← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

သူတို့ တံခါးကို လှမ်းဝင်လိုက်သည်နှင့် ဒေးဗစ်အံ့အားသင့်သွားသည်။ အလှဆင်ထားတဲ့ဒီဇိုင်းအားလုံးဟာ အလွန်ဇိမ်ရှိကာ ဤအရာသည် အကောင်းဆုံးယူနစ်ဖြစ်မည်မှာ သေချာသည်။

ဒေးဗစ် သူ့အရှေ့ရှိရှုခင်းတွေကို လှမ်းကြည့်လိုက်တော့ သူဟာ ကမ္ဘာကြီးရဲ့ထိပ်ဆုံးမှာ ရှိနေသလို ခံစားရသည်။

“မစ္စတာ လစ်ဒဲလ် ဒါက Block 1 ရဲ့ အကောင်းဆုံးယူနစ်ပါ။ ဆရာ့ရှေ့မှာရှိတဲ့ လမ်းညွှန်ပြတင်းပေါက်ရဲ့မှန်က နိုင်ငံခြားမှ တင်သွင်းထားတာပါ။ ကျညကာ်မှန် ဖြစ်ပြီး အဲ့တာက ၁၀စင်တီမီတာအထူရှိပါတယ်။ ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ရင်တောင် ကွဲမှာမဟုတ်ပါဘူး။အလင်းပိတ်ခြင်းက အလွန်နည်းလို့ နေရောင်ခြည်ကို လုံးဝပိတ်မှာမဟုတ်ဘူး။ ဒီပြတင်းပေါက်တစ်ခုတည်းက ဒေါ်လာဆယ်သန်းကျော် ကျပါတယ်။

“ဒါက မီးဖိုချောင်ပါ"

“ဒါက အလုပ်ခန်းပါ။"​

“ဒါက ဝိုင်အရက်ခန်းပါ။"

“ဒါက အိမ်သာပါ။"

“ဒါက ပုံဆွဲခန်းပါ။"

“ဒါက ဖျော်ဖြေရေးအခန်းပါ”

“ဒီမှာ အိမ်တွင်းရေကူးကန်ပါပါတယ်၊ မနက်တိုင်း အချိန်ဇယားအတိုင်း ရေပြောင်းပေးပြီး အစားထိုးထားတဲ့ ရေကစစ်ထုတ်ထားပြီးသားပါ။ ပိုးမွှားကင်းစင်လို့သောက်လို့တောင်ရပါတယ်။ "

ဂျမ်နီကပြောလိုက်ပြီး​နောက်​ရေ​တွေ​ကိုသောက်ပြလိုက်သည်။ သူမလုပ်ရခြင်းအကြောင်းမှာ ဤရေသည် အလွန်သန့်စင်သည်ဟု ဒေးဗစ်ယုံကြည်စေရန်ဖြစ်သည်။

သူတို့နှစ်ယောက် ပြီးသည်နှင့် တစ်နာရီကျော်သွားသည်။

ယူနစ်မှ ထွက်လာပြီးနောက် ဂျမ်နီမှ ဒေးဗစ် အား “မစ္စတာ​လစ်ဒဲလ် အရောင်းပြခန်းကို ပြန်သွားပြီး ခဏလောက် အနားယူသင့်တယ်။ ကျမကြမ်းပြင်ကိုသုတ်ပြီးမှ ပြန်လာခဲ့မယ်"

ဂျန်နီသည် ကြမ်းပြင်ကို သုတ်ရန် အဝတ်တစ်ထည်ကို ကောက်ယူရန်လုပ်လိုက်သည်။

“မလိုဘူး၊ငါဒီယူနစ်ကိုယူမယ်"

ဒေးဗစ်ပြောတာကို ဂျန်နီ ကြားတဲ့အခါ လက်တုနသွားသည်။

“အမ် မစ္စတာ​တာ လစ်ဒဲလ် မင်းဘာပြောလိုက်တာ"

"မလိုဘူးလို့ ယူနစ်ကိုငါယူမယ်လို့ပြောလိုက်တာ။"

"တ တကယ်လား?"

"ဟုတ်တယ်!" ဒေးဗစ် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်! မစ္စတာ​လစ်ဒဲလ် ငါတို့လုပ်ထုံးလုပ်နည်းတွေဆက်လုပ်ရတော့မလား?ဂျမ်နီ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဒါပေါ့”

နှစ်ယောက်သား အရောင်းပြခန်းသို့ ပြန်သွားသည်။

ဂျမ်နီက လမ်းလျှောက်နေရင်း အိပ်မက် မက်နေသလို ခံစားနေရသည်။

ဒေးဗစ်က ဤယူနစ်ကို ဝယ်ချင်သည် ။

ဤယူနစ်၏စျေးနှုန်းသည်ဒေါ်လာ ၃၉၈သန်းဖြစ်ကာသူမက ကော်မရှင်ခ ၃.၉၈သန်းရမှာဖြစ်ပြီး သူမ တစ်သက်လုံး ပိုက်ဆံ ဒီလောက်ကြီးကိုမမြင်ဖူးပေ။ ဒီပမာဏက သူ့ခရိုင်မှာ အိမ်ဆယ်လုံးဝယ်ဖို့ လုံလောက်သည်။

အရောင်းအဖွဲ့တွင် ဂျမ်နီကဲ့သို့ကျေးလက်ဒေသမှ ရောက်ရှိလာသော လူသစ်သာလျှင် ဒေးဗစ်ကိုယုံကြည်လိမ့်မည်။ တခြားသူဆိုရင် ဒေးဗစ်က ဒီယူနစ်ကို တတ်နိုင်မယ်လို့ ဘယ်တော့မှ ယုံမှာ မဟုတ်ပေ၊ သူတောင်းစားနဲ့တူတဲ့လူက အိမ်တစ်လုံးအတွက် သန်း၄၀၀သုံးမှာလား။ သူတို့ ဘယ်တော့မှ ယုံမှာမဟုတ်ပေ၊ ဒေးဗစ်ကို ယူနစ်ကိုကြည့်ဖို့တောင် သူတို့ခေါ်သွားမှာမဟုတ်

အရောင်းပြခန်းထဲပြန်ရောက်တော့ဂျန်နီက စာချုပ်ပြင်ဆင်မှုမှာ အလုပ်ရှုပ်ပြီး၊ မန်နေဂျာကို ဖုန်းဆက်လိုက်သည်၊ မန်နေဂျာက ငွေရေးကြေးရေးတာဝန်ခံကို ခေါ်သွားသည်။

အားလုံးပြီးသွားတော့ ညနေစောင်းစောင်းအချိန်ရောက်နေသည်။ အရောင်းပြခန်းထဲက ဝန်ထမ်းတစ်ယောက်မကျန် ဂျန်နီက Block 1 ရှိ အကောင်းဆုံးယူနစ်ကို ရောင်းချခဲ့သည်ဟု မယုံနိုင်ခဲ့ကြပေ။

ဒေးဗစ်ပေးဆောင်ပြီးနောက် အမှန်တရားကို သူတို့လက်ခံလိုက်ရသည်။ တချိတ်တည်းမှာပင် အားလုံး၏ နှလုံးသားများ သွေးများစီးကျလာသည်။ အဲ့တာက ၄ သန်း၊ ၄ သန်း! ဒေးဗစ်ဟာအခန်းတွင် မိနစ်အနည်းငယ်ကြာ ရပ်နေခဲ့ပြီး သူ့အား ဝန်ဆောင်မှုပေးရန် သူတို့ထဲက တစ်ယောက်ယောက်က သူ့ဆီသွားခဲ့မယ်ဆိုရင် ပိုက်ဆံက သူတို့ထဲက တစ်ယောက်အတွက်ဖြစ်နေလောက်သည်။

မစ္စဂျိမ်းအမည်ရှိ အမျိုးသမီးသည် ယခုအချိန်တွင် သူ့ကိုယ်သူ ပါးရိုက်ချင်နေသည်။ ၄သန်း၊ ယမန်နှစ်တွင် သူမသည် ၈၀၀ ၀၀၀ တန်သောယူနစ်ကို ရောင်းချမှု ပြုလုပ်ရန် လက်မှတ်မထိုးမီတွင် ဘီယာဗိုက်နှင့် နိုဗိုသူဌေးအား တစ်လလုံးပြုစုခဲ့ရသည်။

၈၀၀,၀၀၀ အတွက်တစ်လလုံး ဒုက္ခ​ခံခဲ့ရသည်။ ဒါပေမဲ့​ အခုလေးတင် ဂျမ်နီ ဟာ တစ်နေ့တည်းနဲ့၄သန်းရအောင်လုပ်နိုင်ခဲ့သည်။ တွေးလိုက်တိုင်းသူမသွေးတွေ အန်ချင်လာသည်။

South River International Residence မှ ဒေးဗစ်ထွက်လာပြီးနောက် သူသည် ညစာစားကာဖုန်းအသစ်တစ်လုံးဝယ်ရန် တစ်သောင်းကျော်သုံးစွဲခဲ့သည်။ တစ်ချိန်​တည်းမှာပင် သူ၏လက်ကိုင်ဖုန်းအဟောင်းအား အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။

South River International Residence ရှိ Block 1 ၏ အပေါ်ဆုံးထပ်သို့ ပြန်သွားချိန် ဤနေရာသည် ဒေးဗစ်၏အိမ်ဖြစ်နေပြီ ဤနေရာ၌ ကြာကြီးနေမည်ဟု တွေးထားသည်။

ဖျားနာခွင့်ရက်အနည်းငယ်တောင်းဖို့ တက္ကသိုလ်က ဆရာကို ဖုန်းဆက်လိုက်သည်။ ဒေးဗစ်သွေးအန်ပြီးနောက်သူ့ဆရာက သူ့ကိုဘာဒုက္ခမှမပေးပါ။

ဒေးဗစ်သည် ဤနှစ်ရက်တာအတွက် အတန်းကို မသွားချင်ပေ။ လှောင်ပြောင် လှောင်ပြောင်နေသူတွေ အများကြီးရှိမှာ သေချာသည်။

'မနက်ဖြန် ဇိမ်ခံကားဝယ်ပြီး ကျောင်းဝင်းကို မောင်းပြီးပြန်ရမယ်။ အဲဒီအခါကျရင် ဘယ်သူက ငါ့ကို လှောင်ရဲသေးလဲ ကြည့်ချင်တယ်။

'ဆာရာ၊ ဒေါ်လာတစ်သောင်းတန် အိတ်တစ်လုံးအတွက် ငါတို့ရဲ့သုံးနှစ်ကြာ ဆက်ဆံရေးကိုဖြတ်တောက်လိုက်တယ်ပေါ့။ ငါကသန်းပေါင်းများစွာတန်တဲ့ ကားတစ်စီးကို ကျောင်းဝင်းထဲမောင်းတာကိုမြင်အခါ မင်းနောင်တရမလားလို့ မြင်ချင်တယ် F*ck'

စျေးကြီးတဲ့ သားရေဆိုဖာပေါ်မှာ လှဲလျောင်းရင်း ချမ်းသာတဲ့လူတစ်ယောက်ရဲ့ဘဝက အရမ်းအဆင်ပြေတယ်လို့ ခံစားမိသည်။

ဒေးဗစ်သည် သူ့ရှေ့က မျက်နှာပြင်ကိုကြည့်လိုက်သည်။

[အိမ်ရှင်- ဒေးဗစ်လစ်ဒဲလ်

[လက်ကျန်- 9999999501986412 ဒေါ်လာ

[ကိုယ်ထည်: ၁၅ (Weak) +

[စိတ်: ၂၈ (ပုံမှန်) +

[ကျွမ်းကျင်မှုများ- ပေါင်းထည့်ရန် ခမ်းနားသောအမှတ်များကိုအသုံးပြုရန်လိုအပ်သည် +

[အမိုက်စားအချက်များ- ၄]

သူ့အသက်၊ စိတ်၊ စွမ်းရည်တွေရဲ့ နောက်ကွယ်မှာ လက္ခဏာတွေ ပါနေသည်၊ သူ့မှာ ခမ်းနားသော အမှတ် ၄ မှတ် ရှိသည်။

ဒေးဗစ်သည် သူ့ ခန္ဓာကိုယ်​အတွက် ခမ်းနားသောအမှတ်၄မှတ်ပေါင်းထည့်ရန်တွန့်ဆုတ်မနေပါ။

ထို့နောက်​မျက်နှာပြင်ရှိ သူ့ ခန္ဓာကိုယ်​သည်၁၅မှ၁၉သို့ချက်ချင်းပြောင်းလဲသွားသည်။

ဒေးဗစ် သူ့ခန္ဓာကိုယ်​ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ဟာ အားနည်းပြီး စွမ်းအင်ချို့တဲ့မှုဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက အာဟာရချို့တဲ့နေသော်လည်း အခုချိန်မှာတော့ ပိုကောင်းအောင် ပြောင်းလဲနေပြီလို့ သူခံစားလာရသည်။

အခု ပိုတက်ကြွတယ်လို့ ခံစားရသည်။ သူ့ကိုယ်သူအရင်ထက် ပိုပြီးသန်မာလာသလိုခံစားနေရသည်။

“ဒါဆို ဒါကဘာလဲ?

"ငါ့မှာ ခမ်းနားသောအမှတ်တစ်ဒါဇင်ကို ထည့်လိုက်ရင် အိုလံပစ်ချန်ပီယံတွေထက်ပိုပြီးအစွမ်းထက်မှာမဟုတ်ဘူးလား။"

အခန်းထဲတွင် ဒေးဗစ်သည် သူ၏ဘဝဟာအလွန်ကောင်းသည်တွေးနေသည်။

ထို့နောက်​ဖုန်း​ကို ထုတ်ပြီးInstagramတောင်းဆိုချက် နှစ်ခုကို request လုပ်လိုက်သည်။

တစ်ခုမှာ ပုလဲ ဖြစ်ပြီး ကျန်တစ်ခုမှာဂျန်နီ မှဖြစ်သည်။

ဒေးဗစ်သည် သူတို့ကို လက်ခံလိုက်သည်။

မကြာခင်မှာပဲပုလဲက သူ့စာတစ်စောင် ပို့သည်။

ပုလဲ​- [ဒေးဗစ် ဒါလင်၊ မင်းအိပ်ပြီလား]

ဒေးဗစ်: [မအိပ်သေးဘူး ငါမင်းကို ကူညီနိုင်တာတစ်ခုခုရှိလို့​လား]

ပုလဲ : [ဘာမှ မရှိရင် ငါမင်းကို စာပို့လို့ မရဘူးပေါ့]

ဒေးဗစ်- [ဟုတ်ပါပြီ မင်းလုပ်နိုင်တယ်ပါတယ် အလှလေး ငါ့ကို စာပို့လို့ အရမ်းပျော်ပါတယ်။]

ပုလဲ : [မင်းက အရမ်းကောင်းတာပဲဟန်နီ ငါအားလပ်ရက်ရှိတယ် မင်းနဲ့ရေကူးဖို့တောင်းဆိုချင်လို့ မင်းအားပါ့မလား။

ဒေးဗစ်စာကို ဖတ်ပြီးနောက်၊ ရေကူးဝတ်စုံ ဝတ်ဆင်ထားသော ပုလဲ​၏ပုံသည် သူ့ခေါင်းထဲတွင် ပေါ်လာသည်။ ​

'အင်း၊ သူက ငါ့ကိုပြောင်ပြောင်တင်းတင်း မြူစွယ်နေတာပဲ'

ခြေတံရှည်ရှည် လှပသော အမျိုးသမီးတစ်ဦး၏ တောင်းဆို​ချက်ကို သူမည်ကဲ့သို့ငြင်းပယ်နိုင်မည်နည်း။

အဆုံးတွင် ဒေးဗစ်သည် စာပြန်လိုက်သည်ေယ

သူက ပြန်ဖြေလျုက်သည်။

ဒေးဗစ်- [မအားလဲ အလှလေး ပုလဲရဲ့ဖိတ်ခေါ်ချက်မလို့ ငါဘယ်လိုမှ မငြင်းနိုင်ပါဘူး]

ပုလဲ: [ကောင်းပြီလေ။ မကြာခင်မှာတွေ့မယ်]

ဒေးဗစ်: [ကောင်းပြီ၊ မစ္စ ပုလဲ!]

ပုလဲ- [မင်္ဂလာညချမ်းပါ ဒါလင်။]

ဒေးဗစ်: [ မင်္ဂလာညချမ်းပါ အလှလေး ပုလဲ]

ဒေးဗစ်သည် အဲ့ အချိန်​ကို မြန်​မြန်​ရောက်ချင်နေသည်။

Instagram ကို အချိန်အနည်းငယ်ကြာအောင် လှိမ့်လိုက်ပြီးနောက် ဒေးဗစ်သည် ငြီးငွေ့လာသည်။ သူ့လူမှုကူညီရေးက သေးသေးလေးမို့ သူ့ Instagram မှာ သူနဲ့ အဆင်ပြေတဲ့ သူငယ်ချင်းတစ်ချို့သာရှိသည်။ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်မှ အတန်းဖော်များ သူတို့အဖွဲ့ချတ်က တော်တော်အသက်ဝင်တယ် အဲဒီ့အပြင် ဆွေမျိုးတချို့လည်း ရှိသည်။

တစ်ခါတရံမှာတော့ အခန်းဖော်တွေက စာပို့သည်။

ဒေးဗစ်၏မိဘများဟာ ဒေးဗစ်ဆယ်နှစ်မပြည့်မီတွင် မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားကြသည်။ အထက်တန်းမတက်မီထိ ဒုတိယဦးထင်လေးနှင့် အတူနေရသည်။

အဲဒီတုန်းက သူ့ဦးလေးသုံးယောက်က သူကို အုပ်ထိန်း​ဖို့ မဆုတ်မနစ်တိုက်ပွဲဝင်ကြသည်။ ၎င်း၏ဒုတိယဦးလေးနှင့် အဒေါ်သည် သူ့အပေါ် အလွန်ကောင်းနေသည်။ ဒေးဗစ်သည် သူ့မိဘများအနားတွင်မရှိသော်လည်း

သူ့ဒုတိယဦးလေး​နှင့် ကောင်းမွန်သောဘဝတစ်ခုရမည်ဟု ဒေးဗစ်က ထင် ထားခဲ့သည်။ထို့​ကြောင့် နောက်ဆုံးတော့ သူက ဒုတိယဦးလေးကို ရွေးခြယ်

လိုက်သည်။

နောက်ဆုံးတွင်၊ ဒုတိယဦးလေးသူကို အုပ်ထိန်းခွင့်ကသောအခါ ဒေးဗစ်၏ ဘဝသည် ငရဲကဲ့သို့ဖြစ်လာသည်။ သူသည် အမြဲတမ်း ရိုက်နှက် ကြိမ်းမောင်းခြင်းခံရပြီး သူ့ကို အခြားသူ၏ စားကြွင်းစားကျန်များကိုလည်း စားစေသည်။ သူသည် ထိုအချိန်က အာဟာရအလွန်ချို့တဲ့နေခဲ့သည်။

ဖြစ်ပျက်နေတာကို သူနောက်ဆုံးနားလည်လိုက်တဲ့အခါ သူ့ကို အုပ်ထိန်းဖို့ သူတို့ တိုက်ပွဲဝင်နေတာမဟုတ်ဘူးဆိုတာ သူသိလာသည်။အဲဒီအစား သူ့မိဘတွေဆီက ဒေါ်လာနှစ်သန်းတန်တဲ့ လျော်ကြေးအတွက် သူတို့ တိုက်ပွဲဝင်နေကြတာဖြစ်သည်။

ဒေးဗစ်သည် တတိယနှစ်တွင် အထက်တန်းကျောင်းတက်သောအခါ၊ ဒုတိယဦးလေးသည် သူ့မားတစ်ပြားတစ်ချပ်မှ မပေးခဲ့ဖူးပေ၊ သူ့အဒေါ်တွေကသာ မကူညီရင် ဒေးဗစ် ကျောင်းထွက်ရတော့မည်ဖြစ်သည်။

တကယ်တော့ လျော်ကြေးငွေနှစ်သန်းကို ဒေးဗစ် အသက်၁၈နှစ်မှာပေးရမှာပါ သို့သောစဒီနေ့အထိတောင်ထိုပိုက်ဆံကို မမြင်ရသေးပေ။

ထိုအတွက်ကြောင့် သူ့အဒေါ်နှင့်ဦးလေးများသည် ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့နှင့် ရန်ဖြစ်ကြသည်။ သို့သော်သူတို့ ဘာလုပ်နိုင်မှာလဲ၊ ထိုငွေများကို သူတို့ရပြီးနောက် ဒီနှစ်များတစ်လျှောက်ငွေအားလုံးကိုဒေးဗစ်အတွက်သုံးစွဲလိုက်သည်ဟုဒုတိယအဒေါ်က​ပြန်လည်ပြောဆိုခဲ့သည်။

ဒေးဗစ်သည် စိတ်ထဲ၌ တွက်ကြည့်လိုက်သည်။ သူနဲ့ အတူနေခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ သူတို့ဟာ သူ့အတွက် ဒေါ်လာငါးထောင်ကျော်တောင် မသုံးခဲ့ဘူးလို့ သူထင်သည်။ သူ့ဖို့သုံးသည်မှာ အခြေခံအားဖြင့်၊ သူ အလယ်တန်းတက်တုန်းက မရှိမဖြစ်လိုအပ်တဲ့ ကျူရှင်ခအချို့နဲ့ စတိုးဆိုင်က

အဝတ်တစ်ထည်နှစ်ထည်ဖြစ်နိုင်သည်။

All Chapters