← Chapters

အခန်း (၃၉၈)

Vol. 27 Ch. 398

အခန်း (၃၉၈)

Vol. 27 Ch. 398

"ဒီကလေးက လုံးဝ သာမန်မဟုတ်ဘူး.. ငါ ပထမဆုံးအကြိမ် ဆေးတောင်ထဲကို ဝင်တုန်းကတောင် ဒီလောက် ဆေးဖက်ဝင်ပစ္စည်းတွေကို မခူးဆွတ်နိုင်ခဲ့ဘူး"

"ထျန်းရှင်ဟွာ၊ ရွှေယွဲ့တန်း၊ ခရမ်းရောင်အရွက် သလင်းမြက်၊ အိုး.. မြတ်စွာဘုရား.. ဒီဆေးဖက်ဝင်ပစ္စည်းတွေက တတိယအဆင့်နဲ့ အထက်တွေချည်းပါပဲလား""

ကောင်တာပေါ်မှ ဆေးဖက်ဝင်ပစ္စည်း တောင်ပုံရာပုံကို ကြည့်ပြီး ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော လူများသည် အသက်ရှူပင် ကြပ်သွားကြသည်။

အထူးသဖြင့် ဆေးပင်အကြောင်းကို သိသော လူအနည်းငယ်သည် အံ့အားသင့်စွာဖြင့် မရေရွတ်ဘဲ မနေနိုင်ကြပေ။

သို့သော် လူတိုင်းက ကျန်းချန် သွန်ချလိုက်သော ဆေးဖက်ဝင်ပစ္စည်းများကြောင့် အံ့အားသင့်နေသောအချိန်မှာပင် ကျန်းချန်၏ သိုလှောင်အိတ်ကို ကိုင်ထားသော လက်ဖဝါးသည် ဆက်လက် တုန်ခါသွားပြီး အနက်ရောင် သစ်သီး ဒါဇင်ပေါင်းများစွာသည် သိုလှောင်အိတ်ထဲမှ လှိမ့်ထွက်လာသည်ကို တွေ့လိုက်ရသည်။

"ဒီအနက်ရောင် သစ်သီးက ဘာလဲ.. ငါ ဘာလို့ ဒါကို မမြင်ဖူးတာလဲ"

ကျန်းချန် သွန်ချလိုက်သော အနက်ရောင် သစ်သီး ဒါဇင်ပေါင်းများစွာကို ကြည့်ပြီး ဆေးဖက်ဝင်ပစ္စည်းများကို ရင်းနှီးသော ပတ်ဝန်းကျင်မှ လူများပင် အံ့အားသင့်သွားကြသည်။

"ဒီအနက်ရောင် သစ်သီးတွေက.."

မစ်ရှင်ခန်းမ၏တာဝန်ခံသည် သူ၏ မျက်လုံးများကို ကျုံ့လိုက်သည်။

သူ၏ မယုံနိုင်စရာ အော်ဟစ်သံသည် လူတိုင်း၏ နားထဲတွင် ချက်ချင်း ထွက်ပေါ်လာ၏။

"ပဥ္စမအဆင့်၊ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်း ကျောက်နှလုံးသားသစ်သီးပါလား"

"မင်း... မင်းက ပဥ္စမအဆင့်၊ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်းတွေကို ခူးဆွတ်နိုင်ခဲ့တာလား"

"ပဥ္စမ အဆင့်၊ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်းလား"

တာဝန်ခံ၏ စကားကို ကြားပြီးနောက်တွင် ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော လူများသည် လုံးဝ အံ့အားသင့်သွားကြသည်။

ပဥ္စမအဆင့်၊ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်းတစ်ခုသည် ဂုဏ်ကျက်သရေ ရမှတ် ရာနှင့်ချီ လဲလှယ်နိုင်သော အရာဖြစ်သည်။

ထို့အပြင် သူ၏ ရှေ့မှ ဤကောင်လေးသည် တစ်ချီတည်းနှင့် ပဥ္စမအဆင့်၊ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်း ဆယ့်တစ်ခုကို စုဆောင်းနိုင်ခဲ့သည်။

ကျန်းချန် ထုတ်ယူလိုက်သော ကျောက်နှလုံးသားသစ်သီးကို မြင်ပြီးနောက်တွင် ပတ်ဝန်းကျင်မှ တပည့် အများစုသည် မနာလိုစိတ်ကြောင့် ရူးသွပ်မလိုပင် ဖြစ်သွားကြသည်။

သူတို့က တောက်တိုမယ်ရမစ်ရှင် အတွက် တစ်ရက်ကို ဂုဏ်ကျက်သရေ ရမှတ် တစ်ရာ ရရှိကြသည်။

သို့သော် ဤကောင်လေးသည် ဆေးတောင်ကို သွားပြီး သူတို့ထက် ဂုဏ်ကျက်သရေ ရမှတ် ဒါဇင်ပေါင်းများစွာ ပိုမိုရရှိခဲ့သည်။

"ဒါ... ဒါက တကယ်ကို အံ့သြ တုန်လှုပ်စရာပဲ"

"မင်း ဒီကျောက်နှလုံးသားသစ်သီးတွေကို ဘယ်လို ရှာတွေ့ခဲ့တာလဲ"

တာဝန်ခံက ကျန်းချန်ကို တအံ့တဩ စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။

ကျန်းချန်တွင် ဆေးတောင်မှ ဆေးဖက်ဝင်ပစ္စည်းများကို သိုလှောင်နိုင်သော ထိုက်ရှဂိုဏ်း၏ အထူး ဆေးဖက်ဝင် သိုလှောင်အိတ် မရှိလျှင် သူသည် ကျန်းချန် လိမ်လည်နေသည်ဟုပင် သံသယ ဝင်မိမည် ဖြစ်၏။

ကျောက်နှလုံးသားသစ်သီးသည် အနက်ရောက်ကျောက် ထဲတွင် ပုံးကွယ်၍ ပေါက်ဖွားလေ့ရှိသည်။

ယေဘုယျအားဖြင့် ကျောက်နှလုံးသား သစ်သီးကို မွေးထုတ်ပေးသော အနက်ရောင်ကျောက်တုံးသည် သာမန် အနက်ရောင်ကျောက်နှင့် မတူပေ။

ဆေးတောင်တွင် အနက်ရောင်ကျောက်တုံး ထောင်ပေါင်းများစွာ ရှိသည်။

ကျန်းချန်က ကျောက်နှလုံးသားသစ်သီးကို မွေးထုတ်ပေးသော အနက်ရောင်ကျောက်တုံးအား မည်ကဲ့သို့ မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့သည်ကို သူ အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

"ဒါက ကံကောင်းသွားတာပါ...ကျွန်တော်က ဆေးတောင်ပေါ်မှာ ကွဲထွက်နေတဲ့ အနက်ရောက်ကျောက်တုံးကို တွေ့ရှိခဲ့တယ်.. ရလဒ်အနေနဲ့ ကျွန်တော်က အဲဒီကျောက်တုံး အထဲကနေ ကျောက်နှလုံးသား သစ်သီးကို ထုတ်ယူနိုင်ခဲ့တာပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော်် ယူလာတဲ့ ဆေးပင်တွေက ဂုဏ်ကျက်သရေ ရမှတ် ဘယ်လောက်ရှိလဲ ဆိုတာ တွက်ပေးပါဦး"

ကျန်းချန်က တာဝန်ခံကို တောင်းဆိုလိုက်သည်။

မစ်ရှင်ခန်းမ၏ တာဝန်ခံက ကျန်းချန်ကို မေးခွန်းများ ဆက်လက်မမေးတော့ဘဲ ရေတွက်ပေးရန် စတင်ခဲ့သည်။

ငါးမိနစ်လောက် ကြာပြီးနောက်တွင် သူက ကျန်းချန် ယူလာခဲ့သော ဆေးဖက်ဝင်ပစ္စည်း အားလုံးအတွက် ဂုဏ်ကျက်သရေ ရမှတ်များကို တွက်ချက်နိုင်ခဲ့သည်။

ဂုဏ်ကျက်သရေ ရမှတ် ၁,၃၃၀၊ ဂုဏ်ကျက်သရေ ရမှတ် နှစ်ဆယ်ကို နုတ်ယူလျှင်ပင် ကျန်းချန်သည် ဂုဏ်ကျက်သရေ ရမှတ် ၁,၃၁၀ ကိုရရှိခဲ့သည်။

"ဒီကောင်လေး... တကယ်ပဲ မှတ်တမ်းကို ချိုးဖျက်ခဲ့တယ်ဟ"

"ဒါ့အပြင် ဆေးပင်ခူး မှတ်တမ်း နှစ်ခုကိုပါ တစ်ပြိုင်နက်တည်း ချိုးဖျက်ခဲ့သေးတယ်"

"အရမ်း ကြမ်းတာပဲ"

"..........."

ဂုဏ်ကျက်သရေ ရမှတ်၁၃၁၀။

၎င်းသည် ပထမဆုံးနေ့ ဆေးပင်ခူး စံချိန်မှတ်တမ်းဖြစ်သည့် ဂုဏ်ကျက်သရေ ရမှတ် ၈၈၀ ကို ကျော်လွန်ရုံသာမက တစ်ရက်တည်း ဆေးဖက်ဝင်ပစ္စည်း ခူးဆွတ်နိုင်မှု စံချိန်ဖြစ်သည့် ဂုဏ်ကျက်သရေ ရမှတ် ၁,၂၆၀ ကိုလည်း ကျော်လွန်ခဲ့သည်။

ဆေးပင်ခူး မှတ်တမ်း နှစ်ခုကို တစ်ကြိမ်တည်း ချိုးဖျက်ခဲ့သည်မှာ လုံးဝ ထူးခြားသော စွမ်းဆောင်ရည် ဖြစ်၏။

အခန်း(၃၉၈) ပြီး၏

All Chapters