← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

"ဒါဆို မင်းက ငါနဲ့ လိုက်နေချင်လား။ ဒီလောက်ကြီးတဲ့ အိမ်ကြီးမှာ တစ်ယောက်တည်း နေလို့မရဘူး။ ဒီလိုနည်းနဲ့ မင်းရဲ့အိမ်ငှားခတောင် သက်သာနိုင်တယ်။”

ဒေးဗစ်ဘာကြောင့် ဒီလိုပြောမှန်းကို မသိခဲ့ပေ။ ဆင်ခြင်တုံတရားအရ သူသည် ပုလဲကိုသိတာနှစ်ရက်သာ ရှိပြီး​ ရုတ်တရတ် သူမကို သူနှင့်အတူနေရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် သူပြောသည့်အတိုင်းပင် သူ့ရင်ထဲတွင် အနည်းငယ် တောင့်တနေသေးသည်။

တကယ်တော့ ဒေးဗစ်သည် ဆာရာနှင့်အတူရှိစဉ်တွင် သူမည်မျှ နှိမ့်ချပြီးနေခဲ့လဲဆိုတာ မသိပါ။ သူသည် ဆာရာ၏ စကားကို အမြဲနားထောင်လေ့ရှိပြီး စကားပြောပိုင်ခွင့်လည်း မရှိသလောက်ပင်။

သို့သော် ပုလဲနှင့်ကျတော့မတူပေ။ ပုလဲ က သူတို့ပြောနေတာ ဒါမှမဟုတ် တစ်ခုခုလုပ်တဲ့အခါ ဆုံးဖြတ်ချက်ချခွင့်ပေးပြီး တစ်ခုခုနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေကိုလည်း တောင်းပါလိမ့်မည်။

ဟုတ်ပါတယ် ခေါင်းဆောင်တစ်ယောက်လို ဆက်ဆံမယ့် အမျိုးသမီးကို ယောက်ျား​က လိုချင်မှာလဲ။ ထို့ကြောင့်၊ ဒေးဗစ်သည်ပုလဲ ၏ စကားပြောပုံနှင့် အပြုအမူကို နှစ်သက်ခဲ့ပြီး ပုလဲအနီးတွင် ရှိရခြင်းကို မသိစိတ်က နှစ်သက်ခဲ့သည်။

"ဒါက သင့်တော်ပါ့မလား…? ပုလဲက အနည်းငယ် ချီတုံချတုံ မေးလိုက်သည်။

သူ ဒီလိုပြောနေပေမယ့်လည်း အရမ်းစိတ်လှုပ်ရှားနေသည်။ သူမသာ ဒီကိုပြောင်းလာခဲ့ရင် ဒေးဗစ်လို တန်ခိုးကြီးတဲ့သူတစ်ယောက်နဲ့ နေရပေလိမ့်မည်။

ဒေးဗစ်သည် သူမအတွက် မသင့်လျော်သော တစ်စုံတစ်ရာကို ပြုလုပ်မည်ဆိုသည်ကို သူမ ဂရုမစိုက်ပေ။ သူမသည် ဒေးဗစ်ကို တမင်တကာ သွေးဆောင်နေခဲ့သည်။

ပုလဲသည် ရည်မှန်းချက်ကြီးသူဖြစ်သည်။ သူမသည် သူမ၏ အထက်တန်းကျောင်းနှင့် တက္ကသိုလ်တွင် အမြဲတမ်း အလှဆုံး မိန်းကလေး ဖြစ်ခဲ့သည်။ သူမကို လိုက်တဲ့သူတွေ အများကြီးရှိခဲ့ပြီး အဲဒီအထဲမှာ ကျောင်းမှာ အချောဆုံးကောင်လေးတွေ ဒါမှမဟုတ် ပိုက်ဆံနဲ့ ပါဝါရှိတဲ့ အချမ်းသာဆုံးသူတွေတောင် ပါသည်။ သို့သော် သူမသည် ၎င်းတို့အားလုံးကို ငြင်းပယ်ခဲ့သည်။

ဆိုလိုသည်မှာ ပုလဲ သည် ယခုအချိန်အထိ မည်သူနှင့်မျှ ချိန်းတွေ့ခြင်း မရှိခဲ့ပါ။ သူမလိုချင်တာကို သူမသိသည်။ သူမသည် သူမ၏ ကျန်ရှိသော ဘဝတစ်လျှောက်လုံး အတူနေထိုင်ရန် သာမန်လူတစ်ဦးကို ရှာဖွေလိုလျှင် သူမသည် ချစ်မိသွားနိုင်သည်။ သူမလိုချင်ရင် ဒါဇင်နဲ့ချီပြီး ရှိနိုင်ပါတယ်။

သို့သော် သူမလိုချင်ခဲ့ပါ။ သူမသည် မိမိကိုယ်မိမိ တန်ဖိုးထားမှုကို လိုချင်သည်။ သူမကံကြမ္မာကို ပြောင်းလဲချင်ပြီး မိသားစုကံကြမ္မာကို ပြောင်းလဲချင်သည်။ သူ့တန်ဖိုးကို သိနားလည်အောင် ကူညီပေးနိုင်တဲ့ လူကို ရှာဖွေချင်သည်။

ထို့ကြောင့် သူမသည် ယနေ့ကို စောင့်မျှော်နေသောကြောင့် မည်သူနှင့်မှ မချိန်းတွေ့ခဲ့ပေ။ ဒေးဗစ်သည် သူမ၏ဘဝရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် သူမအသုံးပြုမည့် ပစ်မှတ်ဖြစ်သည်။ ဒေးဗစ်ကို အားကိုးနိုင်သရွေ့တော့ ထိပ်ကိုတက်ဖို့တောင် မလိုပေ။ သူမသည် သူ့ခြေလက်တစ်ဖက်တည်းတွင် တွယ်ကပ်ရန်သာ လိုအပ်ပေလိမ့်မည်။

သူမ၏ ရပ်တည်ချက်ကို သူမ သိသည်။ သူမသည် ဤလမ်းကို စွန့်စားလိုသောကြောင့် တစ်သက်လုံး အိမ်ထောင်ပြုရန် မစဉ်းစားတော့ပါ။

ဒါကြောင့် ဒေးဗစ်က သူမကို သူနဲ့အတူနေဖို့ တောင်းဆိုတဲ့အခါ ဒီပျော်ရွှင်မှုက ရုတ်တရက်ရောက်လာတယ်လို့ ခံစားလိုက်ရပြီး ဘယ်လိုတုံ့ပြန်ရမှန်းတောင် မသိတော့ပေ။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာများ အဆင်မပြေလို့လဲ။ ဒီလောက်ကြီးတဲ့ အိမ်ကြီးထဲမှာ ငါတစ်ယောက်ထဲမနေချင်ဘူး။ တခါတရံ စကားပြောဆိုဖို့ အဖော်လိုတယ်။ သေချာတာပေါ့ မင်းမှာ ရည်းစားရှိတယ်ဆိုရင် မလိုအပ်ဘဲ နားလည်မှုလွဲတာမျိုး မဖြစ်ရအောင် ငါဘယ်တုန်းကမှ ဒီလိုစကားမျိုး မပြောဖူးဘူးလို့သတ်မှတ်လိုက်ပါ"ဟု ဒေးဗစ်က ပြောလိုက်သည်။

“မဟုတ်ဘူး! ငါ့မှာရည်းစားမရှဘူး၊ ဒေးဗစ် ငါ့ကို မလှောင်ပါနဲ့၊ ငါ့ဘဝ ဘယ်သူနဲ့မှ မချိန်းတွေ့ဖူးဘူး၊ ဒီလိုမျိုး မင်းငါ့ကို နောက်နေတော့မှာလား"​လို့ ဒေးဗစ်က နားလည်မှုလွဲသွားတဲ့အခါ ပုလဲအမြန်ပြောလိုက်သည်။

'သူမ အရင်က ချိန်းမတွေ့ဖူးဘူးလား မဖြစ်နိုင်ဘူး' ဒေးဗစ် တွေးလိုက်သည်“ အနားမှာ လူတွေရှိနေတာကိုငါသဘောကျတယ်။ ငါဒီမှာတစ်ယောက်တည်းနေနေတာအဆင်မပြေဘူး အခုအိမ်ကဗလာဖြစ်နေတယ် မင်းမလာဘူးဆိုရင် ဒီနေရာကို ပိုအသက်ဝင်အောင်လုပ်ဖို့ ငါ့ကျောင်းဝင်းထဲကလူနှစ်ယောက်ကို ငါရှာရမယ်။"

“မင်းဒီလိုပြောကတည်းက ကမ်းလှမ်းမှုအတွက် ငါကျေးဇူးတင်ပါတယ်။ ငါမနက်ဖြန်ပြောင်းရမလား။"

“ကောင်းပြီ၊ အဲဒါပြီး ငါ့အကူအညီလိုသေးလား"

“မလိုပါဘူး ငါစီမံနိုင်တယ်​။”

"ကောင်းပြီ! မင်းဘယ်အခန်းမှာနေချင်လဲဆိုတာကို ပတ်ပတ်လည်က ဘယ်အခန်းကိုမဆို ရွေးချယ်နိုင်တယ်"လို့ ဒေးဗစ်က ပြောလိုက်သည်။

“မစ္စ ပုလဲမင်းနဲ့အတူ ရေကူးဖို့ မတောင်းဆိုဘူးလား။ အခု ကျွန်တော်တို့ ကူးချင်တဲ့အချိန်တိုင်းကူးလို့ရတယ်၊ ရေကူးကန်ကအပေါ်ထပ်မှာ”

"ကောင်းပြီလေ ငါတို့ အခုသွားကြမလား" ပုလဲ ဖြားယောင်းလိုက်သည်။

“အဟွတ်... အဟွတ်… ရပါတယ်၊ နောက်နေ့မှလုပ်ရအောင်။"

ဒေးဗစ်သည် စကားစမြည်ပြောလာသောအခါ ပုလဲလောက်မတော်ဟု ခံစားရသည်၊ ပုလဲ သည် အလွန်ဆွဲဆောင်မှုရှိပြီးဤမိန်းကလေးသည် ပရောပရည်လုပ်ရန် မွေးဖွားလာသည်ဟုပင် ထင်မှတ်ရသည်။

ပုလဲ မတ်တပ်ထရပ်ပြီး ဒေးဗစ်ရှေ့သို့ လျှောက်သွားလိုက်သည်။ “ဒါဆို ဒေးဗစ် ဒါလင်၊ မင်းငါ့ကို အချိန်မရွေး ပြောလို့ရ​တယ်၊ ငါရေကူးဝတ်စုံ ဝယ်ထားပြီးပြီ၊ မင်းကလွဲပြီးဘယ်သူ့ကိုမှမပြနိုင်ဘူး”

ဒေးဗစ် ပုလဲနှင့် ပရောပလုပ် ချင်သော်လဲ သူ့ကိုယ်သူ ထိန်းထားဆဲပါ။ မတ်တပ်ထရပ်ပြီး “မစ္စ ပုလဲ အင်း... တစ်ခုခုယူဖို့ အပေါ်ထပ်တက်လိုက် ဦးမယ်နောက်မှ ဟိုတယ်ကို ပြန်ကြမယ်”

အပေါ်ထပ်တက်သွားရင်း ဒေးဗစ်မျက်နှာနီရဲ​နေသည်။ဒါကို သူက မကိုင်တွယ်နိုင်ပေ၊ အခုအချိန်မှာတော့ ပုလဲကို ဖိတ်ဖို့ စိတ်ကူးမကောင်းဘူးလို့ သူခံစားမိမှာပါ၊ ဒီလို ညို့​ငင်မှုတွေကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ

ပုလဲသည် မြေပြင်တွင် မတ်တပ်ရပ်ကာ အထိန်းအကွပ်မဲ့ တခစ်ခစ်ရယ်ရင်း ဒေးဗစ်သည် လွန်သည်ဟု သူမခံစားရသည်၊

ဒေးဗစ်သည် လူပျိုဖြစ်သည်ကိုလည်း သူမကို သေချာပေါက်သိစေသည်၊ ဒေးဗစ်လို စူပါချမ်းသာတဲ့​လူက လူပျိုဆိုတာဘယ်သူက ယုံမှာလဲ

'ဒါတစ်ခုခုမှားနေပြီလား၊ မဖြစ်နိုင်ဘူး! ဒီလိုဆိုရင် သူ့အကြံကို ဘယ်လိုပြမှာလဲ၊ ဒီစွမ်းအားကြီးတဲ့လူကို ငါဘယ်လိုတွယ်ရမှာလဲ'​

'မဟုတ်ဘူး၊ ဒါမဖြစ်နိုင်​ဘူး'​ ပုလဲသည် နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပျင်းချလိုက်သည်။

ပုလဲ​ တွေးနေပုံကို ဒေးဗစ်သိပါက၊ သူမကို အပြစ်ပေးပြီးသားဖြစ်လိမ့်မည်၊ သူ့အစွမ်းအစကို သံသယဖြစ်တာ သတ္တိရှိလိုက်တာ။ ဒါ အရမ်းရှက်စရာကောင်းတယ်

အပေါ်ထပ်တွင်။

ဒေးဗစ်သည် ဇိမ်ခံကုတင်ပေါ်တွင် လှဲချလိုက်သည်။

ပုလဲကိုရှောင်ဖို့ ဒီကို ရောက်လာခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည်ဒေးဗစ်ကို သည်းမခံနိုင်တော့အောင်ဖြားယောင်သူဖြစ်သည်။

ထို့နောက်​Instagram ကိုဖွင့်လိုက်သည်။

မနေ့ညက သူတင်ခဲ့တဲ့ River Leeds ရဲ့ ဓာတ်ပုံကို ကြည့်လိုက်တော့ မှတ်ချက်ပေါင်း ၁၀၀ ကျော် ရရှိထားတာကို တွေ့ရသည်။

ဒေးဗစ်သည်ကောမန့်အချို့ဖတ်ကြည့်လိုက်သည်။ အခြေခံအားဖြင့်သူကိုလှောင်ပြောင်ထားကြသည်

ရင်းနှီးသော သူငယ်ချင်းအချို့၏ မှတ်ချက်များကို လည်းတွေ့သည်။ မည်သို့​ပင်ဆိုစေကာမူ သူသည် ဤနေရာတွင် အိမ်တစ်လုံးဝယ်ခဲ့သည်ကို မပြောခဲ့ပေ။

လူအနည်းငယ်ကသူ့ဆီ မက်ဆေ့ပို့ထားတာကို တွေ့လိုက်သည်။

ဂျမ်နီ က 'ကောင်းသောနံနက်ခင်းပါ'ကို ပို့ထားသည်။

သူ့အစ်ကိုဝမ်းကွဲကလဲပို့ထားသည်။ နောက်တစ်ယောက်က အငယ်ဆုံး အဒေါ်၏သမီးငယ်

သူ့နာမည်က လီလီ ဂရက်ဂ် ဒေးဗစ်ထက်၂နှစ်ငယ်သည်။ သူမက လက်ရှိအခြားမြို့မှာတက္ကသိုလ်ပထမနှစ်တက်နေသည်။

သူတို့ဟာတော်တော်ရင်းနှီးကြသည်။

လီလီ: [ ဒေးဗစ် ဒီပုံကို ဘယ်ကရိုက်လာတာလဲ မိုက်တယ်!]

ဒေဗစ်: [ဒါကို မြစ်မြို့ မှာရိုတ်ထားတာ။ မင်းကြိုက်တယ်ဆိုရင် အားလပ်ချိန်မှာ ဒီကိုလာပျော်၊ မင်းကိုငါ​ခေါ်​သွားမယ်]

လီလီက အမြန်ပြန်ဖြေလိုက်သည်

လီလီ: [တကယ်လား? ငါ့ကို မလိမ်နဲ့နော်။]

ဒေးဗစ်: [ငါမင်းကို ဘယ်တုန်းက လိမ်လို့လဲ]

လီလီ: [ကောင်းပြီ၊ ကောင်းပြီ အားလပ်ချိန်မှာဈေးဝယ်ထွက်မယ်]

ဒေးဗစ်- [ကောင်းပြီ]

လီလီ- [ဒေးဗစ်၊ ဒီည Whale Streaming မှာ streaming လုပ်မှာ အချိန်ရရင် လာအားပေးဦး။]

ဒေးဗစ်- [ဘယ်လိုသုံးရမှန်းတောင် မသိတာ]

လီလီ: [ဒေးဗစ်ရှင်က အရမ်းခေတ်နောက်ကျနေပြီ! ကျမတို့​လေးယောက်​လုံး အ​ဆောင်​မှာ​နေနေတယ်။ ပျော်စရာကောင်းပြီးငွေလည်းရှာနိုင်တယ်]

ဒေးဗစ်: [အိုကေ]

လီလီ : [ streaming ကနေ ဒေါ်လာ ၃၀၀% လောက်ရှာထားပြီး အမေက ဒေါ်လာ​၁၅၀၀ ပေးတယ်။ ငါမင်းအတွက် ၂၀၀၀ ကို နောက်မှလွှဲလိုက်မယ် ဒါမှ မင်းဆာရာကို ကောင်းတာတစ်ခုခုဝယ်ပေးလို့ရမှာ]

ဒေးဗစ်ဒါကိုမြင်သောအခါ အနည်းငယ် ထိမိသွားသည်။ ဒုတိယနှစ်ကျောင်းသားအရွယ်တုန်းက သူ့အငယ်ဆုံးအဒေါ်ရဲ့နေရာက ပြောင်းလာပြီးနောက် တစ်ယောက်ကိုတစ်ယောက် မတွေ့ခဲ့ကြပေမဲ့ ရင်းနှီးနေကြတုန်းပဲ။

ဒေးဗစ်- [မလိုပါဘူး။ မင်းအတွက်ကောင်းတဲ့ အဝတ်အစားတွေကို ဝယ်သင့်တယ် မ

မြို့ကိုရောက်ရင် မင်းကိုထူးခြားတာတစ်ခုပြမယ်]

လီလီ​ : [ဘာလဲ ပြောပြ။]

ဒေးဗစ်​: [ဒါက လျှို့ဝှက်ချက်ပဲ။]

လီလီ​: {Aww ဒေးဗစ်! ငါအခုသွားပြီ အတန်းစတော့မယ် ဘိုင့်!]

ဒေးဗစ်: [ဘိုင့်!]

သိပ်မကြာခင်မှာပဲ လီလီက သူ့ဆီ ဒေါ်လာ၂၀၀၀လွှဲလိုက်သည်ကို ဒေးဗစ်မြင်လိုက်ရသည်။

ဒေဒဗစ်လက်မခံမီ တုံဆိုင်းသွားသည်။

'ငါမင်းကို အဆတစ်ထောင်ပြန်ပေးမယ်၊ မဟုတ်ဘူး၊ အဆတစ်သောင်းပြန်ပေးမယ်'

ဒေးဗစ် အချိန်နီးနေပြီဟု ခံစားမိသောအောက်ထပ်သို့ပြန်ဆင်လိုက်သည်။

ကမ်းလှမ်းလာတဲ့အတွက် လုပ်ဖို့လိုတယ်၊ သည်းမခံနိုင်ရင် အိမ်ပြောင်းပြီး အိမ်သစ်ဝယ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်လုပ်ဖို့ကတော့ သူ့မှာ ပိုက်ဆံတွေရှိတော့ အကုန်လုပ်လို့ရတယ်။

သူ့အတွက်ကတော့ အမျိုးသားနဲ့ မိန်းမ ဆက်ဆံရေး မတည်မငြိမ်ဖြစ်တဲ့အခါ တာဝန်သိတတ်သူဖြစ်ရမည်။

ဒေးဗစ်သည် Golden Leaf Hotel သို့ ပြန်သွားသည်။

All Chapters