← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

ဒေးဗစ်သည် ၄င်းတို့ကို မကြားလိုက်သလိုပဲ

သူ့အတန်းဆီသို့ ဆက်လျှောက်သွားသည်။ သူ့မှာ ရွေးချယ်စရာမရှိပေ။ သူသွား၍ ထိုးကြိတ်လို့လည်းမရဘူးမဟုတ်ပါလား။ ထို့အပြင် လူသုံးယောက်ကို တစ်ယောက်တည်းတိုက်ခိုက်လျှင် ပြဿနာတက်နိုင်သည်။

နောက်ထပ် သုံးရက်လောက် ဆက်နေဦးမယ်။ 'ငါ့ရဲ့ Limited Edition Bugatti ရောက်ရင် မင်းတို့ရဲ့ ရွံမုန်းစရာကောင်းတဲ့ မျက်လုံးတွေအားလုံး ပြူးသွားစေရမယ်'

ထို့နောက် သူ့အတန်းကို သွားလိုက်သည်။

အတန်းစနေတာ အချိန်​တစ်ဝက်ကျော်ရှိနေပြီဖြစ်သည်။

ဒေးဗစ် ဝင်လာတာမြင်တော့ အားလုံးက ဒေးဗစ်ကို စူးစမ်းချင်တဲ့ မျက်လုံးတွေနဲ့ ခေါင်းမော့ကြည့်ကြသည်။

ဒေးဗစ်သည် သူ့ထိုင်ခုံဆီသို့ လျှောက်လာစဉ် ပက်ထရစ်နှင့် လူအနည်းငယ်ရောက်လာသည်။

သူတို့အားလုံး တက္ကသိုလ်စတက်ချိန်မှစပြီး တစ်နှစ်ကျော်ကြာ အတူနေခဲ့ကြကာ သူတို့ကိုယ်သူတို့ 'SRU Musketeers of Four Musketeers' လို့ ခေါ်ကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တော်တော်လေး ရင်းနှီးကြသည်။

"ဒေ့ဗ် မင်းအဆင်ပြေရဲ့လား" ပက်ထရစ်သည် ပထမဆုံးပြောလိုက်​သည်။

"ပြေပါတယ် မင်းတို့ဘာတွေဖြစ်နေတာလဲ? ငါက ကိုယ့်ကို​ကိုယ် သတ်သေမယ်လို့ထင်လို့လား”ဒေးဗစ်ပြောလိုက်သည်။

“မင်း နေကောင်းလိုက်တာ ကောင်းတယ်။ အသေးစားအကျပ်အတည်းအပြီးမှာ မင်းပြန်မလာနိုင်တော့မှာကို ငါတို့စိုးရိမ်တယ်။ ပြီးတော့Musketeers လေးယောက်ရဲ့ဂုဏ်သတင်းကို ကျဆင်းစေလိမ့်မယ်။" အခုပြောနေတဲ့သူကတော့ Musketeers လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့

ဖန်ဘာနမ်ပါ။

"ဒါက မိန်းမတစ်ယောက်ပဲ! ခြေနှစ်ချောင်းရှိတဲ့ အမျိုးသမီးတွေကို နေရာတိုင်းမှာ ရှာရတာ လွယ်ပါတယ်” ဟု Musketeers လေးဦးထဲမှ တစ်ဦးဖြစ်သည့် ဝီလီယံ​ဒေါဆွန် က ဆက်လက်ပြောလိုက်သည်။

"ကောင်းပြီ ငါ့အတွက် စိတ်မပူပါနဲ့။ ငါ ကမင်းတို့ကို ဒုက္ခပေးနေတဲ့ သူတစ်ယောက်လို ဖြစ်နေပြီလား" ဒေးဗစ်က မေးလိုက်သည်။

“ကောင်းပြီ၊ မင်းနေကောင်းတယ်မလား။ မနက်ဖြန်ညမှာ ဘလိုင်းဒိတ် လုပ်မှာ ပြီးတော့ သူတို့အားလုံးကို ဆက်သွယ်ထားတယ်။ မနက်​ဖြန်​​နေ့လည်ကျရင််​​နေရာကို​ပြောပြမယ်​။ ငါတို့ မစုဝေးတာတော်တော် ကြာနေပြီ” ဟု ပက်ထရစ်က ပြောလိုကဩသည်။

“ငါတို့လေးယောက်လုံး ဆုံစည်းရုံပဲကို။ ဘာလို့ ဘလိုင်းဒိတ် ကပါလာတာလဲ" ဒေးဗစ် မေးလိုက်သည်။

ပက်ထရစ် ဒေးဗစ်အနားသို့ တိုးတိုးလာပြီး “စိတ်မပူနဲ့၊ အခုဒိတ်မယ့် အမျိုးသမီးတွေက ငါတို့ကျောင်းက မဟုတ်ဘူး။ သူတို့အားလုံးက South River Multimedia University ကပဲ။ ပြီးတော့သူတို့ကအရမ်းလှတယ်။ သူတို့က ငါတို့ တက္ကသိုလ်က မိန်းကလေးတွေထက် အများကြီး ပိုသာတယ်”

"အဲဒီက ကျောင်းသားတွေကို ဘယ်လိုသိတာလဲ" ဒေးဗစ် မေးလိုက်​သည်။

“ငါအခုဘရည်းစားအသစ်ရနေပြီ။ သူက အဲဒီကပဲ။ မင်းဘယ်လိုထင်လဲ?" ပက်ထရစ်က ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။

"အသစ်? မင်းရည်းစားပြောင်းတာ အရမ်းမြန်တယ်။ မင်းလို ချမ်းသာတဲ့ ပလေးဘွိုင်တစ်ယောက်ပဲ လီယို လိုမျိုး"

"ဟေး ဟေး ဟေး! ငါ့ကို အဲဒီပန့်ခ်လီယိုနဲ့ မနှိုင်းနဲ့။ ငါတို့က ခံစားချက်တွေနဲ့ ကစားနေတာ ဒါပေမယ့်​ သူက ပိုက်ဆံနဲ့ ကစားနေတာ။ငါနဲ့ လမ်းခွဲပြီးရင် ကြေကွဲသွားတဲ့လူကို မင်းတွေ့ဖူးလို့လား။ ငါတို့အမြဲတမ်း ငြိမ်းချမ်းစွာ လမ်းခွဲခဲ့တာပဲ” လို့ ပက်ထရစ်က ပြန်ပြောလိုက်သည်။

"ငါကြည့်ရတာတော့ အတူတူပါပဲ"

ဒေးဗစ်က ပြန်ပြောလိုက်သည်။ ။ ပက်ထရစ်က ပြန်ပြောတော့မည်ကို မြင်သောအခါ သူက “ကောင်းပြီ၊ ငါက စနေတာ မနက်ဖြန် နေ့လည်မ

လား ငါလာခဲ့ မယ်။ ကျေးဇူးပဲ"

“အဲဒါကမှ ပိုကောင်းတယ်”

ထို့နောက် သူတို့၏ ထိုင်ခုံဆီသို့ ပြန်သွားကြသည်။

မနက်ပိုင်း အတန်းက မျက်စိတစ်မှိတ်အတွင်းမှာ ပြီးသွားသည်။

နေ့လယ်စာစားချိန်မှာ အတန်းပိုင်က အတန်းထဲကို ၀င်လာပြီး “အလုပ်သမားနေ့ နီးလာပြီ။ ဒီနှစ် စွမ်းရည်ပြပွဲကတော့ မနှစ်ကနဲ့ အတူတူပဲ။ အတန်းတိုင်းက ရှိုးပွဲတစ်ခုပြင်ဆင်ရမယ်၊ စေတနာ့ဝန်ထမ်းလုပ်ချင်တဲ့သူတွေ ရှိလား"

အတန်း​ပိုင်​ လှည့်ကြည့်သော်လည်း မည်သူမျှ စေတနာ့ဝန်ထမ်း မလုပ်လိုကြောင်း တွေ့လိုက်ရသည်။

“ဘယ်သူမှ မလုပ်ချင်ရင် အဗာ စနိုးဒန် ကို စန္ဒယား တီးခွင့်ပေးမယ်။ ဒါပေမယ့် ငါတို့က မနှစ်ကလည်း ဒါပဲဆိုတော့ ဒီနှစ်မှာ ထပ်လုပ်ရင် ငြီးငွေ့စရာလို့ ထင်ရလိမ့်မယ်။

“မင်းတို့ထဲက တစ်ယောက်ယောက်က အဗာ နဲ့ ဘာလို့တွဲမလုပ်တာလဲ။ စန္ဒယားဆရာတစ်ယောက်နှင့် အဆိုတော်တစ်ယောက်။ သီချင်းဆိုကောင်းတယ်လို့ ထင်တဲ့သူရှိလား"

ကထိကပြောပြီးတာနဲ့ လူတစ်ယောက်က ချက်ချင်းထရပ်လိုက်တယ်။ ဒီလူက အတန်းခေါင်ဆောင် ဒင်းကိုးလ်မန်း။

"ဆရာ၊ ကျွန်တော်လုပ်ပါရစေ။ ကျွန်တော်​ကအတန်းခေါင်းဆောင်ဖြစ်ပြီး စံနမူနာပြတဲ့သူတစ်ယောက် ဖြစ်သင့်တယ်။" ထိုသို့ပြောပြီးနောက် လူတိုင်းက သူ့ကို လှောင်ပြောင်ကြလေသည်။

'အေး၊ အတန်း​ပိုင်​မေးတုန်းက မလုပ်ချင်ပေမယ့် အခု အဗာ နဲ့ ပူးပေါင်းရမှ ဥပမာတစ်ခု လုပ်ချင်​နေတယ်။ အရူးတောင် တစ်ခုခုဖြစ်နေတာကို မြင်နိုင်သည်။'

အဗာ သည် ကျောင်းရဲ့ အလှဆုံး မိန်းကလေး သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး သူမ၏ မာနကြောင့် လူသိများသည်။ သူမကို လိုက်ချင်သူတွေကို စီလိုက်ရင်ကျောင်းရဲ့ ကွင်းပြင်ကို သုံးခါလောက်ပတ်နိုင်သည်။

သို့သော် သူမသည် အမလီယာနှင့်မတူပါ။ Amelia သည် မည်သူမဆိုထံမှ လက်ဆောင်များကို လက်ခံပြီး စျေးနှုန်းချိုသာစွာဖြင့် ရောင်းချမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဗာ သည် သူမအား ပေးသော မည်သည့် လက်ဆောင်ကို မဆို​လှည့်တောင်မကြည့်ပေ။

All Chapters