ဇာတ်လမ်းအစမှာ mc က စော်ပစ်ခံရလို့ သွေးအန်ပြီး မေ့လဲသွားတယ်။ ပြန်သတိရလာတော့ သူမှာ စနစ်တစ်ခုရှိနေတာကို တွေ့ရတော့တာပဲ။ စနစ်ကသူ့ကို ပိုက်ဆံတွေပေးတယ်။ ဘယ်လောက် လဲဆိုတော့ ဒေါ်လာ 10,000,000,000,000,000 ၊ ၁၀ ကွာဒရီလီယံ(10 quadrillion)။ အဲ့တာ ဘယ်လောက်များလဲဆိုတော့ သန်း ၁၀၀၀ကို ၁ဘီလီယံ၊ ၁၀၀၀ ဘီလီယံကို ၁ထျီလီယံ၊ ၁၀၀၀ထျီလီယံကို ၁ကွာဒရီလီယံ ရှိတယ်။ (ကမ္ဘာ့စီးပွားရေး(World Economy) တောင် ၁၂ထျီလီယံပဲ ရှိပါတယ်) ဇာတ်လမ်းကိုပြန်ဆက်ရမယ်ဆိုရင် သူက ပိုက်ဆံသုံးရင် အမှတ်တွေရမယ်။ အဲ့အမှတ်တွေနဲ့ သူ့ခန္ဓာကိုယ်တို့၊ စိတ်တို့ကို အဆင့်မြင့်လို့ရတယ်။ ပြီးတော့ ကျွမ်းကျင်မှုတွေကိုလည်း ဝယ်လို့ရတယ်။ ဥပမာ ကားမောင်းကျွမ်းကျင်မှုတို့၊ ဘာသာစကားကျွမ်းကျင်မှုတို့ပေါ့။ Mc ချမ်းသာတဲ့ Typeမျိုးကို ဖတ်ချင်တဲ့သူတွေအတွက်ဆို ကွက်တိပဲပါပဲလို့ ညွှန်းဆိုပါရစေ။

