတိယတန်းအဆင့် ရှိတဲ့ ကျိုးယွဲ့ဂိုဏ်းကလား "

" ကျိယွဲ့ဂိုဏ်းရဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ ဝူယွီရို့လို့ခေါ်တဲ့ ပါရမီရှင် မိန်းကလေးတစ်ယောက် ရှိတယ်လို့တော့ ကြားတယ် ။ သူများ ဖြစ်နေမလား "

" သူက လောချန်နဲ့ တခြားသူတွေလောက် အစွမ်းထက်နိုင်လား "

" အဲ့ဒါတော့ သေချာ မသိဘူးကွ "

လူအုပ်ကြီး တစ်ယောက်တပေါက် ပြောနေစဥ်မှာပင် ဝူယွီရို့က ကျောက်ပြားဆီသို့ ဖြည်းညင်းစွာ လျှောက်လာ၏။

စစ်ထူရှင်းက သူမကိုကြည့်ကာ မျက်မှောင်ကြုံ့သွားသည်။

" ကြည့်ရတာ ယဲ့ဖုန်းနိုင်ငံမှာ လောမိသားစုအပြင်ကို တခြား ပါရမီရှင်တွေ ရှိနေပါ့လား "

သူက ပြုံး၍ ပြောလိုက်သည်။

ဝူယွီရို့က သူ့ကို လျစ်လျူရှုကာ ကျောက်ပြားဆီသို့သာ သွား၍ စိတ်စွမ်းအင်အချို့ ထုတ်လွှတ်လိုက်၏။

ဝီ ...

ရုတ်ချည်းပင် ကျောက်ပြားပေါ်၌ စာတစ်ကြောင်း ပေါ်လာသည်။

ထိုစာကို မြင်သောအခါ အားလုံး အံ့သြတုန်လှုပ်သွားကြသည်။

" ဝူယွီရို့ ၊ အသက် ၁၇ နှစ် ၊ စိတ်ဝိဥာဥ်အသွင်ပြောင်း ပထမအဆင့် ဆိုပါလား .. အသက် ၁၇ နှစ်နဲ့ ဒီအဆင့်ကို ရောက်နေပြီပေါ့ ။ငါတို့ ယဲ့ဖုန်းနိုင်ငံမှာ ဒီလိုလူမျိုး တကယ်ရှိနေတာပဲ "

" ဘုရားရေ .. ငါ့အသက် ၁၇ နှစ်တုန်းကဆို ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတာ ။ မိန်းကလေးက စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်ကို တကယ်ကြီး ရောက်နေတာပဲ "

" ဒါတင် မကသေးဘူး ၊ သူ့ရဲ့ ပါရမီကလဲ ၅၈၃ မှတ်တဲ့ .. နည်းတဲ့ အဆင့်မဟုတ်ဘူး ။ မဟူရာတောင်ပံ နိုင်ငံနဲ့ ယွိလုံနိုင်ငံက ငါတို့နဲ့ မယှဥ်နိုင်တော့ဘူး "

" ဟားဟား .. ငါတို့ ယဲ့ဖုန်းနိုင်ငံမှာ ခုလို ပါရမီရှင်မျိုး ရှိတယ်ကွ ။ ငါတို့ကို ဘာမှ သုံးစားမရဘူးလို့ ဘယ်သူပြောနိုင်သေးလဲ "

တခဏအတွင်း ယဲ့ဖုန်းနိုင်ငံမှ လူများ၏ မျက်နှာက သိမ်ငယ်နေရာမှ ဝံ့ဝံ့ကြွားကြွား ဖြစ်သွားကြသည်။

သူတို့ကိုယ်တိုင် အမှတ်မြင့် ရသွားခဲ့သည့်အတိုင်းပင် ..

ထိုစဥ် သူတို့နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ဟန်ဝမ်ကျိုးမှာလဲ ၎င်းကိုကြည့်ကာ မျက်မှောင်ကြုံ့သွား၏။

" ကျုပ်က ယွိလုံနိုင်ငံ ၊ထျန်းဟယ်ဂိုဏ်းက ဟန်ဝမ်ကျိုးပါ ။ မိန်းကလေး ..ကျုပ်တို့ ထျန်းဟယ်ဂိုဏ်းကို ဝင်ချင်မလား သိချင်လို့ပါ .. ။ ကျုပ်တို့ ထျန်းဟယ်ဂိုဏ်းကိုဝင်ရင် ကျင့်ကြံခြင်းအတွက် ပိုကာင်းတဲ့ ပစ္စည်းတွေ ရမယ်ဆိုတာ ကျုပ် အာမခံရဲတယ် ။ သိုင်းပညာတွေ ၊ စိတ်စွမ်းအင်ကျောက်တုံးတွေ ၊ ဆေးရည်တွေ ဘာမဆို ရနိုင်တယ် "

ဟန်ဝမ်ကျိုးက ပြောလိုက်သည်။

သို့သော် ဝူယွီရို့ ပြန်မဖြေနိုင်ခင်မှာပင် စစ်ထူရှင်းက သူမဘေးသို့ ရောက်လာကာ ပြောလိုက်သည်။

" အကိုဟန်က လူတစ်ယောက်ကို ပေါ်တင်ကြီး လုယူမလို့လား ။ဒါဆို ကျုပ်လဲ ဝင်ပါရတော့မှာပေါ့ဗျာ ။ မိန်းကလေး .. ကျုပ်တို့ စစ်ထူမိသားစုကလဲ မင်းကို လေ့ကျင့်ဖို့ အကောင်းဆုံးပစ္စည်းတွေ ပေးနိုင်တယ် ။ ပြီးတော့ ကျုပ်တို့ စစ်ထူမိသားစုက ထျန်းဟယ်ဂိုဏ်းထက် အများကြီးပိုပြီး အစွမ်းထက်တယ်ဗျ ။ မိန်းကလေးဘက်က ကျုပ်တို့ စ်ထူမိသားစုရဲ့ တရားဝင် ဧည့်သည်တစ်ယောက်အဖြစ် စာရင်းသွင်းပြီး မိသားစုဘက်က လိုအပ်တဲ့အချိန် ကူညီပေးရုံပဲ "

" စစ်ထူရှင်း .. မင်း ဘာစကားပြောတာလဲ "

ထန်တျောင်လုံ ဒေါသထွက်သွားသည်။

" ဟားဟား ..ရယ်စရာကောင်းလိုက်တာကွာ ။ ခင်ဗျားတို့က လူတွေကို စည်းရုံးသိမ်းသွင်းရင် ရပြီးတော့ ကျုပ်က လုပ်ရင်တော့ မရဘူးပေါ့လေ "

စစ်ထူရှင်းက မကျေမနပ် ပြန်ပြော၏။

" မင်း .. "

ထန်တျောင်လုံ တိုက်ခိုက်ရန် ပြင်လိုက်သည် ။

သို့သော် ထိုအချိန်မှာပင် ဝူယွီရို့က ခေါင်းယမ်း၍ ပြော၏။

" ရှင်တို့ စကားများပြီး တိုက်ခိုက်နေဖို့ မလိုပါဘူးရှင် ။ကျွန်မက ကျိုးယွဲ့ဂိုဏ်းကပဲ ၊ ဂိုဏ်းသားတွေကိုရော ဆရာတွေကိုရော သစ္စာဖောက်မှာ မဟုတ်ဘူး ။ အဲ့တော့ ဒီကိစ္စကို ထပ်မပြောပါနဲ့ "

သုမ၏ စကားကြောင့် စစ်ထူရှင်း မျက်မှောင်ကြုံ့သွားသည်။

" ကောင်းပြီလေ ၊ မိန်းကလေးက ခုလိုပြောမှတော့လဲ ကျုပ် အတင်းမတိုက်တွန်းတော့ပါဘူး ။ ဒါပေမယ့် မိန်းကလေးအတွက် ကျုပ်တို့ စစ်ထူမိသားစုရဲ့ တံခါးက အမြဲဖွင့်ထားပါတယ် "

စစ်ထူရှင်းက ပြောလိုက်သည်။

" ထျန်းဟယ်ဂိုဏ်းကလဲ မိန်းကလေးကို အမြဲ ကြိုဆိုပါတယ် "

ဟန်ဝမ်ကျိုးကလည်း ပြော၏။

" ကျေးဇူးတင်ပါတယ် "

ဝူယွီရို့က ပြောပြီးသည်နှင့် ဘေးသို့ လျှောက်သွားကာ ငြိမ်နေလိုက်သည်။

ဤသို့ဖြင့် အချိန်အနည်းငယ် ကြာပြီးနောက်တွင်မူ လူများ ကျောက်ပြားဆီသို့ ဆက်ရောက်လာကာ စိတ်စွမ်းအင်များ ထုတ်လွှတ်လိုက်ကြသည်။

ထိုလူများထဲတွင် ယဲ့ဖုန်းနိုင်ငံမှ လူများ ပါသလို အခြားနိုင်ငံမှ လူအချို့လည်း ပါကြ၏။ သို့သော် အမှတ် ၁၀၀ ကျော်သူမှာ အနည်းငယ်မျှသာ ရှိသည့်အတွက် အနည်းငယ် ပျင်းစရာကောင်းနေသည် ။

မကြာခင် လောမိသားစုမှ လူများ ရောက်လာမှသာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်သွားကြ၏။

လောတ နှင့် အခြားသူများမှာ အမှတ် ၅၀၀ ကျော် ရသွားခဲ့ကြပြီး စစ်ထူရှင်းကို သာသွားကာ ဝူယွီရို့ထက်လည်း အနည်းငယ်သာနေ၏။

သို့သော် ကောင်းကင်ဘုံ သိုင်းကွက်တစ်ခုကို သေချာနားလည်တတ်ကျွမ်းထားသည့် လောယွီနှင့် အခြားသူ လေးယောက်ကမူ တမူထူးပေသည်။

သူတို့ တစ်ယောက်ချင်းစီက အမှတ် ၁၀၀၀ ကျော်ပင် ရသွားခဲ့ကြ၏။

ထိုလေးယောက်ထဲတွင် လောရုံက အမှတ်အများဆုံးဖြစ်ပြီး ၁၄၀၀ ကျော်ပင် ရသွားခဲ့သည်။

၎င်းက လူအုပ်ထဲတွင် ထင်းထွက်နေပေသည် ။

ကျောက်ပြားပေါ်မှ စာရင်းမှာလည်း အစောပိုင်းကနှင့် မတူတော့ဘဲ ပြောင်းသွားခဲ့ပြီဖြစ်သည်။ ထိပ်ဆုံးတွင် လောရုံနှင့် ကျန်သုံးယောက်တို့ နေရာယူထားကြပြီး သူတို့ နောက်တွင် လောမိသားစုမှ အခြားသူများ ရှိနေ၏။ သူတို့နောက်တွင်မူ ဝူယွီရို့ရှိနေပြီး ထို့နောက်မှသာ စစ်ထူရှင်းကဲ့သို့ အခြားနိုင်ငံမှ လူများ ရှိနေသည် ။

ထိုစာရင်းကိုကြည့်ကာ စစ်ထူရှင်း မျက်နှာအနည်းငယ် ပျက်သွားသည်။

" ဒီ လောမိသားစုက တကယ် မရိုးရှင်းဘူးပဲကွ ။ ငါတို့ စစ်ထူမိသားစုက အစွမ်းအထက်ဆုံးသူတွေ လာခဲ့ရင်တောင် သူတို့ကို သာမှာ မဟုတ်ဘူး "

စစ်ထူရှင်းက ပြောလိုက်သည်။

" လောမိသားစု ပါတာတောင် အမှတ်က ၁၀၀၀၀ ကျော်ပဲ ရှိသေးတယ် ။ ဒီနှစ်တော့ အမှတ်တစ်သိန်း ပြည့်အောင်စုပြီး သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘူးနဲ့ တူပါတယ် ။ နောက်တစ်ကြိမ်ကိုပဲ စောင့်ရုံပေါ့ "

ဟန်ဝမ်ကျိုးကလည်း သက်ပြင်းချလိုက်သည်။

" နောက်တစ်ကြိမ် ဟုတ်လား .. ဒီသတင်းသာ အပြင်ကို ပေါက်သွားရင် နောက်တစ်ခါ ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်တာနဲ့  ကြောက်စရာကောင်းအောင် အစွမ်းထက်တဲ့သူတွေ မရေမတွက်နိုင်အောင် ရောက်လာကြလိမ့်မယ် ။ အဲ့အချိန်ကျရင် ကျုပ်တို့ရဲ့ အစွမ်းနဲ့ အဲ့လူတွေကို ယှဥ်နိုင်မယ် ထင်လို့လား "

လူတစ်ယောက်က ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဟန်ဝမ်ကျိုး မည်သို့မှ ပြန်မပြောနိုင်ဘဲ တိတ်သွား၏။

မှန်ပါသည် .. ဟန်ဝမ်ကျိုးသည် ယွိလုံနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များထဲတွင် ပါရမီရှင်တစ်ဦး ဖြစ်သည့်တိုင် သူ့ထက် ပိုအစွမ်းထက်သူ များစွာ ရှိသည်ကို သူသိပေသည်။

ထိုမျှမက အခြားနိုင်ငံမှ ထိပ်သီး ပါရမီရှင်များလည်း ကျန်နေသေး၏။

အကယ်၍ ထိုလူများသာ ရောက်လာပါက သိုင်းသမားသခင်ကြီး ကျီဝေ့၏ အမွေအနှစ်ကို ခေါ်ယူနိုင်မည်ဖြစ်သော်လည်း သူ့အတွက် ၎င်းကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ ။

" နှမျောစရာပဲ "

ဟန်ဝမ်ကျိုး သက်ပြင်းသာ တွင်တွင်ချလိုက်သည်။

ထိုအချိန်မှာပင် ..

" သခင်လေး ..သခင်လေး ရောက်လာပြီ "

လူအုပ်ထဲမှ လောမိသားစုဝင်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

" ဟင် "

အားလုံး ချက်ချင်း လှည့်ကြည့်လိုက်ကြ၏။

လောထျန်းက လူအုပ်၏ နောက်ဆုံးမှ ဖြည်းညင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

" ဒီတစ်ခါတော့ နေရာမှန်ကို ရောက်လာပြီနဲ့တူတယ် ။ ဟေ့ .. ဒါ ယွိလင်နန်းတော်လား "

လောထျန်းက သူ့ရှေ့မှ လောမိသားစုဝင်များကို မေးလိုက်သည်။

" ဟုတ်ပါတယ် သခင်လေး ၊ဒါ ယွိလင်နန်းတော်ပဲ "

လောရုံက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားမှသာ လောထျန်း စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။

" ဒါနဲ့ သဘာဝစိတ်စွမ်းအင် သလင်းကျောက် တွေ့မိသေးလား "

လောထျန်းက မေးလိုက်သည်။

အားလုံး ခေါင်းယမ်းပြလိုက်ကြ၏။

ထိုအချိန် လူအုပ်ထဲမှ စစ်ထူရှင်းက အပြုံးဖြင့် ပြောလိုက်သည်။

" သခင်လေး လောထျန်း မဟုတ်လား .. သဘာဝ စိတ်စွမ်းအင် သလင်းကျောက်ကို ခဏမေ့ထားလိုက်ပါဗျာ ။ ဒီမှာ ခရမ်း​ရောင်ကြယ်စင်အဆင့် ကျောက်ပြားဗျ ။ ဒါကမှ တကယ့် အခွင့်ကောင်းပဲ "

သူက ကျောက်ပြားကို လှည့်ကြည့်ကာ ဆက်ပြော၏။

" ဒီကျောက်ပြားထဲမှာ သိုင်းသမားသခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ် ရှိတယ်ဗျ "

ထို့နောက် သူက ကျောက်ပြားနှင့် ခရမ်းရောင်ကြယ်စင် အဆင့်အကြောင်းကို ရှင်းပြလိုက်သည်။

" သခင်လေး လောထျန်းရဲ့ ပါရမီက ကျုပ်တို့တွေအားလုံးထက် အများကြီး ပိုသာပါတယ် ။ သခင်လေးသာ ကြိုးစားကြည့်မယ်ဆို အမှတ်က အများကြီး တိုးသွားမှာပဲ "

သူက ဆက်ပြောလိုက်သည်။

ယခုလက်ရှိတွင် ကျောက်ပြားသည် လိုအပ်သည့် အမှတ်စာရင်း တစ်သိန်းတွင် တစ်သောင်းကျော်သာ ရှိနေသေးရာ ၈ သောင်းကျော် လိုနေသေး၏။

သို့သော် ထိုသို့သော ကွာဟချက်ကြီးကို လူတစ်ယောက်တည်းက ဖြည့်ရန်မှာ မဖြစ်နိုင်ပါချေ ။

အမှန်တွင်မူ စစ်ထူရှင်းက လောထျန်းအား တိုက်တွန်းလိုက်ခြင်းမှာ လောထျန်းမည်မျှ အစွမ်းထက်သည်ကို သိချင်၍ဖြစ်သည်။

သူနှင့် လောထျန်းတို့ကြား ကွာဟချက်က မည်မျှ ကြီးမားသည်ကို သူ သိချင်နေ၏။

သို့သော် ...

" အဲ့ဒါကို စိတ်မဝင်စားဘူး ၊ ဟေ့ကောင်တွေ လောလောဆယ် ငါ့ကို သဘာဝစိတ်စွမ်းအင် သလင်းကျောက်ပဲ ကူရှာပေးကြစမ်းပါ "

လောထျန်းက ပြောလိုက်သည်။

" ဟင် "

စစ်ထူရှင်း နေရာမှာပင် ဆွံ့အသွား၏။

လောထျန်းသည် သိုင်းသမားသခင်ကြီး ကျီဝေ့၏ အမွေအနှစ်ကို ယူရန် လာခဲ့ခြင်းဖြစ်ရမည်ဟု သူ ထင်ထားခဲ့သော်လည်း ..

လောထျန်းက ၎င်းကို လုံးဝ ဂရုစိုက်ဟန်ပင် မရှိပေ ။

" သခင်လေး လောထျန်း ၊ သဘာဝစိတ်စွမ်းအင် သလင်းကျောက် ကလဲ ကျီဝေ့လျှို့ဝှက်ဒေသရဲ့ ထူးခြားတဲ့ ရတနာတစ်ခုပဲလေ ။ဆိုတော့ သလင်းကျောက်က သိုင်းသမားသခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ထဲမှာ ရှိနေတာများ ဖြစ်နေမလား .. "

ဟန်ဝမ်ကျိုးကလည်း ပြုံး၍ ဝင်ပြောလိုက်သည်။

အမှန်တွင်မူ သူသည်လည်း စစ်ထူရှင်းနှင့် အကြံတူပြီး အခွင့်အရေးကို အသုံးချကာ လောထျန်း၏ အစွမ်း မည်မျှရှိသည်ကို သိချင်နေခြင်းဖြစ်သည်။

" အဲ့လိုလား .. "

လောထျန်းက သံသယမကင်းဟန်ဖြင့် ကြည့်လိုက်သည်။

" ဟို .. သခင်လေးလောထျန်း .. ကျွန်မလဲ သူပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ် "

ထိုစဥ် ဝူယွီရို့ကလည်း အနားရောက်လာကာ အသံတိုးတိုးဖြင့် ပြော၏။

သူမသည်လည်း လောထျန်း၏ အစွမ်း မည်မျှရှိသည်ကို အလွန်သိချင်နေသည်။

လောထျန်းက သူတို့သုံးယောက်ကို ဝေ့ဝဲကြည့်ကာ ပြော၏။

" ခင်ဗျားတို့က ကျုပ်ရဲ့ ပါရမီ ဘယ်လောက်ရှိတယ်ဆိုတာကို သိချင်နေကြတာ မဟုတ်လား "

လောထျန်းက သူတို့အတွေးအား သိနေသည်ကို မြင်လိုက်ရသည့်အတွက် ထိုသုံးယောက်လုံး တစ်ပြိုင်နက်တည်းနီးပါးပင် ရှို့းတို့ရှန်းတန်း ရယ်လိုက်ကြသည်။

သို့သော် လောထျန်းက ဂရုမစိုက်ဟန်ဖြင့် ဆက်ပြော၏။

" ရပါတယ်လေ ၊ ဘာမှ ခက်တာမှ မဟုတ်တာ ။ ကျုပ် ခင်ဗျားတို့ကို ကြည့်ခွင့်ပေးမယ် "

ထို့နောက် သူက လက်မြှောက်၍ ကျောက်ပြားထဲသို့ စိတ်စွမ်းအင်များ ပို့လွှတ်လိုက်သည်။

All Chapters