← Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

ဒါက အတော်လေးကို မြင်တွေ့နေကျဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာနည်းလမ်းတစ်ခုဖြစ်သည်။ အဲ့ဒါက အမျိုးသားနှင့် အမျိုးသမီးကြားက စိမ်းသက်သက်ဖြစ်နေမှုကို ချက်ချင်းပဲ ဖျောက်ဖျက်ပေးနိုင်ပြီး ဆက်ဆံရေးတည်ဆောက်ရ ပိုမိုလွယ်ကူစေ၏။ အကယ်၍ အမျိုုးသား၏ အကြည့်က ပိုမိုအသက်ဝင်လာပါက အမျိုးသမီးအနေဖြင့် စကားဝိုင်းကို ဥ◌ီးဆောင်မည်ဖြစ်သည်။

သို့သော် လင်းဖေးဟန်က ဖန်ဘောလုံးကြီးနှစ်လုံးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ကြည်ရှင်းနေပြီး လွီရွှမ်ရဲ့ ဖြားယောင်းမှုမှာ မျောမပါသွားချေ။ လွီရွှမ် ရောက်မလာမီကပင် လင်းဖေးဟန်က စားပြီးသောက်ပြီးသောကြောင့်ဖြစ်၏။ ဒီကနေ့ အတွင်းရေးမှူးလေးက အရိုင်းဆန်ပြီး ရူးသွပ်လှသည်။ သူတို့နှစ်ဥ◌ီးသား ဓားရေးလေ့ကျင့်ခဲ့ကြပြီး လင်းဖေးဟန်က နောက်ဆုံးမှာ ရှုံးနိမ့်သွားခဲ့၏။ သူ့ရဲ့ဓားမှာ ပျော့ပြောင်းသွားလေပြီ။ တစ်နည်းပြောရရင် လင်းဖေးဟန်က လျို့ရှဟွေ့(ချုပ်တည်းနိုင်စွမ်းမြင့်မားလို့ ကျော်ကြားတဲ့ သမိုင်းထဲက ပုဂ္ဂိုလ်) ဝင်ပူးနေပြီဖြစ်သည်။ သူ့ရင်ခွင်ထဲဝင်ပြီး ပွတ်သီးပွတ်သပ်လုပ်တောင် သူ့ဓားက ပျော့နေဥ◌ီးမှာပင်။

အလုပ်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ရန် လင်းဖေးဟန်က သူ့လက်အောက်ငယ်သားတွေကိုပြောပြီး စိတ်တိုင်းကျ Simmons အိပ်ယာတစ်ခုကို မှာယူစေခဲ့၏။ သူ့ရဲ့ ရုံးခန်းကျယ်ထဲတွင်လည်း ဖိုက်ဘာအင်တာနက်ကို တပ်ဆင်စေခဲ့သည်။ ဖိုက်ဘာအင်တာနက်မှသာဖြစ်မည်။ မဟုတ်လျှင် ဂိမ်းဆော့သည့်အခါ 460 ms ဖြစ်နေလိမ့်မည်။

တောင်ပေါ်ကဆင်းလာမဲ့ ယဲ့ဖန်းနဲ့သာ မပတ်သက်ရဘူးဆိုရင် လင်းဖေးဟန်က သူ့ရဲ့လက်ရှိဘဝကို ပျော်မွေ့နေဥ◌ီးမှာဖြစ်သည်။ လူတစ်ယောက်အတွက် အရေးအကြီးဆုံးကဘာလဲ။ အရေးအကြီးဆုံးက ဘဝကို ပျော်မွေ့ဖို့ပဲလေ။ ပျော်ပါးပြီး သောက်စားမယ်။ အသက်ကိုးဆယ့်ကိုးနှစ်အထိ နေပစ်မယ်။ ဒီလောကကြီးကို လာရတဲ့ အဓိကတာဝန်က ပျော်ရွှင်ဖို့ပဲ။ ကူးပြောင်းလာပြီးကတည်းက လင်းဖေးဟန်က အဲ့ဒီယုံကြည်ချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသည်။

“မင်္ဂလာပါ မိန်းကလေးလွီ။ တစ်ခုခုလိုတာများရှိလို့လားဗျ”

လင်းဖေးဟန်က လွီရွှမ်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။ သူ့ရှေ့က အမျိုးသမီးက အရေးပါသော ဇာတ်ကောင်တော့ မဟုတ်ချေ။

မူရင်းဝတ္ထုတွင် သူမက စစချင်းအပိုင်း ၁၅၀ အတွင်း ပေါ်လာခဲ့ပြီး နောက်ပိုင်းအခန်းတွေမှာ ပေါ်ကိုပေါ်မလာတော့ပေ။ အမှိုက်ဝတ္ထုရှိ အမျိုးသမီးဇာတ်ကောင်တွေများလွန်းလို့ စာရေးဆရာက မေ့သွားတာဟု လင်းဖေးဟန်က မှန်းဆသည်။ ဘာပဲဖြစ်ဖြစ် လင်းဖေးဟန်က လွီရွှမ်ရှေ့တွင် အမြင်ကောင်းအောင်လို့ ရည်မွန်ပျူငှာပုံ ဟန်ဆောင်ရဥ◌ီးမည်။ သူမက လုရွှယ်ယင်ကျဆုံးမှုရဲ့ ကြံရာပါပဲလေ။ ဒါက နောက်လာမဲ့ဇာတ်ကြောင်းအတွက် ကောင်းမွန်တဲ့ ဇာတ်ကွက်တိုးတက်မှု ရရှိစေရန်ဖြစ်၏။ နောက်ထပ်အကြောင်းအရင်းကတော့ လွီရွှမ်က အတော်လေးကိုလှပသည်။ သူမတွင် ထူးခြားတဲ့ အနောက်တိုင်းသူသွင်ပြင်နဲ့ သူမတူတဲ့ အရှေ့တိုင်းသူရဲ့ ဆွဲဆောင်မှုတို့ရှိ၏။ ကပြားအမျိုးသမီးတစ်ယောက်ရဲ့ အိပ်ယာပေါ်က အရည်အချင်းကို လင်းဖေးဟန် မစမ်းကြည့်ရသေးပေ။ သူ ကောင်းကောင်းဓားရေးလေ့ကျင့်ရမည်။

တကယ်က လူတစ်ဥ◌ီးအပေါ်တစ်ဥ◌ီးအမြင်က ပထမဆုံးအကြည့်တစ်ချက်ပေါ်တွင် မူတည်သည်။ ပထမဆုံးအမြင်က အရေးပါ၏။ လူတစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံပြီးသိကျွမ်းလာကြရာမှာ ပထမဆုံးအမြင်အပေါ်အခြေခံပြီး နားလည်မှုများ နက်ရှိုင်းလာကြသည်။ တစ်ဖက်မှာတော့ ပထမဆုံးအမြင်က အနည်းငယ်အပျက်သဘောဆောင်နေမယ်ဆိုရင် နောက်ပိုင်းအချင်းချင်း ပိုမိုသိကျွမ်းလာကြမယ်ဆိုရင်တောင် နဂိုကရှုမြင်ထားတဲ့အမြင်ကို ပြောင်းလဲရန် ခက်ခဲ၏။ သူနှင့် လုရွှယ်ယင်က ဥပမာကောင်းဖြစ်သည်။

လွီရွှမ်က လင်းဖေးဟန်ရဲ့ ကြည်ရှင်းနေတဲ့မျက်လုံးတွေကိုကြည့်ပြီး အနည်းငယ် အံ့ဩမိသွား၏။ သူမက ဟန်ပန်ကို ဆက်ထိန်းထားပြီး သူမရဲ့ တောင့်မခံနိုင်လောက်တဲ့ ညှို့ယူမှုတွေကို ဆက်လက်ပြသလိုက်သည်။ သွေးဆောင်မှုဆိုတာ ဘာလဲဆိုတာကို ပြသလိုက်ခြင်းဖြစ်၏။ သို့သော် လင်းဖေးဟန်က ထိုအကွက်ထဲမကျရောက်သွားချေ။ ခုနေသူမက ပြန်ဖုံးဖိလိုက်မယ်ဆိုရင် သူမက ဟန်ဆောင်နေပုံပေါက်သွားမည်။

“ကျွန်မမှာ လုပ်စရာ ဘာမှမရှိပါဘူး။ မကြာသေးခင်က အလုပ်တွေများနေခဲ့တာနဲ့ ကျန်းပိုင်မြို့ကို ပြန်လာချင်ခဲ့တာ။ မြို့ထဲမှာ လတ်တလောနာမည်ကြီးနေတဲ့ အရှေ့တိုင်းရဲ့ Buffett ကို ဝင်ကြည့်ချင်ခဲ့တာလေ”

လွီရွှမ်ရဲ့ မျက်လုံးတွေထဲမှာ မြူသည့်အကြည့်များရှိနေသည်။ တွေ့မြင်ရသည့်ယောက်ျားတိုင်း ခံနိုင်ရည်ရှိမည်မဟုတ်ချေ။ လင်းဖေးဟန်လည်း သူ့ဓားက တုံ့ပြန်မှုရှိလာပြီး ဓားအိမ်ထဲကနေ ထွက်ချင်လာသလို ခံစားလိုက်ရ၏။

သူက အသက်ဝဝရှူလိုက်ပြီး စိတ်ငြိမ်ငြိမ်ထားကာ အေးအေးဆေးဆေးပြောလိုက်သည်။

“ကျွန်တော် ဘဝမှာ ကံကောင်းဖူးသွားရုံပါ။ သူတို့ကျွန်တော့်ကို ဒီလောက်ကြီး မြှောက်ပင့်ကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မိန်းကလေးလွီကို ရယ်အောင်လုပ်မိပြီ။ အကယ်၍ မင်းမှာ စတော့ရှယ်ယာနဲ့ပတ်သက်ပြီး လေ့လာထားတာတွေရှိတယ်ဆိုရင် မျှဝေနိုင်ပါတယ်။ ကျွန်တော် မင်းဆီကနေ ဝမ်းမြောက်ဝမ်းသာ သင်ယူပါ့မယ်”

လွီရွှမ်က ရယ်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

“ရှင်ကတကယ်ကို သန်မာတဲ့ ယောက်ျားတစ်ယောက်ပဲ။ သန်မာတဲ့လူတွေပဲ နှိမ့်ချတတ်ပြီး သင်ယူချင်တဲ့စိတ်ရှိတာလေ”

“တကယ်တော့ ဒီတစ်ခေါက် ကျွန်မမှာ ကိစ္စလေးတစ်ခု လုပ်စရာရှိပါတယ်။ ကျွန်မ တကယ်ကို သိချင်မိတယ်”

“အဲ့အကြောင်း အခုပဲ ပြောလိုက်လို့ ရပါတယ် မိန်းကလေးလွီ။ မင်းဒီလိုပြောတာကြားရတော့ ကျွန်တော်တောင် သိချင်လာပြီ”

လင်းဖေးဟန်က လွီရွှမ်ကို သံယောင်လိုက်ပေးလိုက်သည်။

“တကယ်က ဒီကိစ္စက နည်းနည်းတော့ အထိအခိုက်မခံဘူး။ ဒီကိစ္စကြောင့် လင်းဥက္ကဌ စိတ်မကောင်းဖြစ်သွားနိုင်တယ်။ အဆင်မပြေဖြစ်သွားမလား သိချင်မိတယ်”

“ရပါတယ်။ အဆင်ပြေပါတယ်”

လင်းဖေးဟန်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်၏။

“တကယ်တော့ ကျွန်မအမေက ကျန်းပိုင်မြို့မှာပဲ မွေးပြီး ကြီးပြင်းလာတာပါ။ ဆိုတော့ ကျွန်မ ငယ်ငယ်တုန်းကလည်း ဒီမှာပဲနေခဲ့တာ။ ကြီးလာတော့ တိုးတက်ရာတိုးတက်ကြောင်း နိုင်ငံခြားကို ထွက်သွားခဲ့တယ်။ အဲ့ဒါကြောင့် လင်းဥက္ကဌနဲ့ လုရွှယ်ယင်အကြောင်း ကျွန်မသိထားပါတယ်။ အဲ့ဒီတုန်းက ရှင်တို့က ကျန်းပိုင်မြို့က အတောက်ပဆုံးကြယ်ပွင့်တွေလေ”

“ရှင်တို့နှစ်ယောက်က လိုက်ဖက်တဲ့စုံတွဲလို့ လူတိုင်းကပြောကြတယ်။ ကောင်းကင်ဘုံက သတ်မှတ်ပေးထားတဲ့ စုံတွဲပေါ့။ တကယ်ကို အားကျဖို့ကောင်းခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရှင်တို့ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီဆိုတဲ့ ဝမ်းနည်းစရာသတင်းကို ကျွန်မကြားခဲ့ရတယ်။ ကျွန်မ အတော်လေး စိတ်မကောင်းဖြစ်သွားခဲ့တာ”

“ကျွန်မအမြင်တော့ ရှင်တို့နှစ်ယောက်က ပြီးပြည့်စုံတဲ့ချစ်ခြင်းပဲ။ ဒါပေမဲ့…စိတ်မကောင်းစရာပါပဲလေ”

လွီရွှမ်က ရင်သားကြီးပြီး ဥ◌ီးနှောက်မရှိသလိုမျိုး ရိုးရှင်းမနေဘူးဆိုတာ တွေ့မြင်နိုင်သည်။ လူတွေရဲ့ နှလုံးသားထဲက နာကျင်မှုကို သူမက ဆွဲထုတ်နိုင်ပေမဲ့ အဲ့ဒါက လူတွေကို မနာကျင်စေဘူး။ ဘဝက သရုပ်ဆောင်နိုင်စွမ်းအပေါ် လုံးဝကြီး မူတည်နေတယ်။ လွီရွှမ်က ဒီအကြောင်းကို ပြောလာပြီဆိုမှတော့ ငါဘာလုပ်သင့်လဲ။ သရုပ်ဆောင်ရမှာပေါ့။

လင်းဖေးဟန်၏ မျက်နှာက ချက်ချင်းဝမ်းနည်းဟန်ပေါ်လာသည်။ အတိတ်မှာ နစ်မွန်းနေတဲ့အတိုင်း သူမျက်မှောင်ကြုတ်သွား၏။ အဲ့ဒါကိုမြင်လိုက်ရတော့ လွီရွှမ်က တောင်းပန်ကာ ပြောလိုက်သည်။

“လင်းဥက္ကဌရဲ့ ဝမ်းနည်းစရာအတိတ်ကို ဆွလိုက်မိလို့ တကယ်ပဲ တောင်းပန်ပါတယ်ရှင်။ ဒါမှမဟုတ်လည်း အကြောင်းအရာ ပြောင်းလိုက်ကြရအောင်လေ”

ဒါမှမဟုတ်လည်းဆိုပဲ။ ငါ ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ။ ငါ့ရဲ့ နာကျင်တဲ့ မျက်နှာပေးက ဂိမ်းငါးပွဲဆက်တိုက်ရှုံးထားလို့ ဖြစ်နေတာ။ နောက်တစ်လှမ်းလှမ်းဖို့ ဒီလိုလုပ်လိုက်တာ။ အကြောင်းအရာပြောင်းရအောင်ဆိုပဲ။ ဘယ်လိုလုပ်ပြီး လွီရွှမ်က သူ့နေရာကို ယူနိုင်မယ်လို့ ထင်နေရတာလဲ။ လင်းဖေးဟန်တွင် ကိုယ်ပိုင်အကြံအစည်များရှိသည်။ သူမက သူဘယ်သူလဲဆိုတာ မသိချေ။ လွီရွှမ်ကို အသုံးချပြီး လုရွှယ်ယင်ရဲ့ သူ့အပေါ်အမြင်ကို ပြောင်းလဲပစ်ရမည်။

လုရွှယ်ယင်ရဲ့ သူ့အပေါ် မုန်းတီးမှုက နှစ်ပေါင်းအတော်ကြာရှိခဲ့၏။ အချိန်တိုလေးအတွင်း ပြောင်းလဲပစ်ရန် ခက်ခဲလှသည်။ လွီရွှမ်က အခုနေပြန်သွားပြီး သူ့ကောင်းကြောင်းတစ်ခုခုလောက် လုရွှယ်ယင်ကို ပြောပေးမယ်ဆိုရင် အကျိုးရလဒ်က သိသာမည်ဟု လင်းဖေးဟန်က ယုံကြည်၏။

လုရွှယ်ယင်က အသိုင်းအဝိုင်းကြီးကဆိုပေမဲ့ တကယ်တမ်းသူမက သာမန်မိန်းကလေးတွေနဲ့ မကွာခြားပေ။ သဘောကျတဲ့မိန်းကလေးကို ရချင်ရင် သူ့အချစ်ဆုံးသူငယ်ချင်းကို အရင်ဆုံးကပ်ရမယ်။ အချစ်ဆုံးသူငယ်ချင်းကို အိပ်ယာထဲ ဓားရေးလေ့ကျင့်ဖို့ ခေါ်နိုင်စွမ်းရှိမရှိကတော့ သပ်သပ်တစ်ပိုင်းပေါ့လေ။ ဒါပေမဲ့ အခင်ဆုံးသူငယ်ချင်းရဲ့ အကူအညီနဲ့ဆို နောက်ပိုင်းဘာလုပ်လုပ် အားစိုက်စရာမလိုတော့ဘူး။ ကောင်မလေးတွေကိုလိုက်ရတာ လွယ်နေရောပဲ။

All Chapters