အခန်း (၄၃)
Vol. 4 Ch. 43
အဲ့ဒါနဲ့ သူက သတိပေးလိုက်သည်။
“လင်းဥက္ကဌ။ ကျွန်တော်တို့တွေ အလားအလာအရှိဆုံး စတော့ကို အတည်ပြုပြီးပါပြီ။ တုဖန်းအုပ်စုက ရန်ပုံငွေ စီးရီး B ကို ပြီးဆုံးသွားပါပြီ။ လောလောဆယ် အင်မတန်တည်ငြိမ်နေတာကို တွေ့ရပါတယ်။ စီးရီး B ပြီးတာနဲ့ ဆက်ပြီး တန်ဖိုးမြင့်တက်လာမယ်လို့ ခန့်မှန်းရပါတယ်”
လင်းဖေးဟန်က စတော့ရှယ်ရာသုံးသပ်သူကို စကားဖြတ်ပြောလိုက်၏။
“ဘာတုဖန်းလဲ။ နာမည်ကိုပဲနားထောင်ဦး။ မကောင်းမှန်းသိသာတယ်။ ငါမလိုဘူး။ သဘောပေါက်လား”
“ကောင်းပါပြီ…ကောင်းပါပြီ”
လင်းဖေးဟန်က အာဏာရှင်လိုပဲ။ စိတ်ထင်ရာလုပ်တယ်။ ထင်ရာစိုင်းတယ်။ အနာဂတ်မှာ ကျိန်းသေ မင်း နောင်တရမှာပါ။ စတော့ရှယ်ရာသုံးသပ်သူက စိတ်ထဲတွေးလိုက်သည်။
လင်းဖေးဟန်က ချက်ချင်းပြောလိုက်၏။
“ဆိုတော့ ကျွန်တော်ခင်ဗျားကို ၀မ်ကျားကျင်းဖူ၊ ကွမ်းမင်ဘဏ်နဲ့ ၀န်ဒါထုတ်လုပ်ရေးကို ၀ယ်စေချင်တယ်။ တစ်ခုကို ရှယ်ယာ သန်း ၂၀၀ ၀ယ်ချင်တယ်။ ပြီးရင် ဂိုဒေါင်တွေကို တန်းဖြည့်လိုက်”
ထိုအထက်စီးဆန်သော စကားများကို ကြားပြီးနောက် စတော့ရှယ်ရာသုံးသပ်သူတစ်စုက လင်းဖေးဟန်ကို ချက်ချင်းကြည့်လိုက်ကြ၏။ အလွန်တုန်လှုပ်သွားကြသည်။ အဲ့ဒါက ကြောက်ဖို့ကောင်းလှ၏။ လင်းဥက္ကဌ ဘာဖြစ်တာလဲ။ ဘာကသူ့ကို လှုံ့ဆော်တာလဲ။ ရူးနေတာလား။
ခုနလေးတင် စကားပြောလိုက်တဲ့ စတော့ရှယ်ရာသုံးသပ်သူက ချက်ချင်းပဲ ခေါင်းခါလိုက်၏။ လင်းဖေးဟန် တစ်ခုခု နားကြားလွဲတာလို့ သူထင်လိုက်သည်။ မဟုတ်ရင် ဒီလို အခြေခံအမှားမျိုးကို သူလုပ်စရာအကြောင်းမရှိဘူး။
“ကျွန်တော်အခုနက ရှင်းရှင်းလင်းလင်း မပြောလိုက်မိဘူးထင်တယ်။ ကျွန်တော်ပြောတာက အဲ့ဒီစတော့သုံးခုက ကျိန်းသေစိမ်းမှာ။ အရောင်တောက်တဲ့အထိကို စိမ်းမှာ(စိမ်းတာကတရုတ်မှာရှယ်ယာဈေးကျတာကိုပြော)”
လင်းဖေးဟန်က အေးဆေးပဲပြောလိုက်သည်။
“သိတယ်”
“ဒါပေမဲ့…လင်းဥက္ကဌ။ ဒီသုံးခုကိုယွမ်သန်း ၂၀၀ ရှယ်ယာဝင်ပြီး ဂိုဒေါင်ကလည်းအပြည့်ဖြည့်ရဦးမယ်ပေါ့ နည်းနည်းအလျော်အစားမကြီးဘူးလား”
စတော့ရှယ်ရာသုံးသပ်သူကတုံ့ဆိုင်းသွားသည်။ သူက လင်းဖေဟန်ရဲ့ အပြုအမူတွေကြောင့်တုန်လှုပ်သွားခြင်းဖြစ်၏။
“ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော့်မှာပိုက်ဆံရှိတယ်လေ။ ကျွန်တော်ဒီကိစ္စကို ဒုတိယတစ်ကြိမ်ထပ်မပြောချင်ဘူး။ ခင်ဗျား အကယ်၍ ကျွန်တော်ပြောသလိုမလုပ်ဘူးဆိုရင် ကျေးဇူးပြုပြီး လင်းအုပ်စုကနေ ထွက်သွားလိုက်ပါ။ တခြားသူတွေလုပ်လိမ့်မယ်။”
လင်းဖေးဟန်ရဲ့လေသံက အင်မတန်တည်ငြိမ်လျက်ရှိသည်။
ထို့နောက် လင်းဖေးဟန်က သူ့အိတ်ထဲကနေအနက်ရောင်ကဒ် (Black Card) ကိုထုတ်ချလာလိုက်ပြီး စားပွဲပေါ်သို့ထုတ်ချလိုက်သည်။ ထို့နောက်သူကပြောလိုက်၏
“ဒီမှာရန်ပုံငွေ ၁ ဘီလီယံရှိတယ် လျို့ဝှက်နံပါတ်မခံထားဘူး။ ဒီပိုက်ဆံတွေယူပြီး ကျွန်တော့်ကို အဲ့ဒီစတော့ ၃ ခုဝယ်ပေး အကုန်သာသုံးလိုက်။ နားလည်လား”
လောင်းကစားလုပ်မှတော့ ကိန်းကြီးဂဏန်းကြီးချရမှာပေါ့။
ဥက္ကဌမာ ကတစ်ခါကပြောဖူးတယ်။ သူကငွေရေးကြေးစိတ်မဝင်စားဘူးတဲ့။ လင်းဖေးဟန်လည်းအတူတူပဲလေ။ သူ့မှာပိုက်ဆံတွေအများကြီးရှိနေတာကို။
မြတ်ရင်မြတ်ပြီး၊ရှုံးရင်ရှုံးတယ်ပေါ့။
အိတ်သွန်ဖာမှောက်လုပ်ပြီး မြန်မြန်အဆုံးသတ်လိုက်။
“ကောင်းပါပြီး လင်းဥက္ကဌ”
ထိုလူများက ဘာမှမပြောရဲခဲ့ကြပေ။ လင်းဖေးဟန်က သူကချမ်းသာတယ်လို့ပြောတာပဲလေ။ သူကစကားအများကြီးပြောပြီး နောက်ထထွက်သွားလိုက်သည်။
သူတို့ကဘာပြောရဲကြမှာလဲ။
ဒါပေမဲ့ ရလဒ်ကဘာပဲဖြစ်ဖြစ် လင်းဖေးဟန်က ကျန်းပိုင်မြို့မှာ ဟိုးလေးတကျော်ဖြစ်ဦးမယ်ဆိုတာ သူတို့စိတ်ကူးယဉ်ကြည့်နိုင်သည်။
သတင်းခေါင်းစဉ်ကိုတောင်စဉ်းစားကြည့်လို့ရ၏။
ငယ်ရွယ်တဲ့စွန့်ဦးတီထွင်သူ လင်းအုပ်စုရဲ့ဥက္ကဌလင်းဖေးဟန်က မယုံနိုင်စရာကောင်းတာကိုလုပ်ခဲ့တယ်။ ဝန်ထမ်းတွေပြောတာကိုနားမဝင်ပဲ ယွမ် ၁.၆ ဘီလီယံကို ဒေဝါလီခံလုနီးနီး စတော့ရှယ်ယာတွေကို ဝယ်ဖို့သုံးပစ်ခဲ့တယ်။
စတော့ရှယ်ရာသုံးသပ်သူက ခြောက်ကပ်ကပ်ပြုံးပြီး ခေါင်းခါလိုက်သည်။ အနာဂတ်မှာ လင်းအုပ်စုတင်မက တစ်ခြားကုမ္ပဏီတွေကပါ သူ့ကိုလက်မခံတော့မှာကိုတွေးကြည့်လိုက်၏။
ကုမ္ပဏီက ဝန်ထမ်းအများစု လင်းဥက္ကဌ ယွမ် ၁.၆ ဘီလီယံသုံးလိုက်သော သတင်းကိုကြားကြ၏။ဝန်ထမ်းအတော်များများက ရှယ်ယာအရောင်းအဝယ် အခန်းလေးထဲမှာ စုစည်းလိုက်ကြသည်။ ဤအရာကလောင်းကြေးကြီးသည်။ မဟုတ်ဘူး အတိအကျပြောရရင် ဒါကလင်းဥက္ကဌရဲ့ ကံကောင်းတဲ့ကောင်ကြီးဖြစ်ချင်တဲ့ဆန္ဒပေါ့။
သူတို့ကလည်း ဆန်းကြယ်မှုတွေကို ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဆန်းကြယ်မှုတွေက သူတို့နဲ့ဝေးကွာနေတယ်လေ။ နောက်ထပ်ပြောရရင် ဒီမြက်ခင်းစိမ်းကြီး ၃ ခုကတစ်လျှောက်လုံးဈေးထိုးကျနေတာလေ။ ပြီးတော့တရုတ်က အတော်ဆုံး စတော့ရှယ်ရာသုံးသပ်သူအဖွဲ့က ပရော်ဖက်ရှင်နယ်သုံးသပ်ချက်တွေကို ပြလာပြီးပြီပဲလေ။ ၁.၆ ဘီလီယံက တခဏအတွင်း ဘယ်လိုကုန်သွားမလဲဆိုတာ သူတို့သိချင်ကြသည်။ ဘာဖြစ်ဖြစ်သူတို့က သန်း ၁၀၀ ကဘယ်လိုရှိလဲဆိုတာ တောင်သိကြတာ မဟုတ်ဘူးလေ။
စိတ်ဓာတ်အတော်ကျသွားတဲ့ စတော့ရှယ်ရာသုံးသပ်သူက သူ့ခေါင်းသူပွတ်လိုက်သည်။ ကြည့်နေစရာတောင်မလိုပါဘူးလေ။ ပိုက်ဆံဆုံးနိုင်ခြေက ၉၉.၉၉၉% တောင်ရှိနေတာပဲကို။
လင်းဥက္ကဌမှာ ပိုက်ဆံရှိတယ်ဆိုတာ သိပါတယ် ဒါပေမဲ့ ပိုက်ဆံရှိတယ်ဆိုတိုင်းဖြုန်းစရာမလိုဘူးလေ။ ပိုက်ဆံက အရေးမကြီးဘူးထင်ရင် ကျွန်တော်ကို ခွဲပေးလိုက်ပါ့လား။ ရှယ်ယာအရောင်းအဝယ်ခန်းထဲက ကွန်ပျူတာမျက်နှာပြင်ကို ကြည့်နေသော်လည်း မည်သည့်ဆန်းကြယ်မှုမှဖြစ်မလာချေ။
ဝမ်ကျားကျင်းဖူ၊ ကွမ်မင်း ဘဏ်နဲ့ ဝမ်ဒါ ထုတ်လုပ်ရေး ၃ ခုရဲ့ရှယ်ယာဈေးက ဒီအတိုင်းကြည့်တောင် သိသာတဲ့အရှိန်နဲ့ ဈေးထိုးကျလျက်ရှိသည်။ အဲ့ဒီဈေးထိုးကျနေတဲ့ ညွှန်းကိန်းပြဇယားလိုပဲ စတော့ရှယ်ရာသုံးသပ်သူရဲ့ စိတ်ဓာတ်ကလည်း ကျလျက်ရှိသည်။ ၁.၆ ဘီလီယံဆိုတဲ့ ငွေကြေးကတစ်ဖြည်းဖြည်း လျော့နည်းသွား၏။ သန်း ၅၀၀၊ ပြီးတော့ သန်း ၄၀၀။ လူတိုင်းက အဲ့ဒါကိုကြည့်ပြီး ခေါင်းခါလိုက်ကြသည်။
အဲ့ဒါက သူတို့ရဲ့ကိုယ်ပိုင်ပိုက်ဆံမဟုတ်ပေမဲ့ အားလုံးက အဲ့ကနာကျင်စရာကောင်းတယ်လို့ ခံစားမိကြ၏။ ဆီးသွားရင်းသွေးပါလို့ နာသလိုပင်။ ၁.၆ ဘီလီယံဆိုတာ လူတော်တော်များများ စိတ်ကူးမယဉ်ရဲတဲ့ပမာဏဖြစ်ပြီး အဲ့ဒါကကုန်သွာလေသည်။
လင်းဖေးဟန်က သူ့ရဲ့လက်တောပ့်ကို ကြည့်လိုက်သည်။ ရှယ်ယာဈေးတွေကျနေတာကို မြင်တော့မနေနိုင်ပဲ လက်ခုပ်တီးလိုက်၏။ ဟုတ်တယ် အဲ့လိုပဲဈေးဆက်ကျနေလိုက်။ အဲ့ဒီနည်းနဲ့ငါအချိန်ရပြီး ဆက်အသက်ရှင်နိုင်သေးတယ်။
လင်းဖေးဟန်ရဲ့ပေါင်ပေါ်မှာ လျှို့ရှင်းယာက မနေနိုင်ပဲ မျက်မှောင်ကြုတ်လိုက်မိသည်။ လင်းဥက္ကဌက နေမကောင်းဘူးလား။ ရှယ်ယာဈေးက ကျနေတာကို သူကပျော်နေနိုင်သေးတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လင်းအုပ်စုကို အရင်ဥက္ကဌဟောင်းက ပြန်လက်လွဲယူမယ်ထင်တယ်။
သူမက လင်းဖေးဟန်ကို နားချချင်သော်လည်း ဘာမှမပြောနိုင်ခဲ့ချေ။ သူမက လင်းဖေးဟန်ရဲ့ ဒေါသကိုကောင်းကောင်းသိသည်။ ဒီလိုအချိန်စကားပြောတာက မီးလောင်ရာ ဓာတ်ဆီလောင်းတာနှင့် အတူတူပင်ဖြစ်သည်။
သို့သော် ရုတ်တရက်ကြီးရှယ်ယာဈေးကျတာ ရပ်သွားခဲ့သည်။ ရှယ်ယာဈေးကအနိမ့်ဆုံးအမှတ်မှာရောက်ရှိနေခဲ့ပေမဲ့ ရုတ်ချည်းဆိုသလို သွေးတိုးလိုပဲဆောင့်တက်သွားသည်။ တံခါးအပြင်ကနေ လူအော်သံကိုကြားလိုက်ရ၏။
“တက်သွားပြီ တက်သွားပြီး ဝန်ဒါထုတ်လုပ်ရေးကဈေးတက်သွားပြီ”
“ဝမ်ကျားကျင်းဖူ နဲ့ကွမ်မင်းဘဏ်လည်း ဈေးတက်လာပြီ ငါ့မျက်လုံးတွေ မွဲကုန်တာလား။ ငါအိပ်မက်မက်နေတာလား။ ဒါကအံ့ဩစရာပဲ ဘုရားရေ”
ကြောက်ဖို့ကောင်းလွန်းသည်။ အဲ့ဒီရှယ်ယာတွေက နှစ်ဝက်ကျော်လောက်ဈေးကျနေခဲ့တာဖြစ်ပြီး လင်းဖေးဟန်လက်ထဲရောက်မှ ချက်ချင်းဈေးတက်သွားကြ၏။ လင်းဖေးဟန်က ဈေးကွက်ခန့်မှန်းသူဖြစ်နေတာပဲ။ အဲ့ဒါက ဆန်းကြယ်မှုတစ်ခုဖြစ်ပြီး သမိုင်းဝင်အခိုက်အတန့်ဖြစ်သည်။
လင်းဖေးဟန် ဝယ်ခဲ့သောရှယ်ယာ ၃ ခုကစိမ်းလွန်းသောကြောင့် တခြားသူများကိုထိတ်လန့်စေခဲ့သည်။ သို့သော် ထိုရှယ်ယာများက တခဏအတွင်းမှာဈေးပြန်တက်လာပြီး မိုးပေါ်ထောင်တက်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ နေ့စဉ်သတ်မှတ်ပမာဏကိုရောက်သွား၏။
ထိုအခိုက်အတန့်မှာ အားလုံးက လင်းဖေးဟန်ကို လေးစားပြီးလူးလွန့်လျက်ရှိကြသည်။ အတက်အကျက ကြမ်းလွန်းသည်။ လက်တွေ့ပင်မဆန်ပေ။
ဒါက ပါရမီရှင်ဖြစ်သည်။ ပါရမီရှင်ရင်းနှီးမြုပ်နှံသူ။ စတော့ရှယ်ယာနတ်ဘုရား ရှီးဟုန်မြို့ရဲ့ ရှင်ဘုရင်ဖြစ်၏။ စတော့ရှယ်ရာသုံးသပ်သူရဲ့ သွေးဖိအားကလည်း မြင့်တက်လျက်ရှိပြီး မြေပြင်ပေါ်သို့ သတိလစ်ကာလဲကျသွားသည်။
လင်းဥက္ကဌရဲ့ ရှောခ့်ရဖွယ်အကွက်ကြောင့် သူတောင်မှမင်သက်သွားခဲ့၏။
အားလုံးက သူ့ကိုဆေးရုံခေါ်သွား ဖို့ပြင်နေစဉ်မှာပဲ တစ်စုံတစ်ယောက်ကအော်လိုက်တာကို ကြားလိုက်ရသည်။
“လခွမ်းပဲ။ ကျသွားပြီ။ ကျသွားပြီ”
စစချင်းတွင်လူတိုင်းက စတော့ရှယ်ရာသုံးသပ်သူနှင့်အလုပ်များနေသော် ထိုအသံကိုကြားလိုက်ရတော့ ချက်ချင်းပဲ စတော့ရှယ်ရာသုံးသပ်သူကို မြေကြီးပေါ်ပြန်ပစ်ချလိုက်ပြီး ကွန်ပျူတာမျက်နှာပြင်ကို ပြန်ပြေးကြည့်လိုက်ကြ၏။
ငါပိုက်ဆံတွေ အများကြီးရှာလိုက်နိုင်တာလေ။ ဘာလို့အမြန်ပြန်ကုန်သွားတာလဲ။
စတော့ရှယ်ရာသုံးသပ်သူက အဲ့ဒါကိုကြားလိုက်ရတော့ သတိပြန်ဝင်လာပြီး ချက်ချင်းပဲ ကွန်ပျူတာမျက်နှာပြင်ကို ကြည့်လိုက်သည်။ ဘယ်ကောင်ကပေါက်ကရတွေလျှောက်ပြောနေတာလဲ။ သတ်မှတ်ပမာဏအတွင်း ရှိနေသေးတာပဲ။ ဘယ်တုန်းကဈေးကျသွားလို့လဲ။