အခန်း (၃၉၆)
Vol. 27 Ch. 396
သူက ဆေးတောင်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ဝင်လိုက်သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် ထူးဆန်းသော တောင်တစ်ခုထဲတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုတောင်က မိုးတိမ်များထဲထိတိုင် မြင့်တက်နေပြီး တောင်ထိပ်ကို မမြင်နိုင်လောက်အောင် ဝေးကွာလှသည်။
တောင်ထိပ်ကို ထူထပ်သော တိမ်များနှင့် မြူများက အမြဲတစေ ဖုံးအုပ်ထား၏။
ဤတောင်တွင် ယေဘုယျအားဖြင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်မှ ကျင့်ကြံသူ၏ မြင်နိုင်စွမ်းနှင့် အာရုံခံစားမှုကို အလွန်အမင်း ကန့်သတ်ထားသည်။
သို့သော် ယင်းက ကျန်းချန်အတွက် ကြီးမားသော ပြဿနာမဟုတ်ပေ။
သူက ကိုယ်ခံပညာ၏ စစ်မှန်သော အနည်းငယ်ကို နားလည်ထားပြီး ဓားဆန္ဒတွင်လည်း ဒဏ္ဍာရီလာ ဒုတိယအဆင့်သို့ ရောက်ရှိထားသည်။
"ဒီဆေးတောင်က တကယ်ကို ဆန်းကြယ်တာပဲ.. အချင်းဝက် ဆယ်မီတာ အတွင်းက အခြေအနေကိုပဲ ငါ ရှင်းရှင်းလင်းလင်း ခံစားနိုင်တယ်"
"ဒါပေမဲ့ ဒီလို အာရုံခံစားမှုက သာမန် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်ကျင့်ကြံသူထက် ဆယ်ဆ အားကောင်းနေပြီ ဆိုတော့ ဆေးပင်ခူး မှတ်တမ်းကို ချိုးဖျက်ဖို့ ပြဿနာမရှိလောက်ဘူး ထင်တာပဲ"
ကျန်းချန်က တီးတိုး ရေရွတ်ပြီး ဆေးပင်များ ရှာဖွေခူးဆွတ်ရန် အာရုံစိုက်လိုက်သည်။
ကောင်းကင် နှင့် မြေကြီး၏ ရတနာအားလုံးနီးပါးတွင် စွမ်းအင် အပြောင်းအလဲများ ရှိသည်။
ဆေးဖက်ဝင်ပစ္စည်း အမျိုးအစား အပေါ်လိုက်၍ စွမ်းအင် အပြောင်းအလဲများတွင် သိသာထင်ရှားသော ခြားနားမှုများ ရှိကြသည်။
ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်အနေဖြင့် ကျန်းချန်သည် ဆေးဖက်ဝင်ပစ္စည်းများကို မမြင်ရလျှင်ပင် စွမ်းအင် အပြောင်းအလဲများကို အာရုံခံစားရသရွေ့ ဆေးဖက်ဝင်ပစ္စည်း အမျိုးအစားများကို တိကျစွာ ခွဲခြားနိုင်၏။
အလွန် မြန်ဆန်စွာပင် ကျန်းချန်သည် တတိယအဆင့် ဆေးဖက်ဝင်ပစ္စည်း နှစ်ခုကို ဆက်တိုက် ခူးဆွတ်နိုင်ခဲ့သည်။
ဂုဏ်ကျက်သရေ ရမှတ် တစ်မှတ် သို့မဟုတ် နှစ်မှတ် နှင့်သာ လဲလှယ်နိုင်သော ပထမအဆင့် နှင့် ဒုတိယအဆင့် ဆေးဖက်ဝင်ပစ္စည်းများကို ကျန်းချန်သည် လုံးဝ မခူးဆွတ်ခဲ့ပေ။
နာရီဝက်အတွင်း ကျန်းချန်သည် တတိယအဆင့် ဆေးဖက်ဝင်ပစ္စည်း ဆယ်ခုနှင့် စတုတ္ထအဆင့် ဆေးဖက်ဝင်ပစ္စည်း နှစ်ခုကို စုဆောင်းပြီးပြီ ဖြစ်၏။
ကျန်းချန်သည် ဤဆေးဖက်ဝင်ပစ္စည်းများကို ဂုဏ်ကျက်သရေ ရမှတ် တစ်ရာနီးပါးနှင့် လဲလှယ်နိုင်မည်ဟု ခန့်မှန်းခဲ့သည်။
ယင်းက ဆေးပင်ခူးသော ပထမနေ့ စံချိန်မှတ်တမ်း ဖြစ်သည့် ဂုဏ်ကျက်သရေ ရမှတ် ၈၈၀ နှင့် ယှဥ်လျှင် များစွာ လိုအပ်နေပါသေးသည်။
သို့သော် ကျန်းချန်သည် စိတ်မလောခဲ့ပေ။
သူ၏ ဆေးပင် စုဆောင်းသော နှုန်းဖြင့် ဆိုလျှင် အမှောင်မကျမီတွင် ပထမနေ့ ဆေးဝါးခူးဆွတ်သော စံချိန်မှတ်တမ်းကို ချိုးဖျက်ရန်မှာ လေပြေလေးကဲ့သို့ လွယ်ကူနေပါသေးသည်။
သူက နောက်ထပ် အကွာအဝေးတစ်ခုသို့ လျှောက်သွားခဲ့သည်။
ထိုခဏတွင် ကျန်းချန်၏ အာရုံခံစားမှု အပိုင်းအခြားထဲ၌ အားကောင်းသော စွမ်းအင် အပြောင်းအလဲတစ်ခု ပေါ်လာသည်။
"အိုး.. ဒီလောက် အားကောင်းတဲ့ စွမ်းအင် အပြောင်းအလဲဆိုတော့ ရှေ့မှာ ပဥ္စမအဆင့် ဆေးဖက်ဝင်ပစ္စည်းတွေ ရှိပုံရတယ်"
ကျန်းချန်သည် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ရှေ့ ဘယ်ဘက်မှ မီတာ နှစ်ဆယ်အကွာအဝေးကို ကြည့်လိုက်၏။
ထိုအခါ သူ၏ မျက်လုံးထဲတွင် နှိုင်းယှဉ်၍မရသော အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
ရှေ့တွင် ပေါ်ထွက်နေသော စွမ်းအင် အပြောင်းအလဲများသည် ပဥ္ဧမအဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားသည်။
ထို့အပြင် ဤကဲ့သို့ အားကောင်းသော စွမ်းအင် အပြောင်းအလဲသည် တစ်ခုထက်မက ပိုရှိပုံရ၏။
ယင်းမှာ သူ၏ ရှေ့တွင် ပဥ္စမအဆင့် ဆေးဖက်ဝင်ပစ္စည်း အများအပြား ပေါက်ရောက်နေသည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
ပဥ္စမအဆင့် ဆေးဖက်ဝင်ပစ္စည်း တစ်ခု၏ ဂုဏ်ကျက်သရေ ရမှတ်များသည် စတုတ္ထအဆင့် ဆေးဖက်ဝင်ပစ္စည်း သုံးခု သို့မဟုတ် တတိယအဆင့် ဆေးဖက်ဝင်ပစ္စည်း ဆယ်ခုနှင့် ညီမျှသည်။
သူ၏ ရှေ့တွင် ပဥ္ဧမအဆင့် ဆေးဖက်ဝင်ပစ္စည်း အများအပြားသာ အမှန်တကယ် ပေါက်ရောက်နေလျှင် ကျန်းချန်သည် ပထမနေ့ ဆေးပင်ခူး စံချိန်မှတ်တမ်းကို ချိုးဖျက်ရန်မှာ မိနစ်ပိုင်းအတွင်း ဖြစ်လာပေလိမ့်မည်။
ကျန်းချန်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွား၏။
သူက စွမ်းအင် အပြောင်းအလဲများ ထွက်ပေါ်လာသော နေရာဆီသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။
ခဏအကြာတွင် ကျန်းချန်သည် စွမ်းအင် အပြောင်းအလဲ ဖြစ်ပေါ်သော နေရာဆီသို့ ရောက်လာ၏။
ထိုအခါ ကျန်းချန်သည် သူယခုလေးတင် ခံစားခဲ့ရသော စွမ်းအင် အပြောင်းအလဲသည် လေးမီတာမှ ငါးမီတာအထိ ရှည်သော အနက်ရောင်ကျောက်တုံး တစ်ခုမှ ထွက်ပေါ်လာသည်ကို တွေ့ရှိကာ အံ့အားသင့်သွားခဲ့သည်။
"ဒါ.. ဒါက ပဥ္စမအဆင့် ဆေးဖက်ဝင်ပစ္စည်း ဖြစ်တဲ့ ကျောက်နှလုံးသားသစ်သီးပဲ ဖြစ်ရမယ်"
သူ၏ ရှေ့မှ အနက်ရောင်ကျောက်တုံးကို ကြည့်ပြီး ကျန်းချန်က ချက်ချင်းဆိုသလို အံ့အားသင့်သွားခဲ့သည်။
ဤ အနက်ရောင်ကျောက်တုံးသည် ဟေးယောင်ရှီဟု ခေါ်သော ထူးဆန်းသော ကျောက်တုံးတစ်ခု ဖြစ်သည်။
ဤကဲ့သို့ ကျောက်တုံး အမျိုးအစားထဲတွင် ကျောက်နှလုံးသားသစ်သီးဟုခေါ်သည့် ပဥ္စမအဆင့် ဆေးဖက်ဝင်ပစ္စည်းကို မွေးထုတ်နိုင်၏။
သူ၏ ရှေ့မှ အနက်ရောင်ကျောက်တုံးတွင် စွမ်းအင် အပြောင်းအလဲ တစ်ဒါဇင်ထက် ပိုရှိနေသည်။
ယင်းမှာ ကျောက်နှလုံးသားသစ်သီး တစ်ဒါဇင်ထက်မက မွေးထုတ်ပြီးပြီဟု ဆိုလိုခြင်း မဟုတ်ပါလော။
ကျောက်နှလုံးသား သစ်သီး တစ်ဒါဇင်ကို ထုတ်ယူလိုက်ရုံဖြင့် ပထမနေ့ ဆေးပင်ခူး မှတ်တမ်းကို ချိုးဖျက်ရန် မပြောနှင့်တစ်နေ့တာ အတွင်း အမြင့်ဆုံး ဆေးပင်ခူး မှတ်တမ်းကို ချိုးဖျက်ရန်ပင် ပြဿနာ မဟုတ်ပေ။
အခန်း(၃၉၆) ပြီး၏