← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

နှစ်ယောက်သား ထမင်းစားပြီးနောက် Golden Leaf Hotel တွင် အနားယူကြသည်။

အမလီယာဟာ သီးသန့်​ခန်းတွင်ရှိနေစဉ် ဒေးဗစ်သည် ဥက္ကဋ္ဌရုံးခန်းတွင် အနားယူနေသည်။ သို့သော်လည်း ဥက္ကဌ အနားမှာ ရှိနေကတည်းက သူမဟာ တစ်ပြားတစ်ချပ်မှ သုံးစွဲစရာ မလိုပေ။

နှစ်ယောက်သား ကျောင်းဝင်းထဲကို နေ့လည်ပိုင်း စာသင်ချိန် အတူတူ ပြန်သွားကြသည်။ သူတို့နှစ်ယောက် နေ့လည်စာစားဖို့ ၂ နာရီ ၃ နာရီလောက် အပြင်ထွက်ပြီး လူတိုင်းရဲ့ စိတ်ကူးတွေကို ရိုင်းစိုင်းသွားစေခဲ့သည်။

နေ့ခင်းသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

ဒေးဗစ်​သည် ကျောင်းဝင်းအတွင်း လှည့်လည်သွားခဲ့သည်။

အမလီယာ ကြောင့် သူကိုကြည့်သောအကြည့်များက မနာလိုသော အကြည့်များအဖြစ်ပြောင်းလဲသွားကြသည်။

ဒေးဗစ် သည် Golden Leaf Hotel သို့ ပြန်သွားခဲ့သည်။

သူတံခါးထဲဝင်သွားတော့ အရပ်ရှည်တဲ့ အစောင့်လေးယောက်က ဦးညွှတ်ပြီး ထုံးစံအတိုင်း “မင်္ဂလာပါ မစ္စတာ လစ်ဒဲလ်!”လို့နှုတ်ဆက်သည်။

ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်တော့ အသစ်ခန့်အပ်ထားသော ဧည့်ခန်းမန်နေဂျာက ပြေးလာပြီး ဦးညွှတ်လေသည်။ “မစ္စတာ လစ်ဒဲလ် မင်္ဂလာပါ!”

“နောက်တစ်ခါ ငါကို သိပ်ယဉ်ကျေးမနေနဲ့။ ငါတို့က မိသားစုတွေပဲ။ မင်းရဲ့အလုပ်ကို ဆက်လုပ်နိုင်တယ်။ ငါဘာသာသွားနိုင်တယ်” ဟုဧည့်ခန်းမန်နေဂျာအသစ်ကို ဒေးဗစ်က ပြောလိုက်သည်။

“ကောင်းပါပြီ မစ္စတာ​လစ်ဒဲလ်”

ထို့နောက် ဒေးဗစ်သည် ဓာတ်လှေကားထဲသို့ ၀င်သွားကာ ဧည့်ခန်းမှ ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း ဧည့်ခန်းရှိ ဆိုဖာတွင် ပြင်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးမှ သူ့ကို ကြည့်နေသည်ကို သတိမထားမိပေ။

တာရာစမစ်သည် Golden Leaf ဟိုတယ်၏ဧည့်သည်များအတွက် အထူးပြင်ဆင်ထားသည့် ဧည့်ခန်းတွင် တစ်နာရီခန့်ထိုင်နေခဲ့သည်။

သူမသည် South River Multimedia University ခေတ္တဌာနတွင် တတိယနှစ် ကျောင်းသားဖြစ်သည်။

ပုံမှန်အားဖြင့်၊ Acting Departments မှ ကျောင်းသားများသည် ၎င်းတို့၏ တတိယနှစ်တွင် ရုပ်ရှင်များတွင် ဇာတ်အိမ်တည်ရန် အစွမ်းကုန်ကြိုးစားပြီး၎င်းတို့၏ အရင်းအမြစ်များကို စတင်အသုံးပြုကြသည်။

ဒါမှ သူတို့ ဘွဲ့ရပြီးရင် သူတို့၏ သရုပ်ဆောင်အလုပ်အတွက် အခြေခံအုတ်မြစ်ကို ထူထောင်နိုင်မည်ဖြစ်သည်။

သူမ၏ အတန်းဖော်များသည် ရုပ်ရှင်အချို့တွင် စတင်သရုပ်ဆောင်ကြသည်။ သူတို့နှစ်ဦးဟာ ဇာတ်ပို့မင်းသမီးနေရာတွေမှာတောင် နာမည်ကြီးခဲ့ပြီး အခုဆို တော်တော်လေးကို ရေပန်းစားနေသည်။

သို့သော်လည်း တာရာ သည် သူမ၏ စာသင်ချိန် သုံးနှစ်တာ ကာလအတွင်း မည်သည့် အခန်းကဏ္ဍမှ မပါဝင်ခဲ့ဘဲ ထိုအ​ရာသည် သူမ မလှပသောကြောင့် မဟုတ်ပေ။

ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။ သူမသည် ရုပ်ရည်နှင့် ခန္ဓာကိုယ်အရ Multimedia University ၏ သရုပ်ဆောင်ဌာနတွင် အလှပဆုံး ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။

သူမသရုပ်မဆောင်ရတဲ့ အကြောင်းရင်းက သူ့မှာ အကန့်အသတ်တွေရှိနေလို့ပါပဲ။ သူမသည် ထိုဒါရိုက်တာများနှင့် ရင်းနှီးမြှုပ်နှံသူများထံ အခန်းကဏ္ဍကို ရယူရန် သွားပြီး​တောင်းဆို​နေမည်မဟုတ်ပေ။

ဟုတ်ပါတယ်၊ အရေးကြီးဆုံးကတော့ သူ့မှာ ပိုက်ဆံရှိတာပါပဲ။ သူ့မိဘတွေက စီးပွားရေးသမားတွေဖြစ်ပြီး သူတို့လုပ်ငန်းက အကြီးကြီးမဟုတ်ရင်တောင် သူတို့မှာ သန်းဆယ်ဂဏန်းတန်တဲ့ ပိုင်ဆိုင်မှုတွေရှိသည်။

ထို့ကြောင့် သူမသည် ကြီးပြင်းလာသည်နှင့်အမျှ သူမသည် ငွေကို ဘယ်သောအခါမှ မချို့တဲ့ပေ။ သဘာဝအားဖြင့်၊ သူမသည် ရာထူးတစ်ခုအတွက် သူမ၏ဂုဏ်သိက္ခာကို မပစ်ပယ်ပေ။

သူမဟာ သူတို့ဂုဏ်သိက္ခာကို ဂရုမစိုက်တဲ့ နောက်ခံကောင်းကောင်းမရှိတဲ့ ကျောင်းသားတွေနဲ့ မတူပါ။

အခွင့်သာရုံနဲ့ တစ်ခါတရံမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ရောင်းစားပစ်တတ်ကြသည်။

တကယ်တော့ ဒါရိုက်တာတစ်ယောက်ဟာ သူမရဲ့ တတိယနှစ်မှာ သူ့ကို မျက်စိကျခဲ့သည်။ သူသည် သူ့ရုပ်ရှင်တွင် ဇာတ်ပို့ဇာတ်ဆောင်ကို ပေးတော့မည်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသူများနှင့် ညစာစားရလေသည်။

သူမသည် အတွေ့အကြုံမရှိသောကြောင့် သူမ သိပ်စဉ်းစားမနေဘဲ သာမန်ညစာသာဖြစ်မည်ဟု ထင်ခဲ့သည်။

ဒါရိုက်တာနဲ့ ရင်းနှီးမြှုပ်နှံသူတွေက သူမကို အရက်သောက်ဖို့ တောင်းဆိုခဲ့ပေမယ့် အားလုံးကို ငြင်းပယ်ခဲ့သည်။ သူမထမင်းစားနေစဉ် မမျှော်လင့်ဘဲ ရင်းနှီးမြှုပ်နှံသူသည် သူမ၏ပေါင်ကိုထိမိတော့သည်။

နောက်ဆုံးတွင် သူမသည် ရင်းနှီးမြုပ်နှံသူ၏မျက်နှာပေါ်သို့ ရေတစ်ခွက်လောင်းချလိုက်ပြီး ဒါရိုက်တာသည် ဒေါသအမျက်ထွက်ကာ သူ့မျက်နှာမှာ မည်းမှောင်သွားသည်။ သူ့ကို ရုပ်ရှင်​လောက ကနေဘန်းမယ်လို့တောင်ပြောသွားသေးသည်။

အဲဒီနေ့ကစပြီး ဒါရိုက်တာ တော်တော်များများက သူမကို သူတို့ရဲ့ ရုပ်ရှင်တွေမှာ ပါဝင်ဖို့ မတောင်းဆိုကြတော့ပေ။

နာမည်ကြီး ဒါရိုက်တာတစ်ဦးထံမှ ဖုန်းခေါ်ဆိုမှုကျု သူမ ရရှိခဲ့​ပြီး ရင်းနှီးမြှုပ်နှံမှု သန်း ၁၀၀ ရှိသောဇာတ်ကားတစ်ကားတွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်နိုင်ကြောင်း ၎င်းက ပြောသည်။ သို့သော် ထိုအကြောင်းကို ပြောရန် သူမနှင့် လူချင်းတွေ့ဆုံရန် လိုအပ်သည်။

သူနဲ့တွေ့ဖို့ မဆုံးဖြတ်ခင် အချိန်အတော်ကြာ စဉ်းစားခဲ့သည်။

ဒါပေမယ့် Golden Leaf ဟိုတယ်ကို ရောက်တဲ့အခါ သူ့ဆီကနေ ဖုန်းမဆက်တဲ့အတွက် ဧည့်ခန်းထဲမှာပဲ ထိုင်ပြီး စောင့်ဆိုင်းနေရသည်။

အဲဒီနောက် ဒေးဗစ်​ရောက်လာတော့ သူ့အာရုံကို စွဲဆောင်သွားသည်။

All Chapters