← Chapters

အစစ်အမှန်ကပ်ဘေး

Vol. 137 Ch. 2054

အစစ်အမှန်ကပ်ဘေး

Vol. 137 Ch. 2054

တစ်ခဏချင်းမှာပင် ခွန်လွင်ဧကရာဇ်သုံးပါးက လောဧကရာဇ်၏ လက်ထဲမှာ သေဆုံးခဲ့ရ၏။

ဧကရာဇ်များ၏ သွေးများက ခွန်လွင်အပျက်အစီးဒေသ၏ ကောင်းကင်ထက်မှာ နီရဲသွား၏။

လေထဲမှာ ဘိုးဘေးနတ်ဘုရားများနှင့် ဆန့်ကျင်တိုက်ခိုက်နေဆဲဖြစ်သော ခွန်လွင်မျိုးနွယ်စုခေါင်းဆောင်များစွာသည် ကြောင်အမှင်တက်သွားပြီး ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။

ထိုစဉ်မှာပင် အင်မော်တယ်သိုင်းဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်များက သိုင်းတာအိုကျင့်ကြံသူများစွာနှင့်အတူ ဆင်းသက်လာပြီး လူအုပ်ကြီးထဲသို့ ပြေးဝင်ကာ ခွန်လွင်မျိုးနွယ်များကို သတ်ဖြတ်မှုများ စတင်လာခဲ့လေသည်။

ဓမ္မပညာရပ်များ၊ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများက ပေါက်ကွဲထွက်ပေါ်လာပြီး နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ သွေးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။

နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားကို စောင့်ကြပ်နေသော ခွန်လွင်မျိုးနွယ်၏ ခံစစ်ကြောင်းသည် နတ်ဘုရားမျိုးနွယ်စစ်တပ်နှင့် ရင်ဆိုင်ရချိန်မှာ အန္တရာယ်ရှိနေခဲ့ပြီဖြစ်၏။

သို့သော် ယခု​ အင်မော်တယ်သိုင်းဂိုဏ်းမှ သိုင်းတာအိုပညာရှင်များစွာက နောက်ကနေ ဝင်ရောက်လာပြီး ခွန်လွင်မျိုးနွယ်စုက ရှေ့နောက် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံရကာ သူတို့၏ ခံစစ်ကြောင်းက ချက်ချင်းပင် လဲပြိုကျသွား၏။

အသက်ဆယ်ရှိုက်စာမျှနှင့် မရေမတွက်နိုင်သော ခွန်လွင်ကလန်သားများက သေဆုံးသွားပြီး အဆုံးမဲ့ မကျေမချမ်းမှုများက ပြည့်နှက်သွား၏။

သူတို့ သေဆုံးချိန်မှာတောင် ထျန်ဟွမ်ကုန်းမြေတိုက်၏ နယ်စပ်စည်းမျဉ်းကို စောင့်ကြပ်နေသော သက်ရှိများသည် လောဧကရာဇ်နှင့် အင်မော်တယ်သိုင်းဂိုဏ်းက သူတို့ကို ဘာကြောင့် တိုက်ခိုက်လာသလဲ သိမသွားခဲ့ပေ။

နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားက ရှုံးနိမ့်ခဲ့လေပြီ။

လောဧကရာဇ်သည် အင်မော်တယ်သိုင်းနန်းတော်ဘေးမှာ ကျန်ရှိနေသော သိုင်းတာအိုပညာရှင်များကို ကြည့်ပြီး သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဘာလို့လဲ.. မင်းတို့တွေက တိုက်ခိုက်ဖို့ ငြင်းဆန်ချင်နေတုန်းပဲလား”

“အား..”

ဘိုးဘေးအဆင့် သိုင်းတာအိုကျင့်ကြံသူတစ်ယောက်က သက်ပြင်းချပြီး လေထဲကနေ ဆင်းသက်ကာ ခွန်လွင်အပျက်အစီးဒေသ၏ အခြားတစ်ဖက်မှာ ရှိသော ထျန်ဟွမ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများထံသို့ ပြေးဝင်သွားလေသည်။

ထိုသည်ကို တွေ့မြင်သောအခါ အခြားသော သိုင်းတာအိုကျင့်ကြံသူများကလည်း ဝင်ရောက်တိုက်ခိုက်လာကြ၏။

ဂိုဏ်းသားကျင့်ကြံသူများစွာသည် ခွန်လွင်အပျက်အစီးဒေသကို ယခုတင် ရောက်ရှိလာခါစဖြစ်ပြီး ထိုသည်ကို တွေ့မြင်သောအခါ သူတို့က တုန်လှုပ်သွားကြ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ သိုင်းတာအိုပညာရှင်ထက်ဝက်သည် အင်မော်တယ်သိုင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ကြပြီး လောဧကရာဇ်၏ လက်အောက်မှာ ရောက်ရှိနေကြ၏။

သို့သော် ယခု ထိုသိုင်းတာအိုပညာရှင်များသည် သူတို့၏ ရပ်တည်ချက်ကို ပြောင်းလဲပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများထံ ပြေးဝင်လာကြပြီဖြစ်၏။

“တာအိုရောင်းရင်းလင်း.. မင်း ဘာလုပ်နေတာလဲ.. နတ်ဘုရားမျိုးနွယ်စစ်တပ်က နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာလေ.. မင်းက ထျန်ဟွမ်ကုန်းမြေတိုက်က လူတွေကို ဘာလို့ တိုက်ခိုက်လာတာလဲ”

ကျင့်ကြံသူတစ်ယောက်က ဒေါသထွက်သွားပြီး ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

“ဂျူနီယာညီမယွမ်… နင် ရူးသွားပြီလား”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

အင်မော်တယ်သိုင်းဂိုဏ်းမှ သိုင်းတာအိုပညာရှင်များက ထိုစကားကို ကြားသောအခါ သူတို့၏ မျက်နှာအမူအရာများက မလုံမလဲဖြစ်မှုကို ပြသလာခဲ့၏။ သို့သော်လည်း သူတို့က အံကို တင်းတင်းကြိတ်ပြီး ဆက်လက်၍ တိုက်ခိုက်သတ်ဖြတ်နေ၏။

အစကတော့ သူတို့အားလုံးသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဖြစ်ကြလေသည်။ ယခု နတ်ဘုရားမျိုးနွယ်က ကျူးကျော်ဝင်ရောက်လာ​ပြီး အန္တရာယ်ရှိနေချိန်မှာ သူတို့သည် သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေကြရ၏။

ချက်ချင်းပင် ခွန်လွင်အပျက်အစီးဒေသမှာ သတ်ဖြတ်သံများက မိုးကောင်းကင်ကို​ လှုပ်ခတ်သွားစေပြီး ညည်းတွားအော်ဟစ်သံများက ဆူညံစွာ ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်နန်းတော်၊ ဓားဂိုဏ်း၊ အဆူရာဂိုဏ်း၊ စိန်ကျောင်းတော်၊ နတ်ဖီးနစ်ကျွန်းနှင့် အခြားသော ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ ဧကရာဇ်များသည် မျိုးနွယ်စုတစ်သောင်းနှင့်အတူ သူတို့၏ ပညာရှင်များကို ယခုတင် စုစည်းပြီး နတ်ဘုရားမျိုးနွယ်နှင့် တိုက်ခိုက်ဖို့အတွက် ခွန်လွင်အပျက်အစီးဒေသသို့ ထွက်ခွာလာစဉ်မှာပင် သူတို့က ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။

ဧကရာဇ်များက တုန်လှုပ်သွားပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားလေသည်။

“အဲဒါက ဘယ်လိုဖြစ်ရတာလဲ”

ပုံပြောသူက ခွန်လွင်အပျက်အစီးဒေသမှ ဆိုးဆိုးဝါးဝါးမြင်ကွင်းများကို ငေးငိုင်စွာ ကြည့်ပြီး ခဏကြာသည်အထိ မတုံ့ပြန်နိုင်ပေ။

သူ၏ စိတ်ထဲသို့ အတွေးတစ်ခုသာလျှင် ဝင်ရောက်လာ၏။

သို့သော်လည်း ထိုထင်မြင်ယူဆချက်က အရမ်းကို ကြောက်စရာကောင်းပြီး သူက အဲဒါကို လက်မခံနိုင်ဖြစ်နေ၏။

“​လောဧကရာဇ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို သစ္စာဖောက်သွားခဲ့ပြီ”

အပြာရောင်နဂါးဧကရာဇ်၏ မျက်လုံးများက အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာပြီး သူက အံကိုကြိတ်ကာ မုန်းတီးစွာ ပြောလိုက်၏။

လမ့်ရိုက အဲဒါကို မယုံကြည်နိုင်သေးဘဲ တီးတိုးရေရွတ်လိုက်၏။

“အဲဒါက မဟုတ်လောက်ဘူးမလား.. အဲဒီ လောဧကရာဇ်က နတ်ဘုရားမျိုးနွယ်က ရုပ်ဖျက်ထားတဲ့ လူတစ်ယောက်များ ဖြစ်နေမလား”

“မဖြစ်နိုင်ဘူး”

ဖက်တီးလေးက ခေါင်းခါပြလိုက်၏။

“အင်မော်တယ်သိုင်းဂိုဏ်းမှာ ဧကရာဇ် ဆယ်ပါး ရှိတယ်.. သူတို့က လောအောင်ရဲ့ အစစ်အမှန်ခန္ဓာကို ဘယ်လိုလုပ်ပြီး မခွဲခြားနိုင်ဘဲ နေပါ့မလဲ”

“လောဧကရာဇ်က အခုလို​ သေရေး ရှင်ရေး အခိုက်အတန့်မှာ နတ်ဘုရားမျိုးနွယ်ဘက်ကနေဖို့ ရွေးချယ်လိုက်ပြီဆိုတော့..”

ကျိချန်းရှန်က နာကျင်စွာဖြင့် လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။

ရှစ်ကျန့်က မျက်မှောင်ကြုတ်လိုက်၏။

“လောအောင်က ဒီလောက်ထိ ရက်စက်ယုတ်မာမယ်ဆိုရင်တောင် အင်မော်တယ်သိုင်းဂိုဏ်းက လူတိုင်းက သိုင်းတာအို ကျင့်ကြံထားကြတာပဲ.. သူတို့က ဘာလို့ သူနဲ့အတူ ရောယောင်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို သစ္စာဖောက်ရတာလဲ”

“ဘာပဲပြောပြော ထာဝရသိုင်းဧကရာဇ်ရဲ့ ခေတ်က ကုန်လွန်သွားခဲ့ပြီ”

ပုံပြောသူက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“ဒီဘက်မျိုးဆက်က လောဧကရာဇ်ရဲ့ ခေတ်ပဲ.. အင်မော်တယ်သိုင်းဂိုဏ်းမှာ သိုင်းတာအိုကျင့်ကြံသူတွေက လောဧကရာဇ်ရဲ့ သိုင်းတာအို ဟောပြောပို့ချမှုတွေကနေ အကျိုးအမြတ်ရရှိပြီး သူ့ရဲ့နောက်လိုက်တွေ ဖြစ်လာခဲ့တယ်”

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး ခေတ်ကာလများက ပြောင်းလဲလာခဲ့၏။ ထာဝရသိုင်းဧကရာဇ်က အထက်ဘုံသို့ တက်လှမ်းသွားပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆက်လက်၍ မရှိတော့ဘဲ သူ၏ လွှမ်းမိုးနိုင်စွမ်းက တစ်နေ့ထက်တစ်နေ့ လျော့ကျလာခဲ့၏။

သို့သော်လည်း ဧကရာဇ်အသစ်တစ်ပါး၏ ပေါ်ထွက်လာမှုက ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးကို သက်ရောက်လာခဲ့၏။

“ဒါပေမဲ့ လောဧကရာဇ်က ဘယ်လောက်ပဲ လွှမ်းမိုးမှု ရှိရှိ.. အင်မော်တယ်သိုင်းဂိုဏ်းက သိုင်းတာအိုကျင့်ကြံသူတွေ အားလုံးက သူ့နောက်ကို လိုက်ပြီး သစ္စာဖောက်စရာ အကြောင်းမရှိဘူးမလား”

လမ့်ရိုက ပြောလိုက်၏။

ရုတ်တရက် တိမ်စိုင်နဂါးဧကရာဇ်က ပြောလိုက်၏။

“အင်မော်တယ်သိုင်းဂိုဏ်းက ကျင့်ကြံသူ ထက်ဝက်နီးပါးက မရှိကြတော့ဘူး.. အဲဒီသူတွေက လောဧကရာဇ်ကို အတိုက်အခံပြုလုပ်ခဲ့ပြီး သူတို့အားလုံးက သွားရှာလောက်ပြီလို့ ငါထင်တယ်”

“အား..”

ဧကရာဇ်များက တုန်လှုပ်သွားကြ၏။

အစကတော့ လူတိုင်းသည် စိတ်အားမာန်တက်ကြွနေခဲ့ကြ၏။

သို့သော်လည်း လောဧကရာဇ်က သစ္စာဖောက်မှုကို တွေ့မြင်လိုက်ရသောအခါ သူတို့သည် အချက်တစ်ချက်ကို သိရှိလိုက်ကြ၏။ ထျန်ဟွမ်ကုန်းမြေတိုက်၏ အစစ်အမှန်ကပ်ဘေးက ရောက်ရှိလာခဲ့လေပြီ။

ဤတစ်ခေါက်မှာ ထိုကပ်ဘေးသည် သွေးမိစ္ဆာကပ်ဘေးနှင့် ရှေးဟောင်းခေတ်စစ်ပွဲထက်ပင် ပို၍ ကြောက်စရာကောင်းနေ၏။

ရှေးဟောင်းခေတ်မှာ ထာဝရလူသားဧကရာဇ် ရှိခဲ့၏။

လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်က ထာဝရသိုင်းဧကရာဇ် ရှိခဲ့၏။

သို့သော် ယခု ထျန်ဟွမ်ကုန်းမြေတိုက်၏ တစ်ခုတည်းသော မှီခိုအားထားရာ လောဧကရာဇ်က ရုတ်တရက် ဘက်ပြောင်းကာ နတ်ဘုရားမျိုးနွယ်နှင့် ပူးပေါင်းလိုက်ပြီဖြစ်၏။

လောဧကရာဇ်သည် ထာဝရသိုင်းဧကရာဇ်ခေတ်အလွန်မှာ အသန်မာဆုံး ဧကရာဇ်ဖြစ်လာခဲ့၏။ သူက အန္တိမ နတ်ဘုရားစွမ်းအား ခြောက်ခုကို​ နားလည်ဆင်ခြင်နိုင်ခဲ့​ပြီး ရှေးဟောင်းခေတ်က လူသားဧကရာဇ်နှင့်ပင် ယှဉ်နိုင်လေသည်။

လက်ရှိဧကရာဇ်များထဲ မည်သူကမှ သူ့ကို မယှဉ်နိုင်ပေ။

အင်မော်တယ်သိုင်းဂိုဏ်းသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အကြီးမားဆုံး အဖွဲ့အစည်းဖြစ်၏။ သူတို့က သူတို့၏ ပညာရှင်ထက်ဝက်ကို ဆုံးရှုံးထားရသည်ဆိုလျှင်တောင် သူတို့၏ ခွန်အားက အခြားသော ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများထက် များစွာ သာလွန်လေသည်။

ဒါ့အပြင် လောကမှာ သိုင်းတာအိုပညာရှင် ထက်ဝက်က လောဧကရာဇ်၏ ဦးဆောင်မှုအောက်ကို ရောက်ရှိနေကြ၏။

သူတို့က ဤတိုက်ပွဲကို ဘယ်လိုတိုက်ခိုက်နိုင်တော့မှာလဲ။

“ခွန်လွင်အပျက်အစီးဒေသကို သွားပြီး နတ်ဘုရားမျိုးနွယ်ကို တိုက်ခိုက်ကြတာပေါ့”

အပြာရောင်နဂါးဧကရာဇ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အမှန်ပေါ့.. သိုင်းတာအိုကို ကျင့်ကြံပြီးတဲ့နောက် သူက ထျန်ဟွမ်ကုန်းမြေတိုက်ကို ဘာလို့ သစ္စာဖောက်ရတာလဲ ငါ လောဧကရာဇ်ကို မေးရမယ်”

ကျိချန်းရှန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

လူတိုင်း၏ စိတ်နှလုံးက တင်းကျပ်လေးလံနေသော်လည်း သူတို့သည် အလျှော့မပေးဘဲ သူတို့၏ စစ်တပ်များကို ခွန်လွင်အပျက်အစီးဒေသသို့ ဦးဆောင်ခေါ်သွားလေသည်။

ထိုအခိုက်အတန့်မှာ ခွန်လွင်အပျက်အစီးဒေသသည် အလောင်းတောင်တန်းများနှင့် သွေးမြစ်များအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး သိပ်သည်းပြင်းထန်သော သွေးချီနှင့်အတူ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။

နတ်ဘုရားမျိုးနွယ်စစ်တပ်၏ အင်အားက တိုးလာနေ၏။

နတ်ဘုရားမျိုးနွယ်မှာ ဧကရာဇ် ရှစ်ပါးက ပေါ်ထွက်လာခဲ့လေပြီ။

ထျန်ဟွမ်ကုန်းမြေတိုက်စစ်တပ်သည် အဲဒါကို လုံးဝ ခုခံနိုင်ခြင်း မရှိဘဲ အပြတ်အသတ် အရေးနိမ့်ကာ သူတို့ ဆုတ်ခွာရာ လမ်းကြောင်းတွင် သန်းနှင့်ချီသော သက်ရှိများ၏ အလောင်းများက ကျန်ရစ်ခဲ့၏။

ခွန်လွင်အပျက်အစီးဒေသက ရှုံးနိမ့်သွားခဲ့လေပြီ။

တိမ်စိုင်နဂါး ဧကရာဇ်၊ ဖက်တီးလေး၊ ပုံပြောသူနှင့် အခြားဧကရာဇ်များသည် သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများမှ ပညာရှင်များနှင့်အတူ ရောက်ရှိလာခဲ့ကြ၏။ သူတို့က အဲဒါကို တွေ့မြင်သောအခါ သူတို့၏ မျက်လုံးများက နာကျင်မှု၊ တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွား၏။

လေထဲမှာ လောဧကရာဇ်သည် သူ၏ ခြေဖဝါးအောက်မှ သန်းပေါင်းများစွာသော သက်ရှိများ၏ အသက်ကို လုံးဝ တန်ဖိုးမထားသည့်အလား မှင်သေသေ အမူအရာဖြင့် ရှိနေ၏။

“လောအောင်.. မင်းလုပ်ရပ်ကို မင်းပြန်ကြည့်စမ်း”

တိမ်စိုင်နဂါး ဧကရာဇ်က ဒေါသချောင်းချောင်းထွက်နေသော အမူအရာဖြင့် အော်ငေါက်လိုက်၏။

“ဘာလို့လဲ”

ကျိချန်းရှန်သည် ဘိုးဘေးအဆင့်မှာသာ ရှိသော်လည်း ထိုအခိုက်အတန့်မှာ သူက ရှေ့သို့ ထွက်လာခဲ့ပြီး လောဧကရာဇ်ကို ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

“အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးခဲ့တယ်.. မင်းက သိုင်းဧကရာဇ်ရဲ့ အမွေအနှစ်ကို ကျင့်ကြံခဲ့တယ်.. ဒါတောင် မင်းက ထျန်ဟွမ်ကုန်းမြေတိုက်ကို သစ္စာဖောက်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်က သက်ရှိတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့အတွက် ဘာဖြစ်လို့ နတ်ဘုရားမျိုးနွယ်ရဲ့ လက်ကိုင်တုတ် ဖြစ်လာရတာလဲ”

“သိုင်းဧကရာဇ်ရဲ့ အမွေအနှစ်တဲ့လား”

ရုတ်တရက် လောအောင်က ပြုံး၍ တိမ်စိုင်နဂါးဧကရာဇ်နှင့် အခြားသူများကို ကြည့်လိုက်၏။

“ဒီဘက်မျိုးဆက်ရဲ့ ဧကရာဇ်တွေထဲမှာ ငါ့ကို ဘယ်သူက တိုက်ခိုက်နိုင်လဲ လူတိုင်းကို ငါမေးချင်တယ်”

တိမ်စိုင်နဂါးဧကရာဇ်နှင့် အခြားသူများက အသံတိတ်သွားကြ၏။

သူတို့ကြားမှာ အသန်မာဆုံးသူများသည် အလွန်ဆုံး အန္တိမနတ်ဘုရားစွမ်းအား ငါးခုကိုသာ နားလည်ဆင်ခြင်ထားကြ၏။

လောအောင်ကတော့ သူသည် အန္တိမ နတ်ဘုရားစွမ်းအား ခြောက်ခုကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီး အင်မော်တယ်တာအိုနှင့်​ သိုင်းတာအို နှစ်မျိုးစလုံးကို ကျင့်ကြံထား၏။ သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြောက်စရာကောင်းပြီး မည်သူကမှ သူ့ကို မယှဉ်နိုင်ပေ။

လောအောင်က ဆက်ပြောလိုက်၏။

“ငါ့ရဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ဆို ကမ္ဘာဦးခေတ်မှာတောင် ငါက ထိပ်သီးပညာရှင်တစ်ဦး ဖြစ်လိမ့်မယ်.. ငါက လူသားဧကရာဇ်နဲ့ သိုင်းဧကရာဇ်ကို ယှဉ်နိုင်တယ်”

“အဲ့တော့ ဘာဖြစ်လဲ”

ပုံပြောသူက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“လူသားဧကရာဇ်နဲ့ သိုင်းဧကရာဇ်က အစဉ်ထာဝရ ချီးကျူးခံထိုက်တဲ့ အကျိုးဆောင်မှုတွေကို ထျန်ဟွမ်ကုန်းမြေတိုက်အတွက် ပြုလုပ်ပေးခဲ့ကြတယ်.. မင်းက ဘယ်လောက်ပဲ သန်မာလာ သန်မာလာ.. မင်းက ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ အပြစ်သားတစ်ယောက်ဖြစ်နေဦးမှာပဲ”

“ဟားဟားဟားဟား”

လောအောင်က ဟားတိုက်ရယ်မော​ပြီး တိမ်စိုင်နဂါးဧကရာဇ်နှင့် အခြားသူများကို အေးစက်စွာ ကြည့်လိုက်၏။

“မင်းတို့ ငါ့ကို အပြစ်တင်လို့ မရဘူး.. ဘာလို့လဲဆိုတော့ ထျန်ဟွမ်ကုန်းမြေတိုက်က ငါ့ကို လက်မခံခဲ့လို့ပဲ.. ဒီလိုလုပ်ရအောင် ငါ့ကို ဖိအားပေးခဲ့တဲ့သူတွေက မင်းတို့တွေပဲ”

All Chapters