← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

“မိန်းကလေးစွန်း။ ရှင့်ရဲ့ခြေထောက်အတွက် အကူအညီလိုလား။ ကျွန်မ ရှင့်အတွက် အကောင်းဆုံးဆရာဝန်တွေကို ခေါ်ပေးလို့ရပါတယ်”

သိမ်မွေ့ပြီး အကြည်ဓာတ်ရှိတဲ့ မိန်းကလေးမျိုးကို တွေ့လိုက်ရတဲ့အခါမှာတော့ လုရွှယ်ယင်က စွန်းရှင်းယွဲ့ကို လှိုက်လှိုက်လှဲလှဲ ကူညီချင်မိသည်။ စွန်းရှင်းယွဲ့က ချိုသာစွာပြုံးပြီးပြောလိုက်၏။

“ဟင့်အင်း။ ကျေးဇူးတင်ပါတယ် မိန်းကလေးလု။ အစ်ကိုလင်းက ကူညီပေးပါလိမ့်မယ်”

လင်းဖေးဟန်ရဲ့နာမည်ကို ပြောလိုက်တဲ့အခါမှာတော့ သူမမျက်နှာက အပြုံးပန်းဝေသွားသည်။

ဘာကြောင့်မှန်းမသိ စွန်းရှင်းယွဲ့ရဲ့ တောက်ပနွေးထွေးတဲ့အပြုံးကို မြင်လိုက်ရချိန်မှာ လုရွှယ်ယင် ဘယ်လိုမှ ပျော်ရွှင်မှုကို ထပ်မခံစားရတော့ပါ။ ဒါပေမဲ့ အဲ့ဒီခံစားချက်က ခဏအကြာမှာပဲ ကွယ်ပျောက်သွားပြီး သူမရဲ့ နဂိုက အေးတိအေးစက်မျက်နှာထားက ပြန်ပေါ်လာ၏။ စွန်းရှင်းယွဲ့က လုရွှယ်ယင်ထူးဆန်းနေတာကို သတိမထားမိလိုက်ပေ။ အဲ့ဒီအစား သူမက ပြုံးပြီးပြောလိုက်သည်။

“ရှင်က အစ်ကိုလင်းရဲ့ သူငယ်ချင်းဆိုတော့ ကျွန်မရှင့်ကိုလည်း ပန်းတစ်ပွင့်ပေးလိုက်မယ်။ ရှင် ဘယ်ဟာကြိုက်လဲ”

လုရွှယ်ယင်ရဲ့ ဥယျာဥ◌်ထဲတွင် ပန်းမျိုးစုံရှိ၏။ သို့သော် ဤစိတ်အားထက်သန်နေသော မိန်းကလေးကို မြင်လိုက်ရချိန်မှာတော့ သူမ မငြင်းဆန်ရက်ပဲ ပြောလိုက်သည်။

“ဒီတစ်ခုယူလိုက်မယ်။ ကျေးဇူးနော်”

“နှင်းဆီလား။ နှင်းဆီက ချစ်ခြင်းကို ကိုယ်စားပြုတယ်။ ရှင်သဘောကျမယ်လို့ မျှော်လင့်ပါတယ်”

စွန်းရှင်းယွဲ့က စိတ်ရင်းနှင့်ပြောလိုက်၏။

အချစ်။ သူမရဲ့ ကိုယ်ပိုင်အချစ်ကို တကယ်ပဲ ရှာတွေ့နိုင်မှာလား။ လုရွှယ်ယင်က တိတ်ဆိတ်သွားပြီး လင်းဖေးဟန်သူမကိုပြောခဲ့တဲ့စကားတွေက သူမအတွေးထဲပေါ်လာသည်။

‘ လူတွေရဲ့စိတ်ကလည်း သစ်ပင်လိုပဲ။ တစ်ခါတရံ ကောင်းကင်ကြီးကို မြင်ရဖို့အတွက် ခုတ်ထွင်ရှင်းလင်းဖို့လိုတယ်။’

စွန်းရှင်းယွဲ့ရဲ့ အကောင်းမြင်စိတ်က လုရွှယ်ယင်အပေါ်သက်ရောက်ပြီး သူမရဲ့နှလုံးသားကို ယိမ်းယိုင်စေခဲ့သည်။ လုရွှယ်ယင်ရဲ့ စိတ်ထဲအနည်းငယ် ရှုပ်ထွေးနေပေမဲ့ သူမမျက်နှာမှာ မဖော်ပြခဲ့ချေ။ စွန်းရှင်းယွဲ့ရဲ့ အကြည့်တွေကပဲ စူးရှလွန်းတယ်ပြောရမလား။ သူမက ဆင်ခြေပေးကာ လှည့်ထွက်လာတော့၏။ မထွက်လာခင်မှာတော့ လုရွှယ်ယင်က စွန်းရှင်းယွဲ့ကို ပြောခဲ့လိုက်သည်။

“ဒီနေ့ကိစ္စကို လျှို့ဝှက်ထားပေးပါ မိန်းကလေးစွန်း။ လင်းဖေးဟန်ကို ဒီအကြောင်းမသိစေချင်လို့ပါ”

“ကောင်းပြီလေ”

စွန်းရှင်းယွဲ့က သဘောတူလိုက်၏။

လုရွှယ်ယင် ပြန်သွားတာကိုကြည့်ပြီး စွန်းရှင်းယွဲ့ ပန်းဆိုင်ကို ပြန်လာလိုက်သည်။ ပြတင်းပေါက်ဘောင်ပေါ်က သူမ သေချာဂရုစိုက်လာတဲ့ နှင်းဆီအဖြူကိုကြည့်ပြီး စွန်းရှင်းယွဲ့ရဲ့ မျက်လုံးတွေက ကြင်နာမှုအရိပ်အယောင်သမ်းလာ၏။ သူမရဲ့ နှုတ်ခမ်းထောင့်တွေက မနေနိုင်ပဲ ကွေးတက်သွားပြီး သူမရဲ့မျက်နှာက နီတက်လာသည်။ ထိုအချိန်တွင် ကားထဲရှိ လုရွှယ်ယင်ကတော့ ခေါင်းတွေပေါက်ထွက်တော့မလို ခံစားနေရ၏။

လုရွှယ်ယင်က တကယ်ပဲ လေဆိပ်တွင် သူမကိုသွားကြိုရန် မေ့သွားခဲ့သည်။ မစ်ကောလ်အများကြီးကို တွေ့ပြီးနောက် လုရွှယ်ယင်က ဖုန်းအမြန်ခေါ်လိုက်၏။

“ငါတကယ်တောင်းပန်ပါတယ် ရှောင်ရွှမ်။ ငါကားထဲမှာဖုန်းကို ထားခဲ့ပြီး သတိလုံးဝမရဘူးဖြစ်သွားတယ်”

လုရွှယ်ယင်က တောင်းတောင်းပန်ပန် ပြောလိုက်သည်။

လွီရွှမ်က ဆော်ဩလိုက်သည်။

“အစ်မကြီးရေ အပြန်လာပါတော့ ကျေးဇူးပြုပြီး။ ငါ လေဆိပ်မှာရပ်စောင့်နေတာ နာရီဝက်ကျော်ပြီ။ လေဆိပ်ကလူတွေက မသိရင် ငါက အိမ်ကထွက်ပြေးလာတဲ့ ကောင်မလေးလိုမျိုး အထူးအဆန်းကြည့်နေကြတာ”

“ငါခဏနေ အဲ့ဒီကိုရောက်မယ်။ ခဏပဲ”

ဆယ်မိနစ်အကြာမှာ လုရွှယ်ယင်က လွီရွှမ်ကို သွားကြိုလိုက်၏။

“နောက်ဆုံးတော့ ရောက်လာပြီပေါ့ အစ်မကြီး”

လွီရွှမ်က ထပ်ခါထပ်ခါ စောဒကတက်လိုက်သည်။

လွီရွှမ်က အတော်လေး ဟိုပေါ်ဒီပေါ် ဝတ်ထားသည်။ အပေါ်ပိုင်းတွင် သူမ၏ညှပ်ရိုးနှင့် သေးသွယ်သောခါးကို ပေါ်စေသည့် အဖြူရောင်ဂျိုင်းပြတ်အင်္ကျီကို ဝတ်ထားပြီး အောက်ပိုင်းတွင်မူ ဂျင်းဘောင်းဘီတိုကို ဝတ်ထား၏။ တိုလွန်းသဖြင့် အတွင်းခံ မပေါ်ရုံတမယ်ဖြစ်သည်။ လေဆိပ်ကလူတွေ လွီရွှမ်ကို ဘာလို့ အထူးအဆန်း ကြည့်နေကြလဲဆိုတာ လုရွှယ်ယင် သဘောပေါက်သွားသည်။ သူမသာ ယောကျ်ားတစ်ယောက်ဆိုလည်း ထိုကဲ့သို့ကြည့်မိမှာပင်ဖြစ်၏။

သို့သော် လွီရွှမ်းက ထိုသို့ ဝတ်ဆင်ရတာကို သဘောကျသည်။ တစ်ခါတစ်လေကျရင် အဲ့ဒီလူတွေကို သူမရဲ့ ဖွံ့ထွားသည့် ကိုယ်လုံးကိုယ်ပေါက်၊ ခြေတံရှည်များနှင့် ကလူရသည်ကို သူမကနှစ်သက်၏။ လုရွှယ်ယင်က လွီရွှမ်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

“ရှောင်ရွှမ်ရေ။ နင်က သိပ်ပြီး အဝတ်မကပ်တော့ဘူးနော်”

နှစ်ယောက်သား ရင်းနှီးစွာပွေ့ဖက်လိုက်ကြ၏။ လွီရွှမ်က လုရွှယ်ယင်ရဲ့နားထဲ တီးတိုးပြောလိုက်သည်။

“သိပ်မကပ်ဘူးတဲ့လား။ ငါက ဝတ်ထားတာများတယ်လို့တောင် ထင်နေသေးတာ”

လုရွှယ်ယင် ပိုပြီးတောင် ဘာပြောရမှန်းမသိတော့ချေ။

လွီရွှမ်က ဆက်ပြောလိုက်၏။

“အိမ်ပြန်ကြရအောင်။ အိမ်အမြန်ပြန်ကြမယ်။ ရေအရင်ချိုးမှရမယ်။ ညစ်ပတ်တော့မလို ခံစားရတယ်”

လုရွှယ်ယင် ခေါင်းငြိမ့်လိုက်သည်။ အပိုဆာဒါးတွေ ဆက်မပြောတော့ပဲ လွီရွှမ်ကို ကားဆီခေါ်လာလိုက်၏။ ကားပေါ်တက်ပြီးနောက် လွီရွှမ်က စပြီးပြောလိုက်သည်။

“ဒါနဲ့ နင့်ခင်ပွန်းဟောင်းက နင်နဲ့ပါမလာဘူးလား။ ငါသူ့ကို တကယ်တွေ့ဖူးချင်လို့”

လုရွှယ်ယင်က စောင်းကြည့်ပြီး ပြောလိုက်၏။

“ငါနဲ့သူက ဘာမှမသက်ဆိုင်တော့ဘူး။ ငါ့ခင်ပွန်းဟောင်းလို့ ခေါ်နေတာကို ရပ်လိုက်လို့ရမလား”

“မရဘူးလေ”

လုရွှယ်ယင်ရဲ့ စိတ်ဆိုးနေတဲ့ပုံကိုမြင်တော့ လွီရွှမ်က စကားပြင်ပြောလိုက်ရသည်။

“ကောင်းပြီလေ။ နင့်ရှေ့ထပ်မပြောတော့ဘူး”

ငါ့ရှေ့တဲ့လား။ သူများရှေ့တော့ ပြောမယ်ပေါ့။ လုရွှယ်ယင်က လွီရွှမ်ကို စကားပြင်ပေးရမှာ ပျင်းသောကြောင့် ပြောလိုက်၏။

“မြေပုံမှာ လင်းအုပ်စုကို ရှာကြည့်လိုက်ရင် သူဘယ်မှာလဲဆိုတာ နင်သိလိမ့်မယ်”

“တကယ်လား။ မြေပုံပေါ်မှာ ဓာတ်ပုံတွေပါတယ်ပေါ့။ အထင်ကြီးစရာပဲ”

လင်းအုပ်စုကို ရှာနေတဲ့ သူမရဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး လုရွှယ်ယင် ဇဝေဇဝါဖြစ်သွားသည်။ သူမရဲ့သူငယ်ချင်းက IQ,EQ မြင့်ပြီး အမြော်အမြင်ရှိကာ စိတ်ပညာကို လေ့လာနေသောကြောင့် ပုံမှန်ဆို မည်သူမျှသူမကို လှည့်စား၍မရပေ။ သူမသူငယ်ချင်း၏ သိချင်စိတ်ပြင်းပြနေပုံကိုကြည့်ပြီး သူမစိတ်ထဲ အတွေးတစ်ခုပေါ်လာသည်။ လွီရွှမ်က လင်းဖေးဟန်ကို ကြိုက်နေတာများလား။ ထိုအတွေးက ချက်ချင်းကွယ်ပျောက်သွားခဲ့သော်လည်း လုရွှယ်ယင်မှာ သူမဘာသူမ တုန်လှုပ်သွားမိခဲ့၏။ မဖြစ်နိုင်တာပဲ။

လင်းဖေးဟန်က အကြင်နာတရား မရှိသူဖြစ်သည်။ သူက တည့်တိုးသမားဖြစ်ပြီး အေးစက်ကာ ရက်စက်လှ၏။ ဉာဏ်နီဉာဏ်နက်လည်းများသေးသည်။ ဘယ်သူက သူ့ကိုကြိုက်မှာလဲ။ ရှောင်ရွှမ်က သိချင်ရုံနေမှာပါ။ အင်း။ အဲ့လိုပဲနေမယ်။ လုရွှယ်ယင်က သူမကိုယ်သူမ အတွေးတချို့ ရိုက်သွင်းပြီးနောက် စိတ်အေးသွားသည်။

နောက်ထပ် နေ့သစ်တစ်ခုဖြစ်၏။ အတွင်းရေးမှူးက အသားကပ်အနက်ရောင်ဝတ်ကာ လင်းဥက္ကဌကို နှိပ်နယ်ပေးနေဆဲပင်။ လင်းဖေးဟန်က မျက်လုံးမှိတ်ထားပြီး ဇိမ်ခံကာ အတွင်းရေးမှူးကို တိုးတိုးလေးပြောလိုက်၏။

“မနက်ဖြန်ကျ အဖြူရောင်ဝတ်လာဖို့ မမေ့နဲ့နော်”

အတွင်းရေးမှူးမလေးက ရှက်သွေးဖြာသွားပြီး နားမလည်ချင်ဟန်ဆောင်ကာ ပြောလိုက်သည်။

“ဘာကိုပြောတာလဲ လင်းဥက္ကဌ”

“အိပ်ယာပေါ်တက်လိုက်။ ငါဘာပြောလိုက်တာလဲဆိုတာ ပြောပြမယ်”

“လင်းဥက္ကဌက အရမ်းဆိုးတာပဲ”

လင်းဖေးဟန်က ရယ်လိုက်ပြီး အတွင်းရေးမှူး၏ တင်ပါးကိုပုတ်လိုက်၏။ သူမထွက်သွားနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်။

အတွင်းရေးမှူးက သိပ်မသွားချင်ပေမဲ့ လင်းဖေးဟန်က ဖုန်းကိုတန်းဖွင့်လိုက်ပြီး ဖုန်းထဲကနေ “Timi” ဆိုတဲ့အသံကို ကြားလိုက်ရချိန်မှာတော့ ထွက်သွားလိုက်တော့၏။ လင်းဖေးဟန်က လျှို့ရှင်းယာကို အလွန်အားရကျေနပ်လျက်ရှိသည်။ သူတို့နှစ်ယောက်ကြားမှာ ဘာစိတ်ဝင်စားမှုမှမရှိပဲ ရမ္မက်သာရှိ၏။ ဒါပေမဲ့ ဂိမ်းအတွက်ဆိုရင်တော့ မိန်းမတစ်ယောက်က ဘာလုပ်ရမှာလဲ။ ဘယ်သူမှ သူ့ရဲ့ ဂိမ်း rankတက်လိုစိတ်ကို မတားဆီးနိုင်ပါ။

လင်းဖေးဟန်က သူ့ရဲ့ rankတက်ခရီးလမ်းကို လျှောက်လှမ်းနေချိန်မှာပဲ အောက်ထပ်မှာ လွီရွှမ်က လုံခြုံရေးဝန်ထမ်းဆီက တားတာကိုခံလိုက်ရသည်။ လွီရွှမ်အတွက်တော့ ဒါမျိုးတစ်ခါမှ မကြုံခဲ့ဖူးပါ။ သူမက ကမ္ဘာ့ထိပ်တန်း စိတ်ပညာရှင်ဖြစ်ပြီး ဗြိတိန်တော်ဝင်မိသားစုကပင် သူမကို တစ်လေးတစားဆက်ဆံရမည်ဖြစ်၏။ ဘယ်သွားသွား သူမက အိမ်မှာလိုပင် ခံစားရသည်။

အဲ့ဒါအပြင် သူမမှာ ပေါင်းသင်းဆက်ဆံရေး လွယ်ကူပြေပြစ်စေသော လှပတဲ့မျက်နှာလေးနှင့် ယုံကြည်ချက်အပြည့်နှင့်ခန္ဓာရှိ၏။ ဒီလိုအခြေအနေမျိုးကို သူမ တစ်ခါမှ မကြုံတွေ့ဖူးပေ။

All Chapters