← Chapters

အိပ်မက်ဆိုးရောက်လာပြီ

Vol. 77 Ch. 1142

အိပ်မက်ဆိုးရောက်လာပြီ

Vol. 77 Ch. 1142

မေးခွန်းများက ဆက်လက် ဖြစ်ပွားနေသည်။

နောက်တစ်ယောက်အလှည့်ကျ၍ ရှေ့ကို ထွက်လာသည့်လူမှာ မျှခြေမီးလျှံ အလယ်တန်းကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်သည်။

"ငါ့နာမည်က ကျုံးယွင်ရီ.. မျှခြေမီးလျှံ အလယ်တန်းကျောင်းကပါ.. အိမ်သာသွားဖို့ အပြင်ထွက်လာတဲ့အခါ ဒီလူကို ဒီမှာလဲနေတာ တွေ့လိုက်ရတယ်.. သူ့ကို ကြည့်လိုက်တာ ကြယ်မီးလျှံမှော်စွမ်းရည်နဲ့ ထိမှန်ထားတယ်လို့ ထင်ရတယ်.. ဘယ်သူက ငါတို့ကျောင်းကို ချောက်ချချင်လို့ လုပ်ထားတယ် ဆိုတာတော့ ငါမသိဘူး.. ဒါကြောင့် ပြန်သွားပြီး အဖွဲ့ခေါင်းဆောင်နဲ့ တိုင်ပင်ခဲ့တယ်.. အဲဒီနောက်မှာတော့ သူ့ကို လက်သီးနဲ့ထိုးဖို့ ဆုံးဖြတ်လိုက်တယ်"

"ဆက်ပြောပါ"

ကူရွှင်းကျစ်က ကျုံးယွင်ရီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ကျုံးယွင်ရီက သူလုပ်ခဲ့သည့် အမှန်တရားကို ၀န်ခံလိုက်သည်။

"ငါက မြောက်ပိုင်းလက်သီး အထက်တန်းကျောင်းရဲ့ အလင်းဖောက် လက်သီး သဘောတရားကို အတုခိုးပြီး ကျူးဟန်ယွင်ရဲ့ဗိုက်ကို လက်သီးနဲ့ ထိုးချလိုက်တယ်"

ထိုစကားကို ကြားလျှင် အားလုံးက အံ့အားသင့်သွားကြသည်။

"........."

ပထမဆုံး၀န်ခံခဲ့သည် နန်ယန်ရှို့သည် သူ၏နောက်မှ ကျူးဟန်ယွင်ကို တွေ့သောသူများက သူ့ထက်ပင်ပို၍ ကြမ်းတမ်းသောအရာများ ပြုလုပ်လိမ့်မည်ဟု ဘယ်တုန်းကမှမထင်ထားခဲ့ပေ။

အလင်းဖောက် လက်သီးနည်းစနစ်သည် မြောက်ပိုင်းလက်သီးအထက်တန်းကျောင်း၏ အခြေခံ သိုင်းပညာတစ်ခု ဖြစ်သည်။

၀ိညာဥ်အရင်းအမြစ်သည် သိုင်းပညာရှင် တစ်ယောက်၏ အားနည်းချက် ဖြစ်သည်။

အလင်းဖောက်လက်သီးသည် ၀ိညာဥ်အရင်းအမြစ်ကိုထိုးဖောက်ပြီး ပျက်စီးစေနိုင်သည့် တိုက်ခိုက်ရေးနည်းစနစ် တစ်ခုဖြစ်၏။

အားနည်းနည်းလေး ပိုသုံးမိသည်နှင့် အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်စွမ်းရှိသည်။

တခဏလေးအတွင်းမှာပင် ကျုံးယွင်ရီသည် ပိုပြီးသံသယဖြစ်စရာ ကောင်းလာခဲ့၏။

သို့သော်လည်း ကျုံးယွင်ရီသည် သွေးထွက်ရခြင်းနှင့် ပတ်သက်၍ နောက်ထပ်ရှင်းပြချက်တစ်ခုပေးခဲ့သည်။

"ငါတို့အနေနဲ့ မြောက်ပိုင်းလက်သီး အထက်တန်းကျောင်းကို လွှဲချဖို့အတွက် စီစဥ်ရုံပါပဲ.. ဒါကြောင့် ငါ့အနေနဲ့ အလင်းဖောက်လက်သီးကို ၇၀ ရာခိုင်နှုန်းလောက်ပဲ အသုံးပြုထားခဲ့တယ်.. ဒါကြောင့် လက်သီးထိုးတဲ့အားက အရမ်းကြီးမပြင်းထန်ဘူး.. ငါတို့ရဲ့ အဓိရည်ရွယ်ချက်ကလည်း ကျူးဟန်ယွင်ကို သတ်ဖို့မဟုတ်ဘဲ အလင်းဖောက်လက်သီးရဲ့ သဲလွန်စတွေကို ချန်ထားခဲ့ဖို့ပဲ.. ဒီထက်ပိုပြီး ပြောရရင် ငါ့ရဲ့ လက်သီးထိုးချက်က သူရဲ့၀ိညာဥ်အရင်းအမြစ်ကို သွေးထွက်စေနိုင်တဲ့ အင်အားမျိုး မရှိဘူး"

ကျုံးယွင်ရီ၏ ပြောဆိုချက်သည် သံသယများကို လုံး၀ပြေလျှော့သွားစေနိုင်တာမျိုး မဟုတ်ပေ။

သို့သော်လည်း ကူရွှင်းကျစ်သည် တရားခံက ကျုံးယွင်ရီ ဖြစ်နိုင်သည်ဟု မထင်ခဲ့ချေ။

မျှခြေမီးလျှံအလယ်တန်းကျောင်းမှ ကျောင်းသားများ သည် ပုံမှန်အားဖြင့် မီးလျှံကို အသုံးပြုကြပြီ ပြင်းအားပမာဏကို အတိအကျ ချိန်ဆ တွက်ချက်တတ်သူများ ဖြစ်ကြသည်။

ကျုံးယွင်ရီသာ တကယ်တမ်း လုပ်ဆောင်ခဲ့လျှင်ကျူးဟန်ယွင်အနေဖြင့် သွေးမထွက်စရာ ဘာအကြောင်းမှ မရှိချေ။

တစ်နည်းအားဖြင့် ပြောရလျှင် ၀ိညာဥ်အရင်းအမြစ်မှ သွေးထွက်ခြင်းသည် ကျုံးယွင်ရီ၏ ထိုးနှက်မှုအပေါ် အခြေခံပြီး အခြေအနေကို အခွင့်ကောင်းယူကာ တိုက်ခိုက်လိုက်သောသူ တစ်ယောက်ကြောင့် ဖြစ်သည်။

ဤနောက်ဆုံးစစ်ဆေးမှု ပြီးသည့်အခါတွင် ကူရွှင်းကျစ်သည် မည်သူမှ ထင်မှတ်မထားသည့် လူတစ်ဦးကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မိန်းကလေး မင်းလုပ်ခဲ့တာမဟုတ်လား"

ကူရွှင်းကျစ်က ကျူးဟန်ယွင်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ ငိုနေသည့် ကျူးဟန်ယွင်၏ ဂျူနီယာညီမလေးကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ထိုဂျူနီယာညီမလေးသည် ကျူးဟန်ယွင် ပထမဆုံးအပေါ်သို့ ပစ်လွှတ်ခဲ့သည့် ဂျူနီယာညီမလေး ဖြစ်သည်။

သူမနှင့်ကျူးဟန်ယွင်တို့၏ ဆက်ဆံရေးကို အားလုံးလည်း သိထားကြသည်။

ထို့ကြောင့် ကူရွှင်းကျစ်၏ စကားကိုကြားသည်နှင့် တိုင်တန် အထက်တန်းကျောင်းမှ ကျောင်းသားတစ်ယောက်သည် ချက်ခြင်းပင် ရှေ့ထွက်လာခဲ့ပြီး သူမဘက်ကနေ ကာကွယ်ပြောဆိုလိုက်သည်။

"မင်းတစ်ခုခုမှားနေပြီထင်တယ်.. ညီမလေး အားချွန်းနဲ့ အကိုကျူးတို့က ဆက်ဆံရေး အရမ်းကောင်းကြတယ်"

ကူရွှင်းကျစ်က ငိုကြွေးနေသည့် ဂျူနီယာညီမလေး၏ အမည်ကို ယန်ရှောင်ချွန်းဟု ခေါ်မှန်း သိလိုက်ရသည်။

"ချွန်း"ဆိုသည်မှာ "စင်ကြယ်သော"ဟု အဓိပ္ပါယ်ရသည်။

သူမကို ကြည့်လျှင် နာမည်နှင့် လိုက်အောင်ပင် လုံး၀ အန္တရာယ်မရှိဟု ထင်ရပြီး ပိန်လီကာ အားနွဲ့သည့် သနားစရာ မိန်းကလေးတစ်ယောက်လို ဖြစ်နေသည်။

သို့သော်လည်း စကြာ၀ဠာအုပ်ထိန်းသူအနေဖြင့် ကူရွှင်းကျစ်သည် ဤကဲ့သို့ အခြေအနေကို အများအပြား မြင်ဖူးခဲ့သည်။

ယနေ့ခေတ်တွင် လိမ္မော်ရည်တိုက်သည့် ကလေးမလေး တစ်ယောက်ပင် ဟန်ဆောင်ကောင်းသူ ကြောင်သူတော်တစ်ယောက် ဖြစ်နိုင်၏။

ဤဂျူနီယာညီမလေးဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

ထို့ကြောင့် ကူရွှင်းကျစ်သည် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး သူ၏ကောက်ချက်ကို ရှင်းပြရန် စတင်ခဲ့သည်။

"ငါ့ရဲ့ သံသယအတွက် အကြောင်းပြချက် အများကြီးရှိတယ် အခင်းဖြစ်ပွားတဲ့နေရာကို ပထမဆုံး ရောက်ရှိခဲ့တဲ့သူက ယန်ရှောင်ချွန်းလို့ ခေါ်တဲ့ ဂျူနီယာညီမလေးပဲ.. ကျုံးယွင်ရီက အလင်းဖောက်လက်သီးကို အသုံးပြုပြီးတဲ့နောက်မှာ သွေးထွက်တာမျိုး မဖြစ်ခဲ့ဘူး.. ဒါ့ကြောင် အကယ်၍ ယန်ရှောင်ချွန်းသာ ကျူးဟန်ယွင်ကို ပထမဆုံးတွေ့ခဲ့တယ်ဆိုရင် နောက်ထပ် ထပ်မံတိုက်ခိုက်ပြီး ၀ိညာဥ်အရင်းအမြစ်ကနေသွေးယိုစိမ့်စေဖို့ အခွင့်အရေးကောင်းတစ်ခုပဲ.. ဒါပေမဲ့ ယန်ရှောင်ချွန်း ကိုယ်တိုင်တောင် ဒီကျူးဟန်ယွင်က အတုဖြစ်နေမယ်ဆိုတာ မသိခဲ့ဘူး ထင်ပါတယ်.. တကယ့်ကျူးဟန်ယွင်ကို အစောပိုင်းကတည်းက အစားထိုးထားခဲ့ပြီးပြီ.. ဒီမှာလှဲနေတဲ့သူက တည်ဆောက်ခြင်းမှော်အတတ်နဲ့ ဖန်တီးထားတဲ့အရာတစ်ခုပဲယ. ဒါ့အပြင် တည်ဆောက်ခြင်းမှော်အတတ်ကို သုံးခဲ့တဲ့ ဆရာသခင်က အတွေ့အကြုံရှိတဲ့သူ ဖြစ်တဲ့အတွက် အတုကို တကယ့်အစစ်နဲ့မခြား လုပ်ဆောင်နိုင်တဲ့သူပဲ.. ငါက တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းက အတန်းဖော်တွေကို အာရုံခံမှော်စွမ်းရည်တွေနဲ့ စစ်ဆေးပေးဖို့ အစောပိုင်းက တောင်းဆိုခဲ့တယ်.. စစ်ဆေးမှုအရ ယန်ရှောင်ချွန်းကမှော်အတတ်ကို နောက်ဆုံး အသုံးပြုခဲ့သူဆိုတာ ရာနှုန်းပြည့်သေချာတယ်.. ဒါ့အပြင် သူအသုံးပြုခဲ့တာကလဲ အလင်းဖောက်လက်သီးပဲ.. အလင်းဖောက်လက်သီးက လက်သီးနည်းစနစ်တစ်ခု ဖြစ်ပေမဲ့လည်း ၀ိညာဥ်အရင်းအမြစ်ကို လှုပ်ခတ်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိနေတာကြောင့် လက်သီးပေါ်မှာ ၀ိညာဥ်စွမ်းအင် သဲလွန်စတွေ ကျန်ရှိနေမှာ အသေအချာပဲ"

ကူရွှင်းကျစ်"ယန်ညီမလေး မင်း၀န်မခံရင်လည်း ပြသနာမရှိဘူး အလင်းဖောက်လက်သီးရဲ့ လက္ခဏာအရ မင်းက ကျူးဟန်ယွင်ကို အလင်းဖောက်လက်သီး အသုံးပြုလိုက်တဲ့အခါ မင်းရဲ့၀ိညာဥ်စွမ်းအင်ကကျူးဟန်ယွင်ရဲ့ ဒန်တျန်ကနေတစ်ဆင့်ဖြတ်သန်းပြီး ၀ိညာဥ်အရင်းအမြစ်ကို ထိခိုက်စေမှာဖြစ်တယ်ဒါကြောင့် ကျူးဟန်ယွင်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ၀ိညာဥ်စွမ်းအင်မော်လီကျူးတွေက မင်းဆီမှာကပ်နေမှာ အသေအချာပဲ.. ဒါက မင်းတရားခံ ဖြစ်ကြောင်း ဖော်ပြတဲ့ တိုက်ရိုက်သက်သေတစ်ခုပဲ.. မျှခြေမီးလျှံအလယ်တန်းကျောင်းက အတန်းဖော်ကျုံးကတော့ လှည့်စားဖို့ပဲ ရည်ရွယ်ချက်ရှိခဲ့တဲ့အတွက် သူ့ရဲ့

လက်မှာ ကျူးဟန်ယွင်ရဲ့ ၀ိညာဥ်စွမ်းအင် မော်လီကျူးတွေ မကပ်ငြိခဲ့ဘူး"

ဟုတ်ပါသည်၊ဤအရာအားလုံးသည် ကူရွှင်းကျစ်၏ မှန်းဆချက်သာ ဖြစ်သည်။

သို့သော်လည်း ယန်ရှောင်ချွန်း မျက်နှာပျက်သွားသည်ကို မြင်လျှင် ကူရွှင်းကျစ်၏ မှန်းဆချက်က မှန်ကန်ကြောင်း အားလုံးက သိရှိခဲ့သည်။

သို့သော် ယခုထိတိုင် မသိရသေးသည့် အရာတစ်ခု ရှိနေသေး၏။

ယင်းမှာ ထိုသို့လုပ်ဆောင်ရသည့် သူမ၏ ရည်ရွယ်ချက်ပင်။

ကျူးဟန်ယွင်ကို တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားမိသူသည် အဆုံးသတ်တွင် တရားခံ ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဤအရာအတွက် ရှင်းလင်းချက်တစ်ခုသာ ရှိ၏။

ယင်းမှာ ယန်ရှောင်ချွန်းသည် တခြားသူတစ်ဦးဦး၏ ထိန်းချုပ်ခံထားရနိုင်ခြေ ဖြစ်သည် သို့မဟုတ်လျှင် သူမ ကိုယ်တိုင်က ယန်ရှောင်ချွန်းအစစ် မဟုတ်ပေ။

ကူရွှင်းကျစ်က ယန်ရှောင်ချွန်း ဟုတ်မဟုတ် အတည်ပြုနိုင်စွမ်းရှိ၏။

သို့သော်လည်း ဤနေရာ၌ လူပေါင်းများစွာရှိနေပြီး ပြင်ပတွင်လည်း ဆရာများနှင့် ကျောင်းအုပ်ကြီးများက ဤနေရာရှိ အခြေအနေကို စောင့်ကြည့်နေကြောင်း သူကောင်းစွာ သိရှိထားသည်။

အကယ်၍သာ သူက ဖော်ထုတ်ခဲ့လျှင် သူ၏ တကယ့်အင်အားကို မလွှဲမသေ ပြသရလိမ့်မည် ဖြစ်၏။

ထို့ကြောင့် သူက စကားလုံးများဖြင့်သာ လူအုပ်ကြီးကို ဆက်လက်ရှင်းပြခဲ့သည်။

"မင်းတို့အားလုံးက ကျူးဟန်ယွင်ကို ယန်ရှောင်ချွန်းဘယ်တော့မှ မသတ်ဘူးလို့ ယုံကြည်နေတာ ငါသိတယ်.. ဒါပေမဲ့ ယန်ရှောင်ချွန်းနေရာမှာ တစ်စုံတစ်ယောက်က အစားထိုး၀င်နေတာ ဖြစ်နိုင်တယ်လို့ မင်းတို့ စဥ်းစားမိရဲ့လား"

ဤနေရာရှိ ကျောင်းသားတိုင်းသည် လက်ရွေးစင်ကျောင်းသားများ ဖြစ်၍ ဥာဏ်ကောင်းကြသည်။

ကူရွှင်းကျစ် ထိုသို့ပြောလိုက်သောအခါတွင် ယန်ရှောင်ချွန်းကို ကာကွယ်နေသည့် တိုင်တန် အထက်တန်းကျောင်းမှ ကျောင်းသားများသည် ဘာမှ မပြောကြတော့ချေ။

အဘယ်ကြောင့်ဆိုသော် အစားထိုးခံရနိုင်ခြေသည် မဖြစ်နိုင်သည့် အကြောင်းပြချက် မဟုတ်သောကြောင့် ဖြစ်၏။

ယန်ရှောင်ချွန်းသည် ကျူးဟန်ယွင် အပေါ်ဆုံးသို့ ပို့လွှတ်ခဲ့သည့် ပထမဆုံးသူဖြစ်သည်။

ဒုတိယပုဂ္ဂိုလ်ကို ပို့လွှတ်ပြီးသည်အထိ ကြားထဲတွင် လေးမိနစ်မျှ ကြာခဲ့၏။

ထိုကာလအတွင်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲ ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။

ပတ်၀န်းကျင်က အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်မှာပင် ငိုကြွေးနေသည့် ယန်ရှောင်ချွန်းသည် မျက်ရည်များကို သုတ်ကာ မဲ့ပြုံးပြုံးလိုက်သည်။

သူမက ထုတ်ဖော်ခံလိုက်ရပြီ ဖြစ်၍ ဖုံးကွယ်စရာ ဘာအကြောင်းမှ မရှိတော့ချေ။

ထို့နောက်တွင် ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုကြောင့် ကျောင်းသားအားလုံးသည် ထိတ်လန့် တုန်လှုပ်သွားကြသည်။

သူတို့၏ မျက်စိရှေ့မှာပင် ယန်ရှောင်ချွန်း၏ ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွားခဲ့သည်။

ထို့နောက်တွင် မိစ္ဆာစွမ်းရည်များ ဖုံးလွှမ်းနေသည့် လက်တစ်ဖက်သည် ယန်ရှောင်ချွန်း၏ ခန္ဓာကိုယ်ထဲမှ ထွက်လာခဲ့သည်။

ထိုအချိန်တွင် အေးစက်စက် ရယ်သံတစ်သံကိုပါ အားလုံးက ကြားလိုက်ရ၏။

"မလောက်လေး မလောက်စားလေးတွေက ဘယ်ဆိုးလို့လဲ"

"အားကောင်းလိုက်တဲ့ အရှိန်အ၀ါ"

ကူရွှင်းကျစ်က မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ခန့်မှန်းချက်က မှန်ကန်ခဲ့သည်။

ဤယန်ရှောင်ချွန်းသည် တကယ့်ယန်ရှောင်ချွန်း မဟုတ်ခဲ့ပေ။

သူမ၏ ခန္ဓာကိုယ်ထဲကနေ မိစ္ဆာစွမ်းရည်များ ဖုံးလွှမ်းနေသည့် လက်တင်မကပဲ ဒြပ်မဲ့ခန္ဓာကိုယ်တစ်ခုပါ ထွက်လာခဲ့သည်။

ခန်းမတစ်ခုလုံးအတွင်းရှိ မီးအလင်းအားလုံးသည် တခဏအတွင်း မှောင်မိုက်သွားခဲ့သည်။

အိပ်မက်ဆိုးက ရောက်ရှိလာခဲ့ချေပြီ။

အပိုင်း(၁၁၄၂) ပြီး၏

All Chapters