← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

ဒေးဗစ်ဘတံခါးဝသို့ ဝင်သောအခါတွင် ဝန်ထမ်းလေးယောက်က သူ့အား ဦးညွှတ်ကြသည်။ သူမသည် ခပ်ဝေးဝေးတွင် ထိုင်နေသောကြောင့် တာရာ သည် သူတို့ပြောသည်ကို မကြားနိုင်သော်လည်း သူတို့သည် ဒေးဗစ်ကို အလွန်လေးစားပုံရသည်။

ထို့နောက် ဧည့်ခန်းမန်နေဂျာက သူ့ကို ဦးညွှတ်ဖို့ ပြေးလာသည်။

တာရာ သည် ဧည့်ခန်းထဲတွင် တစ်နာရီကျော်ကြာ ထိုင်နေပြီး ဟိုတယ်မှ လူအယောက် ၂၀ သို့မဟုတ် ၃၀ ခန့် ဝင်ထွက်သွားလာကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့အား ဦးညွှတ်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် တာရာသည် ဒေးဗစ်တွင် ထိတ်လန့်ဖွယ်ကောင်းသော နောက်ခံရှိခြင်း သို့မဟုတ် ဟိုတယ်ပိုင်ရှင်၏သား သို့မဟုတ် ရှယ်ယာရှင်တစ်ဦး၏ သားစဉ်မြေးဆက် ဖြစ်နိုင်သည်ဟု တာရာ က ယူဆခဲ့သည်။

သို့သော် သူမ သိချင်ရုံမျှဖြင့် ဤအရာသည် သူမနှင့် မသက်ဆိုင်ပါ။ အခုချိန်မှာတော့ထိုလူကို စောင့်မျှော်နေဆဲပါ။

နာရီဝက်လောက်ကြာတော့…

တာရာ ၏ ဖုန်းသည် နောက်ဆုံးတွင် မြည်လာသည်။

“မင်္ဂလာပါ ဒါရိုက်တာ ပီတာ​ မင်းဘယ်မှာလဲ ငါဟိုတယ်ရောက်နေပြီ” ဟု တာရာ က ဖုန်းကိုကောက်ကိုင်လိုက်ပြီး မေးလိုက်သည်။

“မစ္စ မင်းကို အကြာကြီးစောင့်ခိုင်းမိတာ တောင်းပန်ပါတယ်။ မင်းအခုပဲ အခန်း 15-1 ကိုလာသင့်တယ်။ ငါဒီမှာစောင့်နေမယ်” ဟု ဒါရိုက်တာပီတာ၏အသံသည်ဖုန်းမှထွက်လာသည်။

“ဒါရိုက်တာ ပီတာ​ဘာဖြစ်လို့လဲ။ ငါတို့ဒီမှာပြောလို့မရဘူးလား”

“မစ္စ ငါတို့ပြောမယ့် လုပ်ငန်း​လျှို့ဝှက်ချက်တွေကို မင်းသိရမယ်။ ရင်းနှီးမြုပ်နှံသူတွေရဲ့ စကားလုံးတွေ ပေါက်ကြားသွားလို့ ရင်းနှီးမြုပ်နှံမှု မလုပဩတော့ရင် ဘယ်လိုလုပ်မလဲ”

“ဒါရိုက်တာပီတာ ဒီမှာစကားပြောရင် ပိုကောင်းမယ်ထင်တယ်။ သီးသန့်အခန်းမှာပြောလည်း အတူတူပါပဲ။ ဒီမှာလည်း ဘယ်သူမှ သိမှာ မဟုတ်ဘူး။”

“ဒီမှာ၊ မစ္စ​ စမစ်၊ ဒါက ရင်းနှီးမြှပ်နှံငွေ သန်း ၁၀၀ ရှိတဲ့ ရုပ်ရှင်တစ်ကားဆိုတာ မင်းသိထားရမယ်။ ဇာတ်ပို့ဇာတ်ရုပ်က အရမ်းအရေးကြီးတဲ့ ဇာတ်ရုပ်ဖြစ်ပြီး ဒီဇာတ်ရုပ်ကို သဘောကျတဲ့သူတွေလည်း ရှိပါတယ်။ မင်းအတွက် ငါအဲဒါကိုရဖို့ အချိန်နဲ့ ခွန်အားတွေ အများကြီးကုန်ခဲ့ရတယ်။ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်။ မင်းမလာရင် တခြားလူကို ငါဆက်သွယ်လိုက်မယ်။”

“ဒါဆို တခြားတစ်ယောက်နဲ့ ဆက်သွယ်လိုက်ပါ။ နှုတ်ဆက်ပါတယ်” တာရာ က ဖုန်းမချခင် ပြောလိုက်သည်။

တကယ့်ဟာသပဲ။ သူမသည် ဘာမှမသိသော လူသစ်တစ်ယောက်မဟုတ်ပေ။ အခုက မှောင်ခါနီးနေပြီမို့ အခန်းထဲဝင်ရင် ပြန်ထွက်လို့ရမှာလား။

တာရာ ဖုန်းချသွားပြီးနောက် လွယ်အိတ်ကိုဆွဲယူပြီး ဟိုတယ်မှထွက်လာခဲ့သည်။ ထို့နောက် သူမသည် ကားကိုခေါ်ကာ ကျောင်းဝင်းထဲသို့ ပြန်သွားခဲ့သည်။

ဇာတ်ပို့နေရာအတွက် သူ့ခန္ဓာကိုယ်ကို ရောင်းထုတ်ရမှာလား?

အိပ်မက်မက်နေလိုက်

Golden Leaf Hotel ရဲ့ ၁၅လွှာတွင်

ဤဟိုတယ်တွင် အမြင့်ဆုံးစံနှုန်းရှိသော သီးသန့်​ခန်းဖြစ်သည်။

တစ်ညတာအတွက်ဈေးက ဒေါ်လာ ၆၆၆၆၆ဖြစ်သည်။

အခန်းတွင်း၌။

အသက်သုံးဆယ်အရွယ်၊ အသက်လေးဆယ်ကျော် လူလတ်ပိုင်းအမျိုးသားတစ်ဦးနှင့် အတွင်းရေးမှုးအဖြစ်ဝတ်ဆင်ထားသည့် အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးလည်း ရှိသေးသည်။

တာရာ ဖုန်းချလိုက်ပြီးနောက်၊ ပီတာ၏ မျက်နှာသည် ဒေါသကြောင့် ဖျော့ဖျော့မှ မည်းမှောင်သွားခဲ့သည်။

ဒါရိုက်တာ ပီတာ၊ ရုပ်ရှင်လောကမှာ မင်းရဲ့နာမည်ကျော်ကြားမှုနဲ့ မင်းကို တစ်ယောက်ယောက်က ဘယ်လိုငြင်းဆန်နိုင်မှာလဲ။ သူက ဒီလုပ်ငန်းမှာ မလုပ်ချင်တော့ဘူးလား။” ဝဝပုပုနဲ့နှင့် ချမ်းသာသော လူလတ်ပိုင်းက ပြောလိုက်သည်။

“မစ္စတာ ဂိုမက်စ်၊ ထိုမိန်းကလေးက အပျိုဖြစ်ဆဲဖြစ်ပြီး လုပ်ငန်းရဲ့စည်းမျဉ်းတွေကို သူမမသိသေးဘူး။ သူ့မိသားစုမှာလည်း ပိုက်ဆံရှိတယ်ထင်တယ်၊ ဒါကြောင့် ဒီလုပ်ငန်းကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ပီတာက ပြောသည်။

“သူမက အပျိုပဲလို့ ပြောတာလား။ ဒါက အရမ်းကောင်းတယ်။ အဲလိုမိန်းကလေးတွေကို ကြိုက်တယ်။ သူမကို ငါ့အတွက် ပေးနိုင်မလား နောက်ထပ် သန်း ၂၀ ရင်းနှီးမြုပ်နှံမယ်” ဟက်တာဂိုမက်စ်က ပြောသည်။

“မစ္စတာ ဂိုမက်စ် အဲဒါ နည်းနည်းခက်နိုင်တယ်။ မင်းက ဒါကို ကြားရုံနဲ့ ဒီကောင်မလေး တုန်လှုပ်မှာ မဟုတ်ဘူး” ဟု ပီတာက ကူကယ်ရာမဲ့ပြောသည်။

“ငါတို့က သူ့ကို အမျိုးသမီးဇာတ်ဆောင်အဖြစ် ထားလိုက်မယ်။ ဒီသွေးဆောင်မှုကို သူ ခံနိုင်ရည်ရှိမရှိ ကြည့်ချင်တယ်”

“ဒါပေမယ့် အမျိုးသမီးဇာတ်ဆောင်နေရာက

မယ်ရီကန့် ကို ပေးထားပြီးသားပါ။ ဒါကို နောက်ဆုံးအချိန်မှာ ပြောင်းချင်ရင်တော့ သူမ ကျေနပ်မှာမဟုတ်ဘူး။”

“ငါတို့ကဘာစာချုပ်မချုပ်ရသေးတဲ့အတွက် ကြိုက်တဲ့အချိန် ပြောင်းလို့ရတယ်။ ဒါနဲ့ သူမ မကျေနပ်လဲဘာဖြစ်လဲ?” ဟကဩတာ က အမှုမဲ့ အမှတ်မဲ့ ပြောလိုက်သည်။

“ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်။”

“အကောင်းဆုံးကြိုးစားရမှာမဟုတ်ဘူး၊ မင်းရအောင်ကိုလုပ်ရမယ်!”

All Chapters