← Chapters

အခန်း (၃၉၂)

Vol. 27 Ch. 392

အခန်း (၃၉၂)

Vol. 27 Ch. 392

"ကောင်လေး.. ငါတို့ ဖူမိသားစုရဲ့ ကျားရိုင်းသွေးစွမ်းအားကို မြင်စေရမယ်"

ဖူယုံက ကျန်းချန်အား အထင်သေးစွာ ပြောလိုက်သည်။

ကျန်းချန်၏ အင်အား မသေးကြောင်း သိလိုက်သည်နှင့် ဖူယုံသည် ဖူမိသားစုမှ ဆင်းသက်လာသော ကျားရိုင်းသွေးစွမ်းအားကို ချက်ချင်း လှုံ့ဆော်လိုက်သည်။

ထို့နောက်တွင် ဖူယုံ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ခဏအကြာတွင် ဖူယုံ၏ ခန္ဓာကိုယ်သည် ပို၍ပင် ကြီးမားလာသည်ကို တွေ့လိုက်ရသည်။

စစ်နတ်ဘုရား ပြန်လည် မွေးဖွားလာသကဲ့သို့ ဖူယုံ၏ ခန္ဓာကိုယ်တွင် အင်အားများသည် ကြောက်ခမန်းလိလိ တိုးပွားလာ၏။

ဖူမိသားစု၏ ကျားရိုင်း သွေးစွမ်းအားသည် တိုက်ခိုက်ရေး အင်အားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သော စွမ်းအား တစ်ခုဖြစ်သည်။

ကျားရိုင်းသွေးကို ထုတ်ဖော်လိုက်သည်နှင့် ဖူယုံ၏ အင်အားသည် ချက်ချင်းပင် အဆပေါင်းများစွာ တိုးလာခဲ့၏။

"ကောင်လေး.. ငါ့ရဲ့ လက်သီးချက်ကို မင်း ဘယ်လို ခုခံမလဲ ဆိုတာ ကြည့်ချင်သေးတယ်"

ဖူယုံက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်ရင်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

တစ်ချိန်တည်းမှာပင် ဖူယုံ၏ ပုံရိပ်သည် လှုပ်ရှားသွားသည်။

သူ၏ ခြေထောက်က မြေပြင်ကို ထိလိုက်သည်နှင့် အနီးတစ်ဝိုက်မှ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ဖူယုံ၏ အသွင်အပြင်သည် ကမ္ဘာကို အုပ်စိုးသော ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေခဲ့၏။

"သေစမ်း"

ဖူယုံက လက်သီးချက်ကို ထုတ်ဖော်ကာ တပ်မကြီးကိုပင် ဖြိုခွင်းနိုင်သော အင်အားဖြင့် ကျန်းချန်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ် အင်အားဖြင့် တိုက်ခိုက်ခံရသော်လည်း ကျန်းချန်၏ မျက်နှာထားသည် အထူးတလည် အပြောင်းအလဲ မရှိပေ။

သူက လေဆန္ဒနှင့် စကြဝဠာ ရွေ့လျားမှု နည်းစနစ်ကို အသုံးပြုကာ ချက်ချင်း ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

"ဝုန်း"

ကျန်းချန် ပျောက်ကွယ်သွားသည်နှင့် ဖူယုံ၏ ပြင်းထန်သော လက်သီးချက်သည် ကျရောက်သွားသည်။

ကြောက်မက်ဖွယ်ရာ လက်သီးချက်သည် ကျန်းချန် မူလက ရပ်နေသော နေရာတွင် အချင်း သုံးမီတာရှိသော အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့၏။

"တကယ်ပဲ အမျိုးတူတွေ စုနေကြတာပဲ.. မင်းရဲ့ စွမ်းရည်က ဒီလောက်ထိ ညံ့ဖျင်းမယ်လို့ မထင်ထားဘူး.. ဒါပေမဲ့ မင်းက သွမ့်ရှင်းလို အရှောင်အတိမ်းတော့ ကောင်းသားပဲ"

ဖူယုံက အထင်သေးစွာ ပြောလိုက်သည်။

"မင်း ငါ့ရဲ့ လက်သီးချက်တွေကို ဘယ်လောက်ကြာကြာ ရှောင်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

ထိုခဏတွင် ဖူယုံသည် ရူးသွပ်သော နွားရိုင်းတစ်ကောင်.ကဲ့သို့ ကျန်းချန်ဆီ ပြေးဝင်သွားခဲ့သည်။

"စီနီယာလဲ့.. ဒီ ဖူယုံရဲ့ သွေးစွမ်းအားက အရမ်း အားကောင်းတယ်.. ကျန်းချန် သူ့ကို တားနိုင်ပါ့မလား"

ဖူယုံ၏ အင်အားကို ရင်ဆိုင်ဖူးသော ယင်ခိုင်က စိုးရိမ်တကြီး မေးလိုက်သည်။

"စိတ်မပူပါနဲ့.. ကျန်းချန်က ငါတို့အတွက် ခြံဝင်း ပြန်ယူပေးမယ် ဆိုကတည်းက ဖူယုံကို အနိုင်ယူနိုင်မှာ သေချာပါတယ်"

လဲ့ဟောင်ခုံးက တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ပြောသည်။

ကျန်းချန်က သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ်ကို မကျော်ဖြတ်ရသေးလျှင်မူ သူစိုးရိမ်နေနိုင်သည်။

သို့သော် ယခုအခါတွင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်ကို ကျော်ဖြတ်ထားပြီး အားကောင်းသော ဓားဆန္ဒကို ပိုင်ဆိုင်ထားသော ကျန်းချန်သည် အဆင့်တူထဲတွင် ပြိုင်ဘက်ကင်းသည်မှာ သေချာသလောက်ပင်။

ဆိုရလျှင် ဖူယုံ၏ မျိုးရိုးက မည်မျှပင် အားကောင်းစေကာမူ ကျန်းချန်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

ဘေးမှ သွမ့်ရှင်းကလည်း အခြေအနေကို စောင့်ကြည့်နေသည်။

ဖူမိသားစု၏ ပါရမီရှင် ဖူယုံကို သူ ကောင်းစွာ နားလည်၏။

ဖူယုံက ကျားရိုင်းသွေးကို ထုတ်ဖော်လိုက်သည်နှင့် သူပင် စက်ကွင်းလွတ်အောင် ရှောင်နေရသည်။

သွေးစွမ်းအား ထုတ်ဖော်ထားသော ဖူယုံကို ကျန်းချန် မည်ကဲ့သို့ တုံ့ပြန်မည်ကို သွမ့်ရှင်း သိချင်နေမိသည်။

လူသုံးယောက်၏ အကြည့်အောက်တွင် ဖူယုံသည် ကျန်းချန်ရှေ့သို့ ရောက်လာခဲ့သည်။

"ကောင်လေး...ငါတို့ ဖူမိသားစုရဲ့ ကျားရိုင်းသွေးစွမ်းအား အောက်မှာ သေရတာကို မင်း ဂုဏ်ယူသင့်တယ်"

ဖူယုံက ကျန်းချန်ကို ကြည့်ကာ ပြုံးလိုက်ပြီး ကျန်းချန်၏ဦးခေါင်းကိုခွဲရန် သူ၏ လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။

ကျန်းချန်သည် ဖူယုံ၏ လက်သီးချက်ကို ဂရုမစိုက်ခဲ့ပေ။

ထိုခဏတွင် သူ၏ ခန္ဓာကိုယ်မှ ပုံမှန်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားကို လှုံ့ဆော်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ဝင့်ကြွားသော အသံသည် ပဲ့တင်ထွက်လာခဲ့၏။

"ဟမ့်..မင်းရဲ့ သာမန် သွေးစွမ်းအားနဲ့ ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ဖို့ အခွင့်အရေး ရှိမယ်ထင်လား"

"ငါ မင်းကို တကယ့် သွေးစွမ်းအားက ဘာလဲဆိုတာကို ပြပေးမယ်"

အခန်း(၃၉၂) ပြီး၏

All Chapters