← Chapters

မာကျောက်တပ်ဖွဲ့ တဖန်လှုပ်ရှားခြင်း

Vol. 77 Ch. 1144

မာကျောက်တပ်ဖွဲ့ တဖန်လှုပ်ရှားခြင်း

Vol. 77 Ch. 1144

ဥက္ကဌချီသည် အိပ်မက်ဆိုးကို ဖမ်းရန်အတွက် အစကတည်းကပင် ဤထောင်ချောက်ကို ထောင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အမှောင်နက်ဝေါ့ခ်၏ နံပါတ်တစ်လူသတ်သမားသည် နောက်ကွယ်မှကြိုးကိုင်သူ စေလွှတ်လိုက်သည့် တစ်ဦးတည်းသောကျင့်ကြံသူ မဟုတ်သည်မှာသေချာသည်။

ဥက္ကဌချီသည် ကျန်ရှိသည့် လူသတ်သမားများက မည်သူတွေမှန်း မသိပေ။

သို့သော်လည်း သူသည် ဖမ်းရအလွန်ခက်ခဲသည့် အိပ်မက်ဆိုးကို ဖမ်းဆီးနိုင်ခဲ့သည်။

သူတို့အနေဖြင့် သတိ၀ီရီယ ရှိနေသ၍ ကျန်ရှိသည့်သူများကို ကိုင်တွယ်ရန်မှာ သိပ်ခက်ခဲမည်မဟုတ်ပေ။

အိပ်မက်ဆိုး၏ ၀ိညာဥ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပြီးနောက် တွင် ဥက္ကဌချီသည် အိပ်မက်ဆိုး၏ စိတ်၀ိညာဥ်ကို မှော်ချပ်ပြားတစ်ခုနှင့် ချက်ခြင်း ချည်နှောင်ထားလိုက်သည်။

ဤသည်က အိပ်မက်ဆိုး၏၀ိညာဥ်ကို အကျဥ်းချရန်အတွက် သူကြိုတင်ပြင်ဆင်ထားသည့် မှော်ရတနာတစ်ခု ဖြစ်၏။

အိပ်မက်ဆိုးက အန္တရာယ်များလွန်းသောကြောင့် သတ်ပစ်ရမည် ဖြစ်သော်လည်း သူ၏စိတ်၀ိညာဥ်ကို ထောင်ချလိုက်သည်နှင့် အန္တရာယ်မရှိသလောက် ဖြစ်သွားပေလိမ့်မည်။

ကွပ်ကဲရေးဌာနတွင် ရှိနေသည့် ဟွမ်ဖုန်းသည် ဥက္ကဌချီ၏ လက်ထဲမှ မှော်ချပ်ပြားကို ကြည့်ကာ ချီးကျူးစကား ပြောလိုက်သည်။

"ချီချီလေး မင်းအရမ်းတော်တယ် ငါ့ကိုအရှက်မခွဲခဲ့ဘူး"

"အဆုံးသတ်မှာတော့ ဒီတပည့်က ဆရာ့ကို စိတ်မပျက်စေခဲ့ဘူး မဟုတ်လား"

ဥက္ကဌချီက ခေါင်းညိမ့်၍ ပြောလိုက်သည်။

သို့သော်လည်း ဤဆရာတပည့် နှစ်ယောက်လုံး၏ မျက်နှာအမူအရာသည် မပြေလျော့သေးပေ။

ဤသည်က အစပဲရှိပါသေးသည်။

အိပ်မက်ဆိုးကို ဖမ်းဆီးရန် သူတို့သည် အတော်လေးဒုက္ခရောက်ခဲ့ရသည်။

ယခုအခါတွင် အမှောင်ထဲ၌ ပုန်းအောင်းနေသည့် ရာဇ၀တ်ကောင်များသည် သူတို့၏ နောက်ထပ်လှမ်းမည့် ခြေလှမ်းကို အလွန်သတိထား၍ လှမ်းကြတော့မည် ဖြစ်၏။

"သိပ်မကြာခင်မှာ ပိုင်လေး ဆီကနေ စစ်ကူတွေ ရောက်လာတော့မယ်လို့ သတင်းရထားတယ်.. သူတို့တွေက အမှောင်နက်ဝေါ့ခ်က လူတွေကို ဖမ်းဆီးရာမှာအတွေ့အကြုံပိုများကြတယ်"

အဖိုးအိုဟွမ်က ပြောလိုက်သည်။

"သြော် သူတို့တွေက စစ်ကူအနေနဲ့ရောက်လာမှာလား"

ဥက္ကဌချီက အံ့သြခြင်း အလျဥ်းမရှိပဲ ပြောလိုက်သည်။

နောက်ဆုံးအကြိမ်က ၄င်းတို့သည် ဗိုလ်ချုပ်ပိုင် နှင့် ပူးပေါင်းကာ အမှောင်နက်ဝေါ့ခ်မှ ရာဇ၀တ်ကောင်များကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခဲ့သည်။

ထို့အပြင် သူတို့ ဖမ်းဆီးခဲ့သည့် ရာဇ၀တ်ကောင်များ အားလုံးနီးပါးသည် အနီရောင် 3A အဆင့် အလိုရှိ ရာဇ၀တ်ကောင်များ ဖြစ်ကြသည်။

သို့သော်လည်း ဤတစ်ခါ ရင်ဆိုင်ရမည့်ပြိုင်ဘက်သည် သူတို့အတွက် ပို၍ ခက်ခဲနိုင်သည်။

အကြောင်းမှာ သူတို့ယခင်က ကိုင်တွယ်ခဲ့ဖူးသည့် ရာဇ၀တ်ကောင်းများသည် အနည်ဆုံးတော့ အသက်ရှင်နေသေးသည့်လူများ ဖြစ်နေပါသေးသည်။

သို့သော် ယခုတစ်ခေါက်တွင်မူ ၎င်းတို့သည် ယခင်က သေဆုံးသွားခဲ့သည့် အမှောင်နက်ဝေါ့ခ်မှ ကျင့်ကြံသူများကို ကိုင်တွယ်ရရန် အလားအလာ အလွန်များနေခဲ့သည်။

ဗိုလ်ချုပ်ပိုင်သည် မိစ္ဆာအင်ပါယာကွာဖီ၊ မိစ္ဆာဓါးနတ်ဘုရားနှင့် အင်မော်တယ်စံအိမ်သခင် ချန်ယွီတို့ကို မာကျောက်တပ်ဖွဲ့ဟူ၍ ဖွဲ့စည်းခဲ့သည်။

အရင်တစ်ခါကလိုပင် ဗန်ကားတစ်စီးထဲတွင် ထိုင်နေရင်း ဗိုလ်ချုပ်ပိုင်သည် နောက်ခန်းတွင် ၄င်းတို့နှင့် ရိုးရှင်းသည့်အစည်းအဝေးလေး တစ်ခု ပြုလုပ်ခဲ့၏။

မာကျောက်တပ်ဖွဲ့အနေနှင့် မည်သူ့ကို ရင်ဆိုင်ရမလဲ ရေရေရာရာ မသိခဲ့ပေ။

ယခုအခါတွင် အိပ်မက်ဆိုးသည် ဥက္ကဌချီ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း အိပ်မက်ဆိုးအနေဖြင့် နောက်ကွယ်မှ ကြိုးကိုင်သူ ပြန်လည်ရှင်သန်စေခဲ့သည့် လူတွေအားလုံးကို သိချင်မှသာ သိပေလိမ့်မည်။

အမှောင်နက်ဝေါ့ခ်ကို တည်ထောင်ခဲ့သည့် အမှောင်ဘိုးဘေးရှဲ့စန်းရှောင်က လွဲလျှင် သူတို့သည် ကျန်ပြိုင်ဘက်များ အကြောင်း ဘာမှမသိခဲ့ပေ။

"စိတ်၀င်စားဖို့ကောင်းတယ်.. ဒီတစ်ခေါက် ရှဲ့စန်းရှောင်တောင် ပေါ်လာလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ.. ငါက သူနဲ့ယှဥ်ပြိုင်နိုင်မဲ့ အခွင့်အရေးကို အမြဲ စောင့်ဆိုင်းနေခဲ့တာ"

ဗိုလ်ချုပ်ပိုင်က အကြောင်းအရာအားလုံးကို ပြောပြသည်အား နားထောင်ပြီးနောက်တွင် မိစ္ဆာအင်ပါယာကွာဖီသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

"ရှဲ့စန်းရှောင်ရဲ့ လက်ချောင်းသွယ်သွယ်လေးက ငါ့ဇနီးရဲ့ လက်ချောင်းတွေနဲ့ အရမ်းတူတာပဲ.. ဗိုလ်ချုပ်ပိုင်.. ရှဲ့စန်းရှောင်ကို ငါအနိုင်ယူနိုင်ခဲ့ရင် သူ့ရဲ့ ညာဘက်လက်ချောင်းကို ငါ့ဆီပေးလို့ရမလား"

ကွာဖီ၏ စကားကိုကြားလျှင် ဗိုလ်ချုပ်ပိုင်၏ နှုတ်ခမ်းများသည် ရွဲ့မလိုပင် ဖြစ်သွားခဲ့သည်။

"သူ့ကို နိုင်တဲ့အခါမှပဲ ဆက်ပြောကြတာပေါ့"

အကျဥ်းကျပြီးနောက်တွင် ကွာဖီက စိတ်ဓာတ်ပြောင်းလဲသွားသော်လည်း လူထူးဆန်း ဖြစ်နေဆဲပင်။

သို့သော်လည်း ကွာဖီအနေဖြင့် ရှဲ့စန်းရှောင်ကို အမှန်တကယ် ကိုင်တွယ်နိုင်မည်ဟု ဗိုလ်ချုပ်ပိုင်တွေးမိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှဲ့စန်းရှောင်သည်လည်း လူထူးဆန်းတစ်ဦး ဖြစ်သောကြောင့်ပင်။

သူက ဤမစ်ရှင်မစတင်ခင် နိုင်ငံခေါင်းဆောင်နှင့် ပြောခဲ့သည့် စကားတစ်ခွန်းကို သတိရမိလိုက်သည်။

"မှော်အတတ်ကို မှော်အတတ်နဲ့ပဲ အနိုင်ယူနိုင်တယ်.. အလားတူပဲ လူထူးဆန်းကို အနိုင်ယူဖို့ လူထူးဆန်းကိုပဲ အသုံးပြုရမယ်"

ထိုစကားများက အလွန်ပင် တန်ဖိုးရှိလွန်းသည်ဟု ဗိုလ်ချုပ်ပိုင် ခံစားလိုက်ရ၏။

လူထူးဆန်းများကို အဆင့် သတ်မှတ်မည်ဆိုလျှင် ဗန်ကားနောက်ခန်းတွင် ထိုင်နေသည့် မာကျောက်တပ်ဖွဲ့မှ သုံးယောက်၏ လူထူးဆန်းအညွှန်းကိန်းသည် တစ်နိုင်ငံလုံးကို ကျော်လွန်သွားပြီဖြစ်ပြီး သူတို့ကို လူထူးဆန်းများ၏ ပြယုဂ်ဟုပင် ဆိုနိုင်သည်။

ဇနီးအကြောင်းကိုသာ အမြဲတမ်း တွေးတောနေသည်အထိ ရူးသွပ်နေသူတစ်ယောက်၊ အိုင်းရှဲဒိုးဆွဲရန်သာ အမြဲလိုလိုတွေးတောနေတတ်ပြီး အိုင်းရှဲဒိုး မပါလျှင် ကာယလေ့ကျင့်ခန်းပင် မလုပ်နိုင်တဲ့ လူတစ်ယောက်၊ နောက်ဆုံးတစ်ယောက်မှာ စိတ်၀ိညာဥ်ဓားကို အစွဲအလန်းကြီးပြီး ဓားကောင်း တစ်လက် တွေ့လျှင် မနေနိုင်မထိုင်နိုင် ဖြစ်တတ်သည့် လူတစ်ယောက် ဖြစ်သည်။

ဗိုလ်ချုပ်ပိုင်အတွက်မူ ဤလူသုံးယောက်ကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရောက်အောင် လမ်းညွှန်ပေးဖို့ဆိုသည်မှာ အလွန်ပင်ပန်းသည့် လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။

၄င်းတို့နှင့် အချိန်အတော်ကြာ ပြောဆိုဆက်ဆံပြီးနောက်တွင် သူကိုယ်တိုင်က ပျက်စီးမသွားရန်သာ မျှော်လင့်ရပေမည်။

ဗိုလ်ချုပ်ပိုင်က သူ၏ ပေါက်ကရအတွေးများကို ဖယ်ထုတ်လိုက်ပြီး မာကျောက်တပ်ဖွဲ့မှ လူသုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။

"အခုလောလောဆယ်တော့ ငါတို့တွေ ဘယ်သူ့ကိုရင်ဆိုင်ရမလဲဆိုတာ မသိသေးဘူး.. ဒါပေမဲ့လည်း အခြေအနေကို သုံးသပ်ပြီး အသင့်ပြင်ဆင်ထားရမယ်"

ထိုစကားကို ပြောပြီးသည်နှင့် ဗိုလ်ချုပ်ပိုင်က သူ၏ လက်ပတ်နာရီကို ဖွင့်လိုက်ရာ အမှောင်နက်ဝေါ့ခ်မှ သေဆုံးသွားပြီးသား အဖွဲ့၀င်များစွာ၏ ပရိုဖိုင်ပုံရိပ်များသည် ချက်ခြင်းပင် လေထဲ၌ ပေါ်လာခဲ့သည်။

"နောက်ကွယ်က ကြိုးကိုင်သူအနေနဲ့ သာမန်လူတွေကို ရှင်သန်ထမြောက်စေမှာ မဟုတ်ဘူးဆိုတာသေချာတယ်.. ဒီဓာတ်ပုံတွေကို အသေအချာကြည့်စမ်းပါ.. သူတို့တွေထဲမှာ ငါတို့ရဲ့ပြိုင်ဘက်အဖြစ် နောက်ကွယ်က ကြိုးကိုင်သူ ရှင်သန်ထမြောက်စေလောက်တဲ့အထိ အစွမ်းထက်တယ်လို့ ခံစားရတဲ့သူရှိလား"

မာကျောက်တပ်ဖွဲ့မှ လူသုံးယောက်က ဗိုလ်ချုပ်ပိုင် ပြသခဲ့သည့် ပရိုဖိုင်ပုံရိပ်များကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ရာ ၄င်းတို့နှင့်ရင်းနှီးသည့် မျက်နှာအများအပြားကို တွေ့လိုက်ရသည်။

"ကျိုးမန် သေသွားပြီလား ဘယ်အချိန်ကလဲ"

မိစ္ဆာအင်ပါယာကွာဖီက နဖူးပေါ်တွင် X ပုံသဏ္ဍာန် မီးလောင်အမာရွတ် ထင်ရှားစွာရှိနေသည့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်၏ ပုံရိပ်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

ဗိုလ်ချုပ်ပိုင်က ဓာတ်ပုံကို တို့ထိလိုက်ရာ ကျိုးမန်၏ ပရိုဖိုင်က လေထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအခါ နေကျွန်း ဇာတိဖွားဖြစ်သည့် အမှောင်နက်ဝေါ့ခ်၏ အနီရောင် 4S အဆင့် အလိုရှိရာဇ၀တ်ကောင် ကျိုးမန်ရိုခူရိုသည် လွန်ခဲ့သည့် နှစ်၂၀က သေဆုံးသွားသည်ကို တွေ့ရှိခဲ့ရသည်။

သေဆုံးရသည့်အကြောင်းအရင်း - နိုင်ငံတကာကျင့်ကြံခြင်းမဟာမိတ်အဖွဲ့က စတင်ခဲ့သည့် အမဲလိုက်စစ်ဆင်ရေး အတွင်း မီရှို့နိုင်ငံမှ စေလွှတ်လိုက်သည့် ငြိမ်းချမ်းရေးတပ်ဖွဲ့၀င်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

"မင်းတို့အခုမြင်နေရတာက ထိပ်တန်းလျှို့၀ှက်ချက်မို့ မင်းတို့မသိတဲ့အရာတွေ အများကြီးရှိနိုင်တယ်"

ဗိုလ်ချုပ်ပိုင်က ပြောလိုက်သည်။

"ကွာဖီ မင်းကိုကြည့်ရတာ ကျိုးမန်ရိုခူရိုနဲ့ အတော်လေးရင်းနှီးပုံပဲ"

"လွန်ခဲ့တဲ့နှစ် ၅၀၀ လောက်တုန်းက ငါ့ရဲ့ဇနီးနဲ့ ပတ်သက်လို့ ကျိုးမန်ရိုခူရိုဆီ သွားခဲ့ဖူးတယ်.. သူက သတ်ဖြတ်ခြင်း ၇မျိုး နည်းလမ်းကို ကျွမ်းကျင်တဲ့အပြင် အလွန်တော်တဲ့ စိတ်ပညာရှင်တစ်ယောက်ဆိုတာကို ငါသိခဲ့တာကြောင့် ငါ့ဇနီးရဲ့၀ိညာဥ်ကို ရှာဖွေဖို့ ကူညီပေးနိုင်မလားလို့ သွားမေးခဲ့တယ်.. ဒါပေမဲ ငါ့ရဲ့ဇနီးက ပြန်လည်၀င်စားခြင်း စက်၀န်းထဲကို ၀င်ရောက်သွားပြီလို့ သူငါ့ကို ပြောခဲ့တယ်"

"ဒါကြောင့် မင်းက အမျိုးသားနန်းတော်ကို တိုက်ခိုက်ဖို့ စတင် လှုပ်ရှားခဲ့တာလား"

"ဟုတ်တယ်"

ကွာဖီက ပြန်ဖြေလိုက်သည်။

"ကျိုးမန်ရိုခူရိုက အရမ်းသန်မာတယ် ဆိုတာတော့ ငါသိခဲ့တယ်.. ဒါပေမဲ့ သူနဲ့တော့ မတိုက်ခိုက်ဖူးခဲ့ဘူး.. ကောလဟာလအရတော့ သူ့ရဲ့ သဘာဝလွန် သတ်ဖြတ်ခြင်း နည်လမ်း ၇မျိုးက နေကျွန်းရဲ့ နင်ဂျစ်ဆုနဲ့ ကျင့်ကြံခြင်းကို ပေါင်းစပ်ထားတယ်လို့ ဆိုကြတယ် သူ့ကို ရင်ဆိုင်ရတဲ့ ဘယ်သူမဆို ပုံစံ၇မျိုးထဲက တမျိုးမျိုးနဲ့ သေဆုံးရလိမ့်မယ်လို့ သူက ပြောခဲ့ဖူးတယ်"

"သဘာ၀လွန် သတ်ဖြတ်ခြင်းနည်းလမ်း ၇မျိုး"

ဥက္ကဌပိုင်က တိတ်တဆိတ် မှတ်သားထားလိုက်

သည်။

ဤအချက်သည် တရား၀င် အချက်အလက်များ၏ အစိတ်အပိုင်း မဟုတ်ပေ။

သို့သော်လည်း ဥက္ကဌပိုင်သည် မီရှို့ကျင့်ကြံသူများက ထိုအချက်ကို မသိခဲ့ခြင်းမဖြစ်နိုင်ဘဲ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားသည်ဟု ခံစားမိခဲ့သည်။

ထောက်လှမ်းရေး ဒေတာဘေ့စ်သည် နိုင်ငံတကာ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိသည်။

နိုင်ငံများအားလုံးသည် အတူတကွ ပူးပေါင်းပြီး နိုင်ငံတကာမှ အလိုရှိနေသော ရာဇ၀တ်ကောင်များအကြောင်းကို သတင်း အချက်အလက်များ စုဆောင်းကာ နိုင်ငံအချင်းချင်း လူသိရှင်ကြား မျှဝေပေးရန် လုပ်ဆောင်ကြလေ့ရှိသည်။

သို့သော်လည်း သတင်းအချက်အလက် ဝေမျှပေးရန် ၀န်လေးနေသည့် အနောက် နိုင်ငံအချို့ရှိပြီး ထောက်လှမ်းရေး အချက် အလက် အချို့ကို သူတို့ကိုယ်တိုင်ပင် သိမ်းဆည်းထားခဲ့သည်။

ထိုအချိန်မှာပင် ဗိုလ်ချုပ်ပိုင်သည် သူအလွန်သိချင်သည့် ကိစ္စတစ်ခုကို ကွာဖီအား မေးလိုက်သည်။

ဗိုလ်ချုပ်ပိုင်"မေးခွန်းတစ်ခုလောက် မေးလို့ရမလားကွာဖီ"

ကွာဖီ"မေးပါ ဗိုလ်ချုပ်ပိုင်"

ဗိုလ်ချုပ်ပိုင်"မင်းရဲ့ဇနီး ဘယ်လို သေဆုံးသွားလဲဆိုတာ ငါသိချင်တယ်"

ထိုစကားကိုကြားလျှင် ကွာဖီ၏ မျက်နှာအမူအရာသည် မည်းမှောင်သွားခဲ့သည်။

"ဗိုလ်ချုပ်ပိုင်.. ဒီကိစ္စက ဒီမစ်ရှင်နဲ့ ဆက်စပ်နေတယ်လို့ မင်းထင်ရင် ငါမင်းကို ပြောပြနိုင်ပါတယ်.. ဒါပေမဲ့ ဒီအကြောင်းက ပြောရရင်တော့ အရှည်ကြီးပဲ"

အပိုင်း(၁၁၄၄) ပြီး၏

All Chapters