← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

“လီယို၊ မနက်ဖြန် မင်းဖုန်းဆက်တာကို ငါစောင့်နေမယ်!”

အမလီယာ၏ အသံကို stream မှ ထပ်မံကြားရပြန်သည်။

Stream တွင် နောက်ထပ် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

“အိုး မဟုတ်ဘူး၊ မဟုတ်ဘူး! ငါ့နတ်သမီးလေး!”

“ငါ့နှလုံးသားက အရမ်းနာလို့ အသက်ရှူတောင်မဝတော့ဘူး!”

“နောက်ထပ် နတ်သမီးတစ်ပါးက ငါတို့ကို ထားသွားပြန်ပြီ။”

လီယို၏ကြီးမားပြီး ရွှေရောင်မှတ်ချက်သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

“ဟား! ကောင်းပြီ၊ အမလီယာ၊ ငါမင်းကို မနက်ဖြန်မှာ သာယာတဲ့ညလေးဖြစ်ခွင့်ပေးမယ်။”

ဒေးဗစ်သည် အချိန်နီးနေပြီဟု ထင်သောကြောင့် မှတ်ချက်ပေးခဲ့သည်။ သူက Level 100 အကောင့်ဖြစ်တာကြောင့် သူ့ရဲ့မှတ်ချက်ဟာ တော်တော်လေးကို ဖမ်းစားနိုင်ခဲ့သည်။

“Rank 1 ကိုယူရင် streamer နဲ့ date လို့ရတယ်လို့ကြားတယ်။” ဒေးဗစ်က မေးလိုက်သည်။ ဟ

“Matchy၊ ငါတို့နတ်ဘုရားမလေးကိုကယ်တင်ပေးပါ။”

“ဟုတ်တယ် Matchy! ငါတို့နတ်ဘုရားမကို ဒီမာရ်နတ်ရဲ့ခြေသည်းတွေကနေ ကယ်တင်ပေးပါ။”

ပုံမှန် မှတ်ချက်များ ဖန်သားပြင်ပေါ်တွင် ပြည့်နေသည်။

“ငါမေးချင်တာက Rank 1 ကိုယူရင် မင်းနဲ့ချိန်းတွေ့လို့ရမှာလား” ဒေးဗစ်က ထပ်မေးလိုက်သည်။

“ဟုတ်တယ်!” အမလီယာ က ပြောသည်။

“ကောင်းပြီ။”

ဒေးဗစ်သည် စကားပြောတာရပ်လိုက်ပြီး ဒုံးပျံများကို ပစ်လွှတ်လိုက်သည်။

[Lil Matty သည် streamer Hahny အား Super Rocket x1 ကိုပေးသည်]

ဆယ်မိနစ်အကြာ…

[Lil Matty သည် streamer Hahny အား Super Rocket x666 ကိုပေးသည်)

နာရီဝက်အကြာ…

(Lil Matty သည် streamer Hahny အား Super Rocket x1314 ကိုပေးသည်)

တစ်နာရီလောက်ကြာတော့…

(Lil Matty သည် streamer Hahny အား Super Rocket x2520 ကိုပေးသည်]

နှစ်နာရီကြာပြီးနောက်…

[Lil Matty သည် streamer Hahny အား Super Rocket x5200 ကိုပေးသည်)

ကြည့်ရှုသူများ အံ့အားသင့်သွားကြသည်။

လီယိုလည်း အံ့အားသင့်သွားသည်။

အမလီယာ လည်း ထိတ်လန့်သွားသည်။

Stream​၏ရေပန်းစားမှုသည် ၃၀၀,၀၀၀ ကျော်အထိမြင့်တက်လာခဲ့သည်။

5200 Super Rockets က ဘယ်လိုမျိုးလဲ။ အဲဒါက ဆယ်သန်းကျော် ရှိတယ်။

ဤသည်မှာ Whale Streaming သမိုင်းတွင် အကြီးမားဆုံးသော အရေအတွက်​ဖြစ်သည်။

“မစ္စတာ ကသူဌေးကြီးပဲ!”

“ကြောက်စရာကောင်းတဲ့ Mr. Match!”

“မစ္စတာ Match မင်းက ငါ့ရဲ့ idol ပဲ။”

“မစ္စတာ Match ငါမင်းရဲ့ ရင်သွေးလေးတွေ လိုချင်တယ်!”

ဖန်သားပြင်ပေါ်တွင် မရေမတွက်နိုင်သော မှတ်ချက်များ ပေါ်လာသည်။

လီယိုသည် ယင်ကောင်ကို စားလိုက်ရသကဲ့သို့ ခံစားနေရသည်။ သူ့ပိုက်ဆံ ၆ သန်းလောက် ဖြုန်းတီးလိုက်​ပေမယ့် သူဘာတစ်ခုမှ ပြန်မရခဲ့ပေ။

လောလောဆယ်တော့ သူတယောက်ယောက်ကို သတ်ချင်နေသည်။

သူ့ဖုန်းကိုထုတ်ပြီးဆာရာ ကိုဖုန်းဆက်လိုက်သည်။ သူ အခုချက်ချင်း ဒေါသဖြေဖို့လိုတယ်။

ဖုန်းခေါ်သွားတယ်။

“ လီယို၊ ဘာကိစ္စရှိလို့လဲ။ မင်းငါ့ကိုဘာလို့ညနက်​​ကြီး ဆက်နေတာလဲ” ဖုန်း၏အခြားတစ်ဖက်မှ ဆာရာ၏အသံထွက်လာသည်။

“ဆာရာ၊ အခုထွက်လာခဲ့ ကျောင်းဝင်းအ၀င်ဝမှာ မင်းကိုစောင့်နေမယ်” လီယိုက ပြောလိုက်သည်။

“လီယို၊ မနက် ၂နာရီခွဲနေပြီ၊ မနက်ဖြန်မှစကားပြောလို့ရမလား” ဝတ္ထုဒရာမာ

“မင်းကို အခု ထွက်လာဖို့ ပြောနေတယ်!” လီယို က အံကြိတ်ထားတဲ့ သွားတွေနဲ့ ပြောလိုက်တယ်။

“ဒါပေမယ့်…”

“ဘာကို ဒါပေမယ့်​လဲ။ ချီးပဲ အခုချက်ချင်းထွက်လာခဲ့ မဟုတ်ရင် အကျိုးဆက်တွေကို ရင်ဆိုင်​ဖို့ပြင်ထား”

လီယို ပြောပြီးတာနဲ့ ဖုန်းကို ချပစ်လိုက်သည်။

ဖုန်းရဲ့တစ်ဖက်တွင်

လီယို ၏ဖုန်းခေါ်ဆိုမှုကြောင့် ဆာ​ရာ နိုးလာသည်။ စကားအနည်းငယ်ပြောပြီးနောက် သူမသည် လီယို၏အပြုအမူကြောင့် ထိတ်လန့်သွားသည်။

ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဆာရာ သည် ဖြည်းညှင်းစွာထလာသည်။ အခန်းဖော်တွေနိုးမှာစိုးရိမ်တာကြောင့် မြန်မြန်ထွက်လာလိုက်သည်။

ဒေးဗစ်နဲ့ အတူရှိတုန်းက ဒီလိုမျိုး ဘယ်တော့မှ မဖြစ်ဘူး။ ဒေးဗစ်သည် သူမအား အရိုးသားဆုံး ချစ်မြတ်နိုးခဲ့ပြီး သူသည် သူမအား အမြဲဂရတစိုက်ပြုမူခဲ့သည်။

သူမဗိုက်ဆာနေသရွေ့ဒေးဗစ်သည် မည်မျှနောက်ကျနေပါစေ သူမ၏အိပ်ဆောင်သို့ အစားအသောက်ပို့ပေးမည်ဖြစ်သည်။ ထို့အပြင် သူသည် ထိုကဲ့သို့သော လေသံမျိုးဖြင့် သူမကို တစ်ခါမျှ စကားမပြောဖူးပေ။

ဒါအပြင် ဒေးဗစ်ဟာ သူ့ကို အရမ်းလေးစားသည်။ သူသည် သူမနှင့် လေးနှစ်ကြာ အတူနေခဲ့ပြီး သူမအဆင်သင့်မဖြစ်သေးဟု ဆိုကာ စည်းမကျော်ခဲ့ပေ။

သို့သော်၊ သူမသည် လီယိုကို စတင်တွေ့မြင်ပြီးနောက်၊ သူသည် သူမအပေါ် ကောင်းမွန်ပြီး လက်ဆောင်အမျိုးမျိုးပေးသည့် အကြိမ်အနည်းငယ်မှလွဲ၍ သူမကို ရရှိပြီးနောက်တွင် သူ၏သရုပ်မှန်ကိုထုတ်ဖော်ပြသလာသည်။

သူ့ခန္ဓာကိုယ်ကို လုံးဝဂရုမစိုက်ပေ။

မနက် ၂နာရီ​ခွဲ​လောက်ရှိပြီ၊ သူ့ကိုတွေ့ဖို့ အပြင်ထွက်ခိုင်းနေတုန်းပဲ။ တပ်မက်ခြင်းကြောင့် မျက်စိကွယ်ရပြန်သည်။

ဒါကို ဆာရာက တွေးလိုက်တော့ သူ့မျက်လုံးထဲက မျက်ရည်တွေ စီးကျလာသည်။

မိုက်မဲလွန်းခြင်း၊ နုံအလွန်းပြီး အချည်းနှီးဖြစ်ခြင်းအတွက် သူ့ကိုယ်သူသာ အပြစ်တင်နိုင်သည်။

ဆာရာ ၏ အခန်းဖော် နှင့် အချစ်ဆုံး သူငယ်ချင်း ဆိုဖီရာကလာဆန် သည် သူ၏လှုပ်ရှားမှုများကို ကြားပြီးနောက် နိုးလာသည်။ ထို့နောက်သူမက

ဆာရာအိပ်ရာကနေ မြင်လိုက်သည်။

“ဆာရာ မင်းဘာလုပ်နေတာလဲ” ဆိုဖီက မျက်လုံးတွေကို ပွတ်သပ်ပြီး မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး ဆိုဖီ ပြန်ပိပ်ပါ။ ငါနည်းနည်းဗိုက်ဆာလို့ ကျောင်းဝင်းအဝင်ဝမှာ လီယိုက တစ်ခုခုစားဖို့ ခေါ်သွားချင်နေတယ်” ဟု ဆာရာက ပြန်ပြောလိုက်သည်။

ဆာရာ၏အသံနှင့် တစ်စုံတစ်ရာ မမှန်ကြောင်း ဆိုဖီ ကြားလိုက်ရသည်။ အခန်းထဲတွင် သူတို့ နှစ်ယောက်သာ ရှိသောကြောင့် ဆိုဖီသည် ထကာ မီးကိုဖွင့်လိုက်သော အခါတွင် သူ့အဝတ်ကို ဆာရာ ရှိုက်ငိုနေတာကို တွေ့လိုက်ရသည်။

ဆိုဖီ အမြန်လျှောက်လာပြီး ဆာရာ၏ လက်ကို လှမ်းကိုင်လိုက်သည်။

“ဆာရာ ဘာဖြစ်နေတာလဲ။ လီယို က မင်းကို ထပ်ပြီး အနိုင်ကျင့်တာလား။”

“မဟုတ်ဘူး”

“ဘာကိုဆိုလိုတာလဲ? သူပဲဖြစ်ရမယ်! ဆာရာ၊ ငါပြောဖူးတာက သူက လူကောင်းမဟုတ်ဘူးလို့ မင်းကို ဝေးဝေးမှာနေဖို့ ငါပြောခဲ့ပေမယ့် မင်းငါ့စကားကို နားမထောင်ဘူး။ အခုဘာတွေဖြစ်နေလဲ ကြည့်ပါဦး!”

“ဆို​ဖီ​ ငါနေကောင်းပါတယ်!”

“မင်းဘာလို့လိမ်​​နေတာလဲ။ ညဘက်တွေမှာ တိတ်တိတ်လေး ငိုနေတာကို ငါအမြဲတွေ့တယ်။ ဆာရာ ငါ နားမလည်ဘူး။ ဒေးဗစ်ကမင်းကို အရမ်းချစ်ပေမယ့် လီယိုကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။ သူက ချမ်းသာလို့လား”

“ဆို​ဖီ​ ၊ ရပ်​လိုက်​တော့!”

“ဆာရာ၊ လီယိိဆီကနေ ထွက်သွားပြီး ဒေးဗစ်ဆီကိုပြန်သွားပါ။ ဒေးဗစက် နင့်ကို တကယ် ချစ်မြတ်နိုးသူဖြစ်ပြီး နင့်ကိုအမှန်တကယ် ပျော်ရွှင်မှုပေးနိုင်သူလည်း ဖြစ်တယ်။ လီယိုက အသစ်အဆန်းနဲ့တောက်ပြောင်တဲ့ အရာများတွေကိုသာ နှစ်သက်တယ်။ ဒီနှစ်အနည်းငယ်အတွင်းမှာ သူ့မှာ ရည်းစားတစ်ဒါဇင်ကျော်ရှိခဲ့ပြီး သူတို့အားလုံးကို ငြီးငွေ့လာပြီးနောက် စွန့်ပစ်ခံခဲ့ရတယ်။”

“ဆိုဖီငါ အခု မပြန်နိုင်ဘူး။ အရင်ပုံစံအတိုင်း ပြန်မသွားနိုင်တော့ဘူး!”

ဆာရာက ဒါကို မထိန်းနိုင်တော့ပေ။ ထို့နောက် ဆိုဖီ၏ ရင်ခွင်ထဲတွင် ငိုနေတော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်…

ဆာရာသည် ငိုပြီးသည်နှင့် သူမအဝတ်အစားပြန်ဝတ်ရန် ဆိုဖီ၏ရင်ခွင်ထဲမှ ထွက်လာခဲ့သည်။

ဆိုဖီက ဆာရာကို တားလိုက်ပြီး ‘ဆာရာ၊ အရမ်းနောက်ကျသွားပြီ။ မသွားပါနဲ့! ပြောစရာရှိလည်း မနက်ဖြန်​မှပြောခိုင်းတော့ “

“မဟုတ်ဘူး၊ ငါမလုပ်နိုင်ဘူး။ အပေါက်ဝမှာ သူစောင့်နေတယ်။ ငါမသွားရင် သူငါ့ကိုစွန့်ပစ်လိမ့်မယ်”

“ဘာဖြစ်လို့လဲ? အဲ့ကိစ္စက ဘာကြီးလဲ။”

“ဒါပေမယ့်… ဒါပေမယ့် ငါ့မှာသူနဲ့ ကိုယ်ဝန်ရှိနေပြီ။ သူငါ့ကိုမလိုချင်ရင် ငါဘာလုပ်ရမလဲ” ဆာရာ က မျက်ရည်တွေကျပြီး ပြောလိုက်သည်။

“ဆာရာ… ဟင်း... ”

ဆိုဖီသည် ယခု ဘာပြောရမှန်းမသိသောကြောင့် သက်ပြင်းသာချနိုင်ခဲ့သည်။ ဒါပေမယ့် ဆာရာ ဟာ သူမရဲ့အဝတ်အစားတွေမဝတ်ဖို့ တားဆီးထားတဲ့ သူမရဲ့လက်ကို ပြန်ဆွဲထုတ်လိုက်ပါတယ်။

ဆာရာ သည် သူမ၏အဝတ်အစားများကိုဝတ်ပြီးနောက် ကျောင်းဝင်းထဲသို့ အမြန်ပြေးသွားခဲ့သည်။

အမလီယာသည် အလွန်စိတ်လှုပ်ရှားသွားပြီး သူမ၏မျက်နှာမှာ နီရဲနေလေသည်။

“မစ္စတာ Match ၊ 5200 Super Rockets အတွက် ကျေးဇူးတင်ပါတယ် ငါမင်းကိုချစ်တယ် Mr. Match! မွ!”

ထို့နောက် ဒေးဗစ်ပေးပို့သော သူငယ်ချင်းတောင်းဆိုချက်ကို လက်ခံခဲ့သည်။

သူတို့သူငယ်ချင်းတွေဖြစ်ပြီးနောက် အမလီယာက သူ့ကို မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်။

အမလီယာ: (မစ္စတာ Match၊ Instagram မှာ တစ်ယောက်နဲ့တစ်ယောက် follow လိုက်ကြရအောင်။ ဒါက ငါ့နံပါတ်ပါ၊ မနက်ဖြန် မင်းဖုန်းဆက်တာကို ငါစောင့်နေမယ်။]

အဲဒီနောက်မှာတော့ သူတို့နှစ်ယောက် Instagram မှာ တစ်ယောက်နဲ့တစ်ယောက် Follow လုပ်ခဲ့ကြသည်။

All Chapters