မိသားစုကလန်ကြီး ၅ခု
Vol. 137 Ch. 2045
ကောင်းကင်အင်မော်တယ် ကြယ်အလင်းက လက်သီးနှစ်ဖက်ကိုညင်သာစွာယှက်လိုက်၏။
“တာအိုရောင်းရင်း... မပူပါနဲ့ ကြယ်တာရာဂိုဏ်းက ဒီအကြောင်းကိုကြားပြီးပါပြီ... ဒီနေ့ကိစ္စပြီးရင်ကျုပ်တို့က ဒီပန်းချီကားကို မိတ္တူတချို့ပွားပြီး ဖြန့်ဝေပေးလိုက်ပါမယ်... ကျုပ်တို့က တစ်ခုခုရှာတွေ့မယ်ဆိုရင် ကြာတာရာဂိုဏ်းက အဲ့ဒီလူကိုသေချာပေါက်ဖိနှိမ်ပေးပါ့မယ်”
“ကောင်းပြီလေ”
ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားက ခေါင်းညိတ်ပြပြီး သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။
သူ၏ အကြည့်က ဂိုဏ်း၏ ရှေ့မှာရှိသောလူအုပ်ထဲကို ထက်ရှစွာဖြတ်သွား၏။
ဆူဇီမို၏ လက်ရှိသွင်ပြင်က ပန်းချီထဲကပုံနှင့် အရမ်းကိုကွာခြားနေပြီဖြစ်၏။
သူက ရွှံ့များ၊ ဖုန်များဖြင့် ပေကျံနေပြီး အိပ်မောကျနေသည့်အလား သူ၏ မျက်နှာက နီမြန်းနေ၏။
ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သား၏ အကြည့်က လုံးဝရပ်နားခြင်းမရှိဘဲ ဖြတ်သွား၏။
“မင်းတို့တွေထဲကတစ်ယောက်ယောက် အဲ့ဒီလူကိုတွေ့သေးလား”
ဘယ်ဘက်မှာရှိသော ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားက သူ့လက်ထဲမှာရှိသည့်ပန်းချီကားကို လှုပ်ခါပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။
“အဆင့်မြင့်အင်မော်တယ်... ကျုပ်တို့အားလုံးဒီနေရာမှာစောင့်နေတာ နှစ်ရက်ကြာသွားခဲ့ပြီ ဒါပေမဲ့ အဲ့ဒီလူကို မတွေ့ခဲ့ရပါဘူး”
အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာခဲ့၏။ သူ၏ အနက်ရောင်ဆံပင်များကို သူ၏ ပခုံးပေါ်မှာ ဖြန့်ချထားပြီး သူ့မှာထက်ရှသောမျက်ခုံးများနှင့် ဖီးနစ်လိုမျက်လုံးများရှိလေသည်။ သူက ကြော့ရှင်းရည်မွန်ပြီး အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်ထံ လက်သီးကိုယှက်ပြကာ ပြုံး၍ပြောလိုက်၏။
ဆူဇီမိုသည် ရစ်မူးနေသော သူ၏ မျက်လုံးများကိုဖွင့်ပြီး ထိုလူကိုတစ်ချက်ကြည့်လိုက်၏။
ဤလူငယ်သည် နေလတိုင်းပြည်၏ မိသားစုကလန်ကြီးငါးခုမှ တစ်ခုဖြစ်သော လင်းကလန်မှဖြစ်သည်ကို ဆွေးနွေးပြောဆိုနေသောအသံများကြားမှာ သူကြားခဲ့ရလေသည်။ သူ၏ အမည်က လင်းမင်ဖြစ်ပြီး သူက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။
ဤတစ်ခေါက်မှာ လင်းကလန်သည် ကလန်းသားတစ်ရာကျော်ကိုခေါ်လာခဲ့၏။
သူတို့က မဟူရာအင်မော်တယ်များနှင့် ကမ္ဘာမြေအင်မော်တယ်များဖြစ်၏။
သို့သော်လည်း ကလန်သားတစ်ရာကျော်ကျော်ထဲမှာ လင်းမင်က ကျင့်ကြံမှုနယ်ပယ်အမြင့်မားဆုံးဖြစ်၏။
လင်းမင်သည် လင်းကလန်သားများကြားမှာ အဆင့်အတန်းအမြင့်မားဆုံးဟုလည်း ဆိုရပေမည်။
လင်းမင်က ဤတစ်ခေါက် ရှေ့သို့ထွက်လာသည်မှာ အာဏာပါးကွက်သားအစောင့်တပ်သားကို မျက်နှာချိုသွေးဖို့ဖြစ်၏။
သို့သော်လည်း လေထဲမှာရှိသော အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်က အဲ့ဒါကို လုံးဝအသိအမှတ်မပြုပေ။ သူတို့က လင်းမင်ကို မှင်သေသေဖြင့်တစ်ချက်သာကြည့်ပြီး သူတို့၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်၏။
လင်းကလန်သည် နေလတိုင်းပြည်မှာ အတော်လေးစွမ်းအားကြီးမားသော်လည်း သူတို့က အာဏာပါးကွက်အစောင့်တပ်သားများနှင့်ယှဥ်လျှင် အတော်လေးနိမ့်ကျနေ၏။
အာဏာပါးကွက်သားအစောင့်တပ်သားများကို မဟာကျင်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မိသားစုက နောက်ခံပေးထား၏။
တစ်ဘက်မှာတော့... နောက်ထပ်လူငယ်တစ်ယောက်က လူအုပ်ကြားထဲကနေရှေ့သို့ထွက်လာခဲ့၏။
သူက ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ဆွဲထားပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူက လက်သီးနှစ်ဖက်ကိုယှက်ပြီး ပြောလိုက်၏။
“အဆင့်မြင့်အင်မော်တယ်တို့ မပူပါနဲ့ ကျုပ်တို့က အဲ့ဒီလူရဲ့အရိပ်အယောင်ကို ရှာတွေ့မယ်ဆိုရင် ရှဲကလန်က အရင်ဆုံးရှေ့ကိုထွက်ပြီး ရပ်တည်ပေးပါမယ်”
ရှဲကလန်သည် နေလတိုင်းပြည်၏ မိသားစုကလန်ကြီးငါးခုထဲမှာ ဒုတိယမြောက်ဖြစ်၏။
ထိုစကားကိုပြောလိုက်သောသူက ရှဲထျန်ဖုန့်ဖြစ်ပြီး အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပင်ဖြစ်၏။
သူက ရှေ့သို့ထွက်လာသောအခါ လင်းမင်နှင့် တိုက်ခိုက်လိုသည့်အလား သူ့ကို ခပ်စိမ်းစိမ်းတစ်ချက်ပင်လှမ်းကြည့်လိုက်၏။
“ဘာသတင်းပဲရရ ချက်ချင်းအကြောင်းကြားကြ”
ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်က မှင်သေသေဖြင့် ပြောပြီး သူ့လက်ထဲရှိ ပန်းချီကားကို ကောင်းကင်အင်မော်တယ်အေးစက်အလင်း၏ လက်ထဲသို့ ပစ်ထည့်ပေးလိုက်၏။
ထိုသို့ပြောပြီးနောက် သူက အခြားလူနှင့်အတူ လှည့်ထွက်သွား၏။
ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်သည် ဂိုဏ်း၏ အပြင်ဘက်ရှိ ကျင့်ကြံသူတစ်သိန်းကို အပင်ပန်းခံပြီးရှာဖွေစစ်ဆေးမည်ဆိုလျှင် သူကဆက်လက်၍ ပုန်းကွယ်နိုင်တော့မည် မဟုတ်ပေ။
အခြားတစ်ဘက်မှာတော့...
အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက်က ကြယ်တာရာဂိုဏ်းကနေထွက်ခွာသွားပြီး မကြာမီ သူတို့ထဲမှတစ်ယောက်က ရုတ်တရက်ပြောလိုက်၏။
“အစ်ကိုချန်... ကျုပ်တို့က စောစောတုန်းက ကြယ်တာရာဂိုဏ်းရဲ့အပြင်ဘက်က ကျင့်ကြံသူတစ်သိန်းကို ဘာလို့မစစ်ဆေးခဲ့တာလဲ”
“ဆူဇီမိုက သူတို့ထဲမှာသေချာပေါက်မရှိဘူး”
အာဏာပါးကွက်သားအစောင့်တပ်သားချန်က ပြန်ဖြေလိုက်၏။
“ခင်ဗျားဘာလို့အဲ့လိုပြောနိုင်ရတာလဲ”
မေးလိုက်သောသူက အံ့အားသင့်သွားပြီး ပြောလိုက်၏။
“ဆူဇီမိုက အသင်္ချေအသွင်ပြောင်းလဲခြင်းနတ်ဘုရားစွမ်းအားကို တတ်မြောက်ထားပြီး သူကအခြားလူတစ်ယောက်အဖြစ်ပုံစံပြောင်းလဲနိုင်တယ်လို့ ခေါင်းဆောင်တပ်မှူးကိုယ်တိုင်ပြောခဲ့တာပဲ”
အာဏာပါးကွက်သားအစောင့်တပ်သားချန်က ပြန်မေးလိုက်၏။
“ဒါဆိုမင်းကိုငါမေးမယ်... အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က အသင်္ချေအသွင်ပြောင်းလဲခြင်းကို ဘယ်လောက်ကြာကြာ ထုတ်ဖော်ထားနိုင်မလဲ”
“အဲ့ဒါက သူတို့ရဲ့အမြုတေစိတ်ဝိညာဥ်တွေကိုခွန်အားပေါ် မူတည်မှာပေါ့... သူတို့ရဲ့အမြုတေစိတ်ဝိညာဥ်က သိပ်သည်းကျစ်လစ်မယ်ဆိုရင်တောင် သူတို့က သိပ်ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး”
“အသင်္ချေအသွင်ပြောင်းလဲခြင်းက ဘာပဲပြောပြော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဆိုတော့ အဲ့ဒါကို ထိန်းသိမ်းထားရတာက အမြုတေစိတ်ဝိညာဥ်အပေါ် စွမ်းအင်အတော်လေးကုန်ဆုံးစေမှာပဲ”
ထိုလူက ပြန်ဖြေလိုက်၏။
အာဏာပါးကွက်သားအစောင့်တပ်သားချန်က ပြောလိုက်၏။
“အဲ့ဒါက အဖြေမဟုတ်ဘူးလား... ဆူဇီမိုက အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... သူက အသင်္ချေအသွင်ပြောင်းလဲခြင်းကို တတ်မြောက်ထားမယ်ဆိုရင်တောင် သူက အဲ့ဒါကို ဘယ်လောက်ကြာကြာထိန်းထားနိုင်မှာလဲ”
“ကြယ်တာရာဂိုဏ်းရဲ့အပြင်ဘက်မှာ မျက်လုံးတွေဒီလောက်အများကြီးရှိနေတာ သူကဆက်မထိန်းထားနိုင်တဲ့အချိန်မှာ သူ့ရဲ့သရုပ်သကန်က ပေါက်ကြားသွားတာကြာနေရောပေါ့”
အခြားသောလူက နားလည်သဘောပေါက်သွားပြီး ချီးကျူးလိုက်၏။
“အစ်ကိုချန်... ခင်ဗျားက ဉာဏ်ရှိပါပေတယ်”
အာဏာပါးကွက်သားအစောင့်တပ်သားချန်က ပြန်ပြောလိုက်၏။
“အတွေ့အကြုံဆိုတာအဲ့ဒါပဲ... မင်းက အာဏာပါးကွက်သားအစောင့်တပ်သားအဖွဲ့ထဲကို ဝင်ရောက်လာတာမကြာသေးဘူး... လေ့လာသင်ယူဖို့အတွက်အချိန်ပေးလိုက်ဦး... ငါတို့က လူတိုင်းကို နဖူးကနေခြေဖျားထိ လိုက်လံစစ်ဆေးရှာဖွေနေရမယ်ဆိုရင် ငါတို့ကအမောဆို့ပြီးသေသွားမှာမဟုတ်ဘူးလား”
. . . .
ကြယ်တာရာဂိုဏ်းတွင်...။
အာဏာပါးကွက်သားအစောင့်တပ်သားနှစ်ယောက် ထွက်ခွာသွားပြီးနောက် ကောင်းကင်အင်မော်တယ် အေးစက်အလင်းက သူ့လက်ထဲရှိ ပန်းချီကားကို တတ်နိုင်သမျှ များများမိတ္တူပွားပြီး ဖြန့်ဝေပေးဖို့ ကြယ်တာရာဂိုဏ်းသားများကို ညွှန်ကြားလိုက်၏။
တစ်ဘက်မှာတော့... သူသည် ဝင်ခွင့်စစ်ဆေးပွဲကို စတင်ကာဧည့်ခံကျင်းပပေးနေပြီဖြစ်၏။
စောစောက အဆင့်-၃ ကမ္ဘာမြေအင်မော်တယ်ပြောခဲ့သည်နှင့် သိပ်မကွာဘဲ ကြယ်တာရာဂိုဏ်း၏ ဝင်ခွင့်စစ်ဆေးပွဲက အတော်လေးရိုးရှင်းကာ ကျင့်ကြံသူများ၏ ကျင့်ကြံမှုနယ်ပယ်လိုအပ်ချက်တစ်စုံတစ်ရာမရှိပေ။
လူတိုင်းက ကြယ်ငေးကြည့်စင်ပေါ်မှာ မတ်တတ်ရပ်ရမည်ဖြစ်၏။
အသက်ဆယ်ရှိုက်စာအတွင်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ အလင်းရောင်ပေါ်ထွက်လာသည်နှင့် သူတို့ကစမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည်ဖြစ်၏။
ဂိုဏ်း၏ အပြင်ဘက်မှာ ကျင့်ကြံသူအယောက်တစ်သိန်းရှိလေသည်။
သို့သော်လည်း ကြယ်ငေးကြည့်စင်ကို ဥက္ကာခဲတစ်မျိုးဖြင့် ပြုလုပ်ထားပြီး အတော်လေးကျယ်ဝန်းလေသည်။
အဲ့ဒါက တစ်ချိန်တည်းမှာ ကျင့်ကြံသူအယောက်တစ်ရာကျော်ကို တစ်ချိန်တည်းမှာဝင်ဆံ့နိုင်၏။
ပုံမှန်နှုန်းထားအရ တစ်နာရီမှာ လူအယောက်သုံးသောင်းကျော်ကို စမ်းသပ်စစ်ဆေးပေးနိုင်မည်ဖြစ်၏။
အရုဏ်မတက်ခင်မှာ လူအယောက်တစ်သိန်းအတွက် စမ်းသပ်စစ်ဆေးမှုကို အဆုံးသတ်ပေးနိုင်မည်ဖြစ်၏။
ဆူဇီမိုက ရှေ့သို့တက်လှမ်းဖို့အတွက် အလောတကြီးရှိမနေပေ။ ထိုအစားသူက လူအုပ်ကြားထဲမှာ မတ်တတ်ရပ်ပြီး ကြယ်ငေးကြည့်စင်ပေါ်ရှိ ပြုမူလှုပ်ရှားမှုများကိုအာရုံစိုက်နေ၏။
ကြယ်ငေးကြည့်စင်ပေါ်သို့ တစ်ချိန်တည်းမှာတက်လှမ်းလာသည့် လူတစ်ယောက်ထဲမှ ကြယ်အလင်းရောင်ကို နှိုးဆွပေးနိုင်သည့်သူက များစွာမရှိပေ။
တချို့အခေါက်များမှာ တစ်ယောက်စနှစ်ယောက်စ ပေါ်ထွက်လာတတ်၏။
တချို့အခေါက်များမှာ လူတစ်ရာကြားထဲတွင် မည်သူကမှကြယ်အလင်းရောင်ကို မဆင့်ခေါ်နိုင်ခဲ့ပေ။
သိပ်မကြာခင် တူညီသောဝတ်စားဆင်ယင်မှုများနှင့် ကျင့်ကြံသူတစ်အုပ်စုက ကြယ်ငေးကြည့်စင်ပေါ်သို့ တက်လှမ်းလာကြ၏။ သူတို့၏ ခါးပေါ်မှာ 'ဝမ်'ဟူသော စာလုံးရှိနေ၏။
အဲ့ဒါက မိသားစုကလန်ကြီးငါးခုထဲမှ တစ်ခုဖြစ်သော ဝမ်ကလန်ဖြစ်၏။
ဝမ်ကလန်၏ ခေါင်းဆောင်က ဝမ်ယုဖြစ်၏။
သူ၏ ရုပ်ရည်က သာမန်သာဆိုသော်လည်း တောက်လောင်ပြင်းပြသော အကြည့်တစ်ခုနှင့်အတူ သူ၏ အမူအရာက တည်ငြိမ်နေ၏။
သူ့မှာ မည်သည့်မုတ်ဆိတ်မွေး ပါးမြိုင်းမွေးမှမရှိဘဲ ဆံပင်တိုတိုသာလျှင်ရှိလေသည်။ သူကအတော်လေးအစွမ်းထက်မည့်ပုံပေါ်ပြီး အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။
ဝမ်ယု၏ နောက်မှာ ဝမ်ကလန်၏ ကလန်သားများရှိပြီး သူတို့အများစုက မဟူရာအင်မော်တယ်များဖြစ်ကြ၏။
ဝမ်ကလန်သားတစ်ရာကျော်သည် ကြယ်ငေးကြည့်စင်ပေါ်မှာမတ်တတ်ရပ်ပြီး တစ်ချိန်တည်းမှာပင် ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။
အသက်တစ်ရှိုက်စာအပြီး၌ ဝမ်ယု၏ ခန္ဓာကိုယ်ပေါ်မှာ ခပ်ဖျော့ဖျော့ကြယ်အလင်းရောင်တစ်ခု တောက်ပလာ၏။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ပေါ်ရှိကြယ်အလင်းက သိပ်သည်းစုဖွဲ့လာပြီး သူ၏ ဦးခေါင်းထက်ကနေ လေထဲသို့ဆန့်ထွက်လာသော ကြယ်အလင်းတန်းတစ်ခုပင်ဖြစ်ပေါ်လာ၏။
ကောင်းကင်အင်မော်တယ်အေးစက်အလင်းက မသိမသာခေါင်းညိတ်ပြီးပြောလိုက်၏
“လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ အမြင့်ဆယ်ပေရှိတဲ့ ကြယ်အလင်းတန်းတစ်ခုထွက်လာမယ်ဆိုရင် မဆိုးဘူး”
အသက်သုံးရှိုက်စာမှာ ဝမ်ယု၏ ဦးခေါင်းထက်ကနေမြင့်တက်လာသည့်ကြယ်အလင်းတန်းက ပေနှစ်ဆယ်အမြင့်ထိ ရောက်ရှိသွား၏။
ထိုမြင်ကွင်းက အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
“ကြယ်အလင်းရောင်က ပိုပြီးတောက်ပလေလေ လူတစ်ယောက်ရဲ့ ပါရမီအလားအလာက ပိုကောင်းလေလို့ ငါကြားဖူးတယ်... ကြယ်အလင်းတန်းတစ်ခုကို စုဖွဲ့နိုင်တဲ့ဘယ်သူမဆို သေချာပေါက်ထူးခြားတဲ့ပါရမီအရည်အချင်းနဲ့လူပဲ”
“ကြယ်အလင်းရောင်ကို နှိုးဆွပေးနိုင်ဖို့က တကယ်ပဲ ဘာနဲ့ပတ်သက်နေတာလဲ”
ကျရှုံးသွားသောကျင့်ကြံသူတစ်ယောက်က မချင့်မရဲဖြင့်မေးလိုက်၏။
“အဲ့ဒါက မျိုးဆက်သွေးနဲ့ဆက်စပ်နေတယ်လို့ ငါကြားဖူးတယ်”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့တွေက ကြယ်ငေးကြည့်စင်ပေါ်ကိုရောက်တာနဲ့ မင်းတို့ရဲ့အမြုတေစိတ်ဝိညာဥ်နဲ့ မျိုးဆက်သွေးကို ထိန်ချန်ခြင်းမရှိဘဲနဲ့ အသက်သွင်းနိုင်ရမယ်”
လူတိုင်းကဆွေးနွေးပြောဆိုနေစဥ် အသက်ဆယ်ရှိုက်စာကုန်ဆုံးသွား၏။
ဝမ်ယု၏ ဦးခေါင်းထက်မှ ကြယ်အလင်းက အမြင့်ပေ ၄၀ထိ ရောက်ရှိခဲ့၏။
စမ်းသပ်မှုကို ဖြတ်ကျော်ခဲ့ကြသော လူငါးသောင်းကြားမှာ ဝမ်ယုသည် ပေ၄၀ မြင့်မားသည့် အလင်းတန်းတစ်ခုကို စုဖွဲ့နိုင်သည့် ပထမဆုံးလူဖြစ်၏။
“မဆိုးဘူး... ပေ၄၀ ဆိုတော့ သူကရှားရှားပါးပါး ပါရမီရှင်တစ်ဦးပဲ”
ကောင်းကင်ဘုံအေးစက်အလင်း၏ ဘေးမှာရှိသော အဝါရောင်ဝတ်တာအိုပညာရှင်က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်လိုက်၏။
တစ်ဘက်မှာတော့... အဖိုးအိုတစ်ယောက်က ညည်းတွားရေရွတ်လိုက်၏။
“ကြယ်တာရာဂိုဏ်းကို စပြီးတည်ထောင်တုန်းကဆို ကောင်းကင်ဘုံကမ္ဘာမှာရှိတဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေအားလုံးက ဒီနေရာမှာစုစည်းခဲ့ကြတယ်လို့ ငါကြားဖူးတယ်... တကယ်ဆို သူတို့ထဲက တချို့က အမြင့်ပေ၈၀ ကနေ ၉၀ထိမြင့်မားတဲ့ ကြယ်အလင်းတန်းတွေကိုတောင်မှ စုဖွဲ့နိုင်ခဲ့ကြတယ်တဲ့”
“ကံဆိုးစွာနဲ့ပဲ... အဲ့ဒါတွေအားလုံးက ဒဏ္ဍာရီတွေဖြစ်ကုန်ပြီ”