← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

သူမက လူအမျိုးမျိုးရဲ့ စိတ်ကို နားလည်ရုံသာမက သူမရဲ့ သဘာဝအလှကို အသုံးချရာတွင်လည်း တော်လှသည်။ အမှန်ပင်ဖြစ်၏။ သာမန်လူတွေအတွက်တော့ လွီရွှမ်ဆိုတဲ့နာမည်ကို ရင်းနှီးကြမှာမဟုတ်ပေမဲ့ စိတ်ပညာကိုလေ့လာဖူးတဲ့ အောင်မြင်တဲ့ အထက်တန်းလွှာတွေကြားမှာတော့ ထိုနာမည်က အရှေ့တိုင်းရဲ့ဒဏ္ဍာရီလာကြီးကို ကိုယ်စားပြု၏။ သူမက စိတ်ပညာရှင်တစ်ယောက်သာမကပဲ ဒီအသက်အရွယ်မှာ ဒီလိုအောင်မြင်မှုမျိုးကို ရယူနိုင်တဲ့ ပထမဆုံး သွေးနှောအာရှသူဖြစ်သည်။ ဒါပေမဲ့ ဒီနေ့တော့ သူမ အခက်ကြုံနေပုံပေါ်၏။

လုံခြုံရေးဆီက အတားခံလိုက်ရတော့ သူမက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ချက်ချင်းဖော်ပြလိုက်သည်။ သို့သော် လင်းဖေးဟန်က တန်းငြင်းလိုက်၏။ ရယ်စရာပဲ။ ကမ္ဘာ့ထိပ်တန်းစိတ်ပညာရှင်က ဘာကောင်းလို့လဲ။ သူက ငါ့ကို HOK ဥ◌ီးဆောင်ဆော့နိုင်လို့လား။ လင်းဖေးဟန်က ငြင်းဆိုလိုက်ပြီးနောက် လွီရွှမ်ကို အပြင်ဘက်တွင် ဆယ်မိနစ်ကျော် ရပ်စောင့်စေခဲ့၏။ လွီရွှမ်က စိတ်တိုလာပြီး လုရွှယ်ယင်ကို ချက်ချင်းဖုန်းဆက်ခေါ်ပြီး အကူအညီတောင်းလေတော့သည်။ ခဏအကြာမှာတော့ အမျိုးသမီးအတွင်းရေးမှူးတစ်ယောက် ထွက်လာနှုတ်ဆက်၏။ ထိုအတွင်းရေးမှူးက သူမကို သဘောကျဟန်မပေါ်ပဲ ဧည့်ကြိုခန်းကို တန်းခေါ်သွားလိုက်၏။

ဧည့်ခန်းထဲမှာ သူမ လက်ဖက်ရည်တစ်ခွက်သာ သောက်ခဲ့သော်လည်း လင်းအုပ်စုတွင် နောက်တစ်ကြိမ်ရေမသောက်တော့ရန် သူမကိုယ်သူမပြောလိုက်သည်။ အပြင်မှာ အကြာကြီးစောင့်ခိုင်းထားတာကို သူမသည်းမခံနိုင်ပေ။ ထို့အပြင် သူမသောက်လိုက်သော ရေကလည်း အင်မတန်ခါးလှ၏။ လင်းဖေးဟန်က တကယ်ပဲ ဘာတွေလုပ်နေတာလဲ။ အဲ့ဒီအပြင် သူမကိုခေါ်လာတဲ့ အတွင်းရေးမှူးက ပိုတောင်အဓိပ္ပာယ်မရှိသေးချေ။ ငါ့ကိုများ သုံးနှစ်သမီးထင်နေလား။ လိမ်မယ်ဆို ပိုကောင်းတာတစ်ခုခု ပြောသင့်တာပေါ့။ တကယ်လို့ လင်းဥက္ကဌက အစည်းအဝေးခန်းထဲမှာဆိုပြီး ပြောရင်တောင် ငါပိုခံသာဦးမယ်။ ခုကျ အဲ့ဒီ အတွင်းရေးမှူမလေးက ဘာပြောလိုက်တယ်။ တောင်းပန်ပါတယ်ရှင့်။ လင်းဥက္ကဌက HOK ဆော့နေလို့ပါ။ အဲ့ဒါက အိမ်ကို ကာကွယ်ရတဲ့ ကစားနည်းပါ။ နောက်မိနစ် ၃၀ လောက်နေရင် လင်းဥက္ကဌ အားမယ်ထင်တယ်။ လွီရွှမ်က ဒေါသထွက်လွန်းလို့ နှာခေါင်းပင်ကုပ်ချင်သွားသည်။

အရင်ကဆို သူမနဲ့ တစ်မိနစ်ဖြစ်ဖြစ် တွေ့ဆုံလိုသော အောင်မြင်သူများ နေ့တိုင်းလိုလိုရှိ၏။ သို့သော်သူမက ပြုံးရုံသာပြုံးပြခဲ့သည်။ သူမနှင့်တွေ့ချင်သည်ဖြစ်စေ မတွေ့ချင်သည်ဖြစ်စေ သူမ၏စိတ်အခြေအနေအပေါ်သာ မူတည်၏။ လင်းဖေးဟန်နဲ့ကျမှ သူမ အခက်လာကြုံနေ၏။ အဓိပ္ပာယ်မရှိတဲ့ဂိမ်းကို လာအကြောင်းပြနေတယ်။ လုရွှယ်ယင်ကသာ လတ်တလော လင်းဖေးဟန် ဂိမ်းစွဲနေတာကို မပြောပြထားဘူးဆိုရင် လင်းဖေးဟန်က သူမကို မတွေ့ချင်လို့ အကြောင်းပြချက်ပေးတာလို့ ထင်မိလိုက်မှာဖြစ်သည်။

လင်းဖေးဟန်ငြင်းတာကိုခံရပြီးနောက် အလွန်စိတ်တိုနေပြီဖြစ်တဲ့ လွီရွှမ်က လင်းဖေးဟန်အကြောင်း ပိုသိချင်လာ၏။ ဒီလူက တော်ပေမဲ့ ဘာလို့ သူမကို လက်လွှတ်ခံဖို့ ဆုံးဖြတ်ချက်ချလိုက်ရတာလဲ။ လွီရွှမ်က ဧည့်ခန်းထဲတွင် ရှေ့လျောက်နောက်လျောက်လုပ်နေသဖြင့် ကြမ်းပြင်ပေါ်တွင် သူမ၏ဒေါက်ဖိနပ်မှ တဒေါက်ဒေါက်အသံများ ထွက်ပေါ်လျက်ရှိသည်။ နံရံပေါ်တွင် လင်းဖေးဟန်ရဲ့ အံ့ဖွယ်စတော့ရှယ်ယာမြှုပ်နှံမှုအကြောင်း သတင်းများကို ရေးသားထား၏။ အရှေ့တိုင်းရဲ့ Buffett တဲ့လား။ လင်းဖေးဟန်က စတော့ရင်းနှီးမြှုပ်နှံသူလား။ ဒါကြီးက အဓိပ္ပာယ်မရှိလွန်းတာ မဟုတ်လား။ ထိုအချိန်တွင် အခန်းတံခါးပွင့်လာပြီး လျှို့ရှင်းယာက တင်လိမ်ဝင်လာသည်။

“မင်္ဂလာပါ မိန်းကလေးလွီ။ လင်းဥက္ကဌ ဂိမ်းဆော့လို့ပြီးပါပြီ။ တက်သွားလို့ရပါပြီရှင့်”

“ကောင်းပြီ။ ကျေးဇူးပါ”

လွီရွှမ်က ကြိတ်ပျော်သွားပြီး သူမဘာသူမ ပြောလိုက်၏။

“ခင်ပွန်းဟောင်းရေ ငါလာပြီ”

သို့သော် လျှို့ရှင်းယာ နောက်ထပ်ပြောလိုက်တဲ့စကားက လွီရွှမ်ကို အနည်းငယ်မျက်နှာပူသွားစေသည်။

“လင်းဥက္ကဌက ခုနက ဂိမ်းရှုံးသွားလို့ နောက်တစ်ပွဲဆော့ဖို့ ပြင်နေပါတယ်။ မိန်းကလေးလွီ သိပ်မကြာဖို့ မျှော်လင့်ပါတယ်”

အချိန်တောင် ကန့်သတ်ချင်သေးတာလား။ လွီရွှမ်က စိတ်ထဲမကျေနပ်သော်လည်း များများစားစား မပြောခဲ့ချေ။ ငါ့ဘာသာတက်သွားမယ်။ အချိန်ကိုလည်း ငါပဲသတ်မှတ်မယ်။ သူမက ယောကျ်ားတိုင်း သူမစကပ်အောက်မှာ ပြားပြားဝပ်မယ်လို့ အင်မတန်ယုံကြည်ချက်ရှိ၏။

ဥက္ကဌရုံးခန်းတွင်ဖြစ်သည်။ လင်းဖေးဟန်က အပေါ်ထပ်ကိုချွတ်ပြီး ဘေးတစ်ဖက်တွင်ချထားသည်။ အဖြူရောင်ရှပ်အင်္ကျီကိုသာ ဖော်ပြထားပြီး နက်ခ်တိုင်က သူ့လည်တိုင်ကနေ သေသေသပ်သပ်တွဲကျလျက်ရှိ၏။ ခုနကတစ်ပွဲက အစောပိုင်းမှာ အားရဖွယ်ရှိသည်။ ပွဲအပြီး စွမ်းဆောင်ရည်များကို ပြသလာချိန်မှာတော့ အမှတ်အနည်းဆုံးသူပင် ငွေတံဆိပ်ကို ရရှိခဲ့၏။

လင်းဖေးဟန်က ထိုတစ်ပွဲကို နိုင်မည်ဟုထင်လိုက်သောကြောင့် သူ့ရဲ့ ပြည်နယ်အဆင့်ဝင် ရှောင်ချောင်ကိုကိုင်ခဲ့သည်။ အနိုင်ရကာ ပွိုင့်များရရှိပြီး နိုင်ငံအဆင့်ဝင်နိုင်ရန် မျှော်လင့်ခဲ့၏။ မထင်ထားတာက အသင်းဖော်တွေကြား ပူးပေါင်းလုပ်ဆောင်မှုမရှိပဲ ဗရုတ်သုတ်ခတိုက်ပွဲတွေဖြစ်ကုန်တာပဲ။

အပေါ်လမ်းကို မည်သူမျှ မစောင့်ကြည့်ခဲ့ပေ။ အောက်လမ်းကိုလည်း မည်သူမျှ မကာကွယ်ခဲ့ချေ။ အဲ့ဒီအစား သူတို့က ရန်သူဘက်က ချန်ယောက်ကျင်းနဲ့ ကွမ်းယွီကို ရန်သူ့သွေးကန်ထဲအထိလိုက်ခဲ့ကြသည်။ ရှောင်ချောင်တစ်ကောင်တည်းသာကျန်ခဲ့ပြီး အခြေစိုက်တာဝါကို မကာကွယ်နိုင်ခဲ့ပေ။ ကွမ်းယွီက ရှောင်ချောင်ကို သွေးကန်ထဲ တွန်းထည့်လိုက်ပြီး သူမက မီနီယံလေးတစ်ကောင်တောင် မပစ်နိုင်ခဲ့ချေ။ လင်းဖေးဟန်က အလွန်ဒေါသထွက်ကာ ပြောလိုက်သည်။

“ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ အသိစိတ်လေးဘာလေး မရှိကြဘူးလား။ ဂိမ်းကို ဦးနှောက်နဲ့ မဆော့ဘူးလား။ ခြေထောက်နဲ့ ဆော့နေတာလား”

တံခါးဝကို ရောက်နေပြီဖြစ်တဲ့ လွီရွှမ်က အထဲက ဆဲဆိုသံကိုကြားတော့ မှင်သေသေသွား၏။ ဒီလင်းဥက္ကဌက ဂိမ်းကစားရင် အတော်လေး ဒေါသကြီးတာပဲ။

“ဒေါက် ဒေါက် ဒေါက်”

တံခါးခေါက်လာခဲ့သည်။ လင်းဖေးဟန်က စိတ်လှုပ်ရှားနေပြီး နောက်တစ်ပွဲစတင်လိုခဲ့၏။ တံခါးခေါက်သံကိုကြားမှ လွီရွှမ်က သူ့ကို စောင့်နေတုန်းပဲဆိုတာ မှတ်မိသွားသည်။

လင်းဖေးဟန်က ဒီလွီရွှမ်ကို အလိုလို ရင်းနှီးနေ၏။ သူရောက်ရှိနေသည့် မင်းသားယဲ့ဖန်းအတွက် မင်းသမီးတပြုံတခေါင်းကြီးထည့်ပေးထားသည့် အမှိုက်ဝတ္ထုတွင် သူက သူမကို ရင်းနှီးရုံသာမက ဒီလွီရွှမ်က လုရွှယ်ယင်နဲ့ ယဲ့ဖန်းတို့ရဲ့ ဇာတ်လမ်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းပင်ဖြစ်သည်။ လုရွှယ်ယင်နဲ့ ယဲ့ဖန်းတို့ကြား ဆက်ဆံရေးတိုးတက်အောင် တွန်းအားပေးခဲ့သူမှာ သူမပင်ဖြစ်၏။

လွီရွှမ်က ပွင့်လင်းပြီး သဘောကောင်းပုံပေါ်ပေမဲ့ သူမရဲ့ နှလုံးသားထဲမှာတော့ အထီးကျန်နေ၏။ အချိန်အတော်ကြာထိ လုရွှယ်ယင်က သူငယ်ချင်းတစ်ယောက်သာ ရှိခဲ့သည်။ လွီရွှမ်အတွက်လည်းအတူတူပင်ဖြစ်၏။ လွီရွှမ်က အင်မတန်ထောင်လွှားသည်။ သူမ၏သူငယ်ချင်းဖြစ်လာနိုင်သူက အတော်လေးထူးချွန်နေပြီ။ ထိုသူက လုရွှယ်ယင်ပင်ဖြစ်၏။

အသိုင်းအဝိုင်းက ကြီးလွန်းတယ်။ နင်က ငါ့အသိုင်းအဝိုင်းကို မမွှေရင် ငါက နင့်အသိုင်းအဝိုင်းကို မွှေမယ်။ သူမအသိုင်းအဝိုင်းထဲက ယောကျ်ားတွေအားလုံးက ခန့်မှန်းရလွယ်ပြီး စစ်မှန်မှုမရှိတာကြောင့် လွီရွှမ်က လုရွှယ်ယင်ရဲ့ အသိုင်းအဝိုင်းကို မျက်စောင်းထိုးလိုက်သည်။

မူရင်းဇာတ်ကြောင်းထဲတွင် လွီရွှမ်က ယဲ့ဖန်းအကြောင်း အင်မတန်စပ်စုကာ သူနှင့် ပြောဆိုဆက်ဆံခွင့်ရရန် အခွင့်အရေးရှာလေ့ရှိ၏။ တစ်ခါတလေ ယဲ့ဖန်းကိုပင် ဆန့်ကျင်ခဲ့သည်။ အဆုံးမှာတော့ သူမရဲ့ သိလိုစိတ်က သူမရဲ့ကျဆုံးခြင်းကို ဥ◌ီးတည်ခဲ့၏။ စပ်စုတဲ့ကြောင် သေတတ်တယ်ဆိုတာမျိုးပေါ့။

အခုကျ အချိန်ခရီးသွားလာတာကြောင့် လင်းဖေးဟန်ရဲ့ အကျင့်စရိုက်က သိသိသာသာကြီး ပြောင်းလဲသွားသည်။ အခြေအနေကို လက်မခံနိုင်တဲ့ လုရွှယ်ယင်က သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းကို ရင်ဖွင့်ခဲ့၏။ ထို့နောက်တွင်တော့ လင်းဖေးဟန်က လွီရွှမ်ရဲ့ သိလိုစိတ်ကို ဖမ်းစားနိုင်ခဲ့သူ ဖြစ်သွားသည်။ လိပ်ပြာသက်ရောက်မှုလို့ပဲဆိုရမလား။

လောလောဆယ်တော့ ထိုအမျိုုးသမီးက သူ့ရှေ့မှာထိုင်ပြီး သူ့ကို ပြုံးပြုံးကြီးကြည့်နေ၏။ ဒီနေ့ လွီရွှမ်ရဲ့ အဝတ်အစားက ဟိုပေါ်ဒီပေါ်လို့တောင် ပြောလို့မရချေ။ အဲ့ဒါက လုံးဝကြီးကို ကွက်ကွက်ကွင်းကွင်းနှင့် ရဲတင်းလွန်းသည့် ဝတ်ဆင်မှုဟုဆိုနိုင်သည်။ သူမရဲ့ အပေါ်က လက်တိုအင်္ကျီက လုံးဝကို ဖောက်ထွင်းမြင်နေရ၏။ သူမရဲ့ ဇာအတွင်းခံမှ ဖရဲသီးနှစ်လုံးကို လင်းဖေးဟန်က အားလုံးမြင်နေရသည်။ အဲ့ဒါက သူမရဲ့ ကျက်သရေရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေ၏။ သူမက အလွန်ယုံကြည်မှုရှိနေသည်။ လင်းဖေးဟန်ရဲ့ မျက်လုံးတွေက သူမကိုကြည့်နေတာ မြင်လိုက်ရတော့ သူမရဲ့ D ဆိုဒ်ရှိတဲ့ရင်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပင့်တင်လိုက်၏။

All Chapters