အခန်း (၄၀၀)
Vol. 27 Ch. 400
"ညီနောင်လဲ့... ဒီစီနီယာ အပြင်စည်း တပည့်တွေက အရမ်း အားကောင်းတယ်.. ဒါ့အပြင် အမာရွတ် လူငယ်က သဘာဝစွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့် ကျင့်ကြံသူပဲ"
ယင်ခိုင်က တီးတိုး ပြောလိုက်သည်။
"ယောကျာ်းကောင်းတွေအတွက် လက်စားချေဖို့က ဘယ်အချိန်ဖြစ်ဖြစ် နောက်မကျပါဘူး.. လောလောဆယ် ငါတို့တွေ ခဏလောက် သည်းခံထားပြီး ဂုဏ်ကျက်သရေ ရမှတ် ဆယ်မှတ်ကို အရင် ပေးချေထားလိုက်ရအောင်"
လဲ့ဟောင်ခုံး၏ အမူအရာက အလွန်ပင် စိတ်ဓာတ်ကျနေမှန်း သိသာနေ၏။
သူတို့လို တပည့်အသစ်များအတွက် ဂုဏ်ကျက်သရေ ရမှတ်များကို ရရှိရန်မှာ မလွယ်ကူပေ။
ထို့အပြင် တစ်ရက်ကို ဂုဏ်ကျက်သရေ ရမှတ် ဆယ်မှတ်သည် အတော်လေး များပြားသော ပမာဏတစ်ရပ် ဖြစ်သည်။
လဲ့ဟောင်ခုံးသည် ဤစီနီယာ အပြင်စည်း တပည့်များကို ပေးအပ်ရန် အမှန်တကယ် မလိုလားခဲ့ပေ။
"စီနီယာ.. တစ်ရက်ကို ဂုဏ်ကျက်သရေ ရမှတ် ဆယ်မှတ်ကတော့ များလွန်းပါတယ်"
"ငါတို့လို တပည့်အသစ်တွေ အတွက် ဂုဏ်ကျက်သရေ ရမှတ်ကို ရရှိဖို့ မလွယ်ကူတာကြောင့် စီနီယာက အနည်းငယ် လျော့ယူပေးဖို့ မျှော်လင့်ပါတယ်"
လဲ့ဟောင်ခုံးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာအသက် ခပ်ပြင်းပြင်း ရှူ၍ အမာရွတ်လူငယ်ကို တောင်းဆိုလိုက်သည်။
"ဟက်... မင်းမှာ ငါနဲ့ ညှိနှိုင်းဖို့ အခွင့်အရေး ရှိမယ်လို့ ထင်နေတာလား"
"ဂုဏ်ကျက်သရေ ရမှတ် ဆယ်မှတ်ပဲ.. လုံးဝ မလျှော့ပေးနိုင်ဘူး.. မင်း ငါတို့ကို မပေးချင်မှတော့ ယဥ်ကျေးမှု မရှိဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့တော့"
အမာရွတ် လူငယ်က အေးစက်စွာ ပြုံးလိုက်သည်။
ထို့နောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်စရာကောင်းသော အင်အားတစ်ခုသည် လဲ့ဟောင်ခုံး ဆီသို့ ပျံ့နှံ့သွားသည်။
အသစ်ရောက်လာသော တပည့်အုပ်စုသည် အခေါင်းကို မမြင်ရလျှင် ငိုကြွေးမည် မဟုတ်ပေ။
ဤကောင်လေးသည် တစ်ကြိမ်ပြီး တစ်ကြိမ် သူ့ကို အထွန့်တက်နေခဲ့၏။
၎င်းကို နောက်ထပ် မလှန်ရဲအောင် ဆုံးမလိုက်သ၍ ဤအသစ်အုပ်စုကို နာခံအောင်လုပ်ရန် မခက်ခဲဟု သူယုံကြည်ခဲ့သည်။
အမာရွတ်နှင့် လူငယ်သည် သူ့တောင်းဆိုမှုကို သဘောမတူဘဲ တိုက်ရိုက် စတင် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် လဲ့ဟောင်ခုံး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက အင်အား အကုန်အစင် ထုတ်သုံး၍ တိုက်ခိုက်တော့မည့်အချိန်တွင် ပုံရိပ်တစ်ခုသည် လေထဲကနေ တစ္ဆေကဲ့သို့ ရောက်လာပြီး သူ၏ ရှေ့တွင် ပေါ်လာခဲ့၏။
ထိုပုံရိပ်က အမာရွတ်လူငယ်၏ အင်အားကို လက်သီးတစ်ချက်တည်းဖြင့် ချေဖျက်လိုက်သည်။
"ညီနောင် ကျန်းချန်...မင်း ပြန်လာပြီလား"
သူ၏ ရှေ့မှ ရင်းနှီးသော ပုံရိပ်ကို ကြည့်ပြီး လဲ့ဟောင်ခုံးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ကျန်းချန်က အမာရွတ်လူငယ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
ထို့နောက်သူက လဲ့ဟောင်ခုံးဘက်သို့ လှည့်လိုက်သည်။
"ညီနောင်လဲ့ ဘာတွေ ဖြစ်နေတာလဲ"
"ငါတို့နဲ့ဆန့်ကျင်ဘက်က အမာရွတ်နဲ့ကောင်က ချန်လန်လို့ခေါ်တယ်.. သူက ထိုက်ရှဂိုဏ်းရဲ့ အပြင်စည်းတပည့်ထဲမှာ အဆင့် ၁၈ ရှိတဲ့ စီနီယာတစ်ယောက်ပဲ... သူက ငါတို့ တပည့်အသစ်တွေကို ကာကွယ်ရေးအတွက်ဆိုပြီး နေ့တိုင်း ဂုဏ်ကျက်သရေ ရမှတ် ဆယ်မှတ် ပေးချေရမယ်လို့ အတင်းအကျပ် တောင်းဆိုနေတယ်"
လဲ့ဟောင်ခုံးက ဒေါသထွက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ကျန်းချန်၏ မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
တပည့်အသစ်တစ်ယောက်က နေ့တိုင်း ဂုဏ်ကျက်သရေ ရမှတ် ဆယ်မှတ်ကို ပေးချေရမည် ဆိုလျှင် တပည့်အသစ် အားလုံးပေါင်းလိုက်လျှင် ဤစီနီယာများသည် တစ်ရက်ကို ဂုဏ်ကျက်သရေ ရမှတ် ထောင်ပေါင်းများစွာကို စုဆောင်းနိုင်မည် ဖြစ်၏။
ထိုက်ရှဂိုဏ်း၏ စီနီယာ အပြင်စည်း တပည့်များသည် အတွက်အချက်တွင် အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။
"ကောင်လေး.. ငါ့ရဲ့ လုပ်ငန်းကို ဝင်စွက်ဖက်ရအောင် မင်းကဘယ်သူလဲ"
အမာရွတ် လူငယ်သည် သူ၏ အင်အားကို ရုတ်တရက် ချေဖျက်လိုက်သည့် ကျန်းချန်ကို ကြည့်ပြီး ချက်ချင်းပင် မျက်နှာထား တင်းမာသွားခဲ့သည်။
"ငါက ထိုက်ရှဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာတဲ့ တပည့်အသစ် တစ်ယောက်ပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့လေး ပြုံးပြီး ပြောလိုက်သည်။
"စီနီယာက ငါတို့ကို နေ့တိုင်း ဂုဏ်ကျက်သရေ ရမှတ် ဆယ်မှတ်ကို ကာကွယ်ရေး အခကြေးငွေအဖြစ် တောင်းဆိုနေတယ်လို့ ကြားတယ်"
"အမှန်ပဲ"
"ထိုက်ရှဂိုဏ်းက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိတဲ့ နေရာတစ်ခု ပဲ.. မင်းတို့ တပည့်အသစ်တွေကို ငါတို့လို စီနီယာတွေသာ အကာအကွယ် မပေးထားရင် မင်းတို့တွေ ဆိုးဆိုးရွားရွား အဆုံးသတ်သွားလိမ့်မယ်"
အမာရွတ် လူငယ်သည် ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
"မင်းက စံပြအနေနဲ့ အားလုံးထဲမှာ အရင်ဆုံး ဂုဏ်ကျက်သရေရမှတ်၁၀မှတ် ပေးအပ်ရမယ်"
"ဟားဟား.. မင်းက အနိုင်ကျင့်ပြီး တပည့်အသစ်တွေရဲ့ ဂုဏ်ကျက်သရေ ရမှတ်တွေကို အတင်းအကျပ် ယူချင်နေတာလား.. ဒီလောက် လူပါးဝတဲ့ တောင်းဆိုမှုကို ငါက ဘာလို့ လိုက်လျောပေးရမှာလဲ"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
သူက ထီမထင်သော အမူအရာဖြင့် အမာရွတ်လူငယ်ကို စိုက်ကြည့်လိုက်၏
ထိုခဏတွင် သူ၏ မောက်မာသော လေသံသည် လေထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။ "
"မင်းရဲ့ မဖြစ်စလောက် အရည်အချင်းနဲ့ ငါတို့ကို ကာကွယ်ပေးဖို့ မထိုက်တန်ဘူး.. အခုချက်ချင်း မင်းလူတွေကို ခေါ်ပြီး ငါ့ရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားစမ်း"
အခန်း(၄၀၀) ပြီး၏