← Chapters

အရင်းအမြစ်အတွက် ယှဥ်ပြိုင်ခြင်း

Vol. 77 Ch. 1149

အရင်းအမြစ်အတွက် ယှဥ်ပြိုင်ခြင်း

Vol. 77 Ch. 1149

လူသားမိစ္ဆာ၏အမည်မှာ ချာဘာမိုက်ဖြစ်ပြီး တရုတ်အမည်ကမူ ရှားလီရှင်း ဖြစ်သည်။

တစ်ချိန်က ကွာဖီသည် ထိုလူကို အကွက်အနည်းငယ် အသာဖြင့် အနိုင်ရခဲ့သော်လည်း ထိုလူကို သတ်ဖြတ်ခဲ့သူမှာ ကွာဖီမဟုတ်ပေ။

ယခုမှသာ ကွာဖီသည် ဗိုလ်ချုပ်ပိုင်၏ လက်ထဲရှိ မှတ်တမ်းမှတစ်ဆင့် ရှားလီရှင်း သေဆုံးရသည့်အကြောင်းကို သိရှိလာခဲ့သည်။

"ရှားလီရှင်းက ကောင်းကင်ဘုံကျွန်းကို ဗုံးကြဲမှုမှာ သေဆုံးသွားခဲ့တယ်"

ဗိုလ်ချုပ်ပိုင်က ပြောလိုက်သည်။

ကွာဖီ၏ ပြောပြချက်များကို နားထောင်ပြီးနောက်တွင် သူသည် အချက်အလက်များကို ဆက်စပ်မိခဲ့သည်။

ထိုအချိန်က မိစ္ဆာအင်ပါယာကွာဖီနှင့် တိုက်ခိုက်ပြီးနောက် လူသားမိစ္ဆာ ရှားလီရှင်းသည် အတွင်းဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး စိတ်၀ိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ နိဗ္ဗာန်ဘုံအဖြစ် လူသိမျာူသော ကောင်းကင်ဘုံကျွန်းသို့ ထွက်ပြေးသွားခဲ့သည်။

ထို့နောက်တွင် သူ့ကို နိုင်ငံတကာကျင့်ကြံခြင်း မဟာမိတ်အဖွဲ့အစည်းက ရှာဖွေတွေ့ရှိသွားခဲ့ပြီး ကောင်းကင်ဘုံကျွန်းကိုပါ ဖျက်ဆီးရန် စဥ်းစားခဲ့သည်။

အဆုံးသတ်တွင် ရှားလီရှင်းသည် နိုင်ငံတကာကျင့်ကြံခြင်း မဟာမိတ်အဖွဲ့က ကောင်းကင်ဘုံကျွန်းကို ဗုံးကြဲရာတွင် တစ်ခါတည်း သေဆုံးသွားခဲ့၏။

"ရှားလီရှင်းရဲ့ သူတော်စင်မိစ္ဆာ အကျဥ်းချနည်းစနစ်က အတော်ကိုင်တွယ်ရ ခက်ခဲတယ်.. ဒီနည်းစနစ်က ၀ိညာဥ်တွေကို စားသုံးပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်အရေအတွက်ကို တိုးပွားစေနိုင်တယ်.. ငါသိရသလောက်တော့ ရှားလီရှင်းက သူသေဆုံးတဲ့အချိန်ထိ ၀ိညာဥ်ပေါင်း ၂၅ သန်းကျော်ကို စားသုံးခဲ့တယ်.. သူက စိတ်၀ိညာဥ်အပင်တွေနဲ့ ၀ိညာဥ်သားရဲတွေကိုလည်း စားသုံးနိုင်တယ်.. လူသားမိစ္ဆာရှားလီရှင်း ပြန်လည်ရှင်သန်လာပြီ ဆိုမှတော့ ငါတို့တွေ သူ့ကို အရင်ဆုံး ဖယ်ရှားရမယ်"

မိစ္ဆာအင်ပါယာကွာဖီက ပြောလိုက်သည်။

"ငါအစောပိုင်းက အရှေ့တောင်ဘက်အရပ်မှာ စိတ်၀ိညာဥ်အပင်တွေ ညှိုးနွမ်းနေတာကို သတိပြုမိတယ်.. ဒါက လူသားမိစ္ဆာပေါ်ထွက်လာတဲ့ လက္ခဏာပဲ.. ယုတ္တိဗေဒ ကျကျပြောရလျှင် သက်တန့်မြူ ဖြစ်နေစဥ်အတွင်းမှာ အပင်တွေက လန်းဆန်းနေသင့်တယ်.. ဒီလိုမျိုး မဖြစ်သင့်ဘူး..

ကွာဖီ၏စကားကို ကြားပြီးနောက်တွင် ဗိုလ်ချုပ်ပိုင်သည် ဥက္ကဌချီနှင့် တိုက်ရိုက် ဆက်သွယ်ခဲ့သည်။

ဤသည်မှာ ဥက္ကဌချီ၏ စိတ်အာရုံအလွှာစွမ်းရည် ဖြစ်ပြီး ဤလုပ်ငန်းစဥ်တွင် ပါ၀င်သူ အားလုံးသည် ဥက္ကဌချီနှင့် ဆက်သွယ်ရန် စဥ်းစားရုံမျှဖြင့် သီးသန့်ဆက်သွယ်ရေး နေရာတစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။

ဥက္ကဌချီသည် တာ၀န်ရှိသူများ၏ စိတ်အာရုံနေရာလွတ်များကို ချိတ်ဆက်ကာ ကွန်ရက်တစ်ခုဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိ၏။

လက်ရှိတွင် ဥက္ကဌချီတစ်ဦးတည်းသာ ထိုကဲ့သို့ စွမ်းရည်ရှိသည်။

၀မ်မင်သည် ဥက္ကဌချီကဲ့သို့ စိတ်အာရုံစွမ်းရည် အလွန်ကောင်းမွန်သော်လည်း လေ့ကျင့်မှုနည်းပါးသဖြင့် စိတ်ပင်ပန်းမှုများ ဖြစ်ပေါ်တတ်သည်။

ဆိုရလျှင် ၀မ်မင်က ထူးချွန်သော်လည်း ဥက္ကဌချီ၏အဆင့်သို့ ရောက်ရန် ကာလကြာမြင့်စွာ လေ့ကျင့်ဖို့ လိုအပ်သေးသည်။

"ဥက္ကဌချီ.. ငါတို့တွေ လူသားမိစ္ဆာ ရှိနေနိုင်တဲ့ လမ်းကြောင်းကို တွေ့ရှိခဲ့ပြီလို့ ထင်တယ်.. ကွပ်ကဲရေး စင်တာကနေ လူသားမိစ္ဆာ ပေါ်ထွက်တဲ့ နေရာကို ပိတ်ဆို့ပေးပြီး အနီးနားမှာရှိတဲ့ကလေးတွေကို ဘေးကင်းတဲ့နေရာဆီ ခေါ်ဆောင်သွားပေးဖို့ မျှော်လင့်ပါတယ်"

ဥက္ကဌချီကလည်း စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်ဖြေခဲ့သည်။

"ကောင်းပြီ.. ကွပ်ကဲရေးစင်တာကနေ ချက်ခြင်း အတားအဆီးတစ်ခုဖန်တီးပြီး အဲဒီနေရာတစ်ဝိုက်ကို ပိတ်ဆို့ပေးထားမယ်"

"ငါတို့ လူသားမိစ္ဆာဆီ သွားကြရအောင်"

ဗိုလ်ချုပ်ပိုင်က ထိုစကားကို ပြောပြီးနောက်တွင် သူ၏ ခြေကို တစ်ချက် ဆောင့်နင်းလိုက်ရာ မီးလျှံများ တစ်ကိုယ်လုံး ပြည့်နှက်နေသည့် နဂါးတစ်ကောင်သည် သူ၏ အောက်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။

ထို့နောက် သူက ကွာဖီတို့ သုံးဦးကို တင်ဆောင်ကာ လူသားမိစ္ဆာ၏ တည်နေရာသို့ ခေါ်ဆောင်သွားခဲ့၏။

---------------------

တစ်ဖက်တွင်လည်း နဂါးကိုးကောင်တောင်တွင် ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့် ခန္ဓာကိုယ်နှီးနှောဖလှယ်ပြိုင်ပွဲသည် အသက်၀င်လာခဲ့ပြီ ဖြစ်သည်။

၀မ်လင်းနှင့် အခြားသူများကို အတော်အတန် ဝေးကွာသည့် နေရာတစ်ခုသို့ ပို့ဆောင်ခဲ့၏။

ကူရွှင်းကျစ်က သူတို့ရောက်ရှိနေသည့် ပတ်၀န်းကျင်ကို စူးစမ်းပြီးနောက်တွင် အနီးမှာ ဘယ်သူမှ မရှိဘူးဟု ပြောလိုက်သည်။

"မင်းက အာရုံခံစွမ်းရည်ကို အထူးပြုလေ့ကျင့်ခဲ့တာလား"

ချန်းချောင်က မေးခွန်းထုတ်လိုက်သည်။

"ငါ့ရဲ့ အာရုံခံစွမ်းရည်နဲ့ ဆင်ခြင်တုံတရားက အတိုင်းအတာတစ်ခု အထိ တခြားသူတွေထက် ပိုကောင်းတယ်"

ကူရွှင်းကျစ်က ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

သူက ကျန်းရွမ်၊ ၀မ်ကျန်းနှင့် လျူချင်းရီ တို့နှင့်ပင် ကြိုတင်၍ တိုင်ပင်ထားခဲ့ပြီးပြီ ဖြစ်သည်။

သူတို့ တစ်ဦးချင်းစီသည် အဖွဲ့တွင် တာ၀န်တစ်ခုဆီကို ထမ်းဆောင်မည် ဖြစ်၏။

သူတို့က တာ၀န်များကို ခွဲဝေယူထားလျှင် ဖော်ထုတ်ခံရနိုင်ချေ နည်းပါးသွားမည် မဟုတ်ပါလော။

ကူရွှင်းကျစ်သည် အာရုံခံရမည့်တာ၀န်ကို ရွေးချယ်ခဲ့သည်။

လျူချင်းရီကမူ ပြုစုကုသရမည့် တာ၀န်ကို ရွေးချယ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လျူမိသားစုသည် နတ်ဘုရားနယ်မြေတွင် ဆေးပညာဖြင့် ထင်ရှားကျော်ကြားသောကြောင့်ပင်။

ကျန်းရွမ်ကမူ အကာအကွယ် အစီအရင်များ ချထားရမည့် တာ၀န်ကို ရွေးချယ်ခဲ့သည်။

၀မ်ကျန်း၏ တာ၀န်ကမူ အလွန်ပင် ရိုးရှင်းသည်။

ယင်းမှာ အရိုက်ခံခြင်း ဖြစ်၏။

ကူရွှင်းကျစ်က သူတို့လူစု၏ လမ်းကြောင်းကို ပြန်လည်အတည်ပြုပြီးနောက်တွင် အမှတ် ၆၀ အထက်တန်းကျောင်း အဖွဲ့ကို တောထဲသို့ ဦးဆောင်သွားခဲ့သည်။

"နဂါးကိုးကောင်တောင်ရဲ့ သက်တန့်မြူက ငါတို့ရဲ့ စွမ်းအင်ကို စုပ်ယူနိုင်တယ်.. အဲဒီသက်တန့်မြူက နံနက် ၈ နာရီအကျော်မှပဲ ပျောက်ကွယ်သွားမှာဖြစ်တယ်.. ဒါကြောင့် လူတိုင်းက လိပ်အသက်ရှုနည်းစနစ်ကို အသုံးပြုရမယ်.. ဒီနည်းစနစ်က ငါတို့ရဲ့ စွမ်းအင်ထုတ်လွှင့်မှုကို ဖုံးကွယ်ပေးနိုင်ရုံသာမက သက်တန့်မြူတွေကို မရှုရှိုက်မိစေဖို့လည်း ကာကွယ်ပေးနိုင်တယ်"

"မင်းက အံ့သြစရာပဲ"

ချန်းချောင်နှင့် ကော်ဟောက်တို့က ကူရွှင်းကျစ်၏ အာရုံခံစွမ်းရည်ကို အံ့အားသင့်ခဲ့ကြသည်။

"လူတိုင်းက သူ့ဘာသာသူ အစွမ်းထက်ကြပါတယ်.. ငါတို့ တစ်ဦးချင်းဆီမှာလည်း ကိုယ်စီကျွမ်းကျင်တဲ့ စွမ်းရည်တွေ ရှိကြတာပါပဲလေ"

ကူရွှင်းကျစ်က သူ၏စွမ်းရည်ကို နှိမ့်ချ၍ ပြောဆိုလိုက်သည်။

"အနီးနားမှာ ရန်သူတွေမရှိပေမဲ့ ဒီနေရာက အရမ်းဝေးကွာလွန်းတယ်.. ငါတို့တွေ ပစ္စည်းတွေ ထပ်မံဖြည့်တင်းနိုင်ခြင်း မရှိဘူးဆိုရင် ငါတို့ယူဆောင်လာတဲ့ ပစ္စည်းတွေနဲ့ ၈ရက်ကြာ ရှင်သန်ဖို့ အတော်လေး ခက်ခဲလိမ့်မယ်"

စွန်းရုံက ပြောလိုက်သည်။

ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်အတွင်းပိုင်းရှိ စွမ်းအင်သုံးစွဲမှုကို ထိန်းညှိနိုင်သည်။

တစ်နေရာထဲတွင်သာ အေးအေးဆေးဆေး ထိုင်နေသော ကျင့်ကြံသူတစ်ဦးသည် အစားအစာနှင့် ရေမပါဘဲ ဆယ်ရက်ကျော် နေနိုင်သော်လည်း ပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်ခဲ့လျှင်မူ ကိစ္စက ကွဲပြားသွားပြီ ဖြစ်သည်။

ထို့အပြင် အဓိကအချက်မှာ သူတို့၏လက်မောင်းတွင် ပတ်ထားသည့် အသက်ကယ် ရွှေရောင်အဆောင်လက်ဖွဲ့သည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်နှင့် စွမ်းရည်သုံးစွဲမှုများကို အရှိန်မြင့်ပေးနိုင်ခြင်းပင်။

ယခုအခါတွင် စွမ်းအင်သုံးစွဲမှုနှုန်း မြင့်တတ်လာပြီ ဖြစ်သောကြောင့် သူတို့သည် သာမန်လူများနှင့် မခြားတော့ဘဲ စွမ်းအင်ကို ထိန်းသိမ်းရန်အတွက် တစ်နေ့သုံးကြိမ် စားသောက်ရန် လိုအပ်သည်။

ပြိုင်ပွဲကျင်းပရေး ကော်မတီက ပြိုင်ပွဲ၀င်မည့် ကျောင်းသားများ တစ်နေရာထဲတွင် အချိန်အတော်ကြာ မနေရန်အတွက် ထိုသို့ ပြုလုပ်ထားခြင်း ဖြစ်၏။

"ပြိုင်ပွဲကျင်းပရေးကော်မတီက ပစ္စည်းတွေကို ရယူဖို့အတွက် နေရာတွေကို သတ်မှတ်ထားတယ်.. ငါတို့ရဲ့ အားသာချက်က အနီးမှာ ဘယ်သူမှ ရှိမနေတာ ဖြစ်ပေမဲ့လည်း ငါတို့အနေနဲ့ ပစ္စည်းဖြည့်တင်းတဲ့ နေရာတွေနဲ့ အတော်လေး အလှမ်းဝေးလွန်းနေတယ်"

စွန်းရုံက ပြောလိုက်သည်။

"ပစ္စည်းဖြည့်တင်းတဲ့ နေရာတွေ ရှိသေးတယ်လား"

ကော်ဟောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ငါတို့ကို ဒီနေရာဆီ ပို့လွှတ်လိုက်တဲ့ အခန်းထဲမှာ နဂါးကိုး

ကောင်တောင်ရဲ့ မြေပုံတစ်ခုရှိပြီး ပစ္စည်းဖြည့်တင်းတဲ့နေရာတွေအားလုံးကို အဲဒီမြေပုံမှာ ဖော်ပြထားတယ်.. နင်တကယ်ပဲ မမြင်ခဲ့ဘူးလား"

စွန်းရုံက ပုခုံးကိုတွန့်ကာ သက်ပြင်းချလိုက်ပြီး ကော်ဟောက်ကို ပြောလိုက်သည်။

ထို့နောက် သူမက လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ လေထဲတွင် မြူခိုးများ စုဝေးလာခဲ့၏။

စွန်းရုံက ရေမှော်အတတ်ကို လေ့ကျင့်သူ ဖြစ်သည်။

မည်သည့်နေရာတွင်ဖြစ်စေ မြူသာရှိနေခဲ့လျှင် သူမသည် ထိုမြူခိုးကို ရေစက်များအဖြစ် စုဆောင်းပြီး ရေအဖြစ် သိပ်သည်းစေနိုင်၏။

သူမက အားလုံး၏ ရှေ့မှာပင် ရေဖန်သားပြင်တစ်ခုကို ဖန်တီးလိုက်ပြီး သူမ ရရှိထားသည့် မြေပုံကို ဖန်သားပြင်ပေါ်တွင် ပြသလိုက်သည်။

ကော်ဟောက်က မြေပုံကို ကြည့်ကာ ခွဲခြမ်းစိတ်ဖြာခဲ့၏။

"မြေပုံပေါ်မှာ ပစ္စည်းဖြည့်တင်းတဲ့နေရာ ၂၀ ရှိတယ်.. ငါတို့က အနီးဆုံးနေရာနဲ့ ၆၀ ကီလိုမီတာ ကွာဝေးနေတယ်.. အဲဒီနေရာကို လျှို့၀ှက်စွာသွားလာခြင်းက ငါတို့ကို အလွန်နှေးကွေးစေလိမ့်မယ်.. ငါတို့က ဘယ်သူမှ မရိပ်မိအောင် လျှို့၀ှက်စွာသွားလာနေရင် အခြားသူတွေက ပစ္စည်းတွေကို အရင်ယူသွားနိုင်ခြေ အရမ်းများတယ်.. ငါ့ဦးလေးတစ်ယောက်က ပြောဖူးတယ်.. ရန်သူက ရပ်နေရင် ရန်သူကို နှောင့်ယှက်ရမယ်.. ရန်သူက ပင်ပန်းနေရင် ရန်သူကိုတိုက်ခိုက်ရမယ်.. ရန်သူက တက်လာရင်တော့ ဆုတ်ခွာရမယ် ရန်သူက ဆုတ်ခွာရင်တော့ လိုက်ပြီးတိုက်ရမယ်.. ငါ့အမြင်တော့ ပစ္စည်းဖြည့်တင်းတဲ့နေရာတွေက ပစ္စည်းတွေကို ရယူဖို့ကြိုးစားမဲ့အစား အခြားသူတွေထံကနေ ပစ္စည်းတွေကို ရယူဖို့ ကြိုးစားတာက ပိုကောင်းလိမ့်မယ်"

သူ၏ စကားဆုံးသည်နှင့် တောထဲတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကူရွှင်းကျစ်က ချက်ချင်းပင် ပေါက်ကွဲသည့်နေရာကို လျင်မြန်စွာ ဆုံးဖြတ်ခဲ့၏။

"ဒီနေရာရဲ့ အရှေ့တောင်ဘက် ဆယ်ကီလိုမီတာ အကွာမှာ တိုက်ပွဲတစ်ခု ဖြစ်ပွားနေတယ် ငါတို့ သွားကြည့်ကြရအောင်"

လျူချင်းရီက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"......."

သူတို့အဖွဲ့၏ အနောက်ဘက်တွင် ၀မ်လင်းသည် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာဖြင့် ရှိနေခဲ့သည်။

ကူရွှင်းကျစ်နှင့် ကျန်းရွမ်တို့ကဲ့သို့ ပုဂ္ဂိုလ်များသည် ဤမျှလောက်ထိ လေးလေးနက်နက် လုပ်ဆောင်ရန် လိုအပ်သလားဟု သူတွေးနေမိသည်။

အပိုင်း(၁၁၄၉) ပြီး၏

All Chapters