← Chapters

အရှေ့မှ နဂါး

Vol. 6 Ch. 77

အရှေ့မှ နဂါး

Vol. 6 Ch. 77

ဝေ့ပုဒေါက်သည် ထိုအချိန်တွင် အလွန်မောက်မာဝင့်ကြွားနေ၏။

သူ့အသွင်မှာ အနိုင်ရတော့မည်ကို သေချာနေသည့် လူတစ်ယောက်အလားပင် ..

ထို့နောက် သူက အခြားသူများကို ငုံ့ကြည့်ကာ ထပ်ပြောသည် ။

" ယဲ့ဖုန်းနိုင်ငံက မျိုးမစစ်လေးတွေ .  ငါ လောထျန်းကို သတ်ပြီးတဲ့ အချိန်အထိပဲ စောင့်လိုက် ။ သူ့ကို သတ်ပြီးတာနဲ့ မင်းတို့အားလုံးကိုပါ ငါ့မြေးနဲ့အတူ မြေမြှုပ်ပေးမယ် ။ စိတ်တော့မပူပါနဲ့ .. မင်းတို့ထဲက တချို့ကိုတော့ အသက်ချမ်းသာပေးမှာပါ "

" မင်းတို့ရဲ့ ပါးစပ်တွေကို သုံးပြီး ဒီနေ့ ဘာဖြစ်သွားခဲ့တယ်ဆိုတာကို လိုက်ပြောပြပေါ့ကွာ ။ လာထျန်းဆိုတဲ့ အရူးကောင်က ဦးနှောက်မရှိတော့ ယွိလုံနိုင်ငံက ဝေ့မိသားစုကို စော်ကားခဲ့တယ် ။ ဒါပေမယ့် ဒီအရူးကောင်ရဲ့ အဆုံးသတ်က သူတစ်ယောက်တည်းရဲ့ အသက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး ။ သူတို့ တစ်မိသားစုလုံးပါ အသတ်ခံရမှာ "

" မင်းတို့တွေလဲ ငါ့ကို အပြစ်မတင်ကြနဲ့နော် ။ မုန်းချင်ရင် လောထျန်းကိုပဲ မုန်းကြ ။ သူ့ကြောင့်သာ မဟုတ်ရင် မင်းတို့လဲ သေရမှာမဟုတ်ဘူး "

" ဟား ဟား ဟား .. "

ဝေ့ပုဒေါက်က ကျယ်လောင်စွာ အော်ရယ်လိုက်သည် ။

သို့သော် အချိန်အတန်ကြာ ရယ်ပြီးနောက်တွင်မူ ကြောင်တောင်တောင်နိုင်စွာ  ရပ်လိုက်၏။

အဘယ့်ကြောင့်ဆိုသော် သူမျှော်လင့်ထားသလို လူအုပ်ထံမှ ဒေါသနှင့် ကြောက်ရွံ့မှု အရိပ်ယောင်များ လုံးဝ ရှိမနေသောကြောင့်ပင် ။

အားလုံးက ခေါင်းမော့၍ သူ့အား တည်ငြိမ်စွာ ကြည့်နေကြ၏။

သူတို့၏ အကြည့်ကလည်း အရူးတစ်ယောက်ကို ကြည့်နေသည့်အလား ဖြစ်နေသည် ။

" ဘိုးဘေး ..တစ်ခုခု မှားနေတယ်လို့ ကျုပ် ခံစားနေရတယ် "

ဝေ့မိသားဝင်တစ်ယောက်က ဝေ့ပုဒေါက်အား တီးတိုးပြောလိုက်သည် ။

ဝေ့ပုဒေါက်မှာလည်း သံသယမကင်း ဖြစ်နေ၏။

မည်သို့ ဖြစ်သွားခဲ့သည်ကို သူ နားမလည်ချေ ။

ထိုအချိန် သူက လူအုပ်ထဲတွင် ရှိနေသည့် လောထျန်းအား ထပ်ကြည့်လိုက်သည် ။

လောထျန်းအား စိုက်ကြည့်နေသည့် ဝေ့ပုဒေါက်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း သတိထားမိလိုက်၏။

ယခင် လောထျန်းနှင့် တိုက်ပွဲတွင် သူ့ကိုယ်ပွားက ရှံးနိမ့်သွားခဲ့ရသည့်တိုင် ၎င်းမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်သည် ။

ထိုအချိန်တွင် ကိုယ်ပွားမှတဆင့် လောထျန်း၏ အစွမ်းကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရ၏။

သူကိုယ်တိုင် လိုက်လာပါက လောထျန်းအား အလွယ်တကူ သတ်နိုင်မည်လား ဆိုသည်ကိုပင် သူ သေချာအောင် လုပ်ခဲ့သည် ။

သို့သော် ယခု သူ့ရှေ့တွင် ရှိနေသည့် လောထျန်းက ယခင်ကနှင့် လုံးဝ ကွဲပြားနေလေပြီ ။

လောထျန်း၏ အစွမ်းကိုပင် သူ မည်သို့မှ ကြည့်မရတော့ချေ ။

ထို့အပြင် လောထျန်းအား အနည်းငယ် ကြောက်ရွံ့လာကဲ့သို့ပင် ဝေ့ပုဒေါက် ခံစားလိုက်ရ၏။

သူ အခြားသူတစ်ယောက်ကို ကြောက်ရွံ့သည့်စိတ် မဖြစ်သည်မှာ နှစ်များစွာ ကြာသွားခဲ့ပြီဖြစ်သည် ။

မည်သို့ ဖြစ်နေသည်ကို သူ နားမလည်နိုင်တော့ပါ ။

ထိုအချိန် လူအုပ်ထဲမှ ဟန်ဝမ်ကျိုးနှင့် ထန်တျောင်လုံတို့ကို သူ ရုတ်တရက် တွေ့သွားသည် ။

" ထျန်းဟယ်ဂိုဏ်းက လူငယ်လေးတွေပါလား ။ ငါက မင်းတို့ရဲ့ ဂိုဏ်းက ဘိုးဘေးနဲ့ ခင်မင်တာမို့ ဒီတစ်ကြိမ်တော့ မင်းတို့ကို အလွတ်ပေးလိုက်မယ် ။ အခု ထွက်သွားကြတော့ "

ဝေ့ပုဒေါက်က စကားခဏရပ်ပြီး ဆက်ပြောသည် ။

" ဒါနဲ့ .. ဒီလူအုပ်က ဘာဖြစ်နေကြတာလဲ "

ဝေ့ပုဒေါက် အမှန်တကယ် နားမလည်နိုင် ဖြစ်နေခြင်းဖြစ်သည် ။

ထိုလူများက သေရတော့မည်ကို သိနေသည့်တိုင်  အဘယ့်ကြောင့် ဤမျှ တည်ငြိမ်နေရသနည်း ။

ဟန်ဝမ်ကျိုးနှင့် ထန်တျောင်လုံတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အောင့်သက်သက် ပြုံးလိုက်ကြသည် ။

ထို့နောက် ဟန်ဝမ်ကျိုးက ဦးညွှတ်အရိုအသေပေး၍ ပြော၏။

" သခင်ကြီးရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ် ။ သခင်ကြီးရဲ့ အမေးကို ဖြေရရင်တော့  ... ကိုယ်က ကိစ္စအားလုံးရဲ့နောက်ကွယ်က ပဲ့ကိုင်သူလို့ ထင်ထားပေမယ့် တကယ်တမ်း ကိုယ့်ရှေ့မှာ နဂါးတစ်ကောင် ရှိနေတာမျိုး .. သခင်ကြီး တွေးကြည့်ဖူးလား "

ကိုယ့်ရှေ့မှာ နဂါးတစ်ကောင် ရှိနေပြီး ကိုယ်က သားကောင် ဖြစ်နေတာတဲ့လား ..

ဟန်ဝမ်ကျိုး ​ဆိုလိုသည့် အဓိပ္ပါယ်ကို ဝေ့ပုဒေါက် ချက်ချင်း နားလည်သွားကာ မျက်မှောင်ကြုံ့လိုက်သည် ။

" ရှေ့မှာ နဂါးတစ်​ကောင် ရှိနေတယ် ..ဟုတ်လား .. ဘာတွေ ပြောနေတာလဲကွ ၊ ဒီမှာ တခြားအစွမ်းထက်တဲ့သူ ရှိသေးလို့လား "

ဝေ့ပုဒေါက် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ။

အကယ်၍သာ ဤနေရာတွင် သူ့ထက် အစွမ်းထက်သူရှိနေခဲ့ပါက သူတို့ ဒုက္ခရောက်သွားလိမ့်မည် မဟုတ်ပါလား ။

သို့သော်ယခုချိန်ထိမူ အစွမ်းထက်သော ကိုယ်အရောင်အဝါမျိုး သူ မခံစားမိသေးပါ ။

သို့ဖြစ်ရာလက်ရှိတွင် ဖြစ်နိုင်ချေက တစ်ခုတည်းသာ ကျန်တော့၏။

တစ်ဖက်လူက ကျင့်ကြံခြင်းအဆင့်က သူ့ထက် များစွာ သာနေဟန်ပင် ..

ထိုအကြောင်းကို တွေးမိသည်နှင့် ဝေ့ပုဒေါက် နဖူးမှ ချွေးစက်တစ်စက် ကျလာသည် ။

" ဒီမှာဘယ်သူရောက်နေလဲ ဆိုတာ ကျုပ် မသိဘူး ၊ ဒါပေမယ့် စောနက ပြောလိုက်တဲ့ စကားအတွက် တောင်းပန်ပါတယ် ။ ကျုပ်မှာလဲ အကြောင်းရင်းရှိလို့ ခုလို လုပ်ရတာပါ ။ ကျုပ်ရဲ့ မြစ်က ဒီက လူယုတ်မာတစ်ယောက်ကြောင့် သေသွားခဲ့ရတယ် ။ ဒါ့ကြောင့်မို့ ကျုပ်က လက်တုန့်ပြန်ဖို့အတွက် လာခဲ့ရတာပါ ။ ကျေးဇူးပြုပြီး ကျုပ်ကို ထွက်တွေ့ပါ "

ဝေ့ပုဒေါက်က ဦးညွှတ်၍ ပြောလိုက်သည်။

သို့သော် ဘေးပတ်ဝန်းကျင် တစ်ခုလုံးကမူ အလွန်တိတ်ဆိတ်နေ၏။

ဝေ့ပုဒေါက်က ဘေးပတ်လည်သို့ လှည့်ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည် ။

" ခုလို ပုန်းနေတာ ခင်ဗျားအတွက် မကောင်းဘူးနော် ။ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဗျာ ၊ အခု ခင်ဗျားက ကျုပ်ရဲ့ ကြယ်ခုနစ်စင်း လူသတ်အစီအရင်ထဲကို ရောက်နေတာ ။ အဲ့ဒီ အစီအရင်ကိုလဲ ကျုပ်ကိုယ်တိုင် ထိန်းချုပ်နေတာပဲ ။ ဒီအစီအရင်က ကွေ့ရှအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် လွယ်လွယ်လေး သတ်ပစ်နိုင်တယ် ။ တုကျဲ့အဆင့် ကျင့်ကြံသူတွေတောင် လွတ်ဖို့ ခဲ့ယဥ်းမယ်ဗျ ။ ဆိုတော့ ခင်ဗျားမထွက်လာလို့ မတော်တဆ ထိခိုက်မိသွားရင် ကျုပ်ကို အပြစ်မတင်ပါနဲ့ "

ဝေ့ပုဒေါက်က ထိုသို့ ပြောပြီးသည်နှင့် ကျင့်ကြံသူ ထွက်အလာကို မစောင့်ဘဲ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည် ။

သို့သော် ထိုအချိန်တွင် လောထျန်းက လူအုပ်ထဲမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာ၏။

" ဝေ့ပုဒေါက် .. ရှာမနေနဲ့ ။ ဒီမှာ ဘာ အစွမ်းထက် ကျင့်ကြံသူမှ မရှိဘူး ။ သူပြောလိုက်တဲ့ နဂါးဆိုတာ ကျုပ်ကို ပြောတာ "

လောထျန်းက ပြောလိုက်သည် ။

" ဟင် .. "

ဝေ့ပုဒေါက် အံ့အားသင့်သွားပြီး ဟန်ဝမ်ကျိုးဘက်သို့ လှည့်ကြည့်လိုက်သည် ။

ဟန်ဝမ်ကျိုးက အောင့်သက်သက်ပြုံးကာ ခေါင်းညိတ်၏။

ဝေ့ပုဒေါက်က ဟန်ဝမ်ကျိုးအား မျက်မှောင်ကြုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည် ။

" လူငယ်လေး ..မင်းက ငါ့ကို လှည့်စားဖို့ ကြိုးစားတယ်ပေါ့လေ ။ အစကတော့ မင်းကို ငါ အလွတ်ပေးလိုက်မလို့ပဲ ။ အခုတော့ လောထျန်းကို သတ်ပြီးတာနဲ့ မင်းကို ပါ သတ်ပစ်မယ် "

ထိုသို့ ပြောပြီးသည်နှင့် သူက လောထျန်းအား ချက်ချင်း လှည့်ကြည့်လိုက်သည် ။

" ကောင်လေး .. မင်းက ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား ။ ငါ့ရဲ့ ကိုယ်ပွားက မင်းကြောင့် သေခဲ့ရတာ မှန်တယ် ။ အခုတော့ ငါ့ရဲ့ အစွမ်း အစစ်အမှန်ကို မင်း တွေ့ရတော့မှာပေါ့ကွာ "

ဝေ့ပုဒေါက် စကားဆုံးသည်နှင့် သူ့ကိုယ်မှ ကြောက်မက်ဖွယ် ကိုယ်အရောင်အဝါများ ထွက်ပေါ်လာ၏။

" အစွမ်း အစစ်အမှန်တဲ့လား ..ကောင်းပြီလေ ။ ကျုပ် ဒီမှာပဲ ငြိမ်ငြိမ်လေး ရပ်နေပြီးတော့ ခင်ဗျားကို သုံးကြိမ် တိုက်ခိုက်ခွင့်ပေးမယ် ။ ဒီသုံးကွက်နဲ့ ကျုပ်ကို အနာတရဖြစ်အောင် လုပ်နိုင်ခဲ့ရင် ကျုပ် အရှုံးလို့ သတ်မှတ်လိုက်မယ် "

လောထျန်းက ပြောလိုက်သည် ။

" မင်း ..ဘာပြောလိုက်တယ် "

ဝေ့ပုဒေါက်၏ မျက်လုံးများ ပြူးကျယ်သွား၏။

ထိုလူငယ်က ရူးသွပ်နေသည်လား ..

သူသည် ကွေ့ရှအဆင့် ၇ ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ယွိလုံနိုင်ငံတွင်ပင် သူ့သိုင်းကွက် ၃ ကွက်ကို ခံရန် မည်သူမှ မပြောရဲပါချေ ။

ယခု သူ့ရှေ့မှ လောထျန်းက အားလုံးရှေ့တွင် ထိုစကားမျိုး ပြောလိုက်သည်လား ..

ထိုလူငယ်လေးက သူ့ကိုယ်သူ အရှက်ရအောင် လုပ်နေခြင်းပင် ။

" ကောင်းပြီလေ .. သိပ်ကောင်းတယ် ။ ကောင်လေး ..မင်းက သေချင်နေမှတော့လဲ မင်းရဲ့ ဆုတောင်းကို ဖြည့်ပေးရမှာပေါ့ကွာ "

ဝေ့ပုဒေါက်က ထိုသို့ ပြောပြီးသည်နှင့် သူ့ကိုယ်အရောင်အဝါ ပေါက်ကွဲထွက်သွားပြီး သူ့ဆံပင်များ လေထဲလွင့်သွား၏။

ဘုန်း ..

သူ့လက်နှစ်ဖက်ကို စုလိုက်ရာသူ့အနောက်တွင် အမည်းရောင် စွမ်းအင်လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည် ။

" ဘိုးဘေးက တကယ်ကြီး လုပ်နေတာပဲ "

ထိုအခြင်းအရာကို မြင်သောအခါ ဝေ့မိသားစုမှ လူများ အံ့သြတုန်လှုပ်သွားကြသည် ။

သူတို့ ထင်မှတ်မထားစွာပင် ဝေ့ပုဒေါက်က အားကုန်သုံး၍ တိုက်ခိုက်နေ၏။

" သေစမ်းကွာ "

ဝေ့ပုဒေါက်က ပြောကာ လောထျန်းအား လက်ဝါးဖြင့် ရိုက်လိုက်သည် ။

ဘုန်း ..

ချက်ချင်းပင် ကောင်းကင်ယံတစ်ခုလုံး အမည်းရောင် လေထုဖြင့် ပြည့်သွားပြီး ၎င်းက အမည်းရောင် ဧရာမ မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည် ။ ထိုမြွေက ပါးစပ်ဟကာ လောထျန်းအား လှမ်းကိုက်လိုက်သည် ။

လောထျန်းကမူ နေရာပင် မရွှေ့ဘဲ လက်ကို နောက်ပစ်လျက် အေးအေးလူလူ ရပ်နေ၏။

သို့သော် မြွေမည်းက လောထျန်းအား ထိလုဆဲဆဲမှာပင် လောထျန်းကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည် ။

မြွေမည်းကြီးမှာ နွေလယ်ခေါင်မှ နှင်းပွင့်လေးများအလား ချက်ချင်းအရည်ပျော်ကျကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။

လောထျန်းက နေရာ၌ တည်ငြိမ်စွာ ရပ်နေဆဲပင် ..

ဝေ့မိသားစုမှ လူများအားလုံး ခေတ္တမျှ အံ့သြမှင်သက်သွား၏။

" ဘာတွေ ဖြစ်သွားတာလဲ ၊ သူက ဘိုးဘေးရဲ့ သိုင်းကွက်ကို လုံးဝ တားလိုက်တာလား "

" မဖြစ်နိုင်တာ ..ဒီကောင်လေးက ဘယ်သူလဲ "

ထိုအချိန်မှသာ အခြေအနေက သူတို့ထင်ထားသလောက် မလွယ်ကူသည်ကို သူတို့အားလုံး သိလိုက်ကြသည် ။

ဝေ့ပုဒေါက်မှာလည်း မျက်လုံးပြူးသွား၏။

တစ်စုံတစ်ခု မှားယွင်းနေသည်ကိုလည်း သူ သိလိုက်သည် ။

လောထျန်း၏ အစွမ်းက သူယခင်က ခန့်မှန်းထားသည်နှင့် လုံးဝ ကွဲပြားနေပေသည် ။

သူလာခဲ့သည့် တစ်ရက်ခန့် အချိန်အတွင်း မည်သို့ ဖြစ်ပျက်သွားသနည်း .. ။

" ဟေ့ကောင်တွေ ..အစီအရင်ရဲ့ အလယ်ကို သွားကြ "

ဝေ့ပုဒေါက်က ရုတ်တရက် အော်လိုက်သည် ။

" ဟင် ..ဘိုးဘေး ..ဘာလုပ်မလို့လဲ .. "

ဝေ့မိသားစုမှ လူများ အံ့အားသင့်သွားကြသည် ။

ဝေ့ပုဒေါက်က အေးစက်စက် ပြန်ပြော၏။

" ကြယ်ခုနစ်စင်း လူသတ်အစီအမံကို သုံးကြ ၊ ငါ သူ့ကို ဒီနေ့ သတ်ရမှ ဖြစ်မယ် "

" ဟုတ်ကဲ့ "

အားလုံးပင် အခြေအနေကို သတိထားမိကာ အစီအရင် အလယ်သို့ ချက်ချင်း သွားလိုက်ကြသည် ။

ဝုန်း ...

တမဟုတ်ချင်းပင် အစီအမံ ဘေးပတ်လည်၌ လေအေးများ တိုက်ခတ်လာ၏။

ကောင်းကင်ယံ၌ အမည်းရောင် နေ  ခုနစ်စင်း ထွက်ပေါ်လာသည် ။

ဝေ့ပုဒေါက်က လောထျန်းအား မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည် ။

" လောထျန်း .. မင်းက တကယ်အစွမ်းထက်တဲ့ သူတစ်ယောက်ပါ ။ ဒါပေမယ့် ခုတော့ အားလုံးအဆုံးသတ်ရတော့မယ် "

All Chapters