အခန်း (၁)
Vol. 1 Ch. 1
"ဒေးဗစ်လမ်းခွဲကြရအောင်"
South River တက္ကသိုလ်လယ်ကွင်းဘေးရှိ တောအုပ်ငယ်တစ်ခုတွင်။
ဆာရာ ဂျမ်ဆင် က သူမ၏ ချစ်သူ ဒေးဗစ်
လစ်ဒဲလ်ကိုပြောလိုက်သည်။
"ဆာရာ ဘာလို့လဲ ငါဘာမှားခဲလို့လဲဲ မင်းဘာလို့ ဒီလောက်စိတ်ပျက်နေတာလဲ" ဒေးဗစ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူတို့နှစ်ယောက်ဟာ အထက်တန်းကျောင်းကတည်းက သူငယ်ချင်းများဖြစ်ကာ စီနီယာ တတိယနှစ်တွင် စတင်ချိန်းတွေ့ခဲ့သည်။
ဒေးဗစ်ရဲ့ မိသားစုနောက်ခံက သိပ်မကြီးပေမယ့် သူက ချောမောတယ်၊ စာတော်တယ်၊ ကြင်နာတတ်တယ်ပြီးတော့ မိသားစုကို ဦးစားပေးတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။
သူအထက်တန်းကျောင်းရောက်တော့ မိန်းကလေး ကျောင်းသူ အများစုရဲ့ကြိုက်နှစ်သက်ခြင်းကို ခံရသည်။
ဆာရာ လည်း မဆိုးပါဘူး။ သူမဟာ အတန်းထဲမှာအလှဆုံး မိန်းကလေးဖြစ်ပြီး ဒေးဗစ်လောက် မတော်သော်လည်း အတော်ဆုံး ကျောင်းသားများထဲမှ တစ်ဦး ဖြစ်နေဆဲဖြစ်သည်။
ချိန်းတွေ့တဲ့အခါ ဆရာတွေက မကြာခဏ ဝေဖန်ကြသည်။ သူတို့နှစ်ယောက်ရဲ့ စာလေ့လာမှုမှာ အနှောင့်အယှက်တစ်ခုခုဖြစ်လာမယ်ဆိုရင်ချက်ခြင်း လမ်းခွဲမယ်လို့ ဆရာတွေကို ကတိပေးပြီး ဆက်တွဲကြသည်။
သူတို့နှစ်ယောက်လုံးဟာ အမျိုးသားအဆင့် အဓိက တက္ကသိုလ်ဖြစ်တဲ့ South River တက္ကသိုလ်ကို တက်လှမ်းနိုင်ခဲ့ပြီး လူတော်တော်များများက သူတို့ကို မနာလိုဖြစ်ခဲ့ကြသည်။
သို့သော် တက္ကသိုလ်စတက်ပြီး တစ်နှစ်အောက်၌ ဆာရာ သူနှင့်ခွာခွာနေလာမယ်လို့ဒေးဗစ်တစ်ယောက် မျှော်လင့်မထားခဲ့ပေ။ အခုလည်း သူနဲ့ လမ်းခွဲဖို့ တိုက်ရိုက် တောင်းဆိုနေသည်။
တကယ်တော့ အစကတည်းက ဆာရာ၏ အပြောင်းအလဲတွေကို သူသတိထားမိသည်။ သူတို့နှစ်ယောက်အတူရှိတိုင်း ဆာရာ့စိတ်က တခြားတစ်နေရာမှာ ရှိနေတတ်သည်။ ထို့အပြင်၊ သူမသည် သူနဲ့ချိန်းတွေ့ဖို့တောင်းဆိုတိုင်း
အကြောင်းအမျိုးမျိုးပြကာ ငြင်းတတ်သည်။
တစ်နေ့သောစနေနေ့မှာ ဆာရာ ဟာ သူတို့အတန်းထဲက ပလေးဘွိုင်တစ်ယောက်ရဲ့ ကားထဲကို ဝင်သွားတာတောင် မြင်လိုက်ရသည်။ သို့သော် သူငယ်ချင်းများစုဝေးပွဲသို့ သွားနေကြသည်ဟု သူ့ကိုယ်သူ နှစ်သိမ့်နေဆဲဖြစ်သည်။
သို့သော် ယနေ့ လမ်းခွဲရန် ဆာရာ၏ တောင်းဆိုချက်သည် ဒေးဗစ်၏ စိတ်ကို ကွဲကြေသွားစေသည်။
"ဒေးဗစ် ခက်ခဲတဲ့ခံစားချက်တွေမပါဘဲ လမ်းခွဲပြီး ငါတို့နှစ်ယောက်အတွက် လှပတဲ့အမှတ်တရတစ်ခု ထားခဲ့ကြရအောင်၊ ဟုတ်ပြီလား"
"ဆာရာ၊ ငါ့ကိုပြောပါ၊ အဲဒါ လီယိုကြောင့်လား။"
"အဲ့ဒီ့တော့ဘာဖြစ်လဲ?"
“ဆာရာ၊ လီယိုက တက္ကသိုလ်မှာ ပလေးဘွိုင်တစ်ယောက်ဆိုပြီးနာမည်ကြီးတယ်။ သူ့ကြောင့် ကျောင်းသူ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်တောင်ရခဲ့တယ် မသိဘူးလား”
“လီယိုငါ့ကို ရှင်းပြပြီးပြီ။ နှစ်ယောက်လုံး မူးပြီးမှားသွားကြတာ။ ပြီးတော့ အဲ့မိန်းကလေးကအရင်စခဲ့တာ။ ပြီးတော့ ကောင်မလေးကို လျော်ကြေးတောင် ပေးလိုက်တယ်”
“ဆာရာ၊ သူ့ကို မယုံနဲ့။ သူက မင်းကို လိမ်နေတာ။ သူက လူတော်တော်များများနဲ့ တစ်ချိန်တည်းမှာချိန်းတွေ့နေတာ။”
“ကောင်းပြီ ဒေးဗစ်၊ ငါနင့်ကို ဒီအကြောင်းကိုပြောပြဖို့ ဒီမှာ ရှိနေတာ ကျေးဇူးပြုပြီး ငါ့ကို နှောင့်ယှက်တာရပ်လိုက်ပါတော့။ ငါသွားတော့မယ်။"
ဆာရာ က ဒီလိုပြောပြီးနောက်လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။
သို့သော် ဒေးဗစ်သည် သူမအား တားလိုက်သည်။
“ဆာရာ၊ ငါ့စကားကို နားထောင်ပါ။ လီယိုကလူကောင်းမဟုတ်ဘူး။ သူလှည့်စားတာမခံပါနဲ့။ ဒါကသူပြောခိုင်းတာလား။ သူပြောခိုင်းတာသေချာတယ်! ငါသူ့ကိုလိုက်ရှာမယ်!"
ဆာရာဟာ ဒေးဗစ်၏လက်ကို ဖယ်လိုက်ပြီး
“ဒေးဗစ်ကိုယ့်ကိုကိုယ်ရော တခြားသူတွေကိုပါ လိမ်ညာမနေနဲ့ လီယို ကငါ့ကိုအတင်းမတိုက်တွန်းဘူး။ ငါကိုယ်တိုင် ဆန္ဒရှိတယ်။ နင်နဲ့အတူမနေချင်တော့ဘူး။ ဘွဲ့ရပြီးရင် အိမ်၊ ကားဝယ်ပြီး ချေးငွေတွေပြန်ဆပ်နိုင်ဖို့ ငွေရှာရလိမ့်မယ်။
ငါအစားအသောက်ကောင်းကောင်းစားချင်တယ်၊ အဝတ်အစားကောင်းကောင်းဝတ်၊ ဈေးကြီးတဲ့ပစ္စည်းတွေကို သုံးချင်တယ် နားလည်လား။ ဒီအိတ်ကိုတွေ့လား L Brand ရဲ့ နောက်ဆုံးထွက်ပစ္စည်းဖြစ်ပြီး ငွေတစ်သောင်းကျော်ကုန်ကျတယ်။ မင်းနဲ့အတူရှိနေရင် ငါတစ်သက်လုံးပျော်နိုင်မှာမဟုတ်ဘူး။ မင်းငါ့ကို လီယို ပေးနိုင်တာကို မင်းဘယ်တော့မှ ပေးနိုင်မှာမဟုတ်ဘူး။"
"ဒါပေမယ့် လီယိုက မင်းနဲ့ ကစားနေတာ။ သူ မင်းကို လက်ထပ်မှာ မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ လူတွေကို သူအဲ့လိုလုပ်ပြီးပြီ” ဒေးဗစ််နောက်ဆုံးအကြိမ် ကြိုးစားလိုက်သည်။
"ဟေး ဟေး ဟေး မစ္စတာ ဒေးဗစ်၊ နောက်ကွယ်မှာ တစ်ယောက်ယောက်ရဲ့ မကောင်းကြောင်းပြောနေတာ မကောင်းဘူးမဟုတ်လား။"
အသံတစ်ခုသူတို့၏ နားထဲသို့ဝင်လာသည်။ ထို့နောက် ဘရန်းဒက် ၀တ်အစားများ ဝတ်ဆင်ထားသည့် လီယိုကို တွေ့လိုက်ရသည်။ အဲဒီနောက်မှာတော့ ဆာရာ ရဲ့ခါးကို ဆုပ်ကိုင်ဖို့ လက်လှမ်းလိုက်သည်။
"လီယို၊ နင်ဒီမှာလား။" ဆာရာသည် ချစ်စရာကောင်းသည့်ပုံဖြင့်လီယို၏ ခန္ဓာကိုယ်ကို မှီကာပြောလိုက်သည်။
သူရောက်လာသည့်အခိုက်တွင် လီယိုသည် ဆာရာခါးကို ကိုင်ထားကာ ဆာရာသည် လီယိုကို မှီနေပုံကိုဒေးဗစ်မြင်သောအခါတွင် သူ၏နှလုံးသွေးများယိုစီးနေသကဲ့သို့ ခံစားရသည်။
သူဘာလုပ်လုပ် အလုပ်မဖြစ်တော့ဘူးဆိုတာ သူမသိပေ။ အမျိုးသမီးတစ်ဦး စိတ်ပြောင်းသွားသည်နှင့် နောက်ပြန်လှည့်ရန် ခက်ခဲပေလိမ့်မည်။ သူတို့နှစ်ယောက်ကို ချစ်ကြည်နူးနေတာကို မမြင်ချင်ပေ။ ထို့ကြောင့် ဆာရာအား “ဆာရာ၊ တစ်နေ့နေ့၊ ဒီနေ့ မင်းဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို နောင်တရလိမ့်မယ်”
ထို့နောက် ထွက်ခွာဖို့အသင့်ပြင်လိုက်သည်။
“နေပါဦး” လီယိုက ဒေးဗစ်ကို အော်လိုက်သည်။
ထို့နောက် သူလှည့်ကြည့်ကာ ဆာရာအား “ဆာရာ၊ မင်း အရင်ထွက်သွားသင့်တယ်။ ဒေးဗစ်နဲ့ စကားနည်းနည်းပြောပြီးရင် မင်းကို လာခေါ်လိုက်မယ်။”
"လီယို၊ အတူတူသွားရအောင်။ ငါဒေးဗစ်နဲ့ လမ်းခွဲလိုက်ပြီဆိုတော့ ဘာမှပြောစရာမရှိတော့ပါဘူး။”
“စိတ်မပူပါနဲ့၊ အဲဒါက စကားနည်းနည်းပဲပြောမှာ။ ငါတို့ ဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူး။”
"ကောင်းပြီ မင်းမြန်မြန်လုပ်သင့်တယ်။ ကျောင်းဝင်းအဝင်ဝမှာ မင်းကိုစောင့်နေမယ်" ဆာရာ ပြောပြီးနောက် သူမထွက်သွားခင် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
ဒေးဗစ်သည် နှလုံးသွေးယိုစီးသော်လည်း၊ဆာရာရှေ့မှာ သူ့ရဲ့ ကြေကွဲဝမ်းနည်းမှုတွေကို ပြသနိုင်ပြီး ဂုဏ်သိက္ခာတွေ ဆုံးရှုံးခံနိုင်ပေမယ့် လီယိုကို သူ့ဘက်ကတော့ ဘယ်တော့မှ ပြသမှာ မဟုတ်ပါ။
"ဒေးဗစ်၊ ငါ မင်းကို တစ်ခုလောက် ပြောပြချင်တယ်"
လီယိုပြောပြီးနောက်၊ သူသည် ရှေ့နှစ်လှမ်းတိုးကာ ဒေးဗစ်၏နားတွင် တိုးတိုးလေးပြောကာ “ဆာရာမှာဒီလောက်မိုက်တဲ့ခန္ဓာကိုယ်ရှိတာ။ မင်းနဲ့အတူတူနေတာကြာပြီ၊ မင်းနှစ်ယောက်အတူမနေရသေးမှန်းငါမမျှော်လင့်ထားဘူး... ကောင်းပြီ ငါအခုသွားသင့်ပြီ။ ဆာရာငါ့ကို စောင့်နေပြီ ပြီးတော့ Golden Leaf ဟိုတယ်မှာ သီးသန့်အခန်းကို ကြိုတင်စာရင်းပေးထားတယ်။ အဲဒီနေရာကို သိလား။ အဲ့တာ ကြယ်ရှစ်ပွင့်ဟိုတယ်ပဲ မင်းတစ်သက်လုံး အဲဒီနေရာမှာ ထမင်းစားဖို့ ဘယ်တော့မှ တတ်နိုင်မှာမဟုတ်ဘူး။”
လီယိုသည် ထိုစကားကိုပြောပြီးနောက် လှည့်ထွက်သွားသည်။ လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါး ရယ်မောမိသည်။ "ဟားဟား!"
လီယိုပြောသည့်စကားကို ဒေးဗစ်ကြားပြီးနောက် မူးဝေသွားသည်။
သူသည် ဆာရာ နှင့် လေးနှစ်ကြာ အတူနေခဲ့ပြီး ထိုနှစ်များတစ်လျှောက်လုံး ၎င်းတို့သည် လက်ကိုကိုင်ကာ နမ်းရုံသာဖြစ်သည်။ ဒေးဗစ်သည် နောက်ထပ်တစ်ခုခုလုပ်ရန် ကြိုးစားသည့်အခါတိုင်း ဆာရာက သူ့ကိုတားသည်။လက်ထပ်ပြီးမှဟုသူ့ကိုအမြဲပြောသည်။
လက်ထပ်ပြီးရင်...
ဒါပေမယ့် ရက်အနည်းငယ်ကြာ အတူရှိပြီးနောက်မှာတော့ ဆာရာက လီယို နဲ့ လုပ်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
ထိုအချိန်တွင် ဒေးဗစ်သည် သူ၏ ဦးနှောက်ဆီသို့ သွေးများ တဟုန်ထိုး စီးကျနေသည်ကို ခံစားလိုက်ရပြီး မျက်လုံးများ နီရဲလာသည်။ သူ မထိန်းနိုင်တော့ဘူး။ ပါးစပ်မှ သွေးတစ်လုပ်ဖျန်းခနဲ အန်ကာမေ့လဲသွားသည်။
ဒေးဗစ်နိုးလာသောအခါတွင် သူသည် တက္ကသိုလ်၏ ဆေးကုသဆောင်တွင် ရှိနေသည်။
သူထခါနီးတွင် သူ့ခေါင်းထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
[ဒင်!
[လွန်စွာ ခမ်းနားထည်ဝါသော စနစ်အား စည်းနှောင်ခြင်း...
[၁၀%…
[၃၀%…
[၅၀%…
[၈၀%…
[၁၀၀%…
[ချည်နှောင်မှု ပြီးပါပြီ။]
ထို့နောက် ဒေးဗစ်တစ်ဦးတည်းသာ မြင်နိုင်သော မြင်ကွင်းတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာသည်။
[အိမ်ရှင်- ဒေးဗစ်လစ်ဒဲလ်
[လက်ကျန်ငွေ- 100,000,000,000,000,000 ဒေါ်လာ (၁၀ ကွာထျီလီယံ)
[ကိုယ်ထည်: ၁၅ (အားနည်း)
[စိတ်- ၂၈ (ပုံမှန်)၊
[ကျွမ်းကျင်မှု- လွတ်လပ်စွာထည့်နိုင်သည်၊ lavish point များအသုံးပြုရန်လိုအပ်သည်။
[lavish points - 0]
ဒေးဗစ်သည် ဖြစ်ပျက်နေသည့်အရာများကို နားမလည်မီတွင် သူ၏ခေါင်းထဲတွင် အသံကို ထပ်မံကြားလိုက်ရသည်။
[အိမ်ရှင် ဒေးဗစ် လစ်ဒဲလ်ကို super lavish systemမှ ကြိုဆိုပါတယ်။ ဤစနစ်ဟာ တစ်ခုတည်းသော စည်းနှောင်မှုစနစ်တစ်ခုဖြစ်ပြီး လွှဲပြောင်းမရနိုင်ပါ။ အိမ်ရှင်သေဆုံးသွားသည်နှင့် စနစ်သည် ပျောက်ကွယ်သွားမည်ဖြစ်သည်။
[အိမ်ရှင်၏ လက်ကျန်ငွေသည် ကမ္ဘာတစ်ဝှမ်းရှိ ဘဏ်အားလုံးနှင့် ချိတ်ဆက်ထားပြီးဖြစ်ပြီး အိမ်ရှင်သည် ၎င်းတို့၏ လက်ဗွေ၊ မျက်နှာ စသည်ဖြင့်အသုံးပြုနိုင်သည်။
[စနစ်အသုံးပြုပုံ- အိမ်ရှင် ဒေးဗစ် သည် ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံပြီးနောက် lavish poitကို ရရှိမည်ဖြစ်သည်။ lavish point ကို အိမ်ရှင်၏ ခန္ဓာကိုယ်၊ ဉာဏ်ပညာ၊ ကျွမ်းကျင်မှုနှင့် ၎င်းတို့၏ ကျွမ်းကျင်မှုတို့ကို ပိုမိုကောင်းမွန်စေရန် အသုံးပြုနိုင်သည်။
[စည်းကမ်းများ- စည်းကမ်းတစ်ခုပဲ ရှိသည်။ အိမ်ရှင်သည် ဝယ်ယူလိုသမျှ ပစ္စည်းများ၏ ဈေးနှုန်းကို ညှိနှိုင်းခြင်းမပြုရန် တားမြစ်ထားသည်။ ဈေးညှိုနှိုင်းသူသည် စနစ်နှင့်မထိုက်တန်ပါ။]