← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

ယခုအချိန်တွင် ပီတာသည် သူ့စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲနေလေသည်။

ဒီအရင်းရှင်တွေကို စက်ဆုပ်ရွံရှာသည်။ ကိုယ့်အကျိုးအတွက် တခြားသူတွေကို အမြဲတမ်း အမိန့်ပေးသည်။

ထို့အပြင်၊ ဟက်တာ သည် ကျောင်းတက်နေဆဲဖြစ်ပြီး မည်သည့်ရုပ်ရှင်ကားမှ မပါဝင်ဖူးသေးသည့် တတိယနှစ်ကျောင်းသူအား ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြုပ်နှံထားသည့် ရုပ်ရှင်တစ်ကား၏ အမျိုးသမီးဇာတ်ဆောင်ဖြစ်ရန် အလေးအနက်တောင်းဆိုခဲ့သည်။

ဒီစကားထွက်လာရင် မာရီရဲ့ပရိသတ်တွေ တိုက်ခိုက်ခံရလိမ့်မည်။

ဒီမိန်းကလေးရဲ့ အရည်အချင်းက ကောင်းရင်တော့​ညချင်းတွင်း​ အောင်မြင်လိမ့်မည်။

ဒါပေမယ့် သူမမှာ အရည်အချင်း မရှိဘူးဆိုရင်တော့ရုပ်ရှင်တစ်ခုလုံးကို ပျက်ဆီးစေလိမ့်မည်။

ထိုသို့ဖြစ်လာသောအခါတွင် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ကုန်ကျစရိတ်များကို ပြန်မရနိုင်ရုံသာမက ဝေဖန်မှုအမျိုးမျိုးလည်း ခံရမည်။ နောက်ဆုံးတွင်၊ ပီတာသည် ဤအရာအားလုံးအတွက် တာဝန်ရှိလာလိမ့်မည်။

ဟက်တာ သည် သူ့စိတ်ထဲတွင် ငရဲသို့ ကျိန်ဆဲနေသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေသေးသည်။ “စိတ်မပူပါနဲ့ မစ္စတာဂိုမက်ဇ်။ အဲဒါကို ပြီးမြောက်အောင်လုပ်ဖို့ သေချာပေါက် နည်းလမ်းရှာပါ့မယ်။”

သူ့တွင် ရွေးချယ်စရာမရှိ​ပေ ယနေ့ခေတ်ကြီးတွင် ငွေရှိသူသည် သခင်ဖြစ်သည်။

သူသည် လုပ်ငန်းနယ်ပယ်တွင် အတော်လေးနာမည်ကြီးသော်လည်း ထိုအရင်းရှင်များကို လျစ်လျူရှုနိုင်သည့်အဆင့်တွင် မရှိပါ။

ဒါက အကောင်းဆုံး ဒါရိုက်တာတွေနဲ့ ကွာခြားတဲ့ အချက်ပါပဲ။ အဲဒီလို ဒါရိုက်တာမျိုးတွေက ရုပ်ရှင်တစ်ကားကို ထုတ်လုပ်ချင်တယ်ဆိုရင် သူတို့ဟာ အချက်အလက်တချို့ကို ပြောရန်သာလိုပြီး လိုပြီး တွေ A အဆင့်အကောင်းဆုံး သရုပ်ဆောင်တွေနဲ့ မင်းသမီးတွေတောင် ဝိုင်းအုံလာလိမ့်မည်။

ထို့အပြင် မရေမတွက်နိုင်သော အရင်းရှင်များသည် ၎င်းတို့၏ ပိုက်ဆံများကို အသုံးပြုရန် သူတို့ကိုယ်တိုင်​တံခါးလာခေါက်လိမ့်မည်။

အဲ့ဒီ့ ဒါရိုက်တာ ရွေးချယ်လိုက်တဲ့ ရင်းနှီးမြှုပ်နှံသူဟာ နောက်ပိုင်းမှာ ချမ်းသာလာနိုင်တာကြောင့်ပါ။

ဒါက အရင်းရှင်တွေရဲ့ လမ်းကြောင်းပဲ။ တစ်စုံတစ်ယောက်က သူ့အပေါ်အကျိုးအမြတ် ပေးနေသရွေ့ သူတို့အပေါ် ယဉ်ကျေးစွာ ဆက်ဆံလိမ့်မည်။

ဆိုင်မွန်(ပီတာ) သည်လည်း ထိုအတိုင်းလိုက်နာခဲ့သည်။

အိပ်မက်ထဲမှာတောင် ဒီလို ဒါရိုက်တာမျိုး ဖြစ်ချင်ခဲ့သည်။

နောက်တစ်နေ့ နေ့လည်။

ပက်ထရစ်က ဒေးဗစ်အား ဘလိုင်းဒိတ်ဟာ Golden Leaf Hotel မှာ ကျင်းပမည်ဖြစ်ပြီးနောက်ကျမဖြစ်စေရန်လည်း ပြောခဲ့သည်။

ဒေးဗစ်သည် ဟိုတယ်သို့သွားသောအခါ သာမာန်ဧည့်သည်အဖြစ် ဆက်ဆံရန် ဝန်ထမ်းအားလုံးကို ပုလဲထံမှ မက်ဆေ့ချ်ပို့ခဲ့သည်။

ဒီသတင်းကို မဖြန့်ချင်သေးပေ။

နေ့လည်ပိုင်း အတန်းပြီးသောအခါ ဒေးဗစ်သည် Golden Leaf Hotel သို့သွားကာ ဥက္ကဌ၏ရုံးခန်း၌ စောင့်နေလေသည်။

အခြား Musketeers သုံးဦးသည် ရေချိုးပြီး အဝတ်အစား​လဲရန် လိုအပ်နေသေးသည်။

တာရာ က ဟိုတယ်ကို နောက်တစ်ခေါက်ပြန်ရောက်လာသည်။

ဒီတစ်ခါတော့ သူမဟာ ဒါရိုက်တာတွေနဲ့ တွေ့ဖို့ မဟုတ်ပေ။ညစာစားပွဲအတွက် လာခြင်းဖြစ်သည်။

အခန်းဖော် မယ်ဒီဆင် ဂျွန်ဆန်၏ ချစ်သူအသစ်။

၎င်းတို့လေးဦးသည် ပက်ထရစ်နှင့်အဖွဲ့ကို စောင့်ဆိုင်းနေစဉ် Golden Leaf ဟိုတယ်အဝင်ဝတွင် ရပ်နေခဲ့ကြသည်။

“မယ်ဒီ၊ မင်းရည်းစားက ငါတို့ကို ဒီမှာ ညစာစားဖိတ်ထားတာ တကယ်ဟုတ်လို့လား။ မနေ့ကပဲ ငါတို့နောက်နေတာ။ ငါတို့က ဘာလို့ တခြားနေရာကို မသွားတာလဲ။” အခြားအခန်းဖော်

အယ်လီဆာ ဂိုလ်းမန်းက မေးလိုက်သည်။

မက်ဒီဆင်ရဲ့ ချစ်သူအသစ်က သူတို့ကို ညစာစားချင်တယ်လို့ မနေ့ကကြားသိရပြီး နေရာရွေးခိုင်းသည်။ ထို့နောက် Golden Leaf Hotelဟု ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

သို့သော် ဤနေရာတွင် ညစာစားရန် သူတို့​ကို အမှန်တကယ်ဖိတ်မည််ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

“လီ အဆင်ပြေပါတယ်။ ငါ့ကိုယုံပါ။ ထမင်းဖိုးတောင်မတတ်နိုင်ရင် သူက ငါ့ရည်းစားဖြစ်နိုင်ပါ့မလား”

“မယ်ဒီ မင်းရဲ့ချစ်သူက အရမ်းကောင်းပုံပဲ။ သူသည် ချမ်းသာသော မိသားစုမှ ဖြစ်ရမယ်​ ငါအရမ်းမနာလိုတာပဲ! သူ့မှာ တခြားချမ်းသာတဲ့သူငယ်ချင်းတွေ ရှိလားလို့ မေးလို့ ရမလား”​ အခြားအခန်းဖော် ရိုဆာလီကင်း က မေးလိုက်သည်။

“သူ ဒီည ငါတို့ကို ညစာကျွေးပေမယ့် သူ့အခန်းဖော်တချို့ကိုလည်း ခေါ်လာလိမ့်မယ်။ ဒါဆိုရင် နင်တို့ကြိုက်တဲ့လူရှိမရှိ ကြည့်နိုင်တယ်။ ငါနင်တို့ကို ကူညီပေးနိုင်တယ်” လို့ မယ်ဒီဆင်က ဖြေလိုက်သည်။

“သူ့အခန်းဖော်တွေက သူနဲ့တူလား။ သူတို့အားလုံး ဆင်းရဲတယ်လို့ မပြောနဲ့နော်။”

“မပြောတတ်ဘူး။”

“ရိုစီ၊ ချမ်းသာတဲ့ချစ်သူတစ်ယောက်ရဖို့ အိပ်မက်မက်နေတာ ရပ်လိုက်လိုက်ပါ။ အလားအလာရှိတဲ့သူကို ရှာရတာလည်း မဆိုးပါဘူး” ဟု တာရာ က ပြောလိုက်သည်။

“တာရာ၊ ငါတို့က နင်နဲ့မတူဘူး။ နင့်ရဲ့မိသားစုကချမ်းသာတယ်လေ။ လက်တွေ့လောကကို နင်မကိုင်တွယ်နိုင်ရင််မိသားစုစီးပွားရေးကို ပြန်သွားပြီး ပိုင်ဆိုင်မှု သန်းရာပေါင်းများစွာကို အမွေဆက်ခံနိုင်တယ်။ ငါတို့ကမင်းနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ”

“ငါတို့လိုလူတွေအတွက် အကောင်းဆုံးက ငါတို့ကိုချစ်တဲ့ ချမ်းသာတဲ့သူကိုရှာတာပဲဆိုတာ မင်းသိပါတယ်။ ကြယ်တစ်ပွင့်ဖြစ်ဖို့ ဘယ်လောက်တောင် ခက်ခဲပင်ပန်းရမယ်ဆိုတာ မသိဘူး။ ငါဘာမှ မဖြစ်မြောက်ဘဲနဲ့တောင် အဆုံးသတ်သွားနိုင်တယ်။”

“ဒီလောက်လဲ အဆိုးမြင်မနေပါနဲ့”

“ ဒါပေမယ့် ငါတို့လို နောက်ခံမရှိတဲ့ကျောင်းသူတွေက ဇာတ်ညွှန်းရ​ဖို့​ တစ်ယောက်ယောက်​နဲ ညစာစားရမယ်၊ သောက်ရမယ် ဒါမှမဟုတ် အိပ်တောင်အိပ်ရလိမ့်မယ်။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို အားကိုးပြီး ကျော်ကြားလာမှာ မဟုတ်ဘူး။ ဒါကြောင့် ကြယ်တစ်ပွင့် မဖြစ်ချင်တော့ဘူး။ ချမ်းသာတဲ့သူကိုရှာပြီး ဘဝကို အေးအေးချမ်းချမ်းပဲနေချင်တော့တယ်”

ရိုဆာလီပြောခဲ့သည့်အတိုင်း အမှန်အတိုင်းဖြစ်နေသောကြောင့် တာရာ သည် ပြန်လည်တုံ့ပြန်ရန်နည်းလမ်းမရှိတော့ပေ။

All Chapters