← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

လင်းဖေးဟန်က တကယ်ပဲ အပြင်မှာ မိန်းမရှိနေတာပဲ။ လုရွှယ်ယင် လက်သီးတွေကို ဆုပ်လိုက်မိသည်။ ဒါပေမဲ့ ခဏအကြာမှာပဲ လင်းဖေးဟန်က သူမနဲ့ မသက်ဆိုင်တော့ဘူးဆိုတာ သူမသိလိုက်၏။ သူမဘာကိုစိုးရိမ်နေတာလဲ။ လင်းဖေးဟန်က အသက် ၈၀ အရွယ် အမျိုးသမီးနဲ့တွေ့တောင် သူမနဲ့မှမပတ်သက်တာပဲ။

လုရွှယ်ယင်က လင်းဖေးဟန်ကို ဆက်ငေးကြည့်နေမိသည်။ နောက်ထပ်မြင်လိုက်ရတာကြောင့် လုရွှယ်ယင် အနည်းငယ် အံ့အားသင့်သွား၏။

“ဒီမှာ နေပူစာလာလှုံ။ ခန္ဓာကိုယ်အတွက်ကောင်းတယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုလင်း”

“ကျေးဇူးတင်ပါတယ်ဆိုတာကြီး ထပ်မပြောနဲ့တော့။ နေ့တိုင်းပြောနေရတာ မမောဘူးလား”

“ဟင့်အင်း။ အစ်ကိုလင်းက ကျွန်မအပေါ် အကောင်းဆုံးလူမလို့လေ”

ထိုမိန်းကလေးရဲ့အပြုံးက နွေးထွေးလှသည်။ သူတို့နှစ်ယောက်က အရှက်မဲ့လှ၏။ လင်းဖေးဟန်က ဒီလိုမသန်စွမ်းတာမျိုးကို သဘောကျတာများလား။ လုရွှယ်ယင်က သူမက ဘာလို့ အဲ့လောက်တောင် စိတ်တိုနေရလဲဆိုတာ မသိတော့ပေ။ ဒါပေမဲ့ ခဏအကြာမှာတော့ လုရွှယ်ယင်က စောနကအတွေးတွေအတွက် နောင်တရသွားသည်။

လင်းဖေးဟန်က ငွေပင်အပ်ကိုထုတ်ကာ ထိုမိန်းကလေးကို သေသေချာချာ အပ်စိုက်ပေးလိုက်၏။ လုရွှယ်ယင်ရဲ့မျက်လုံးများက ပိုမိုနူးညံ့သွားက ညင်သာသောအကြည့်ဖြစ်သွားသည်။ လင်းဖေးဟန်က ဘယ်သူလဲ။

သူကလင်းအုပ်စုရဲ့ ဥက္ကဌဖြစ်ပြီး ဆွေကြီးမျိုးကြီးမှ မွေးဖွားလာသူဖြစ်သည်။ ကျန်းပိုင်တစ်မြို့လုံးမှာ လင်းဖေးဟန်နာမည်ကိုမသိတာ ဘယ်သူရှိမှာလဲ။ ဒါပေမဲ့သူက သူစိမ်းအမျိုးသမီးတစ်ယောက်ကို ကုသပေးဖို့ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်တဲ့လား။ ထိုအချက်က လုရွှယ်ယင်ကို အံ့ဩသွားစေခဲ့သည်။

ပထမက လင်းဖေးဟန်က ကောင်မလေးနဲ့ လာပလီတာလို့ထင်ပြီး လုရွှယ်ယင် မနှစ်မြို့ခဲ့ပေ။ အခု ဒီမိန်းကလေးကို ကုသပေးဖို့ ထိုင်ချလိုက်တာကိုမြင်တော့ လုရွှယ်ယင်က အဲ့အတွေးမျိုးကို လွှတ်ချလိုက်၏။ လင်းဖေးဟန်က ချမ်းသာပြီး အင်အားကြီးတာပဲ။ ဘယ်လိုအမျိုးသမီးမျိုးကို သူမရှာနိုင်ပဲနေမှာလဲ။

သူ့ရှေ့က ဝှီးချဲနဲ့မိန်းကလေးက အင်မတန်လှပေမဲ့ လင်းဖေးဟန်ရဲ့ အနေအထားနဲ့ ဘယ်လိုမိန်းကလေးကို မရှာနိုင်ပဲနေမှာတဲ့လဲ။ လင်းဖေးဟန်ရဲ့ ရှုပ်ရှုပ်ယှက်ယှက်သတင်းတွေကို သူမ တစ်ခါမှ မကြားဖူးပေ။ ဒေါသကြောင့်သာ သူမ အမှောင်ဖုံးသွားခဲ့ခြင်းဖြစ်သည်။

မိန်းကလေးက မသန်စွမ်းတဲ့အပြင် သူမရဲ့မိသားစုကလည်း သာမန်ဖြစ်၏။ ဒါတောင်မှ လင်းဖေးဟန်က သူမကိုကုသရန် စိတ်ရှည်သေးသည်။ မိနစ် ၂၀ မျှကြာသွား၏။ လုရွှယ်ယင်ရဲ့ ဝီချက်က အကြိမ်များစွာ သတိပေးချက် တက်လာခဲ့သော်လည်း သူမက ရှေ့တည့်တည့်က မြင်ကွင်းကိုသာ အာရုံစိုက်ကြည့်နေခဲ့သည်။

အစကနေအဆုံးထိ လင်းဖေးဟန်ရဲ့ အပြုအမူတွေက ဆီလျော်လှသည်။ စည်းကျော်တာမျိုးမရှိ၊ ဘာတစ်ခွန်းမှမပြောပဲ ဂရုတစိုက်သာ အပ်စိုက်နေခဲ့၏။ နောက်ဆုံးတွင် ပြီးသွားခဲ့ပြီး လင်းဖေးဟန်က ထိုမိန်းကလေးကို လက်ပြနှုတ်ဆက်ခဲ့သည်။

နေရောင်ခြည်က ထိုမိန်းကလေးရဲ့ မျက်နှာပေါ်သို့ ကျရောက်ခဲ့ပြီး သူမကို ကြည့်ရတာ အလွန်အသက်၀င်စေခဲ့သည်။ ပန်းချီကားတစ်ချပ်လိုပင် လှပ၏။ လင်းအုပ်စုရဲ့ ဥက္ကဌက မိန်းကလေးတစ်ယောက်ရဲ့ ခြေထောက်တွေကို တကယ်ပဲ ကုသပေးခဲ့တာလား။ ငါသူ့ကို အပြစ်မှားတင်မိပြီလား။

လင်းဖေးဟန်နဲ့ စွန်းရှင်းယွဲ့ကြားက အကြောင်းရင်းကို လုရွှယ်ယင် လုံး၀မသိခဲ့ပေ။ အခုတော့ သူမ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူတို့ကို သူမစိတ်ထဲ ကျိန်ဆဲမိခဲ့သည် မဟုတ်လား။ အမှန်ပင်ဖြစ်၏။ လွန်ခဲ့သောနှစ်တွေက လင်းဖေးဟန်က သူမကိုအရူးအမူးဖြစ်နေခဲ့သည်။ သူမကို လိုက်တာကလွဲရင် ဘယ်မိန်းကလေးနဲ့မှ သတင်းမထွက်ဖူးချေ။ ကျန်းပိုင်မြို့က သူ့ရဲ့သတင်းက အမြဲလိုလိုကောင်းခဲ့သည်။ ထိုအကြောင်းကြောင့်သာလျှင် သူမမိသားစုက လင်းဖေးဟန်နဲ့သူမကြား လက်ထပ်ပွဲကို စီစဥ◌်ပေးခဲ့ခြင်းဖြစ်၏။ သူမရဲ့ အဘိုးကတောင် လင်းဖေးဟန်ကို ချီးကျူးခဲ့သေးသည်။

လုရွှယ်ယင်က အမှတ်တရတွေထဲ ကျဆုံးသွားသည်။ နှစ်ယောက်ကြားက ယခင်အခိုက်အတန့်လေးတွေကို ပြန်စဥ◌်းစားလိုက်မိ၏။ လင်းဖေးဟန်က ကောင်းပေမဲ့ သူမအစကတည်းက သတိမထားမိခဲ့ပေ။ “A Chinese Odyssey” ထဲက စကားကို သုံးရမယ်ဆိုရင် ကိုယ့်ရှေ့မှာ တစ်ချိန်တုန်းက အဖိုးတန်တဲ့အချစ် ရှိခဲ့ဖူးပေမဲ့ ကိုယ်က တန်ဖိုးမထားမိခဲ့ဘူး။ မဆုံးရှုံးခင်အထိ နောင်တမရမိခဲ့ဘူးလို့ ဆိုရမှာပေါ့လေ…။

(စတီဗင်ချောင်ရဲ့ စွန်းဝူခုန်းကားပါ ဟောင်ကောင်ရုပ်ရှင်ဆိုပေမယ့် ၉၀ခုနှစ်တွေမှာ တအားကိုအောင်မြင်ခဲ့တာပါ။ မကြည့်ရသေးရင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်

-Zeus)

“တင်း! စနစ်သတိပေးချက်: အမျိုးသမီးဇာတ်ကောင် လုရွှယ်ယင်ရဲ့ အသုံးပြုသူအပေါ် နှစ်သက်မှုက အနည်းငယ်သဘောကျတဲ့အဆင့်ကို တက်သွားပါပြီ။ ပွိုင့် ၂၀၀ ရရှိလိုက်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ပြုပါတယ်”

လင်းဖေးဟန်က သိသိကြီးနှင့်ပြုံးလိုက်သည်။ တကယ်က သူ့နောက်ကို တစ်စုံတစ်ယောက်လိုက်လာတာကို သူသိ၏။ ဘယ်သူလဲဆိုတာသာ သူမသိခဲ့ခြင်းဖြစ်သည်။ အမှောင်ထဲပုန်းနေတဲ့အားသောင်က သူ့ကို စာလှမ်းပို့မှသာ လုရွှယ်ယင်မှန်း သိခဲ့ခြင်းဖြစ်သည်။

ဒီတစ်ကြိမ် စနစ်ရဲ့ ဆုချတဲ့အသံကို ကြားလိုက်ရချိန်မှာတော့ လုရွှယ်ယင်က သူမအပေါ် ဘာလို့ အမြင်ပြောင်းလဲသွားလဲဆိုတာ သူနားလည်သွား၏။ အဲ့ဒါက သူ့ကို အနည်းငယ် ပြုံးသွားစေပြီး ခံစားချက်ကောင်းသွားစေသည်။

ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ အောင်မြင်မှုပဲ။ စနစ်က မေးလိုက်၏။

“အမျိုးသမီးဇာတ်ကောင် လုရွှယ်ယင်လိုက်လာတာကို အသုံးပြုသူ သိထားတာလား။ ဘာလို့ လုံးဝအံ့ဩမသွားတာလဲ”

လင်းဖေးဟန် ပွိုင့်ဘယ်လိုရခဲ့တယ်ဆိုတာ စနစ်က ကြွားချင်ပေမဲ့ လင်းဖေးဟန်က သိပ်ပြီးဂရုမစိုက်ခဲ့ချေ။ ပွိုင့်နည်းလို့များလား။ ကြည့်ရတာ လင်းဖေးဟန်က ပိုပိုပြီး စိတ်အားရတာ နည်းလာတာပဲ။

“အားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာပဲ”

လင်းဖေးဟန်က ဝမ်တကုံကို မောင်းထွက်ခိုင်းလိုက်သည်။

လင်းဖေးဟန်က ဖုန်းလုံဧရိယာကနေ ထွက်သွားခဲ့ပေမဲ့ လုရွှယ်ယင်က မထွက်သွားခဲ့ပေ။ သူမက ဘယ်လိုမိန်းကလေးမျိုးက လင်းဖေးဟန်ကို အလွန်ဂရုစိုက်တတ်အောင် လုပ်နိုင်ခဲ့လဲဆိုတာ သိချင်မိသည်။

လုရွှယ်ယင်က ကားထဲကထွက်ပြီး ပန်းဆိုင်ကို လျှောက်သွားခဲ့၏။ ဈေးဝယ်လာတာကိုမြင်တော့ စွန်းရှင်းယွဲ့က အပြုံးနှင့်နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ မိန်းကလေး။ ပန်းဝယ်မလို့လား”

အဲ့ဒါကိုကြားလိုက်ရတော့ လုရွှယ်ယင် အံ့ဩသွားသည်။ မိန်းကလေးရဲ့ စကားတွေက ပျူငှာလှ၏။ သူမ အဝေးက မြင်ခဲ့တာထက်လည်း ပို၍လှပသည်။ စွန်းရှင်းယွဲ့လည်း အံ့ဩသွား၏။ သူမရှေ့က အမျိုးသမီးက အေးစက်စက် အကျင့်စရိုက်ရှိပြီး တိုင်းပြည်နှင့်လူမျိုးကို ကပ်ဘေးဆောင်ယူလာသော မျက်နှာထားရှိသည်။

သို့သော် စွန်းရှင်းယွဲ့က အနည်းငယ်သာမှင်သက်ခဲ့ပြီး သူမမျက်နှာကအပြုံးက ဆက်ရှိနေသေးသည်။ လုရွှယ်ယင်က ဖြည်းဖြည်းချင်းပြုံးပြီးပြောလိုက်၏။

“ကျွန်မ ပန်းမဝယ်ပါဘူး”

လုရွှယ်ယင်စိတ်ထဲ ချက်ချင်းပြောလိုက်မိသည်။

“ဒီလို ဖြူစင်တဲ့မိန်းကလေးမျိုးက ကမ္ဘာမှာရှားတယ်”

“တစ်ချက်လောက် မေးပါရစေ။ ကျွန်မတို့ အချင်းချင်းသိကြလား။ ရှင်က ဘယ်သူလဲ”

စွန်းရှင်းယွဲ့ မေးလိုက်၏။

“အင်း…ကျွန်မက လင်းဖေးဟန်ရဲ့…သူငယ်ချင်းပါ”

လုရွှယ်ယင် တွေးကြည့်ပြီးနောက် အဲ့ဒီလိုသာ ပြောလိုက်နိုင်သည်။

ထိုသို့ကြားပြီးနောက် စွန်းရှင်းယွဲ့က အံ့ဩသွားကာ ပြောလိုက်၏။

“ရှင်က အစ်ကိုလင်းရဲ့သူငယ်ချင်းပေါ့။ ရိုင်းပျမိပြီ။ ခုပဲ ရေချပေးမယ်နော်”

လုရွှယ်ယင်က ငြင်းချင်ပေမဲ့လည်း စွန်းရှင်းယွဲ့က စိတ်အားထက်သန်စွာနှင့် ရေလောင်းထည့်ပေးပြီးနေပြီဖြစ်သည်။

လုရွှယ်ယင်က စွန်းရှင်းယွဲ့ကို ကြည့်ပြီး သိချင်စိတ်နှင့် မေးလိုက်သည်။

“လင်းဖေးဟန်နဲ့ ဘယ်လိုတွေ့ခဲ့ကြတာလဲ ပြောပြလို့ရမလား”

ထိုမေးခွန်းကို ကြားလိုက်ရချိန်မှာ စွန်းရှင်းယွဲ့ရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာ၏။

“အဲ့ဒီအကြောင်းပြောရရင် တကယ်ကို ရေစက်ကြောင့်လို့ဆိုရမယ်။ အစ်ကိုလင်းက ကျွန်မကို ပြဿနာတွေ ကူညီဖြေရှင်းပေးခဲ့တာလေ”

ကြည့်ရတာ အားလုံးက တိုက်ဆိုင်မှုသက်သက်ပဲ။ လင်းဖေးဟန်က တကယ်ကို တာဝန်ယူတတ်တဲ့ ယောကျ်ားတစ်ယောက်ပဲ။ စွန်းရှင်းယွဲ့ စိတ်ထဲတွေးလိုက်မိသည်။ ထို့နောက် စွန်းရှင်းယွဲ့က ဆက်စကားပြောလိုက်၏။ သူမရဲ့အပြုံးက အလွန်ဖော်ရွေပြီး လုရွှယ်ယင်၏ နှလုံးသားကို တို့ထိသွားခဲ့သည်။ ထို့နောက် သူတို့အချင်းချင်း ရင်းနှီးလာကြသည်။

All Chapters