အဲခိတ်
Vol. 137 Ch. 2050
အရုဏ်မတက်ခင်မှာပင် ကြယ်တာရာဂိုဏ်း၏ ဝင်ခွင့်စစ်ဆေးပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
အဲ့ဒီမှာ ကျင့်ကြံသူအယောက်တစ်သိန်းရှိခဲ့သော်လည်း ကြယ်တာရာဂိုဏ်းသို့ နောက်ဆုံးမှာဝင်ရောက်နိုင်ခဲ့သည့်သူက အယောက်တစ်သောင်းထက်ပိုမရှိပေ။
ထိုသို့ဆိုလျှင်တောင် အဲ့ဒါက အလွန်များပြားသည့် အရေအတွက်ဖြစ်၏။
ဂိုဏ်းချုပ် ကြယ်တာရာမိုးနှင့် အကြီးအကဲများသည် ဝင်ခွင့်စမ်းသပ်မှုက ချောချောမွေ့မွေ့ပြီးဆုံးသွားပြီး နောက်ထပ်ထူးဆန်းသည့် မည်သည့်လွဲချော်မှုမှမရှိတော့သည်ကိုတွေ့မြင်သောအခါ သူတို့က အရင်ဆုံးထွက်ခွာသွားကြ၏။
“ငါ့နောက်ကလိုက်ခဲ့ကြ”
ကောင်းကင်အင်မော်တယ်အေးစက်အလင်းက ဧရာမအင်မော်တယ်ယာဥ်ပျံတစ်ခုကိုဆင့်ခေါ်ပြီး သူ့နောက်ဘက်မှ ကျင့်ကြံသူထောင်ချီကို ဂိုဏ်းသို့တင်ဆောင်သွားလေသည်။
“ကြယ်တာရာဂိုဏ်းထဲမှာ အစီအရင်ဝင်္ကပါတွေနဲ့ အဟန့်အတားတွေအများကြီးရှိတယ်... မင်းတို့တွေက ဂိုဏ်းတံဆိပ်ပြားကို တစ်ချိန်လုံး ချိတ်ဆွဲထားရမယ်... မဟုတ်ရင် မင်းတို့က ဝင်္ကပါတစ်ခုထဲကိုကျဆင်းသွားတာနဲ့ အဟန့်အတားတွေကမင်းတို့ကို တိုက်ခိုက်လာလာလိမ့်မယ်”
ကောင်းကင်အင်မော်တယ်အေးစက်အလင်းသည် အင်မော်တယ်ယာဥ်ပျံ၏ ဦးစွန်းမှာရပ်ပြီး ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ မြေပြင်အနေအထားနှင့် ရှေးဟောင်းအဆောက်အအုံများကို လက်ညှိုးထိုးမိတ်ဆက်ပေးကာ ကြယ်တာရာဂိုဏ်းထဲသို့ ဖြတ်သန်းဝင်ရောက်လာ၏။
ကြယ်တာရာဂိုဏ်းက အရမ်းကိုကြီးမားလေသည်။
အထက်ဘုံလောက်က၏ အဆင့်အနိမ့်ဆုံးမဟူရာဂိုဏ်းများပင်လျှင် အောက်ဘုံလောကရှိ မည်သည့်ဂိုဏ်းထက်မဆို ဆယ်ဆကျော်ပိုမိုကြီးမားလေသည်။
ကြယ်တာရာဂိုဏ်း၏ ပင်မတောင်ထွတ် ၇ခုကပင်လျှင် လူတစ်ယောက်ကို သိမ်ငယ်သလို ခံစားသွားရစေ၏။
သူတို့ချဥ်းကပ်လာစဥ် ပင်မတောင်ထွတ်တစ်ခုချင်းစီက ခမ်းနားထည်ဝါပြီး တိမ်စိုင်များကြားထဲ ငွားငွားစွင့်စွင့်မြင့်မားကာ သူတို့၏ ခြေရင်းမှာရှိသော တောင်ကြောရိုးများပေါ်သို့ ကြီးမားသောအရိပ်များ ထိုးကျနေ၏။ သူတို့သည် တောင်တန်းများ၏ ခြေရင်းသို့ရောက်ရှိလာသောအခါ သူတို့က သူတို့ရှေ့မှာရှိသော ပင်မတောင်ထွတ်များနှင့် နှိုင်းယှဥ်လျှင် အရေးအပါအရာမရောက်သောပုရွက်ဆိတ်များဖြစ်နေ၏။
တောင်ထွတ်တစ်ခုချင်းစီကိုဝန်းရံထားသော တောင်တန်းများက ကီလိုမီတာ ၅၀ အထိ ချိတ်ဆက်သွယ်တန်းနေပြီး တောင်ကြောရိုးတစ်ခုကို ဖြစ်ပေါ်လာစေလုနီးပါးပင်။
ပင်မတောင်ထွတ် ၇ခုကနေ ဖြစ်ပေါ်လာသော နယ်မြေဧရိယာကပင် စဥ်းစားကြည့်၍မရနိုင်အောင် ကျယ်ပြန့်လေသည်။
“မင်းတို့ထဲမှာ ကမ္ဘာမြေအင်မော်တယ်တွေက ပင်မတောင်ထွတ် ၇ခုထဲက တစ်ခုကိုရွေးချယ်ပြီး အဲ့ဒီမှာနေဖို့အတွက် လိုဏ်ဂူခန်းဝါတစ်ခုကို ဖောက်လုပ်တာပဲဖြစ်ဖြစ်... ရှာဖွေတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်တယ်”
ကောင်းကင်အင်မော်တယ် အေးစက်အလင်းက ပြောလိုက်၏။
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး အာရုံခံလိုက်၏။
ပင်မတောင်ထွတ်၇ ခုကို ဝန်းရံထားသော ကောင်းကင်နှင့်မြေကြီး အမြုတေချီက အခြားသောနေရာဒေသများထက် များစွာပိုမိုကြွယ်ဝလေသည်။ သူတို့က ပင်မတောင်ထွတ်များမှာကျင့်ကြံမည်ဆိုလျှင် သေချာပေါက်ပိုမိုကောင်းမွန်ပေလိမ့်မည်။
အဲ့ဒါက ဘယ်ပင်မတောင်ထွတ်ကိုရွေးချယ်သည်ဖြစ်စေ ကိစ္စမရှိပေ။
ဆူဇီမိုသည် ခဏမျှတွေးတောပြီးနောက် သူ၏ ဓားပျံကိုစီးနင်းကာ ပင်မတောင်ထွတ်ခုနှစ်ခု၏ နောက်ဘက်သို့ဦးတည်လိုက်၏။
သူသည် နောက်ပိုင်းမှာ ဂိုဏ်း၏ စည်းမျဥ်းစည်းကမ်းတချို့ကို နားလည်သဘောပေါက်ဖို့ အချိန်ယူရပေလိမ့်မည်။
ယခုအချိန်မှာ သူ့အတွက်အရေးကြီးဆုံးအရာသည် လိုဏ်ဂူခန်းဝါတစ်ခုကိုရှာဖွေပြီး တံခါးပိတ်ကျင့်ကြံဖို့ဖြစ်၏။
“ဂျူနီယာညီမရှန်ကွမ်... မင်းဘယ်တောင်ထွတ်ကိုရွေးချယ်မှာလဲ”
လင်းမင်က ပြုံး၍မေးလိုက်၏။
ရှန်ကွမ်ချန်ရွေးချယ်သောပင်မတောင်ထွတ်ကို သူသည်လည်းပဲရွေးချယ်ပေမည်။ အဲ့ဒါမှသာ သူတို့နှစ်ယောက်က ထိတွေ့ဆက်ဆံခွင့်ပိုမိုရရှိနိုင်မည်ဖြစ်၏။ ရှန်ကွမ်ချန်သည် ထွက်ခွာသွားသော ဆူဇီမိုကိုဆစ်ချက်ကြည့်ပြီး စဥ်းစားတွေးတောလိုက်၏။
“ကျွန်မမှာ... အခုထိတော့ မရွေးချယ်ရသေးဘူး... တစ်ချက်လောက်လှည့်ပတ်ကြည့်လိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် သူမက ကောင်းကင်အင်မော်တယ် အေးစက်အလင်း၏ အင်မော်ဆယ်ယာဥ်ပျံပေါ်ကနေ ထွက်ခွာကာ ဆူဇီမိုကို မျက်ခြေမပြတ်စေဘဲ ပင်မတောင်ထွတ် ၇ခု၏ နောက်ဘက်သို့ ဦးတည်လိုက်၏။
ဂျူနီယာညီမရှန်ကွမ်... ကျုပ်ကိုစောင့်ဦးလေ”
ရှဲထျန်ဖုန့်ကလည်း အော်ဟစ်၍ အလောတကြီး ပြေးလိုက်သွား၏။
လင်းမင်ကလည်း ထပ်ကြပ်မကွာပြေးလိုက်သွားလေသည်။
“ညီကိုဝမ်... ခင်ဗျားသူတို့နောက်ကိုမလိုက်ဘူးလား”
ကျောကျူးရွှမ်က တည်ငြိမ်နေသောအမူအရာဖြင့် မလှုပ်မယှက်ရှိနေသောဝမ်ယုကို ကြည့်ကာ ပြုံး၍မေးလိုက်၏။
“ဟင့်အင်း... စီနီယာအစ်ကိုကျော ကျေးဇူးပြုပြီး...”
ဝမ်ယုသည် သူ၏ ခေါင်းကို ညင်သာစွာခါပြီး ပင်မတောင်ထွတ် ၇ခုတွင် ဘယ်ဘက်ခြမ်းရှိ တူဟဲဟုအမည်ရသော ပင်မတောင်ထွတ်ကိုကြည့်လိုက်၏။ သူကတစ်ချက်ခုန်ပြီး ရှေ့သို့ပြေးထွက်သွားလေသည်။
ကျောကျူးရွှမ်က ခဏမျှစဥ်းစားပြီးနောက် ရှန်ကွမ်ချန်နောက်သို့ ပြေးလိုက်သွား၏။
ဆူဇီမိုသည် သူ၏ နောက်ဘက်မှ ရှန်ကွမ်ချန်နှင့် အခြားသူများ၏ ပြုမူလှုပ်ရှားမှုများကို အာရုံခံမိ၏။
သို့သော်လည်း သူကဂရုမစိုက်ဘဲ ပင်မတောင်ထွတ် ၇ခု၏ အစပ်သို့ ရောက်ရှိလာခဲ့၏။
ပင်မတောင်ထွတ်အဲခိတ်...။
“ဒီဟာကိုပဲရွေးလိုက်တော့မယ်”
ဆူဇီမိုက ပင်မတောင်ထွတ် အဲခိတ်ရှေ့သို့ရောက်ရှိလာပြီး ပင်မတောင်ထွတ်၏ အပေါ်ပိုင်းများမှာ ဂိုဏ်း၏ ကောင်းကင်အင်မော်တယ်ပညာရှင်များနှင့် အကြီးအကဲများက နေရာယူထားကြ၏။
ဆူဇီမိုသည် တောင်ထွတ်၏ ခါးလယ်ကနေ လှည့်ပတ်ပြီး လစ်လပ်နေသောလိုဏ်ဂူခန်းဝါတစ်ခုကို တွေ့မြင်သွား၏။
ထိုလိုဏ်ဂူခန်းဝါ၏ အထက်မှာ စာလုံးအချို့ကို ရေးထိုးထား၏။
မိုင်တစ်ထောင်...
အဲ့ဒါသည် ထိုလိုဏ်ဂူခန်းဝါ၏ ယခင်ပိုင်ရှင်၏အမည် ဖြစ်ပေလိမ့်မည်။ ဆူဇီမိုသည် အဲ့ဒါကို ပြန်လည်ပြင်ဆင်ဖို့စိတ်ကူးမရှိဘဲ လိုဏ်ဂူခန်းဝါအတွင်းသို့ တိုက်ရိုက်ဝင်ရောက်လိုက်၏။
သာမန်အင်မော်တယ်ပညာရပ်တချို့ကို ထုတ်ဖော်ပြီး လိုဏ်ဂူခန်းဝါအတွင်းရှိနေရာကို ရှင်းလင်းလိုက်၏။
တကယ်တော့... ဤကဲ့သို့သောအရာကို အစေခံများကပြုလုပ်ပေးရပေလိမ့်မည်။
ဆူဇီမိုသည် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည််း အထက်ဘုံမှာ သူက အစေခံတချို့ကိုစုဆောင်းဖို့ အဆင့်မီနေပြီဖြစ်၏။
သို့သော်လည်း သူ့မှာလျှို့ဝှက်ချက်များစွာရှိနေပြီး သူက ထိုသို့ပြုလုပ်လိမ့်မည် မဟုတ်ပေ။
ရိုးရှင်းသောရှင်းလင်းမှုတချို့ပြုလုပ်ပြီးနောက် ဆူဇီမိုသည် လိုဏ်ဂူခန်းဝါ၏ ဝင်ပေါက်ဝမှာ ဝင်္ကပါအင်းကွက်များကို စတင်ရေးဆွဲကာ အစီအရင်ဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်၏။
ဤတစ်ခေါက်တံခါးပိတ်ကျင့်ကြံမှုက အချိန်အတော်ကြာယူရပေလိမ့်မည်။
ဤအချိန်အတောအတွင်း မည်သူမှသူ့ကို နှောက်ယှက်ခွင့်မပေးနိုင်ပေ။
တစ်ဘက်မှာတော့ဆူဇီမိုသည် ပင်မတောင်ထွတ် အဲခိတ်သို့ ဝင်ရောက်သွားသည်ကို ရှန်ကွမ်ချန်က သတိထားမိသွားပြီဖြစ်၏။
သူမက ပင်မတောင်ထွတ်၇ခု ကြားမှာ ခဏမျှရစ်ဝဲနေပြီးနောက် ပင်မတောင်ထွတ်အဲခိတ်ရှေသို့ ရောက်ရှိလာကာ လိုဏ်ဂူခန်းဝါတစ်ခုကို ရှာဖွေလိုက်၏။
ဆူဇီမိုအပေါ် သူမ၏ သံသယများက လုံးဝကြေလည်မသွားသေးပေ။
ဘာပဲပြောပြာ စောစောက ကြယ်ငေးကြည့်စင်ပေါ်မှာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ဆူဇီမို၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်ပေါ်လာပြီး ကြယ်အလင်းတန်းတစ်ခုက ထိုးတက်သွားသည်ကို သူမက ရှင်းလင်းစွာခံစားမိနိုင်ခဲ့၏။
လင်းမင်နှင့် ရှဲထျန်ဖုန့်ကလည်း ပင်မတောင်ထွတ် အဲခိတ်သို့ရောက်ရှိလာကြ၏။ သူတို့သည်လည်းပဲ... ရှန်ကွမ်ချန်၏ လိုဏ်ဂူခန်းဝါဘေးမှာရှိသော လိုဏ်ဂူခန်းဝါတစ်ခုကို ရှာဖွေပြီး နေထိုင်လိုက်ကြ၏။
ကျောကျူးရွှမ်က ထိုသည်ကိုတွေ့မြင်သောအခါ သူကညင်သာစွာပြုံး၍ ပင်မတောင်ထွတ်အဲခိတ်၏ ဘေးမှာရှိသော ပင်မတောင်ထွတ် မီကျာကို ရွေးချယ်လိုက်၏။
လိုဏ်ဂူခန်းဝါထဲသို့ရွှေ့ပြောင်းလာပြီးနောက် သူကအဲ့ဒါကို သေသပ်အောင်ပြင်ဆင်ရလေသည်။
ရှန်ကွမ်၊ လင်းနှင့် ရှဲမိသားစုမှ မဟူရာအင်မော်တယ်ကလန်သားများက ရှန်ကွမ်ချန်နှင့် အခြားနှစ်ယောက်၏ ဦးဆောင်မှုအောက်မှာ သူတို့၏ လိုဏ်ဂူခန်းဝါများကို စတင်၍ခင်းကျင်းပေးလိုက်ကြ၏။
ဆေးသန့်စင်ခန်း၊ ကျင့်ကြံရေးခန်း၊ လက်နက်သန့်စင်ခန်း၊ စိတ်ဝိညာဥ်တောကောင်ခန်း၊ အင်မော်တယ်ဆေးပင်စိုက်ခင်း... စသည်ဖြင့်...။
သုံးရက်တာကုန်ဆုံးပြီးနောက် အရာရာတိုင်းကို ခင်းကျင်းပြီးစီးသွားခဲ့၏။
ရှဲထျန်ဖုန့်သည် စိတ်ကျေနပ်စွာဖြင့် သူ၏လိုဏ်ဂူခန်းဝါကို ကြည့်လိုက်၏။
သူက အားသွားသည့်အချိန်မှာပင် ရှန်ကွမ်ချန်အကြောင်း တွေးမိသွား၏။
သူက ရှန်ကွမ်ချန်အကြောင်းတွေးမိချိန်မှာ သူ၏ စိတ်ထဲသို့ ထိုငမူးကောင်ကလည်း ဝင်ရောက်လာ၏။
“ဟမ့်...”
ရှဲထျန်ဖုန့်က နှစ်တစ်ချက်မှုတ်လိုက်၏။
“မင်းက ဂျူနီယာညီမရှန်ကွမ်ကို ထပ်ခါတလဲလဲရန်ရှာခဲ့တယ်... အခုငါမင်းကို သင်ခန်းစာတစ်ခုပေးရမယ်”
ရှဲထျန်ဖုန့်က အရာရာတိုင်းကို စီစဥ်ပြီးသွားပြီဖြစ်၏။
သူသည် ဆူဇီမိုကို သင်ခန်းစာတစ်ခုပေးပြီး သူ့ကိုရှန်ကွမ်ချန်ထံသို့ ခေါ်ဆောင်သွားဖို့ပြင်ဆင်ထား၏။ ထိုသို့ဖြင့် သူက ရှန်ကွမ်ချန်ထံသိုအလည်သွားဖို့ အကြောင်းပြချက်တစ်ခုရသွားပြီး သူမ၏ လိုဏ်ဂူခန်းဝါကိုပင် စစ်ဆေးကြည့်နိုင်မည်ဖြစ်၏။
“ငါက... ဂျူနီယာညီမ ရှန်ကွမ်ချန်ရဲ့ လိုဏ်ဂူခန်းဝါထဲကိုဝင်ရောက်နိုင်မယ်ဆိုရင်...”
ရှဲထျန်ဖုန့်၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားပြီး သူကကောက်ကျစ်စွာပြုံးလိုက်၏။
ခဏနေပြီးနောက် ရှဲထျန်ဖုန့်သည် ဆက်လက်၍အငြိမ်မနေနိုင်တော့ပေ။ သူက အားကြိုးမာန်တက်ဖြင့် သူ၏လိုဏ်ဂူခန်းဝါကနေပြေးထွက်ကာ ဆူဇီမို၏ လိုဏ်ဂူခန်းဝါရှိရာသို့ ဦးတည်လိုက်၏။
သိပ်မကြာခင် သူက ဆူဇီမို၏ လိုဏ်ဂူခန်းဝါရှေ့သို့ ရောက်ရှိလာခဲ့၏။
ထိုနေရာမှာလင်းမင်က မတ်တတ်ရပ်နေပြီဖြစ်၏။ ထိုကဲ့သို့သောအတွေးရှိနေသည်မှာ ရှဲထျန်ဖုန့်တစ်ယောက်တည်းမဟုတ်ပေ။
“မင်းဘာလို့အဲ့ဒီမှာ မတ်တတ်ရပ်နေတာလဲ”
ရှဲထျန်ဖုန့်က မျက်မှောင်ကြုတ်လိုက်၏။
သူနှင့်လင်းမင်သည် သူတို့၏ သက်ဆိုင်ရာမိသားစုကလန်များကို ကိုယ်စားပြုပြီး သူတို့နှစ်ယောက်စလုံးသည် ဒီဘက်မျိုးဆက်မှာ ရှန်ကွမ်ကလန်၏ အထူးချွန်အထက်မြတ်ဆုံးအမျိုးသမီးနှင့် တာအိုလက်တွဲဖော် ဖြစ်ချင်ကြလေသည်။
အဲ့ဒါသည် သူတို့၏ မိသားစုကလန်ကြီးနှစ်ခုကို ပေါင်းစည်းနိုင်မည့်အခွင့်အရေးဖြစ်၏။
ထို့ကြောင့် သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်ကြပေ။
လင်းမင်က သူ့ရှေ့မှာရှိသော လိုဏ်ဂူခန်းဝါကို လက်ညှိုးထိုးပြီး ပြုံးစစဖြင့်ပြောလိုက်၏။
“ဟိုငမူးကောင်းက အထဲမှာရှိတယ်... ညီကိုရှဲ ကျေးဇူးပြုပြီး..”
“ဟမ့်...”
ရှဲထျန်ဖုန့်က အရူးမဟုတ်ဘဲ တစ်စုံတစ်ရာလွဲမှားနေသည်ကို ချက်ချင်းပင် သဘောပေါက်သွား၏။
သူက သူ၏ အကြည့်ကို အနည်းငယ်မှေးကျဥ်းပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ကာ လိုဏ်ဂူခန်းဝါ၏ ဘေးပတ်လည်ကိုစစ်ဆေးကြည့်လိုက်၏။ သူကမျက်မှောက်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။
“အစီအရင်ဝင်္ကပါလား”
လင်းမင်ကအေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“အဲ့ဒီငမူးကောင်က သိပ်ပြီးမရိုးရှင်းဘူး”
“သူက သုံးရက်တည်းနဲ့ အစီအရင်ဝင်္ကပါတစ်ခုကိုတောင်မှ ခင်းကျင်းထားနိုင်တယ်”