Chapters

အခန်း (၃၉၁)

Vol. 27 Ch. 391

အခန်း (၃၉၁)

Vol. 27 Ch. 391

"သွမ့်ရှင်း.. မင်း ဘာလို့ ဒီမဟာရှားနိုင်ငံက အမှိုက်သရိုက်တွေနဲ့ ရောနေရတာလဲ"

ဖူယုံက သွမ့်ရှင်း ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လျှင် အံ့အားသင့်သွားခဲ့သည်။

"ဒါက ငါ့ကိစ္စပဲ.. မင်းနဲ့ မဆိုင်ဘူး"

သွမ့်ရှင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ပြီးတော့ မင်းကိုယ်မင်း စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်းမိသားစု သုံးခုက ပါရမီရှင်ဆိုပြီး တစ်နေကုန် ကြွားဝါမနေနဲ့"

"ငါ့အမြင်မှာတော့ မင်းက ပါရမီရှင်မပြောနဲ့.. အမှိုက်သရိုက်လောက်တောင် တန်ဖိုးမရှိဘူး"

သွမ့်ရှင်း၏ အသံက ထေ့ငေါ့မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ငါ မင်းကို အကြံပေးမယ်.. ဒုက္ခမတွေ့ချင်ရင် ဒီခြံဝင်းကို လက်လျှော့လိုက်ပါ"

"သွမ့်ရှင်း.. ကြည့်ရတာ မင်း ဒီနေ့ သူတို့ဘက်ကနေ ရပ်တည်ဖို့ ဆုံးဖြတ်ထားပုံပဲ"

ဖူယုံက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"တခြားလူတွေ မင်းကို ကြောက်ကောင်း ကြောက်လိမ့်မယ်.. ဒါပေမဲ့ ငါဖူယုံကတော့ မကြောက်ဘူး"

"မင်း သူတို့ဘက်က ဝင်ပါလည်း ဒီနေ့ ငါ ဒီခြံဝင်းကို လက်မလွှတ်ဘူး"

ဖူယုံက သွမ့်ရှင်းကို စူးစိုက်ကြည့်ရင်း ဒေါသကြောင့် မျက်လုံးများပင် နီရဲလာသည်။

သူ၏ တစ်ကိုယ်လုံးမှ လူသတ်ငွေ့များ ပျံ့နှံ့လာခဲ့၏။

သူနှင့် သွမ့်ရှင်းသည် စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခုမှ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။

သူတို့၏ အင်အားသည် တူညီကြသည်။

သွေးစွမ်းအားချင်း ယှဉ်လျှင် ဖူမိသားစု၏ ကျားရိုင်း သွေးစွမ်းအားသည် သွမ့်မိသားစု၏ ရှန်ဖုန်း သွေးစွမ်းအားထက် ပို၍ပင် အားကောင်းသည်။

ထို့ကြောင့် တကယ်တမ်း တိုက်ခိုက်လျှင် သွမ့်ရှင်းကို သူ လုံးဝ မကြောက်ပေ။

"ဟားဟား... ငါ မင်းကို ခြံဝင်း လက်လျှော့ဖို့ မတောင်းဆိုပါဘူး.. ငါက စစ်မှန်သော နဂါးနိုင်ငံက ရှေးဟောင်းမိသားစုတွေ အချင်းချင်း သတိပေးချင်ရုံပဲ"

သွမ့်ရှင်းက ပြုံးပြီး ဖူယုံကို ကြည့်လိုက်သည်။

"မင်း အသက်စတေးပြီး နေချင်ရင်လည်း ငါ မတားပါဘူး"

"ဟားဟား... သွ့မ်ရှင်း.. မင်းရဲ့ ခေါင်းက မြည်း အကန်ခံထားရတာလား"

ဖူယုံက မထီမဲ့မြင် ရယ်မောလိုက်သည်။

"ဒီနေ့ ငါ ဒီခြံဝင်းမှာ နေမယ်.. ဘယ်သူ ငါ့ကို နှင်ထုတ်နိုင်မှာလဲ"

ဖူယုံ၏ အင်အားသည် ထိုက်ရှဂိုဏ်း၏ ပါရမီရှင်များကြားတွင် ဘာမှ မဟုတ်ပေ။

သို့သော် တပည့်သစ်များ ထဲတွင်မူ သူသည် သန်မာသူ တစ်ဦးဖြစ်သည်။

ထို့ကြောင့် မဟာရှားနိုင်ငံမှ အမှိုက်သရိုက်များကို ဖူယုံက လုံးဝ ဂရုမစိုက်ခဲ့ခြင်းပင်။

ဖူယုံ၏ မောက်မာသော အမူအရာကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်လုံးများက.အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"မင်း ဒီမှာ နေဖို့ သေချာလား"

ဖူယုံက အေးစက်စက် တုံ့ပြန်လိုက်သည်။

"ဒီခြံဝင်းက ငါ့နေရာပဲ.. ငါ ဘာလို့ မနေရမှာလဲ"

ကျန်းချန်က ခေါင်းညိတ်ပြီး ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။

"အခုနေ ထွက်သွားရင် အချိန်မီသေးတယ်"

"မဟုတ်ရင် မကြာခင်မှာ အမှောက်သိပ်ခံရပြီးမှ ထွက်သွားရလိမ့်မယ်"

ကျန်းချန်၏ အသံသည် အေးစက်တည်ငြိမ်နေသည်။

"ကောင်းတယ် သိပ်ကောင်းတယ်"

ဖူယုံ၏ မျက်နှာက ဒေါသကြောင့် နီရဲလာသည်။

"မင်း ငါ့ကို ဘယ်လို အမှောက်သိပ်မလဲဆိုတာ ငါ ကြည့်ချင်တယ်"

"မင်းက အမှောက်သိပ်ခံရပြီးမှ ထွက်သွားချင်နေတာ ဆိုတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။

ဖူယုံနှင့် အပိုစကားပြောရန် သူ စိတ်မဝင်စားတော့ပေ။

ကျန်းချန်၏ လက်သီးချက်သည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင် ဖူယုံဆီ ရောက်ရှိလာခဲ့၏။

"သေလိုက်စမ်း"

ဖူယုံက အော်ဟစ်လိုက်သည်။

သူက ကျန်းချန်၏ လက်သီးကို ရင်ဆိုင်ရန် သူ၏ လက်သီးကို ဆုပ်လိုက်သည်။

"ဝုန်း"

ပြင်းထန်သော လက်သီးချက်နှစ်ခုက လေထု အလယ်တွင် ထိပ်တိုက်ဆုံကာ ပေါက်ကွဲသွားခဲ့သည်။

သူတို့ နှစ်ယောက်စလုံးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။

"သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ပထမအဆင့်မှာ ဒီလောက်ထိ အင်အားရှိမယ်လို့ မထင်ထားမိဘူး"

ဖူယုံက ပြောလိုက်သည်။

"ဒါပေမဲ့ ဒီလောက် အင်အားလေးနဲ့ ငါ့ရှေ့မှာ ဟန်ရေးလာမပြနဲ့"

ကျန်းချန်ကို ကြည့်ရင်း ဖူယုံ၏ မျက်နှာတွင် မထီမဲ့မြင် အပြုံး ပေါ်လာသည်။

သူက ခြေထောက်ကို မြေပြင်သို့ ဆောင့် နင်းလိုက်သည်နှင့် သူ၏ တစ်ကိုယ်လုံးကို အားကောင်းသော သွေးစွမ်းအားများ ပျံ့နှံ့သွားခဲ့သည်။

အခန်း(၃၉၁) ပြီး၏