← Chapters

ရူးသွပ်နေသော ဝေ့ပုဒေါက်

Vol. 6 Ch. 78

ရူးသွပ်နေသော ဝေ့ပုဒေါက်

Vol. 6 Ch. 78

ဝေ့ပုဒေါက်က စကားဆက်၏။

" ကြယ်ခုနစ်စင်း လူသတ်အစီအရင်က ငါတို့ ဝေ့မိသားစုရဲ့ တန်ဖိုးအရှိဆုံး  ရတနာတစ်ခုပဲ ။ အစီအရင်ကို စပြီး အသက်သွင်းလိုက်တာနဲ့ ကွေ့ရှအဆင့်အောက်က ဘယ်ကျင့်ကြံသူမှ တားနိုင်မှာမဟုတ်ဘူး ။ တုကျဲ့အဆင့်ရှိတဲ့ ကျင့်ကြံသူတွေတောင်ဒဏ်ခံရလိမ့်မယ် "

" ဒီအစီအရင် ငါ့လက်ထဲ ရောက်ပြီးကတည်းက ရန်သူအပေါ်ကို သုံးတာ ဒါ ပထမဆုံးပဲကွ ။ ဒီလိုအစွမ်းနဲ့ သေရမှာကို မင်း ဂုဏ်တောင်ယူသင့်သေးတယ် "

သူက ထိုသို့ ပြောပြီးသည်နှင့် လက်ကို ဝေ့ယမ်းကာ ကျယ်လောင်စွာ အော်လိုက်သည် ။

" အလင်းတန်း ခုနစ်သွယ် ..သတ်စေ "

ချက်ချင်းပင် အမည်းရောင် နေ ခုနစ်စင်းဆီမှ အမည်းရောင် အလင်းတန်းများ တစ်ပြိုင်တည်း ထွက်လာပြီး လောထျန်းဆီသို့ တိုးဝင်သွားကြသည် ။

ဘုန်း ..

အမည်းရောင် အလင်းတန်းများ ကျသွားပြီးသည်နှင့် မီးခိုးနှင့် ဖုန်လုံးကြီး လိမ့်တက်လာ၏။

" ဟမ့် ..အားလုံး ပြီသွားပြီပေါ့ကွာ ။ မင်းတောင် ဒီသိုင်းကွက်ကို ခံနိုင်မှာ မဟုတ်ဘူး "

ဝေ့ပုဒေါက်က ပြောလိုက်သည်။

ထို့နောက် သူက ယဲ့ဖုန်းနိုင်ငံမှ အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည် ။

လောထျန်းကို တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့ပြီဖြစ်ရာ ယဲ့ဖုန်းနိုင်ငံမှ ထိုလူများက ကြောက်ရွံ့တုန်လှုပ်သွားသင့်ပေသည် ။

သို့သော် လူအုပ်က မထူးခြားဟန်သာရှိနေကြ၏။

လူအချို့ဆိုလျှင် ခါးထောက်၍ပင် တစ်ယောက်ကိုတစ်ယောက် စကားပြောနေကြဆဲ ဖြစ်သည် ။

" အကို .. ဒီသိုင်းကွက်ကို ဘယ်လိုထင်လဲ "

" အင်း ..ဒီအကွက်က အဲ့လောက်လဲ အစွမ်းမထက်ပါဘူးကွာ ။ ဝေ့မိသားစုက လူတွေက သူတို့ကိုယ်သူတို့ ဘာထင်နေကြလဲ မသိဘူး "

" အမှန်ပဲ ၊ အစောက ကောင်းကင်ဘုံ ပျက်စီးခြင်း ပထမအကွက်ကတောင် ဒီသိုင်းကွက်ကို ဖျက်ဆီးနိုင်တဲ့အထိ အစွမ်းထက်သေးတယ် ။ ဒါနဲ့များ ဒါက ဝေ့မိသားစုရဲ့ အဖိုးတန်ဆုံး ရတနာတဲ့လား "

" ကျုပ်က ယွိလုံနိုင်ငံရဲ့ ဝေ့မိသားစုက တော်တော်အစွမ်းထက်တယ် ထင်နေတာ ။ ခုလိုမျိုး အဆံမရှိဘဲ မောက်မာနေမယ်လို့ ထင်မထားမိဘူး "

" ဟုတ်တယ် ၊ ဒီလောက်အစွမ်းနဲ့တော့ ခွေးတစ်ကောင်ကတောင် ဂရုစိုက်မှာမဟုတ်ဘူး "

" ဟေ့ အဲ့လိုတော့ မပြောနဲ့ကွ ။ ငါတို့က လောထျန်းရဲ့ အစွမ်းဘယ်လိုရှိတယ်ဆိုတာကို မြင်ထားပြီးသားမို့သာ ဒီသိုင်းကွက်ကို သာမာန်လို့ ထင်နေတာ ။ ဒါပေမယ့် ဝေ့မိသားစုရဲ့ ဒီအကွက်က ဆိုးတော့ မဆိုးဘူးကွ "

" အမှန်ပဲ ..အစွမ်းထက်တဲ့ သူက လောထျန်းနော် .. မင်း မဟုတ်ဘူး ၊ ဒါကို မမေ့နဲ့ဦးကွ "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည် ။

ဝေ့ပုဒေါက်မှာလည်း ထိုစကားများကို ကြားသွား၏။

ဤတစ်ကြိမ်တွင် ဝေ့ပုဒေါက် လုံးဝ နားမလည်နိုင် ဖြစ်သွားတော့သည် ။

ဘာတွေ ဖြစ်နေပါသနည်း ။

ယဲ့ဖုန်းနိုင်ငံမှ လူများအားလုံးက ရူးသွပ်နေကြတာလား ..

စကားပြောနေသော လူများ၏ အစွမ်းကို ကြည့်ရသည်မှာ သိပ်မကောင်းလှချေ ။

သို့တိုင် ထိုလူများက မည်သည့်အတွက်ကြောင့် ဝေ့မိသားစု၏ ကြယ်ခုနှစ်စင်း လူသတ်အစီအမံကို ရယ်ပွဲဖွဲ့နေကြပါသနည်း ။

ခွေးတစ်ကောင်ပင် ဂရုမစိုက်ဟု အဘယ့်ကြောင်း ပြောနေရပါသနည်း ။

သိုင်းကွက်က မဆိုးဘူးတဲ့လား ..

ဘာတွေ ဖြစ်နေပါသနည်း .. ။

ထိုအချိန်တွင် ..

" ဘိုးဘေး "

ဝေ့မိသားစုဝင် တစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလာ၏ ။

" ဟင် "

ဝေ့ပုဒေါက် သူ ညွှန်ပြသည့် နေရာသို့ လှည့်ကြည့်လိုက်ရာ ...

မြေပြင်တွင် မတုန်မလှုပ် ရပ်နေသည့် လောထျန်းကို မြင်လိုက်ရသည် ။

သူ့ကိုယ်ပေါ်တွင် မှိန်ဖျော့သော ရွှေရောင်အလင်းတန်းတစ်ခုလည်း ထွက်နေ၏။

သူ့အဝတ်စားများပင် အထိခိုက် မရှိသွားခဲ့ချေ ။

" ဘယ်လို "

ဝေ့ပုဒေါက် အလွန်အံ့သြတုန်လှုပ်သွားသည် ။

သူ သိုင်းကွက်ကို အသုံးပြုလိုက်စဥ်တွင် အလင်းတန်းက လောထျန်းအား ရိုက်ခတ်လိုက်သည်ကို သူ သေချာမြင်ခဲ့ရ၏။

ထိုသိုင်းကွက်မှာ ကြယ်ခုနစ်စင်း လူသတ်အစီအရင်၏ အစွမ်းကို အသုံးပြုထားခြင်းဖြစ်ရာ ..

လောထျန်းနေရာ၌ သူ ဆိုလျှင်ပင် သေသွားခဲ့မည်ဖြစ်သည် ။

သို့သော် ..လောထျန်းက တစ်စုံတစ်ရာပင် ထိခိုက်ခြင်းမရှိဘဲ ငြိမ်သက်စွာ ရပ်နေ၏။

ဘာတွေ ဖြစ်နေပါသနည်း ။

" ဝေ့ပုဒေါက် ၊ ဒါနဲ့ဆို သိုင်းကွက် ၂ ခု ရှိသွားပြီနော် ။ နောက်တစ်ခေါက် ထပ်တိုက်ခိုက်လို့မှ ကျုပ်ကို မသတ်နိုင်ရင်တော့ ခင်ဗျား သေရလိမ့်မယ် "

မြေပြင်မှ လောထျန်းက အေးအေးဆေးဆေး ပြောလာ၏။

ဝေ့ပုဒေါက်၏ မျက်လုံးများ ပြူးကျယ်သွားကြသည် ။

သူ အနည်းငယ်လည်း ကြောက်သွား၏။

ရှေ့မှာ နဂါးရှိနေတယ် ...

ဟန်ဝမ်ကျိုးပြောခဲ့သည့်  နဂါးက အမှန်တကယ်ပင် လောထျန်း ဖြစ်နေသည်လား ..

မှန်ပါသည် ၊ သူကဲ့သို့ ငှက်တစ်ကောင်က နဂါးတစ်ကောင်ကို မည်သို့ သတ်နိုင်ပါမည်နည်း ။

နောက်သိုင်းကွက် တစ်ခုဖြင့်သာ သူ မနိုင်ခဲ့ပါက ဝေ့မိသားစုမှာ ...

ထိုအချိန်တွင် ဝေ့ပုဒေါက် နောင်တကြီးစွာ ရသွားသည် ။

ဝေ့ထျန်းယီသည် သူအချစ်ဆုံး မြစ်ဖြစ်သော်လည်း ...

၎င်းက ဝေ့မိသားစုတစ်ခုလုံး၏ အသက်နှင့် ယှဥ်ပါက မပြောပလောက်ပေ ။

" ဘိုးဘေး "

ထိုစဥ် ဝေ့မိသားစုမှ အကြီးအကဲမှာလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိကာ ဝေ့ပုဒေါက်အား စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။

ဝေ့ပုဒေါက် နောက်ဆုံးတွင် အခြေအနေမှန်ကို အသိဝင်လာ၏။

သူ့မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး ချက်ချင်း မျက်နှာတင်းသွားသည် ။

" ငါကို အပြစ်မတင်ကြနဲ့ "

သူက ပြောလိုက်သည် ။

" ဟင် ..ဘိုးဘေးပြောတာ ဘာအဓိပ္ပါယ်လဲ "

ဝေ့မိသားစုမှ လူများ နားမလည်နိုင် ဖြစ်သွားကြသည် ။

ဝေ့ပုဒေါက်က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြော၏။

" ငါ အခု လုပ်မယ့်ဟာက ဝေ့မိသားစုအတွက်ပဲ ။ ငါတို့သာ ဒီဒုက္ခကို မကျော်လွှားနိုင်ဘူးဆိုရင် ငါတို့ ဝေ့မိသားစု တစ်ခုလုံး ပျက်စီးရလိမ့်မယ် .. ဆိုတော့  "

ထို့နောက် သူက လူအုပ်အား တစ်ချက် ဝေ့ဝဲကြည့်လိုက်သည် ။

ထိုအချိန်တွင် ဝေ့မိသားစုမှ လူများ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကြ၏။

" အဖိုး ..အဲ့လိုမလုပ်ပါနဲ့ ။ ကျုပ် သားက ငယ်ငယ်လေးပဲ ရှိသေးတယ် ။ ကျုပ် ဒီမှာ သေလို့မဖြစ်ဘူး "

" ဘိုးဘေး .. ကျေးဇူးပြုပြီး ထပ်စဥ်းစားပါဦးဗျာ ၊ တခြားနည်းလမ်းတွေ ရှိမှာပါ "

" ဘိုးဘေး "

ဝေ့မိသားစုတစ်ခုလုံး ကြောက်လန့်တကြား ဖြစ်သွားကြသည် ။

ဝေ့ပုဒေါက်က သက်ပြင်းချကာ ပြော၏။

" တကယ် မလိုအပ်ရင် ငါ ဒါကို လုပ်မှာ မဟုတ်ပါဘူးကွာ ။ ဒါပေမယ့် တခြားနည်း မရှိတော့ဘူးကွ ။ ဒါတွေအားလုံး ပြီးသွားရင် ဝေ့မိသားစုရဲ့ ဘိုးဘေးခန်းမထဲမှာ မင်းတို့အတွက် အထိမ်းအမှတ် ကျောက်တိုင်တွေ လုပ်ပေးပါ့မယ် "

သူက ထိုသို့ ပြောပြီးသည်နှင့် လက်ခုပ်တစ်ချက် တီးလိုက်သည် ။

ဝုန်း ..

အမည်းရောင် ကျောက်တိုင် ခုနစ်ခု ချက်ချင်း တုန်ခါလာ၏။

ကောင်းကင်ယံတွင် ရှိနေသည့် အမည်းရောင် နေ ခုနစ်စင်းမှလည်း များစွာသော သံချိန်းကြိုးများ ထွက်လာကာ ဝေ့မိသားစုမှ လူများကို ရစ်နှောင်ထားလိုက်သည် ။

" ဘိုးဘေး ..မလုပ်ပါနဲ့ .."

" ဘိုးဘေး .. ကျေးဇူးပြုပြီး မလုပ်ပါနဲ့ဗျာ "

ဝေ့မိသားစုမှ လူအားလုံး  ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည် ။ သို့သော် ဝေ့ပုဒေါက်ကမူ ထိုလူများကို လျစ်လျူရှုထား၏။

ဝေ့မိသားစုမှ လူများ၏ ကိုယ်အရောင်အဝါက တဖြည်းဖြည်း အားနည်းလာကြသည် ။

" ဝေ့ပုဒေါက် .. မင်း .. "

ဝေ့မိသားစုမှ လူတစ်ယောက်က ဝေ့ပုဒေါက်အား မုန်းတီးနေသည့် အကြည့်ဖြင့် ကြည့်ကာ နာမည်ကို ခေါ်လိုက်သည် ။

" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "

ထိုစဥ် မြေပြင်မှ လူတစ်ယောက်မှာ နားမလည်နိုင် ဖြစ်နေ၏။

လင်ရှက လေထဲမှ ဝေ့ပုဒေါက်ကို စိုက်ကြည့်ကာ သူ ဘာလုပ်နေသည်ကို နောက်ဆုံး နားလည်သွားသည် ။

" ဒီလူက တော်တော်လေး ရက်စက်တာပဲ "

သူ တီးတိုးရေရွတ်လိုက်သည် ။

" သခင်ကြီး ..ဘာတွေဖြစ်နေတာလဲ "

လောချန် နားမလည်နိုင်စွာ မေးလိုက်သည် ။

လင်ရှက သက်ပြင်းချ၍ ပြန်ဖြေ၏ ။

" သူ အခုသုံးနေတဲ့ နည်းက အင်မတန် ရက်စက်ပြီးယုတ်မာတဲ့ နည်းပဲကွ ။ သူက သူ့ရဲ့ စိတ်ဝိဥာဥ် မျိုးစေ့တွေကို သူ့သွေးမျိုးဆက်ရှိတဲ့ လူတွေရဲ့ ခန္ဓာကိုယ်ထဲကို ထည့်နေတာ ။ ပြီးရင် အချိန်ကျတာနဲ့ သူက အဲ့မျိုးစေ့တွေကို အသက်သွင်းလိုက်မှာ ။ အဲ့ကျရင် မျိုးစေ့က အဲ့လူရဲ့ ခန္ဓာကိုယ်က သွေးတွေ ၊ စွမ်းအင်တွေကို စုပ်ယူပစ်ပြီးတော့ ဝေ့ပုဒေါက်ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးလာအောင် ကူညီပေးလိမ့်မယ် "

" ဟာ..တော်တော်ယုတ်မာရက်စက်တာပဲ "

လောချန် အံ့သြတကြီး ပြောလိုက်သည် ။

လင်ရှ ခေါင်းညိတ်လိုက်၏။

" အမှန်ပဲ .. ဒါ့ကြောင့်မို့လဲ သိုင်းလောကမှာ ဒီနည်းကို မသုံးဖို့ တားမြစ်ထားတာ ။ ကမ္ဘာမြေကြီးကလဲ ဒီနည်းကို လုံးဝ လက်မခံဘူးကွ ။ ငါကြားဖူးတာတစ်ခုဆိုရင် လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က လူတွေအများကြီးက ဒီနည်းကိုသုံးပြီး ကျင့်ကြံခဲ့ကြတယ်တဲ့ ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး စွမ်းအားပေါင်းစုံရဲ့ ညှစ်သတ်တာကို ခံခဲ့ရတယ် "

" အဲ့နောက်ပိုင်းတော့ ဒီမိစ္ဆာနည်းက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ် ။ ဒါက ဒီနည်းကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကျင့်ကြံသူကမှ မသုံးတော့ဘူးလို့ ထင်နေခဲ့တာ ။ ကြည့်ရတာ ငါ အယုံလွယ်သွားတယ်နဲ့ တူပါတယ် "

လောချန်က ဝေ့ပုဒေါက်ဘက် လှည့်ကြည့်၍ ပြော၏။

" ဒီလူကြီးက သူ့မျိုးဆက်တွေကို အမဲဖျက်သလို ဖျက်နေတာပဲ "

လင်ရှ သက်ပြင်းချလိုက်သည် ။

" ဝေ့ပုဒေါက်က အသက်ရှင်လာတာ ကြာလှပေမယ့် တုကျဲ့အဆင့်ကို ခုထိ မရောက်သေးဘူး ။ ငါထင်တာတော့ သူ့သက်တမ်းက ကုန်တော့မှာမို့လို့ သူ ဒီလိုယုတ်မာတဲ့နည်းမျိုး သုံးဖို့ အကြံရသွားတယ်နဲ့တူတယ် ။ တခြားအခြေအနေမှာဆို သူ အောင်မြင်ကောင်း အောင်မြင်နိုင်ပေမယ့် အခုတော့ .. သူ ကံဆိုးတာပေါ့ကွာ "

သူတို့ နှစ်ယောက် ထိုသို့ ပြောနေကြစဥ် လူတစ်ယောက်က အော်ပြော၏။

" ဟိုကို ကြည့်လိုက်ဦး "

အားလုံး ခေါင်းမော့ကြည့်လိုက်ရာ လေထဲမှ ဝေ့ပုဒေါက်၏ ခန္ဓာကိုယ်ကလည်း သံချိန်းကြိုးများဖြင့် အပတ်ခံထားရသည်ကို မြင်လိုက်ရသည် ။

သူက ထိုချိန်းကြိုးများမှတဆင့် သူ့ လူများ၏ အသက်နှင့် စွမ်းအင်များကို စုပ်ယူနေ၏။

သူ့ကိုယ်ပေါ်တွင် မှိန်ဖျော့သော သွေးလွှာတစ်လွှာ ရှိနေပြီး သူ့အသက်ရှူသံ ပိုပို၍ ပြင်းလာသည် ။

ဝှစ် ..

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းတစ်ခု တိုးထွက်လာ၏။

ကွေ့ရှ အဆင့် ၈ ..

သူ ကျင့်ကြံခြင်းအဆင့် တစ်ဆင့်တိုးသွားခဲ့လေပြီ ။

အခြားသူများ အံ့သြတကြီး ဖြစ်နေကြစဥ်မှာပင် သူ့ကိုယ်မှ နောက်ထပ် စိတ်စွမ်းအင် အလင်းတန်းတစ်ခု ထွက်လာပြန်သည် ။

ကွေ့ရှ အဆင့် ကိုး ..

သူ့ကျင့်ကြံခြင်းအဆင့် ပြောင်းနေသည်ကို ခံစားမိလိုက်သော ဝေ့ပုဒေါက်၏ မျက်လုံးများက ဝမ်းသာပျော်ရွှင်မှုအပြည့်  ဖြစ်သွား၏။

" ဟားဟား ..တကယ် အလုပ်ဖြစ်သွားပြီ .. ငါ့ ကျင့်ကြံခြင်းအဆင့် တက်သွားပြီကွ ။ ဒါပေမယ့် ဒါနဲ့ မလုံလောက်သေးဘူး ။ နောက်တစ်ဆင့်ကို ထပ်သွားရမယ် "

ဝေ့ပုဒေါက်အသွင်မှာ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည် ... ။

All Chapters