Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

(Lil Match သည် streamer Hahny အား Super Rockets x66 ပေးလိုက်သည်]

"စူပါရော့ကတ်များအတွက် Mr. Lil Match ကိုကျေးဇူးတင်ပါတယ်။ မင်း ငါသီချင်းဆိုတာ နားထောင်ချင်လား ငါကတာကြည့်ချင်လား" အမလီယာ က မေးလိုက်သည်။ ဒီသူဌေးကြီးကို သူမအနားမှာထားချင်ခဲ့သည်။

"မဖြစ်နိုင်​ဘူး​၊ Lil Match က ဒီမှာပဲဟ!"

"သူက တကယ့်သူဌေးကြီးပဲ သူ stream တစ်ခုထဲကို ဝင်လိုက်တာနဲ့ ဘယ်တစ်ခုကမှအရေးမကြီးဘူး၊ သူက သူတို့ကို Super Rocket 66 လုံး ပေးမှာ သေချာတယ်။”

"မင်းကိုလေးစားတယ် Matty! ငါ မင်းကို တစ်နေကုန် လိုက်ရှာနေတာ နောက်ဆုံး မင်းကို ငါ ရှာတွေ့ခဲ့ပြီ!"​

“မစ္စတာ ၊ မင်းအတွက် အိတ်ကိုင်ဖို့ တစ်စုံတစ်ယောက်လိုသေးလား"

ဖန်သားပြင်ပေါ်တွင် မရေမတွက်နိုင်သော မှတ်ချက်များ ပေါ်လာသည်။

ဤအခိုက်အတန့်တွင် နောက်ထပ် သူဌေးကြီးသည် stream ထဲသို့ ဝင်လာပြီး ၎င်း၏ အဆင့်သည်

ဒေးဗစ်ထက်ပင် မြင့်မားနေသည်။ သူက Level 298 မှာ ရှိနေပြီး ဒေးဗစ် ကို Rank 2 သို့ချက်ချင်း တွန်းချလိုက်သည်။

မစ္စတာ​လီယို လို့ အမည်ပေးထားတဲ့ ဒီလူက သူ stream​ထဲကို ဝင်လိုက်တာနဲ့ မှတ်ချက်ပေးလိုက်သည်။ သူ၏အဆင့်သည် အလွန်မြင့်မားသောကြောင့်၊ သူ၏မှတ်ချက်ပူဖောင်းသည် အလွန်တောက်ပပြီး မျက်လုံးကို ဖမ်းစားနိုင်မည်ဖြစ်သည်။

"အမလီယာ၊ ငါဒီည Rank 1 ရာထူးကို သိမ်းပိုက်ခဲ့မယ်ဆိုရင် မင်းငါ့ကို ချိန်းတွေ့မှာလား။"

'ရှင် လူယုတ်မာ။'​

လီယို သည် ယနေ့ညတွင် အမလီယာ ကို အနိုင်ရရန် အဆင်သင့်ဖြစ်နေသည်။ သူသည် သူမကို

လိုက်နေသည်မှာ ကြာပြီဖြစ်ပြီး သူမကို လက်ဆောင်များစွာ ပေးခဲ့ဖူးသော်လည်း သူဘယ်သောအခါမှ မအောင်မြင်ခဲ့သလို ငြင်းပယ်ခြင်းလည်း မရှိခဲ့ပေ။ အမလီယာ ကို ရယူရန် သူစိတ်လှုပ်ရှားနေသည်။

သူ့မိဘတွေက စီးပွားရေးသမားတွေဖြစ်ပြီး မြစ်မြို့ တွင် တော်တော်နာမည်ကြီးသည်။ သူတို့မှာ အသားတင်ပိုင်ဆိုင်မှု တစ်ဘီလီယံကျော်ရှိသည်။ ထို့အပြင် လီယို ကိုလည်း လူသိများသည်။

ကျောင်းဝင်းထဲမှာလည်း Mr. Perfectပဲ

သူ တက္ကသိုလ်တက်တာ သုံးနှစ်ရှိပြီ၊ မိန်းကလေးတစ်ယောက်ကို မျက်စိကျတဲ့အခါတိုင်း သူတို့ကို အနိုင်ယူဖို့ ပိုက်ဆံသုံးတတ်ပြီး အခုထိ မအောင်မြင်တာမရှိသေးပေ။ ဒါတင်မကဘဲ အမျိုးသမီး streamer အနည်းငယ်ကိုလည်း လှည့်စားခဲ့သည်။ သို့သော် အမလီယာ ကိုတွေ့သောအခါတွင်သူသည် ခက်ခဲနေသည်။

သူသည် လအနည်းငယ်ကြာအောင် သိန်းနှင့်ချီ၍ သုံးစွဲခဲ့သော်လည်း သူမလက်ကိုပင် မကိုင်နိုင်ပေ။ ဟုတ်ပါတယ်၊ ဒါက အမလီယာ ကိုလိုက်တဲ့ တခြားယောက်ျားလေးတွေမှာလည်း ဒီလိုပဲ​ဖြစ်သည်။

သို့သော်၊ ယင်းက လီယို၏နှလုံးသားအတွင်း၌ အနိုင်ယူလိုသောဆန္ဒကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့်၊ သူသည် ယနေ့ငွေမည်မျှသုံးနေပါစေ အမလီယာကိုအနိုင်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် သူ၏ဆန္ဒကို ဖြည့်ဆည်းပေးရုံသာမက အခြားလိုက်နေသူများ၏ ဖြတ်ရိုက်သွားနိုင်မည်ဖြစ်သည်။

ဆာရာ နဲ့ပတ်သတ်ပြီး

သူမသည် လွန်လွန်ကဲကဲ တင်းမာနေပြီး သူမနှင့် လမ်းခွဲ​တော့မည်။ ဆာရာ စိတ်၀င်စားပါက၊ သူသည် နောက်ထပ်ရက်အနည်းငယ်ကြာအောင် သူမနှင့် တွဲ​နေနိုင်သေးသည်။

သို့သော်၊ သူမသည် အမလီယာ နှင့်သူ၏ချစ်ခြင်းမေတ္တာအတွက်ယှဉ်ပြိုင်လိုပါက?

သူမသာ f*ck off လုပ်သင့်သည်။