အခန်း (၄၅)
Vol. 4 Ch. 45
နောက်တစ်နေ့တွင် လုရွှယ်ယင်က လွီရွှမ်ကိုကြိုရန် လေဆိပ်ကို ထွက်သွားလိုက်သည်။ သို့သော် လင်းကုမ္ပဏီနားဖြတ်သွားမိချိန်တွင်သူမပထမဆုံးကားပေါ်က ဆင်းကြည့်ခဲ့မိသည်။ သူမဖုန်းထဲက အချိန်ကိုကြည့်လိုက်သည်။ ၁၀ နာရီခွဲသာရှိသေးသည်။သူအလုပ်နားရန် ၁ နာရီလောက်လိုဦးမည်။ ငါသူ့ကိုသွားကြည့်ရုံပါပဲ။ ငါကသူ့ကိုဘာလို့သွားကြည့်ရမှာလဲ။ သူက ငါ့အတွက် ဘာမိုလို့လဲ။ ငါက သူအခုတစ်လော အဆင်ပြေလားဆိုတာရယ် စေ့စပ်ပွဲဖျက်သိမ်းလိုက်တာကြောင့် စိတ်ဓာတ်ကျမနေအောင်ကြည့်ချင်ရုံပဲ။ ဟုတ်တယ် အဲ့ဒါပဲလေ လုရွှယ်ယင်က သူမကိုယ်သူမ နှစ်သိမ့်ကာ ကားပေါ်ကဆင်းပြီး လင်းကုမ္ပဏီနဲ့မျက်နှာချင်းဆိုင် ကော်ဖီဆိုင်သို့သွားလိုက်သည်။
သူမပြတင်းပေါက်ရှေ့ထိုင်ပြီး တစ်ချိန်လုံးအပြင်ကိုငေးကြည့်နေခဲ့၏။ သူမစိတ်ထဲကနေတော့ ဒီနေ့လင်းဖေးဟန် ဂိမ်းကစားနေလို့ မအားတာမဖြစ်ပါစေနဲ့ လို့တွေးနေမိသည်။ လုရွှယ်ယင်က ပြတင်းပေါက်အပြင်ကို ကြည့်ပြီးပြုံးသာ ပြုံးနေမိတော့သည်။
ငါလင်းဖေးဟန်ဆီက ဆေးမိထားပြီလား မသိပါဘူး ဘာလို့ဒီနာမည် ၃ လုံးကငါ့စိတ်ထဲပေါ်ပေါ်လာရတာလဲ မသိဘူး။ လုရွှယ်ယင် ကတစ်ခုခုကို အရမ်းအာရုံစိုက်ထားဟန်ပေါ်သည် ကော်ဖီဆိုင်ထဲက လူဘယ်နှစ်ယောက်လောက်က သူမကို ငေးကြည့်နေခဲ့လဲ ဆိုတာမည်သူသိမည်နည်း။
“ဟယ်လို မိန်းမလှလေး ငါက ရှန်ဟယ်ကုမ္ပဏီရဲ့ ဥက္ကဌပါ ဝီချက်အကောင့်အပ်လို့ရမလား။ ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် လုရွှယ်ယွင်ရဲ့ အတွေးများ နှောက်ယှက်ခံလိုက်ရသည်။ လုရွှယ်ယင်မော့ကြည့်လိုက်သောအခါ သူမဆီလှမ်းလျှောက်လာသည့် အသက် ၃၀ ၀န်းကျင်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူကကြည့်ရမဆိုးသော်လည်း လင်းဖေးဟန်နဲ့ ယှဥ်ရင်အများကြီးလိုနေသေးသည်။ အကြာကြီးစောင့်ကြည့်ပြီးကာမှ သည်းမခံနိုင်တော့တဲ့ လူတစ်ယောက်က စတင်လှုပ်ရှားလာခြင်းဖြစ်သည်။
လုရွှယ်ယင်က အနည်းငယ်ပြုံးပြပြီးနောက် သူ့ကိုဆက်မကြည့်တော့ချေ။ သို့သော် ထိုအပြုံးကသူမဘေးက လူကိုဖမ်းစားလိုက်နိုင်ခဲ့သည်။
“ဟုတ်ပြီကွ၊ မဟုတ်သေးဘူး၊ မျှော်လင့်ချက်ရှိတယ်ပြောတာ။”
သို့သော် လုရွှယ်ယင်ရဲ့နောက်ထပ် စကားလုံးများက သူ့ကို ထိုအမျိုးသမီးနှင့် ထပ်မပက်သက်တော့ရန် တွေးမိသွားစေသည်။
“ကျွန်မက လုရွှယ်ယင်ပါ”
အသံကအဆင်ပြေသော်လည်း ထိုနာမည်က မှော်အစွမ်းများရှိနေသလိုပင် စာလုံး ၃ လုံးလေးကပင် ထိုလူကိုတုန်လှုပ်သွားစေသည်။ ထို့နောက် အဲ့ဒီလူက ဦးညွှတ်ပြီး တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ် မမလေးလု ကျွန်တော်ကန်းနေလို့ မမလေးကို မမှတ်မိဘူးဖြစ်သွားတယ်။”
လုရွှယ်ယင်ဆိုတာ ဘယ်သူမို့လဲ လူတွေကိုအရိုးတောင်ထွေးမထုတ်ပဲ စားတဲ့နှင်းဆီနက်လေ။
လွန်ခဲ့တဲ့ ၃ နှစ်က လုရွှယ်ယင် နိုင်ငံခြားပညာတော်သင်ရာကနေ ပြန်လာခဲ့သည်။ သူမမိသားစုဆီကနေ တစ်ပြားတစ်ချပ်မှမမျှော်ကိုးပဲ ဈေးကွက်တန်ဖိုး ၈ ဘီလီယံရှိတဲ့ လုအလှကုန်ကိုတည်ထောင်ခဲ့၏။ အဲ့ဒီနည်းလမ်းက လင်းဖေးဟန်ထက်တောင်သာသည်။ အဲ့ဒီတစ်လျှောက်မှာ လူတွေကသူမကို အထင်သေးလှောင်ပြောင်ပြီး မတူသလိုမတန်သလို ဆက်ဆံခဲ့ကြသည်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ လုရွှယ်ယင်က သူမကိုသူမသက်သေပြနိုင်ခဲ့ပြီး ထိုလူများကို သမိုင်းထဲက မေ့လျော့ခံများဖြစ်အောင် လုပ်နိုင်ခဲ့သည်။
သူမ၏နည်းလမ်းများက လူအများ၏ နားလည်နိုင်စွမ်းထက်ကျော်သည်။ ထူးဆန်းပေမဲ့ ဆီလျော်တဲ့အရာ ဘယ်တော့ ဖြစ်လာမယ်ဆိုတာ မသိရပေ။ လုရွှယ်ယင်ဆိုတဲ့ စကား ၃ လုံးက စီအီးအိုတော်တော်များများကို ဆံပင်ဖြူအောင်နှင့် တိုက်ထိပ်တွင်မတ်တပ်ရပ်ချင်လာအောင်လုပ်နိုင်သည်( သတ်သေချင်လာအောင်)။
နှင်းဆီနက်။ ပင့်ကူနက် အဲ့ဒါတွေက လူတွေ လုရွှယ်ယင်ကို ပေးထားသောနာမည်ဖြစ်သည်။ လုရွှယ်ယင်ရဲ့ စီးပွားရေးပါတနာတွေတောင်မှ သူမကို အင်မတန်သတိထားရသည်။ လုရွှယ်ယင်က သူတို့ကို ရုတ်တရက် တိုက်ခိုက်ပြီး သူတို့ကို အသူရာချောက်နက်ထဲ ကျရောက်စေမှာစိုးသောကြောင့်ဖြစ်သည်။
လင်းဖေးဟန်နဲ့ လုရွှယ်ယင်တို့ လမ်းခွဲလိုက်ရတဲ့ အကြောင်းအရင်းက သူမကအလွန်ဥာဏ်များပြီး လင်းဖေးဟန်က သူမကိုမကျော်လွန်နိုင်သဖြင့် သည်းမခံနိုင်တော့သောကြောင့်ဖြစ်သည်ဟု ကောလာဟလများထွက်ထားသည်။ လုရွှယ်ယင်က လှသလောက်ဥာဏ်လည်းများသည်။
ထိုအချိန်တွင် အဲ့ဒီလူကချွေးစီးပြန်လျက်ရှိသည်။ လင်းဖေးဟန်တောင်မနိုင်တဲ့ မိန်းမတစ်ယောက်ကို သူကဘယ်လိုလုပ်နိုင်မှာလဲ။ နောက်ပြီး လင်းသခင်းလေးနဲ့ ပက်သက်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ကို ဘယ်သူကရှုပ်ရဲမှာလဲ။ ကြည့်ရတာ လင်းဖေးဟန်နဲ့ ဒီမိန်းမက လိုက်ဖက်တဲ့ စုံတွဲပဲ။ လုရွှယ်ယင်က အဲ့ဒီလူနဲ့ စကားပြောနေဖို့အချိန်မရှိလို့ လက်ခါပြပြီးပဲ အမြန်ဆုံးထွက်သွားဖို့ပြောလိုက်တယ်။ အဲ့ဒါကိုမြင်တော့ ထိုလူက သက်သာရာရသလို ချက်ချင်းပင်ပြေးထွက်သွားသည်။
စောင့်ရတာငြီးငွေ့ဖို့ကောင်းလှသည်။ လင်းဖေးဟန်ရဲ့ဘ သတင်းတွေကို သူမဘယ်နှစ်ကြိမ်တောင်ဖွင့်ကြည့်မိမှန်းမသိတော့ပေ။ ရုတ်တရက်ကြီး လုရွှယ်ယင်စိတ်ထဲ တစ်ခုပေါ်လာသည် HOK။ လွန်ခဲ့တဲ့ ရက်တွေတုန်းက လင်းဖေးဟန် ဂိမ်းတော်တော်ဆော့တယ်။ သူအဆော့အများဆုံးက HOK ပဲ။ လုရွှယ်ယင်က သူမ၏လက်ချောင်းများကို မထိန်းချုပ်နိုင်တော့ဘူးဟု ခံစားရသည်။ အပ်(ဖ်)စတိုး ထဲက ဂိမ်းအဆင့်သတ်မှတ်ချက်ကို ဝင်ကြည့်လိုက်သည်။ ပထမနေရာက HOK ဖြစ်သည်။ နာမည်ကြည့်ရတာ အဲ့လောက်ထူးခြားနေပုံလဲမပေါ်ပါဘူး။ ဆော့ဖ်ဝဲအိုင်ကွန်ကလည်း ဆွဲဆောင်မှုရှိမနေဘူး။ မျက်လုံးအရောင်တောက်နေတဲ့ လူတစ်ယောက်ပုံ။ အပေါ်မှာ 5v5 လို့ရေးထားတယ်။ ဒီဂိမ်းကလူ ၁၀ရောက်ဆော့ရတာပေါ့ မထူးခြားပါဘူး။ ကြက်သားညစာဂိမ်းတွေမှာဆိုရင် လူရာချီဆော့လို့ရတယ်(PUBG နဲ့ Fortnite)
ဒါပေမဲ့ ဘာလို့ အမြဲအလုပ်ဂျပိုးလိုဖြစ်နေတဲ့လူက ဘာလို့ဒီဂိမ်းကိုစိတ်ဝင်စားရတာလဲ။ ဘာတွေစွဲလမ်းစရာကောင်းနေလို့လဲ။ ကောမန့်ကိုဖွင့်ကြည့်လိုက်သည်။ ကွမ်းဖေးဖေး. ချီးပဲ ငါ့ကိုအဖြေတစ်ခုပေး ဂိမ်းကိုပိုကောင်းအောင်လုပ်နိုင်လား မလုပ်နိုင်ဘူးလား။ ဒီနေ့ရာသီဥတုမကောင်းဘူးကွာ ကြယ် ၁ တစ်လုံးပဲပေးမယ်။ နှစ်သစ်ကူးတိုင်းသူတို့က စကင်အသစ်တွေထုတ်တယ်။ ငါ့ကလေးဖက်ထုပ်မစားရတာတောင် ၃ နှစ်ရှိပြီ။ ကွမ်းဖေးဖေးက ဘယ်သူလဲ ဘာလို့လူတော်တော်များများက သူ့ကိုကြိမ်းမောင်းနေရတာလဲ။ ရာသီဥတုမကောင်းလို့ကြယ် ၁ ပွင့်ပဲပေးတယ်တဲ့လား။ ဒါကပိုက်ဆံပေးဆော့ရတဲ့ဂိမ်းပဲဖြစ်မယ်။ လင်းဖေးဟန်က ဒီမှာပိုက်ဆံသုံးပြီး ပျော်ရွှင်မှုရနိုင်လို့လား။ ဆဲဆိုထားတာတွေအများကြီးပဲဆိုတော့ ဘာလို့လူတွေအများကြီးက ဒေါင်းလော့လုပ်နေကြသေးတာလဲ။
လုရွှယ်ယင်က ကောမန့်တွေကို ဆက်ကြည့်လိုက်သည်။ HOK ဆော့ရင်းကောင်မလေးရှာလို့ရတယ်ဆိုတာကိုသိကြလား။ အပေါ်ကလူကအခုမှသိတာလား ငါဆိုကောင်မလေး ၄ ယောက်ရှိတယ်။ ငါသူတို့ကိုနေ့တိုင်း ရန့်ခ်ခေါ်ဆော့တာ အခုဆိုအောင်အောင်မြင်မြင်ရန့်ခ်ကျသွားခဲ့ပြီ။ အပေါ်ကကောင်ကတကယ် ရန့်ခ်အနိမ့်ကကောင်ပဲ။ ငါ့ရဲ့သူငယ်ချင်းကကောင်လေးတစ်ယောက်ရခဲ့ပေမဲ့ အဲ့ကောင်လေးကသူ့ကိုသစ္စာဖောက်သွားတယ်။ အဲ့ဒီလူရှုပ်သေသင့်တယ်။ မင်းသူငယ်ချင်းကို ငါ့ကိုဆက်သွယ်ခိုင်းလိုက်။ ငါသူ့ကိုသမင်လေး(Daria)စကင်ပေးပြီးငါ့ကိုတက်စီးခိုင်းမယ်။ တက်စီးခိုင်းမယ်တဲ့လား။ ဒါကဘယ်လိုရဲတင်းတဲ့ စကားမျိုးလဲ။
လင်းဖေးဟန်ကလည်း ဒီဂိမ်းကို ကောင်မလေးရှာဖို့ဆော့နေတာများလား။ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား။ လုရွှယ်ယင်ခန့်မှန်းနေစဥ်မှာပဲ လင်းဖေးဟန်က ကုမ္ပဏီကနေထွက်လာပြီး ကားပေါ်တက်သွားသည်။ လုရွှယ်ယင် တွေးနေချိန်မရှိပဲ ကော်ဖီဆိုင်ထဲကအမြန်ထွက်ကာ ကားပေါ်သို့ တက်သွားလိုက်သည်။ လင်းဖေးဟန်က ဘာလို့နောက်ကျမှလာပြီ စောစောပြန်ရလဲ ဆိုတာသူမသိချင်လှသည်။ သူမကိုယ်သူမ ဥာဏ်ကောင်းသည်ဟု တွေးမိလိုက်သည်။ ဒီကနေ့သူမက သိပ်မသိသာလှသော မာစီးတီးအနက်ရောင်ကို မောင်းနှင်လာခဲ့သည်။
လုရွှယ်ယင်က လင်းဖေးဟန်ကို ဖုန်းလုံဧရိယာထိ လိုက်သွားခဲ့သည်။ လင်းဖေးဟန်က ကားကိုလမ်းပေါ်မှာရပ်ပြီး ပန်းဆိုင်တစ်ဆိုင်ထဲကို ဝင်သွားတာကိုသူမမြင်လိုက်၏။ လင်းဖေးဟန်က ပန်းဆိုင်ကိုဘာလာလုပ်တာလဲ ဘယ်သူ့ကိုပန်းပေးမလို့လဲ လုရွှယ်ယင်က ပဟေဠိဖြစ်သွားသည်။ ထို့နောက် လင်းဖေးဟန်က ဝှီးချဲပေါ်မှ မိန်းကလေးတစ်ယောက်ကို တွန်းပြီးထွက်လာတာကို သူမတွေ့လိုက်ရ၏။ ထိုမိန်းကလေးက အင်မတန်လှပပြီး သူမနှင့်အလှချင်းယှဥ်နိုင်ပုံပေါ်သည်။ သို့သော် ဝှီးချဲပေါ်ထိုင်နေရခြင်းက ထိုမိန်းကလေးကို မှေးမှိန်စေသည်။ သူကတကယ်ပဲ မိန်းကလေးတွေနဲ့တွေ့ဖို့ရောက်နေတာပဲ။ ထိုအတွေးက လုရွှယ်ယင်စိတ်ထဲ ဖြတ်သွားသည်။ တစ်ချိန်ထဲမှာပဲ လွီရွှမ်ရဲ့ စကားကိုသူမကြားယောင်လာသည်။ အမေရိကန်မှာဆို အဲ့လိုယောက်ျားမျိုးက အပြင်မှာ တခြား စွဲဆောင်နိုင်တဲ့မိန်းမရှိနေတာပဲ။