← Chapters

အခန်း (၄၄)

Vol. 4 Ch. 44

အခန်း (၄၄)

Vol. 4 Ch. 44

စတော့ရှယ်ရာသုံးသပ်သူက အော်လိုက်၏။

“ဘာကကျနေတာလဲ။ တစ်လျှောက်လုံး တက်နေတာမဟုတ်လား”

အော်ဟစ်နေသော ဝန်ထမ်းကို အားလုံးက စိုက်ကြည့်လိုက်ကြသည်။ ထိုဝန်ထမ်းက မျက်နှာပူသွားကာ လက်ကိုခါပြီးပြောလိုက်၏။

“မဟုတ်ဘူး။ မဟုတ်ဘူး ကျွန်တော်က ဥက္ကဌရဲ့ ရှယ်ယာ‌ဈေးကျတာကို ပြောတာမဟုတ်ဘူး။ တုဖန်းရဲ့ရှယ်ယာဈေး စကျနေပြီး။ ချန်ဟုန်ရဲ့ရှယ်ယာဈေး တော်တော်လေးကျသွားတယ်”

အားလုံးက စစချင်းမှာ ဝမ်ကျားကျင်းဖူ၊ ကွမ်မင်းဘဏ်နှင့် ဝန်ဒါရုပ်ရှင်ထုတ်လုပ်ရေး ရှယ်ယာတွေကို စိတ်ဝင်စားခဲ့ကြသည်။ ဝန်ထမ်းရဲ့သတိပေးချက်ကို ကြားပြီးနောက် တုဖန်းရဲ့ရှယ်ယာဈေး အများကြီးကျသွားတာကို မြင်လိုက်ရ၏။ ထိုအချိန်မှာအာလုံးက တုန်လှုပ်နေသော မျက်လုံးများဖြင့်ကြည့်လိုက်၏။

တုဖန်းရှယ်ယာဈေး တက်နေတုန်းက ဥက္ကဌက တစ်ချက်တောင် လှည့်မကြည့်ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး။ အားလုံးက ဥက္ကဌရဲ့ တွက်ချက်မှု အတွင်းရှိနေခဲ့တာပဲ။

“ဥက္ကဌက ဒီတစ်ကြိမ်ပိုက်ဆံ အများကြီးရှာနိုင်ခဲ့တာပဲ သူကအရမ်းအံ့ဩဖို့ကောင်းတာပဲ”

“ကြောက်ဖို့လန့်ဖို့ကောင်းလိုက်တာ ဥက္ကဌက ဒဏ္ဍာရီလာကံကြမ္မာဟောပြောသူများလား။ တကယ် အံ့ဩဖို့ကောင်းတာပဲ”

“ပေါက်ကရတွေပြောနေတာပဲ သူကစတော့ရှယ်ယာနတ်ဘုရား ဝမ်သောယွီပဲ”

(အယ်ဒီတာ အမှာ - ဝမ်သောယွီအကြောင်းသိချင်ရင် hello mr.billionare ကိုကြည့် အသေခွီရတယ်။ ပိုက်ဆံကုန်အောင်သုံးမှ အမွေရမှာကို ပိုက်ဆံသုံးရင်းနဲ့ ချမ်းသာလာလို့ ခဝေးဖြစ်တဲ့ တရုတ်ကား ၂၀၁၈က ထွက်တယ်။ ရုပ်ရှင်ထဲမှာလည်း ပိုက်ဆံကုန်အောင်လို့ စိမ်းနေတဲ့ ရှယ်ယာမှန်သမျှ ဝယ်တာ ၊ သူဝယ်ပြီး သိပ်မကြာဘူး အကုန်မိုးထိုးတက်ကုန်တာ ခဝေးကို ဖြစ်ကော XD)

“ဥက္ကဌက တကယ်အံ့ဩဖို့ကောင်းတယ် အနာဂတ်မှာ သူရှယ်ယာတစ်ခု ဝယ်မယ်ပြောရင် ငါလည်းလိုက်ဝယ်မယ်”

လူတော်တော်များများက ကိုယ့်ပေါင်ကိုယ်ထုလိုက်မိကြသည်။ သူတို့သာ ဒီတစ်ကြိမ် ဥက္ကဌနောက်လိုက်ပြီး ရှယ်ယာတွေဝယ်ခဲ့မယ်ဆိုရင် ငွေတစ်ချို့ရှာနိုင်ခဲ့မှာပဲ။ သူတို့မချမ်းသာသွားရင်တောင် လပေါင်းများစွာအတွက် လုပ်အားခကို ကာမိသွားမှာဖြစ်သည်။

လူတိုင်းက လင်းဖေးဟန်ကို ချီးကျူးနေကြတာမြင်တော့ စတော့ရှယ်ရာသုံးသပ်သူကထအော်ပြီး ဝရုန်သုန်းနှင့် လင်းဖေးဟန်ရဲ့ ရုံခန်းဆီကို တန်းပြေးသွားလိုက်၏။ ဒါက… ရူးချင်စရာမကောင်းဘူးလား။ ကံကောင်းစွာနဲ့ လင်းဖေးဟန်က ထိုအချိန်တွင် ဂနာမငြိမ်ဖြစ်ကာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်နေခဲ့သည်။ မဟုတ်ရင် ရုံးတွင်းအချစ်ဇာတ်လမ်းလေးက စတော့ရှယ်ရာသုံးသပ်သူဆီမှာ ပေါ်သွားမှာဖြစ်၏။ လင်းဖေးဟန်က မကျေမနပ်ဖြစ်ကာပြောလိုက်၏

“ဘာလုပ်နေတာလဲ”

“လင်းဥက္ကဌ ဘယ်လိုလုပ်လိုက်တာလဲ”

စတော့ရှယ်ရာသုံးသပ်သူရဲ့ မျက်လုံးတွေက လေးစားသမှုနဲ့ ပြည့်နှက်နေခဲ့ပြီး ချက်ချင်းပင် ဒူးထောက်ချလိုက်၏။

“ကျွန်တော် ဂါရဝပြုတာကို လက်ခံပေးပါ လင်းဥက္ကဌ”

တကယ်တော့ လင်းဖေးဟန်က သူဘယ်လိုလုပ်လိုက်လဲ ဆိုတာကိုမသိပေ ဒီအတိုင်း လောင်းကြေးထပ်ချင်ခဲ့ရုံသာဖြစ်သည်။

လင်းဖေးဟန်က အံ့ဩသွားတာကို မဖော်ပြပဲ အေးစက်စွာပြောလိုက်သည်။

“ဒီကနေ ထွက်သွား”

ထိုသို့ပြောလိုက်ပြီးနောက် စတော့ရှယ်ရာသုံးသပ်သူက ဦးညွှတ်ကာ ထွက်သွားလိုက်၏။ သူတကယ် ထွက်သွားခဲ့သည်။ အမှန်ပဲ။ သူထွက်သွားလိုက်ပြီဖြစ်၏။

စတော့ရှယ်ရာသုံးသပ်သူတွင် အကြံတစ်ခုသာရှိခဲ့သည် အဲ့ဒါက လင်းဥက္ကဌကို အလုပ်အကျွေးပြုရန်သာဖြစ်သည်။ သူသာလင်းဥက္ကဌ နောက်ကိုလိုက်ပြီး ပညာတစ်ချို့ကို သင်ယူနိုင်ခဲ့မယ်ဆိုရင် ပိုမိုမြင့်မာတဲ့ အဆင့်အတန်းတစ်ခုကို ရောက်ရှိပြီး ကမ္ဘာအဆင့်မီ စတော့ရှယ်ရာသုံးသပ်သူတစ်ယောက် ဖြစ်လာနိုင်သည်။

လင်းဖေးဟန်က ရုံးခန်းထဲကနေ ဖြည်းဖြည်းချင်း ထွက်လာခဲ့၏။ ထိုအချိန်တွင် အားလုံးက လက်ခုပ်ထတီးလိုက်သည်။ လင်းဖေးဟန် အပေါ်သူတို့ရဲ့ အကြည့်တွေက ပြောင်းလဲသွားကြသည်။ အစကကြောက်ရွံ့တဲ့ အကြည့်နဲ့ဖြစ်ခဲ့ပြီး ယခုအခါ နတ်ဘုရားတစ်ပါးကို ကြည့်သလိုမျိုး အံ့ဩတဲ့အကြည့်မျိုးဖြစ်သည်။ လင်းဖေးဟန်က မထိတထိပြုံးပြီး တွေးလိုက်မိသည်။

“ကြည့်ရတာ ယဲ့ဖန်းနဲ့ငါ တွေ့ကြဦးမှာပဲ”

ထိုအချိန်တွင် လင်းဖေးဟန်က ပြတင်းပေါက်အပြင်က နေဝင်ချိန်ကိုလှမ်းကြည့်ကာ အထီးကျန်သလို ခံစားလိုက်ရ၏။ နောက်ဆုံးကြတော့လည်း ရှောင်ရှားလို့မရနိုင်ဘူးပဲ။ မနက်ဖြန်ကြရင် ငါသတင်းခေါင်းစီးတွေမှာ ပါလာဦးမှာပဲ။ သို့သော် နောက်တစ်နေ့ မတိုင်ခင်ပင်သတင်းများပေါ်ထွက်လာခဲ့သည်။

သတင်းဌာနတစ်ခုရဲ့ ပိုင်ရှင်က ရှယ်ယာစိတ်ဝင်စားသောကြောင့်ဖြစ်သည်။ စစချင်းက ဈေးထိုးကျနေတဲ့ ရှယ်ယာ ၃ ခုကိုသူမြင်ပြီး မကြာခင်မှာပဲ သူတို့က နေ့စဥ◌် သတ်မှတ်ပမာဏကို ထိုးတက်ကာရောက်ရှိသွားကြသည်။ သူ့ရဲ့ကျွမ်းကျင်မှုကြောင့် ဒီကိစ္စမှာ တစ်ခုခုကြီးကြီးမားမား ဖြစ်သွားတာကို သတိထားမိခဲ့လိုက်၏။ နောက်ခံငွေကြေးစီးဆင်းမှုကို သူစစ်ကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီ စတော့ ၃ ခုက ငွေကြေးစီးဆင်းမှု ၁.၆ ဘီလီယံရှိတာကို သူတွေ့လိုက်ရသည်။

ဒီနောက်ကွယ်မှာ ဒီလိုဖြစ်အောင် လုပ်တာ တစ်ယောက်ယောက်ရှိနေတာလား။ Warren Buffett လား။ မဖြစ်နိုင်တာ။ ကောင်းပြီလေး မင်းကငါ့ကို အရှုံးပေါ်အောင်လုပ်မှတော့ ငါမင်းကိုဖော်ထုတ်မယ်။

(warren buffet က အမေရိကန်က ရင်းနှီးမြုတ်နှံသမား သူဌေးကြီးပါ။ သူလည်းပဲ စတော့ကစားတာ ကျွမ်းကျင်ပြီး သူဌေးကြီးဖြစ်လာတာပါ)

ထိုလူက တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်ပြီး အလှည့်အပြောင်းများစွာအပြီးမှာတော့ လင်းအုပ်စုက ဝန်ထမ်းများကိုမေးကြည့်ခဲ့သည်။ ဝန်ထမ်းများက ဘာလှည့်ကွက်မှမရှိကြောင်း ယခုလိုအံ့ဖွယ်ဖြစ်လာရသည်မှာ လင်းဖေးဟန်၏ အမြော်အမြင်နှင့် ဒုတိယ Buffett ပြန်လည်မွေးဖွားခြင်းဖြစ်ကြောင်းပြောခဲ့၏။

ပိုင်ရှင်က ချက်ချင်းပဲ ထိုသတင်းကိုပြောလိုက်ပြီး သူ့ဝန်ထမ်းများကို ညတွင်းချင်း အလုပ်စေခိုင်းခဲ့သည်။ သတင်းခေါင်းစဥ◌်က “စစ်ဟုန်မြို့က အချမ်းသာဆုံးလူရဲ့ဇာတ်ကြောင်း ပြန်လည်ပေါ်ထွက်လာခဲ့ပြီ။ လက်တွေ့ဘဝက ဝမ်သောယွီ လင်းအုပ်စုရဲ့ဥက္ကဌလင်းဖေးဟန် စတော့နတ်ဘုရား” ဟူ၍ဖြစ်၏။

ထိုသတင်း ထွက်ပေါ်လာပြီးနောက် သတင်းဌာနအတော်များများက တစ်ခုပြီးတစ်ခု သတင်းရေးလာခဲ့ကြသည်။ သတင်းက မူရင်းဟုတ်မဟုတ် အရေးမကြီးပေ။ ခေါင်းစဥ◌်က ကျယ်လောင်ပြီး ပရိတ်သတ်အာရုံကို ဖမ်းစားနိုင်တာကသာ အရေးကြီး၏။

“တုန်လှုပ်ဖွယ်ရာပဲ။ ၁.၆ ဘီလီယံက တစ်နာရီအတွင်း ၅ ဘီလီယံဖြစ်သွားတယ်။ လင်းအုပ်စုက ဥက္ကဌလင်းဖေးဟန်က ချောမောပြီး ကြင်နာတတ်ပေမဲ့ တကယ်တမ်းကျ နောက်ကွယ်က ရှယ်ယာရောင်းဝယ်ရေးသမားဖြစ်နေခဲ့တယ်”

“ရင်းနှီးမြှုပ်နှံမှုနတ်သား လင်းအုပ်စုရဲ့ဥက္ကဌလင်းဖေးဟန်။ အာရှတိုက်ရဲ့ Buffett [နာမည်ကြီး မြှုပ်နှံသူ] လို့ သိကြသူ”

ထိုသတင်းများက လူတိုင်းရဲ့ ဖုန်းထဲတွင် တက်လာခဲ့သည်။ Weibo က ဟော့ဖြစ်နေတဲ့ ရှာဖွေမှုအများဆုံး ထိပ်တန်းသတင်း ၈ ခုက အဲ့ဒါနဲ့ ဆက်စပ်နေ၏။ ထိုအချိန်တွင် လင်းဖေးဟန်ရဲ့ ကျော်ကြားမှုက ဆယ်လီများကိုပင် ကျော်တက်သွားခဲ့သည်။ သူမရဲ့ အခန်းထဲတွင် အလုပ်လုပ်နေခဲ့သော လုရွှယ်ယင်က ဝီချက်အကောင့်မှ စာတစ်စောင်ကို လက်ခံရရှိခဲ့၏။ လွီရွှမ်ပို့လိုက်သော လင့်ခ်တစ်ခုဖြစ်သည်။

လွီရွှမ်က ပြောလိုက်၏။

“အချစ်လေး။ ဒီသတင်းတွေကို တစ်ချက်ကြည့်ကြည့်လိုက်။ နင်အံ့ဩသွားမှာ ကျိန်းသေတယ်။ မနက်ဖြန်မနက်ကျ ငါရောက်ပြီ။ လာကြိုဖို့ မမေ့နဲ့ဥ◌ီး”

လုရွှယ်ယင်က မျက်မှောင်ကြုတ်သွားသည်။ သူမက နေ့တိုင်းအလုပ်များနေခဲ့ပြီး သတင်းကြည့်ချိန်မရှိခဲ့ပေ။ လွီရွှမ်က ဘာတွေလုပ်နေတာလဲ။

သို့သော်လုရွှယ်ယင်က လင့်ခ်ကို မယုံသင်္ကာဖွင့်လိုက်သည်။ သတင်းများကို မြင်တွေ့ပြီးနောက် သူမက ချက်ချင်းပဲ ရှော့ခ်ရသွား၏။ စတော့နတ်ဘုရား Warren Buffett ပြန်လည်မွေးဖွားခြင်းတဲ့လား။ အစက စိတ်မပါတဲ့ လင်းဖေးဟန်က မမျှော်လင့်ပဲ အရှိန်ပြန်ရလာပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်။ သူက ချက်ချင်းပဲ ရင်းနှီးမြှုပ်နှံသူနတ်သားအဖြစ် ပြောင်းလဲသွားပြီး ကျန်းပိုင်မြို့ရဲ့ စတော့ဈေးကွက်မှာ သမိုင်းရေးထိုးခဲ့တယ်။

သူ့ရဲ့ တိကျတဲ့ ဘက်ဂျက်ချမှုက ၁.၆ ဘီလီယံ အသုံးပြုဖို့ အခွင့်ပေးခဲ့တာပဲ။ သူ့ရဲ့ ဝန်ထမ်းတွေကိုတောင်မှ သူနဲ့အတူ လိုက်ရင်းနှီးမြှုပ်နှံဖို့ ခွန်အားပေးခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီလင်းဖေးဟန်ဆိုတဲ့လူက ဒီလိုဆန်းကြယ်မှုမျိုးကို ဖန်တီးနိုင်လိုက်မယ်လို့ မထင်ထားခဲ့ကြဘူး။ ဒါပေမဲ့ ဆန်းကြယ်မှုက ဖြစ်ပွားခဲ့တယ်။ တစ်နာရီအတွင်း သူ့ရဲ့မြှုပ်နှံမှုက နှစ်ဆဖြစ်သွားခဲ့တယ်။

လင်းဖေးဟန်က လူတွေရဲ့ ပါရမီရှင်တွေအပေါ် နားလည်ထားတာကို ပြောင်းလဲပေးလိုက်တယ်ဆိုတာ မဖြစ်နိုင်တာကြီး။ ဒီအချစ်ရူးနေခဲ့တဲ့လူအပေါ် လူတွေအမြင်သစ်နဲ့ကြည့်အောင် ဖန်တီးပေးလိုက်တာရောပေါ့။ ထပ်ပြောချင်တာက ပါရမီရှင်တွေတောင်မှ ပိုက်ဆံကြိုးစားရှာနေကြတယ်။ ခင်ဗျားတို့ကရော ဘာလို့မကြိုးစားကြတာလဲ။

အဲ့ဒါကိုဖတ်ပြီးနောက် လုရွှယ်ယင်ရဲ့ နဂိုက ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေက စိတ်ဗလာဖြစ်တဲ့ အရိပ်အယောင်ကို ဖော်ပြလိုက်ကြသည်။ အရှေ့တိုင်းရဲ့ စတော့နတ်ဘုရား Buffett လို့သိကြတဲ့ ရင်းနှီးမြှုပ်နှံသူနတ်သားက ဒီလင်းဖေးဟန်ဆိုတဲ့ကောင်လား။ ဂိမ်းဆော့နေလို့ဆိုပြီး သူမဖုန်းဆက်တာကို အကြောင်းမျိုးစုံပြရင်း ချနေခဲ့တဲ့ လင်းဖေးဟန်ပဲလား။ လူတွေက အမျိုးမျိုးပဲ။ လုရွှယ်ယင်က စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်၏။

အရင်က သူမ လင်းဖေးဟန်ကို အလွန်မုန်းတီးခဲ့သည်။ ခုတော့ လင်းဖေးဟန်က သူမကို မနှောင့်ယှက်တော့ဘူးဆိုပေမဲ့ လင်းဖေးဟန်ရဲ့သတင်းတွေကို နေ့တိုင်းတွေ့နေရတော့ သူမ သူ့အကြောင်းမကြာခဏတွေးမိ၏။ လုရွှယ်ယင်က ခေါင်းခါပြီး ဒီခေါင်းခဲစရာအကြောင်း ဆက်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ဘာဖြစ်ဖြစ် သူမနဲ့ လင်းဖေးဟန်ရဲ့ ဆက်ဆံရေးက ပြီးဆုံးသွားပြီဖြစ်၏။ သူမအနေနဲ့ သူနဲ့ပတ်သက်စရာအကြောင်း မရှိတော့ပေ။

All Chapters