← Chapters

ရှန်ကွမ်ချန်

Vol. 137 Ch. 2046

ရှန်ကွမ်ချန်

Vol. 137 Ch. 2046

အသက်ဆယ်ရှိုက်စာအပြီး၌ ဝမ်ကလန်ကျင့်ကြံသူများ၏ ထက်ဝက်ကျော်သည် သူတို့၏ ခန္ဓာကိုယ်က ကြယ်အလင်းများကို ထုတ်ဖော်ပြီး ကြယ်တာရာဂိုဏ်းသို့ ဝင်ရောက်နိုင်လိုက်ကြ၏။

ရှဲထျန်ဖုန့်က ထိုသည်ကိုတွေ့မြင်သောအခါ သူကအော်ပြောလိုက်၏။

“ငါတို့လည်းသွားကြတာပေါ့”

ထိုသို့ပြောရင်း ရှဲထျန်ဖုန့်က ရှဲကလန်၏ ကလန်သားများစွာကို ကြယ်ငေးကြည့်စင်ပေါ်သို့ ဦးဆောင်ကာခေါ်သွား၏။

ကြည့်ရသည်မှာ မိသားစုကလန်ကြီးငါးခုအတွင်း၌ အတွင်းပိုင်းနှင့် အပြင်ပိုင်း ပဋိပက္ခများစွာရှိနေသည့်ပုံပင်။

ကြယ်တာရာဂိုဏ်းမှာ သူတို့တွေ့ဆုံကြပြီးနောက် နောက်ထပ်ယှဥ်ပြိုင်မှုတစ်ခုက သေချာပေါက်ဖြစ်လာပေလိမ့်မည်။

ရှဲထျန်ဖုန့်၏ ခန္ဓာကိုယ်ပေါ်မှာ ကြယ်အလင်းရောင်က အရင်ဆုံးဖြစ်ပေါ်လာ၏။

အသက်လေးရှိုက်စာမြောက်မှာ ကြယ်အလင်းက သူ၏ ခန္ဓာကိုယ်ကနေထွက်လာပြီး တဖြည်းဖြည်း ကြယ်အလင်းတန်းတစ်ခုကို ဖြစ်ပေါ်စေကာ ကောင်းကင်ထက်သို့ ခပ်မှန်မှန်ထိုးတက်သွား၏။

“ကြည့်ရတာတော့... ရှဲထျန်ဖုန့်ရဲ့ ကြယ်အလင်းတန်းက ဝမ်ယုထက် ပိုပြီးတော့သေးငယ်မယ့်ပုံပဲ... အဲ့ဒါက ဘယ်နှစ်ပေထိရောက်နိုင်မလဲ မသိဘူး”

“ဝမ်ကလန်ရဲ့ဘိုးဘေးတွေက တစ်ခါတုန်းက ခန္ဓာမီးဆေးဂမ္ဘီရနည်းစနစ်တစ်ခုကိုရရှိခဲ့တယ်လို့ ငါကြားဖူးတယ်... ကိုယ်ကာယနဲ့မျိုးဆက်သွေးမှာဆိုရင် ရှဲထျန်ဖုန့်က နည်းနည်းလောက် ပိုပြီးနိမ့်ကျနေလိမ့်မယ်”

အတန်ကြာအောင်နားထောင်ပြီးနောက် ဆူဇီမိုသည် အနည်းနှင့်အများဆိုသလို နားလည်သဘောပေါက်လာခဲ့၏။

လူတစ်ယောက်၏ မျိုးဆက်သွေးက သန်မာမည်ဆိုလျှင် ထုတ်ဖော်လိုက်သော ကြယ်အလင်းက တုန်လှုပ်စရာကောင်းအောင်မြင့်မား၍ ကျယ်ပြန့်နေသည်မှာသာမက ၎င်း၏ အရောင်ကလည်း ပိုမိုတောက်ပနေပေလိမ့်မည်။

စောစောက ဝမ်ယုစုဖွဲ့လိုက်သော ကြယ်အလင်းတန်း၏ အချင်းဝက်က လူတစ်ကိုယ်နှင့် တစ်ပိုင်းစာလောက်ရှိခဲ့လေသည်။

သို့သော်လည်း ရှဲထျန်ဖုန့်၏ ကြယ်အလင်းတန်းက သူ့ကိုလွှမ်းခြုံထားရုံမျှသာဖြစ်၏။

တစ်ခဏချင်းမှာပင် အသက်ဆယ်ရှိုက်စာကုန်ဆုံးသွား၏။

ရှဲထျန်ဖုန့်၏ ကြယ်အလင်းတန်းက ပေသုံးဆယ်အမြင့်ထိသာရောက်ရှိခဲ့ပြီး အဲ့ဒါက ဝမ်ယုထက် သိသိသာသာ ပိုမိုနိမ့်ကျနေ၏။

“ဟီးဟီး...”

လင်းမင်က ညင်သာစွာပြုံး၍ ပြောလိုက်၏။

“ညီကိုရှဲ... ခင်ဗျားရဲ့ ကြယ်အလင်းတန်းက ညီကိုဝမ်ယုလောက်မမြင့်တဲ့ပုံပဲ”

ရှဲထျန်ဖုန်၏ အမူအရာကပျက်ယွင်းသွာပြီး သူက အေးစက်စက်နှစ်တစ်ချက်မှုတ်လိုက်၏။

သူက လင်းမင်၊ ဝမ်ယုနှင့် မလှမ်းမကမ်းမှတခြားသူများကို တစ်ချက်ကြည့်လိုက်၏။

“ဒီနေ့က ဝင်ခွင့်စမ်းသပ်ချက်တစ်ခုပဲ... ဘာမှမဟုတ်ဘူး ငါတို့ဂိုဏ်းထဲကိုရောက်ပြီးမှပဲ ကျန်တာကို စောင့်ကြည့်ရသေးတာပေါ့”

ထိုသို့ပြောရင်း ရှဲထျန်ဖုန့်က သူ၏ ကလန်သားများစွာကို ဦးဆောင်ကာ ကြယ်ငေးကြည့်စင်ပေါ်ကနေ ဆင်းသက်လိုက်၏။

ရှဲကလန်မှလူထက်ဝက်ကျော်က ကြယ်အလင်းရောင်ကို ဆင့်ခေါ်နိုင်ခဲ့ပြီး ကြယ်တာရာဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ကြ၏။

သိပ်မကြာခင် လင်းမင်က သူ၏ ကလန်သားများကို ဦးဆောင်ကာ ကြယ်ငေးကြည့်စင်ပေါ်သို့ တက်လှမ်းလိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပင် လင်းမင်ကလည်း သူ၏ ကြယ်အလင်းတန်းကို အသက်သွင်းနိုင်ခဲ့၏။

သူ၏ ကြယ်အလင်းတန်းက ပေသုံးဆယ်ကျော်မြင့်မားသော်လည်း အဲ့ဒါက ပေလေးဆယ်အမြင့်ကို မရောက်နိုင်ခဲ့ပေ။

ယခုအချိန်ထိကို ဝမ်ယုက အမြင့်မားဆုံးဖြစ်နေဆဲပင်။

“ဂျူနီယာညီမရှန်ကွမ်... စီနီယာအစ်ကိုကျော... ခင်ဗျားတို့ရဲ့အလှည့်မလား”

လင်းမင်က အခြားသောအဖွဲ့အစည်းနှစ်ခုဘက်သို့ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

သူ၏ အကြည့်က ဂျူနီယာညီမရှန်ကွမ်အပေါ် ဆင်းသက်သောအခါ အဲ့ဒါက တောက်လောင်ပြင်းပြနေ၏။ သို့သော်လည်း သူကအဲ့ဒါကို အလျင်အမြန်ဖုံးကွယ်လိုက်၏။

ကျောမိသားစုကလန်နှင့် ရှန်ကွမ်မိသားစုကလန်သည် နေလတိုင်းပြည်၏ မိသားစုကလန်ကြီး ၅ခုထဲမှ အခြားကလန်နှစ်ခုဖြစ်၏။

ကျောကလန်၏ ခေါင်းဆောင်က ရိုးရှင်းသောဝတ်ရုံရှည်ကိုဝတ်ဆင်ထား၏။ သူက ကြော့ရှင်းသောသွင်ပြင်များနှင့် နက်ရှိုင်းသောမျက်လုံးများနှင့် ရုပ်ရည်ချောမော​သေည်။ ရုပ်ရည်သွင်ပြင်အရ သူသည် ရှဲထျန်းဖုန်းနှင့်ဝမ်ယုတို့ထက် သိသိသာသာ သာလွန်နေ၏။

ကျောကျူးရွှမ်....။

အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်..။

အခြားတစ်ဘက်မှာတော့ ရှန်ကွမ်ကလန်၏ ခေါင်းဆောင်က ငယ်ရွယ်သောအမျိုးသမီး ရှန်ကွမ်ချန်ဖြစ်ပြီး သူမကလည်း အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။

သူတို့နှစ်ယောက်သည် ဘေးချင်းယှဥ်မတ်တတ်ရပ်နေကြ၏။

အဝေးကကြည့်လျှင် သူတို့သည် ကောင်းကင်ဘုံကတွဲဖက်ပေးထားသည့် စုံတွဲတစ်တွဲနှင့်တူလေသည်။

လင်းမင်နှင့် ရှဲထျန်ဖုန့်က အဲ့ဒါကိုကြည့်ပြီး မနာလိုအားကျနေကြ၏။

“ဂျူနီယာညီမကရှန်ကွမ်... မင်းအရင်သွားမလား”

ကျောကျူးရွှမ်က ညင်သာစွာပြုံး၍ ရှန်ကွမ်ချန်ကို နူးညံ့သိမ်မွေ့သောအကြည့်ဖြင့်ကြည့်ကာမေးလိုက်၏။

“စီနီယာအစ်ကိုကျော... ကျေးဇူးပြုပြီး...”

ရှန်ကွမ်ချန်က သူမ၏ ခေါင်းကို ညင်သာစွာခါပြပြီး ငြင်းပယ်လိုက်၏။

“အဲ့ဒါဆိုလည်း ဖြစ်တယ်လေ”

ကျောကျူးရွှမ်က ခပ်ယဲ့ယဲ့ပြုံးပြလိုက်၏။

“အဲ့ဒါဆိုရင် ငါအားနာမနေတော့ဘူး”

ထိုသို့ပြောရင်း သူ၏ အဝတ်အစားများကို သေသပ်အောင်ပြင်ဆင်ပြီး သူ၏ ကလန်သားများကို ဦးဆောင်ကာ ကြယ်ငေးကြည့်စင်ပေါ်သို့ တက်လှမ်းသွား၏။

ကျောကျူးရွှမ်က ကြယ်ငေးကြည့်စင်ပေါ်သို့ တက်လှမ်းလိုက်သည့်ခဏမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကြယ်အလင်းအစက်အပြောက်များက ချက်ချင်းပင်ပေါ်ထွက်လာကာ ဝမ်ယုထက်ပင်ပိုမိုတောက်ပသည့်ပုံပေါ်နေ၏။

ရွှစ်...

ကျောကျူးရွှမ်၏ ခန္ဓာကိုယ်မှ ကြယ်အလင်းများက တောက်ပလာပြီး ကြယ်အလင်းတန်းတစ်ခုက သိပ်မကြာခင်ဖြစ်ပေါ်လာ၏။

အဲ့ဒါက လူနှစ်ယောက်လောက်ကိုပင် ဝင်ဆံ့စေနိုင်၏။

ကြယ်အလင်းတန်းက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွား၏။

ဆယ်ပေ... ပေနှစ်ဆယ်...။

အဲ့ဒါက ပေလေးဆယ်အမြင့်ထိရောက်ရှိပြီးမှ ကြယ်အလင်းတန်း၏ အရှိန်အဟုန်က တဖြည်းဖြည်းနှေးကွေးသွား၏။

လူတိုင်းသည် အသက်အောင့်ပြီး မမှိတ်မသုန်စောင့်ကြည့်နေကြ၏။

ကြယ်တာရာဂိုဏ်းမှ ကောင်းကင်အင်မော်တယ် အေးစက်အလင်းနှင့် အခြားနှစ်ယောက်၏ အကြည့်များကလည်း သိပ်သည်းစုဖွဲ့လာကြ၏။

“အဲ့ဒီကောင်လေးက ပေငါးဆယ်အမြင့်ကို ချိုးဖျက်နိုင်မလား”

“အဲ့ဒါက... အရမ်းခက်တယ် ငါတို့က ပေငါးဆယ်မြင့်တဲ့ ကြယ်အလင်းတန်းကို မတွေ့ခဲ့ရတာဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ”

တစ်ခဏချင်းမှာပင် အသက်ဆယ်ရှိုက်စာက ကုန်ဆုံးသွား၏။

ကျောကျူးရွှမ်၏ ကြယ်အလင်းတန်းက ၎င်း၏ အကန့်အသတ်ကို ရောက်ရှိနေပြီဟု လူတိုင်းက တွေးထင်နေစဥ်မှာပင် ကျောကျူးရွှမ်က ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီက ဆူနာမီတစ်ခု၏ အသံနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာ၏။

ထို့နောက် သူ့ကိုလွှမ်းခြုံထားသော ကြယ်အလင်းတန်းက တစ်လက်မချင်းစီပြန့်ကားသွားပြီး ပေငါးဆယ်အမြင့်ကိုဖြတ်ကျော်သွား၏။

လူအုပ်ကြီးထဲမှ အံ့အားတသင့်အသံများကထွက်ပေါ်လာ၏။

“ဒီလိုမှပေါ့”

ကောင်းကင်အင်မော်တယ် အေးစက်အလင်းနှင့် အခြားနှစ်ယောက်ကလည်း လက်ခုပ်လက်ဝါးတီး၍ ရယ်မောကာ ချီးကျူးလိုက်၏။

“ဟမ့်...”

ရှဲထျန်ဖုန့်က လှောင်ရယ်လိုက်၏။

“ဘာတွေဟိတ်ဟန်တစ်ခွဲသားလုပ်နေတာလဲ”

လင်းမင်၏ အမူအရာကလည်း သုန်မှုန်သွားပြီး မလှမ်းမကမ်းမှာရှိသော ရှန်ကွမ်ချန်ကို ခိုးကြည့်လိုက်၏။

ရှန်ကွမ်ချန်က ကျောကျူးရွှမ်၏ ဦးခေါင်းထက်ရှိ ပေငါးဆယ်မြင့်မားသောကြယ်အလင်းတန်းကိုကြည့်ကာ သူမ၏ မျက်လုံးများက ဝင်းလက်သွားပြီး အပြုံးတစ်ခုနှင့်အတူခေါင်းညိတ်လိုက်၏။

“ဟီးဟီး...”

ကျောကျူးရွှမ်က သူ၏ ကလန်သားများကို ဦးဆောင်ကာ ကြယ်ငေးကြည့်စင်ပေါ်ကနေ ဆင်းသက်လာပြီး ရှန်ကွမ်ချန်၏ ​ဘေးနားသို့ အပြုံးတစ်ခုနှင့်အတူပြန်လည်ရောက်ရှိလာ၏။

“ဂျူနီယာညီမရှန်ကွမ်... မင်းရဲ့အလှည့်ပဲ... သိပ်ပြီးတော့ဖိအားဝင်မနေနဲ့”

“အင်း”

ရှန်ကွမ်ချန်က ခေါင်းညိတ်ပြပြီး သူမ၏ နောက်ဘက်ရှိ ရှန်ကွမ်ကလန်သားများစွာကိုဦးဆောင်ကာ ကြယ်ငေးကြည့်စင်ပေါ်သို့ တက်လှမ်းသွား၏။

အခြားတစ်ဘက်မှာတော့ စမ်းသပ်မှုကို ဖြတ်ကျော်ခဲ့သောလူအရေအတွက်က ကုန်ဆုံးသလောက်ဖြစ်လာပြီကို တွေ့မြင်သွားပြီး ဆူဇီမိုကဆက်လက်၍ စောင့်ဆိုင်းမနေတော့ဘဲ ကြယ်ငေးကြည့်စင်ပေါ်သို့ ဦးတည်လိုက်၏။

သူက ကြယ်တာရာဂိုဏ်းမှာပုန်းကွယ်ပြီး တိတ်တဆိတ်ကျင့်ကြံချင်သည်ဆိုလျှင် သူက သိပ်ပြီးထင်ပေါ်နေလို့ မရပေ။

တစ်ယောက်ယောက်က သူ့ကိုသတိထားမိသွားမည်ဆိုလျှင် သူက အေးအေးချမ်းချမ်း နေနိုင်တော့မည်မဟုတ်ပေ။

သူကစဥ်းစားတွေးတောနေစဥ်မှာပင် ကြယ်ငေးကြည့်စင်ပေါ်သို့ရောက်ရှိလာပြီး အပေါ်သို့ခုန်တက်လိုက်၏။

“ဒီယစ်ထုတ်က ဘယ်ကနေရောက်လာတာလဲ... သွားစမ်း”

ဆူဇီမိုက သူ့ကိုယ်သူဟန်ချက်မထိန်းရသေးခင်မှာပင် မီးတာငါးရာအကွာအဝေးမှ လူတစ်ယောက်ကပြေးဝင်လာပြီး ဆူဇီမိုကိုထိန်ချန်မှုမရှိဘဲ ပြင်းထန်ကြမ်းတမ်းစွာကန်ကျောက်လိုက်၏။

ဆူဇီမိုက ကြိတ်၍လှောင်ရယ်လိုက်၏။

တိုက်ခိုက်လိုက်သောသူက အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်လေသည်။ သို့သော်လည်း သူက ရှန်ကွမ်ကလန်မှဖြစ်သည့်အတွက် အကြောက်အလန့်ကင်းမဲ့လေသည်။

ဆူဇီမိုမှာ ထိုလူကိုဒုက္ခိတဖြစ်အောင်လုပ်ဖို့အတွက် နည်းလမ်းပေါင်းမရေမတွက်နိုင်အောင်ရှိလေသည်။

သို့သော်လည်း သူက မည်သည့်စိတ်အာရုံကိုမှ မရယူလိုသည့်အတွက် ဒယီးဒယိုင်လျှောက်လှမ်းလိုက်၏။ အဲ့ဒါက တိုက်ဆိုင်သွားသကဲ့သို့ထင်ရပြီး သူကအလွန်တရာလျှို့ဝှက်ဆန်းကြယ်သောပုံစံဖြင့် ရှန်ကွမ်ကလန်သား၏ ကန်ချက်ကို ရှောင်တိမ်းလိုက်ပြီးသားဖြစ်သွား၏။

ဆူဇီမိုက ယစ်မူးနေသောပုံစံမှာရှိနေပြီး အဲ့ဒါကိုသတိထားမိခြင်းမရှိသည့်ပုံစံဖြင့် ကြယ်ငေးကြည့်စင်ပေါ်သို့ ဆက်လက်တက်လှမ်းသွား၏။

ရှန်ကွမ်ကလန်းသားက လေကိုသာကန်မိသွားပြီး သူ၏ အရှန်အဟုန်ကို မထိန်းနိုင်တော့ဘဲ ကြယ်ငေးကြည့်စင်ပေါ်ကနေ ပြုတ်ကျသွား၏။

သူပြန်လည်သတိဝင်လာသည့်အချိန်မှာ ဆူဇီမိုက ကြယ်ငေးကြည့်စင်၏ အလယ်သို့ ရောက်ရှိသွားခဲ့လေပြီ။

ဆူဇီမို၏ အကြံအစည်က ရိုးရှင်းလေသည်။

အဲ့ဒီမှာ ရှန်ကွမ်ကလန်သားများများစွာရှိပြီး သူတို့ထဲမှများစွာက ကြယ်အလင်းရောင်ကိုနှိုးဆွနိုင်မည်ဖြစ်၏။ သူက လူအုပ်ကြားထဲမှာ ရောနှောနေမည်ဆိုလျှင် သူသည် ကြယ်အလင်းရောင်တစ်ခုကို နှိုးဆွနိုင်ခဲ့မည်ဆိုလျှင်တောင် စိ​တ်အာရုံများစွာကိုရရှိလိမ့်မည်မဟုတ်ပေ။

ဒါ့အပြင် လူတိုင်း၏ စိတ်အာရုံက ရှန်ကွမ်ချန်ပေါ်မှာ သေချာပေါက်ရောက်ရှိနေပြီး မည်သူကမှ သူ့လိုယစ်ထုတ်တစ်ယောက်ကို စိတ်အာရုံစိုက်နေလိမ့်မည်မဟုတ်ပေ။

ဆူဇီမိုထံမှ အရက်နံ့ကဟောင်ထွက်နေ၏။ သူက လူအုပ်ကြားထဲသို့ရောက်ရှိလာသောအခါ ရှန်ကွမ်ကလန်းသားတချို့က ရွံ့ရှာစက်ဆုပ်သည့်ပုံပေါ်လာပြီး သူ့ကိုရှောင်ဖယ်လိုက်ကြ၏။

ရှန်ကွမ်ကလန်းသားအချို့က စိမ်းသက်သောအမူအရာများနှင့်အတူ ဆူဇီမိုထံသို့ လျှောက်လှမ်းလာကြ၏။

သူတို့သည် ဆူဇီမိုကိုတိုက်ခိုက်ပြီး ကြယ်ငေးကြည့်စင်ပေါ်ကနေပစ်ချချင်နေ၏။

All Chapters