← Chapters

ကျမ တောင့်မခံနိုင်တော့ဘူး

Vol. 77 Ch. 1151

ကျမ တောင့်မခံနိုင်တော့ဘူး

Vol. 77 Ch. 1151

အမှတ် ၈ အနောက်မြို့တော် အထက်တန်းကျောင်းနှင့် ခရမ်းရောင်ဥယျာဥ် အထက်တန်းကျောင်းမှ ကျောင်းအုပ်များသည် အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများ ၎င်းတို့၏ စိတ်၀ိညာဥ်ဓားများကို ဆွဲထုတ်ကာ ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများကို ရုတ်တရက် တိုက်ခိုက်သည်ကို မြင်လျှင် ဒေါသအိုး ပေါက်ကွဲသွားကြသည်။

"ချန်းထျန်းရှန်း မင်းတော်တော်အရှက်မရှိတာပဲ.. မင်းရဲ့ကျောင်းသားတွေကို စိတ်၀ိညာဥ်ဓားတွေ ခိုးသွင်းခိုင်းရဲတယ်...ဒီလောက်အရှက်မရှိတဲ့သူမျိုး တစ်ခါမှမတွေ့ဖူးဘူး.. ဥက္ကဌချီ.. အမှတ် ၆၀ အထက်တန်းကျောင်းကို ချက်ခြင်းအရေးယူသင့်တယ်လို့ အကြံပြုချင်ပါတယ်.. သူတို့ရဲ့လုပ်ရပ်က ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပြိုင်ပွဲရဲ့ စည်းမျဥ်းနဲ့လုံး၀ကိုက်ညီမှု ရှိမနေဘူး.. ဒါမတရားတဲ့လုပ်ရပ်ပဲ"

ခရမ်းရောင်ဥယျာဥ် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ကျိယန်က သူမ၏ မကျေနပ်မှုကို ဖော်ပြရင်း မျက်မှောင်ကြုတ်လိုက်သည်။

ကျောင်းအုပ်နှစ်ဦးလုံးက မတ်တပ်ထရပ်၍ အမှတ် ၆၀ အထက်တန်းကျောင်းကို ကန့်ကွက်လိုက်သော်လည်း ဥက္ကဌချီသည် ခေါင်းကိုသာ ခါရမ်းလိုက်သည်။

"အခြေခံ တည်ထောင်ခြင်းအဆင့် ကျောင်းသားတွေ

ထဲမှာ စိတ်၀ိညာဥ်ဓားနေရာလွတ်ကို ဖော်ထုတ်နိုင်တာ တကယ်ကို ရှားပါးတယ်.. အမှတ် ၆၀ အထက်တန်း ကျောင်းက စစ်ဆေးရေးဂိတ်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တဲ့ အတွက် ဒီလုပ်ရပ်ကို စည်းမျဥ်းချိုးဖောက်တဲ့ လုပ်ရပ်လို့တော့ သတ်မှတ်လို့မရဘူး.. ဒီတစ်ကြိမ်ပြိုင်ပွဲက ခန္ဓာကိုယ်နည်းစနစ်ကို အဓိက ထားပေမဲ့လည်း ကျောင်းသားတွေ အနေနဲ့ အခြေအနေ အချိန်အခါကို လေ့လာပြီး အသက်ရှင် ရပ်တည်ရေးအတွက် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်တယ်.. သူတို့ရဲ့ လုပ်ဆောင်ချက်တွေက မှော်အတတ်ကို အသုံးပြုတဲ့အခါ ဒါမှမဟုတ် ပစ္စည်းတွေကို စုဆောင်းတဲ့အခါ အခြေအနေတွေနဲ့လိုက်လျောညီထွေ ရှိနေသ၍ သူတို့ရဲ့လုပ်ရပ်ကို စည်းမျဥ်း ချိုးဖောက်တဲ့ လုပ်ရပ်လို့ သတ်မှတ်လို့မရဘူး"

ဥက္ကဌချီက စကားကို အလွန်ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သည်။

သူပြောခဲ့သည့် အဓိကအချက်မှာ အခြေအနေကို လေ့လာပြီး လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ရန် ဖြစ်၏။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သင့်အနေဖြင့် စစ်ဆေးရေးဂိတ်ကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လျှင် ပြိုင်ပွဲအတွင်း နတ်ဘုရားဆန်သော ကမ္ဘာ့ဖီဆန် မှော်ရတနာကို ထုတ်သုံးခဲ့လျှင်ပင် မည်သူမှ ဘာမှ ပြောပိုင်ခွင့်မရှိချေ။

ဤသည်မှာ ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပြိုင်ပွဲ ဖြစ်သော်လည်း အဆုံးသတ်တွင် ဤပြိုင်ပွဲသည် အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်ရသည့် ရှင်သန်ရေးတိုက်ပွဲလည်း ဖြစ်သည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် စည်းမျဥ်းများကို အလွန်တရာ အလေးထားနေသူများသည် အသက်ရှင်နိုင်မည် မဟုတ်ပေ။

ကွပ်ကဲရေးရုံးတွင် ရှိနေကြသော ကျောင်းအုပ်အများအပြားသည် ဥက္ကဌချီ၏ စကားကို သဘောတူ ထောက်ခံခဲ့ကြသည်။

"မှန်ပါတယ်.. ဥက္ကဌချီပြောတာ ထောက်ခံပါတယ်"

"ကျွန်တော်လည်း ဥက္ကဌချီရဲ့ အမြင်ကို သဘောတူပါတယ်"

"လက်နက်တွေကို ပြိုင်ပွဲထဲ ယူလာနိုင်တာက သူတို့ရဲ့ကျွမ်းကျင်မှုပဲလေ.. ဒါကို မတရားဘူးလို့ သွားပြောလို့မရဘူး"

ကျောင်းအုပ်ကြီးများ၏ စကားကိုကြားလျှင် ကျောင်းအုပ်ဆရာမကြီး ကျိယန်၏နှုတ်ခမ်းသည် တလှုပ်လှုပ် တုန်ခါသွားခဲ့သည်။

အဆုံးသတ်တွင် သူမနှင့် အနောက်မြို့တော် အထက်တန်းကျောင်းမှ ကျောင်းအုပ်သည် အနည်းငယ် ရိုးအခဲ့ကြသည်။

ဤကျောင်းအုပ်များက ဥက္ကဌချီ၏ စကားကို သဘောတူပုံထောက်လျှင် ၎င်းတို့သည်လည်း ၎င်းတို့၏ ကျောင်းသားများအား ပစ္စည်းများ ယူဆောင်လာရန် နည်လမ်းများကို စဥ်းစားထားကြောင်း မည်သူမဆို သိနိုင်ပေသည်။

သို့မဟုတ်လျှင် ၎င်းတို့အနေဖြင့် ဤမျှ အသံကျယ်ကျယ် လောင်လောင်ဖြင့် ထောက်ခံနေစရာ​ အကြောင်းမရှိပေ။

ကျောင်းနှစ်ကျောင်းမှ ကျောင်းအုပ်များသည် သူတို့၏ ကံဆိုးမှုဟုသာ သတ်မှတ်နိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် သူတို့၏ ကျောင်းသားများ အားလုံးသည် အမှတ် ၆၀ အထက်တန်းကျောင်း၏ ရုတ်တရက် အလစ်ဝင်ရောက် တိုက်ခိုက်မှုအတွင်း မဆုံးရှုံးသွားခဲ့ပေ။

အမှတ် ၈ အနောက်မြို့တော် အထက်တန်းကျောင်းနှင့် ခရမ်းရောင်ဥယျာဥ် အထက်တန်းကျောင်းမှ စုစုပေါင်း ၂၀ဦးအနက် အဆုံးသတ်တွင် ၄ဦးသည် လွတ်မြောက်သွားခဲ့သည်။

အမှတ် ၆၀ အထက်တန်းကျောင်းက ထို ၄ဦးကို လိုက်မဖမ်းခဲ့ပေ။

ဤသည်မှာ ပထမနေ့သာ ဖြစ်သောကြောင့် ၎င်းတို့အားလုံးကို ချက်ခြင်းဖယ်ရှားရန် မလိုအပ်ဘဲ ၎င်းတို့၏ ဂုဏ်သိက္ခာကို အနည်းငယ် ချန်ထားပေးခြင်းသည် ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။

ထို့အပြင် ကျောင်းနှစ်ကျောင်းအနေဖြင့် လူ ၄ဦးသာ ကျန်ရှိတော့၍ အတော်လေး အဆုံးသတ်သွားပြီဟု ဆိုရမည်။

သူတို့ မလုပ်ဆောင်လျှင်ပင် နောက် ၇ရက်ကို ရင်ဆိုင်ရန် မလွယ်ကူတော့ပေ။

အမှတ် ၆၀ အထက်တန်းကျောင်းက ဤတိုက်ပွဲကို အနိုင်ရခဲ့သော်လည်း ဘာမှမပင်ပန်းသကဲ့သို့ ခံစားခဲ့ရသည်။

အဓိကအကြောင်းရင်းမှာ သူတို့ အလစ်၀င် တိုက်ခိုက်သောအချိန်တွင် ကျောင်းနှစ်ကျောင်းသည် အစောပိုင်းက တိုက်ပွဲကြောင့် ပင်ပန်းနွမ်းနွယ်နေခဲ့ပြီ ဖြစ်၏။

အမှတ် ၆၀ အထက်တန်းကျောင်းက တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ကို ရွေးချယ်နိုင်ခဲ့မှုသည် အနိုင်ရလဒ်ကို လက်တွေ့ကျကျ အတည်ပြုလိုက် သကဲ့သို့ဖြစ်သွားခဲ့သည်။

ထို့အပြင် ၀မ်လင်းသည် တိုက်ပွဲတစ်လျောက်လုံးတွင် ပင်ပန်းခဲ့ရသည်။

သူက ကျောင်းသားများ သူ့ကို တိုက်ခိုက်လျှင် ပြန်လည်သက်ရောက်ခံရမည့် တန်ပြန်အင်အားကို ကာကွယ်ရန်အတွက် ၎င်းတို့၏ တိုက်ခိုက်မှုအားလုံးကိုအလွန်တရာ ဂရုတစိုက် ရှောင်ဖယ်ခဲ့ရသည်။

သူ့ခန္ဓာကိုယ်၏ တန်ပြန်အင်အားနှင့် ရင်ဆိုင်ရလျှင် အကာအကွယ် ရွှေရောင်အဆောင်လက်ဖွဲ့၏ အသက်ကယ်ဆယ်ခြင်း လုပ်ဆောင်ချက်သည်လည်း အသုံး၀င်မည် မဟုတ်ချေ။

၀မ်လင်း၏ ခန္ဓာကိုယ်မှ တန်ပြန်သက်ရောက်မှု အင်အားသည် အကန့်အသတ်နှင့် ရှိသည့်တိုင် အသုံးပြုလိုက်သူ၏ အင်အားထက် အဆတစ်ရာကျော် ပိုမို၍ အားကောင်းသည်။

တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်သည် ၀မ်လင်းကို ထိုး ကြိတ်ခဲ့လျှင် ၀မ်လင်း၏ ရွှေရောင်အကာအကွယ်သည် အလိုအလျောက် အသက်၀င်သွားမည်ဖြစ်ပြီး ၎င်းကို တိုက်ရိုက် ချိုးဖျက်ပစ်မည် ဖြစ်၏။

ထို့ကြောင့် သူ့အနေဖြင့် တစ်စုံတစ်ယောက်ကို တိုက်ရိုက် မတိုက်ခိုက်နိုင်ရုံ သာမက ၎င်းတို့၏ တိုက်ခိုက်မှုများကိုပါ ရှောင်ဖယ်ရသေးသောကြောင့် တိုက်ပွဲအစမှအဆုံးတိုင် ၀မ်လင်းသည် မည်သည့် တိုက်ခိုက်မှုကိုမှ မပြုလုပ်နိုင်ခဲ့ပေ။

ထိုအစား တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်ရှားနေသည်က ပြိုင်ဘက်ကို အထင်သေးသော အပြုအမူမျိုး ဖြစ်နေ၏။

ထိုသို့ရှောင်တိမ်းရင်းကနေ ၀မ်လင်းသည် အထောက်အပံ့အကူအညီတချို့ကိုလည်း ပေးခဲ့သေးသည်။

ဥပမာ ကော်ဟောက်က တစ္ဆေဓားသွားဖြင့် သစ်ပင်ကို လှဲချလိုက်သော်လည်း တကယ်တမ်းတွင် ၀မ်လင်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သူ့တွင် တခြား ရွေးချယ်စရာမရှိပေ။

ဖြောင့်မတ်သောလူတစ်ဦး အနေဖြင့် ၀မ်လင်းသည် ပန်းများကို ပြုစုပျိုးထောင်ရန်အတွက် မြေဆီလွှာ ဖြစ်လာရခြင်း၏ အဓိပ္ပါယ်ကို အမြဲတမ်း နားလည်ခဲ့သည်။

သူတပါးကို မထင်မရှား ထောက်ပံ့ရခြင်းသည် ဆိုးရွားသော အရာမဟုတ်ပေ။

၀မ်မိသားစု၏ အဓိကစည်းမျဥ်းသည် သိုသိုသိပ်သိပ် နေထိုင်ရန်ပင် ဖြစ်သည်မဟုတ်ပါလော။

"နေမ၀င်ခင်မှာ စခန်းချဖို့ နေရာတစ်ခု ရှာဖွေသင့်တယ်"

ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများကို ပြန်လွှတ်လိုက်ပြီးနောက်တွင် စွန်းရုံသည် မြေပုံကို တဖန်ပြန်လည် ဆန်းစစ်ခဲ့သည်။

သူတို့အနေဖြင့် စခန်းချမည့်နေရာကို ရွေးချယ်ရာတွင် သတိထားရပေမည်။

ဥပမာ အလွန်မြင့်မားသော နေရာကို ရွေးချယ်မိလျှင် အလွယ်တကူ ၀ိုင်းရံခံရနိုင်၏။

ချောက်ကမ်းပါး သို့မဟုတ် အလားတူနေရာတစ်ခုကို ရွေးချယ်ခြင်းသည် စိတ်၀ိညာဥ်ပိုးမွှားများနှင့် သားရဲများ၏ တိုက်ခိုက်မှုကို ခံရခြင်းမှ ကာကွယ်နိုင်သော်လည်း အခြားသူများ၏ ၀ိုင်းရံခြင်းကို ခံရလျှင် ချောက်ကမ်းပါးမှ ခုန်ချရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။

ထို့ကြောင့် သူတို့အနေဖြင့် အစားအစာ၊ရေနှင့် စိတ်၀ိညာဥ်အပင်များ အတော်အသင့် ပေါများသော နေရာကို ရှာဖွေရမည် ဖြစ်၏။

စိတ်၀ိညာဥ်အပင်များ ရှိနေသ၍ စွန်းရုံသည် ပိုးမွှားများနှင့် ၀ိညာဥ်သားရဲများကို မောင်းထုတ်ရန်အတွက် ဆေးလုံးအချို့ကို ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။

သူမသည် ဟွာကောရေတံခွန်လုပ်ငန်းစုမှ ဖြစ်ပြီး လုပ်ငန်းစု၏ အနာဂတ် ဆက်ခံသူလည်း ဖြစ်သည်။

ထို့ကြောင့် ဤအမျိုးသားအဆင့်ပြိုင်ပွဲတွင် သူမ၏ မိသားစုကို အရှက်ခွဲရန် မဖြစ်နိုင်ပေ။

စိတ်၀ိညာဥ်အပင်များ အလုံအလောက် ရှိနေသ၍ စွန်းရုံသည် သူမ၏ ကျွမ်းကျင်မှုကို ပြသရန် အသင့် ဖြစ်နေခဲ့သည်။

သို့သော် ယခုပြသနာမှာ သူတို့လူစုအနေဖြင့် မည်သည့်နေရာတွင် စခန်းချသင့်သလဲ ဟူသော အချက်ဖြစ်သည်။

နဂါးကိုးကောင် တောင်တန်းကို ၎င်း၏ မြေပြင် အနေအထားကြောင့် ထိုသို့ခေါ်ဝေါ်ခြင်း ဖြစ်၏။

ဆိုရလျှင် နဂါးခြေသည်းများကဲ့သို့ တောင်ထွတ်ကိုးခုသည် နဂါးကိုးကောင်တောင်၏ အဓိကတောင်ထွတ် ဖြစ်သော ထုထည်ကြီးမားသည့် လိပ်ခုံးသဏ္ဍာန် တောင်တစ်လုံးကို ၀ိုင်းရံထားကြသည်။

ထို့ကြောင့် နဂါးကိုးကောင်တောင်သည် အမှန်တကယ်တွင် တောင်ဆယ်လုံးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။

အဓိကတောင်ထွတ်သည် သဘာ၀အားဖြင့် အရင်းအမြစ် အကြွယ်၀ဆုံး ဖြစ်သော်လည်း လူအများစုသည် ထိုတောင်ထိပ်ကို လုယက်ပြီးရန် အလွန် ဖြစ်နိုင်ချေများသည်။

ထို့အပြင် ထိုအဓိက တောင်ထွတ်သည် ၀မ်လင်းတို့ လူစုနှင့် အလွန်ပင် ဝေးကွာလွန်းနေသည်။

တခြားတစ်ဖွဲ့ဖွဲ့က ထိုတောင်ထိပ်မှ အရင်းအမြစ်များကို ရယူပြီးသည်မှာ ဖြစ်နိုင်ချေများ၏။

သူတို့အဖွဲ့က အရင်းအမြစ်တချို့ကို လိုအပ်နေသောကြောင့် အချိန်အတော်ကြာ သေသေချာချာ စဥ်းစားခဲ့သည်။

ထို့ကြောင့် သူတို့အမှတ် ၆၀ အထက်တန်းကျောင်းသည် အနီးဆုံးရှိ နဂါးခြေသည်း တောင်ထွတ်တစ်ခုသို့သာ ရွေးချယ်နိုင်ပြီး အရင်းအမြစ် အတော်အတန်ကြွယ်၀သော နေရာကို ဦးစားပေး ရွေးချယ်ရမည် ဖြစ်သည်။

စွန်းရုံက မြေပုံကို ဆန်းစစ်ပြီးနောက်တွင် မီးတောင်ထွတ်ရှိသည့်နေရာကို အကြံပြုလိုက်သည်။

ထိုမီးတောင်သည် အပူပိုင်းဒေသနှင့် ဆင်တူသော ပတ်၀န်းကျင်မျိုးရှိသည့် နဂါးကိုးကောင်တောင်၏ နဂါးခြေသည်း တောင်ထွတ်များထဲမှ တစ်ခုဖြစ်သည်။

အခြားနေရာထက် အနည်းငယ် ပိုပူသော်လည်း အရင်းအမြစ်များ ပိုများသည်။

ပို၍အရေးကြီးသည်မှာ သူတို့၏တည်နေရာနှင့် အလှမ်းသိပ်မဝေးခြင်းပင်။

ထို့အပြင် မီးတောင်ထွတ်၏ ပတ်၀န်းကျင်တွင်လည်း

ထောက်ပံ့ရေးအတွက် နေရာတစ်ခု ရှိသည်။

လက်ရှိမြေပုံအရ သူတို့အတွက် မီးတောင်ထွတ်ထက် ပိုကောင်းသောနေရာ မရှိပေ။

ထို့အပြင် ကျောင်းတစ်ကျောင်းကျောင်းက မီးတောင်ထွတ်ထဲသို့ ၀င်ရောက်ပြီး သိမ်းပိုက်ထားနိုင်ခြေကိုလည်း ဖယ်ရှား၍မရချေ။

ဆွေးနွေးမှုအချို့ပြုလုပ်ပြီးနောက်တွင် သူတို့လူစုသည် မီးတောင်ထွတ်ကို သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

လိပ်အသက်ရှုသည့် နည်းစနစ်ကို အသုံးပြုခြင်းသည် သူတို့၏အရှိန်ကို အလွန်တစ်ရာ နှေးကွေးစေသောကြောင့် စွန်းရုံသည် အံ့သြဖွယ်ဖြေရှင်းနည်း တစ်ခုကို တီထွင်ခဲ့သည်။

သူမသည် ဆန်းကြယ်ပင်လယ်၏ အင်အားကိုအသုံးပြု၍ လူတိုင်း၏ ၀ိညာဥ်စွမ်းရည်ကို ပေါင်းစပ်လိုက်ရာ အဆုံးသတ်တွင် သူတို့ကို အကာအကွယ်ပေးရန်အတွက် ကြီးမားသော လိပ်ခွံတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။

"ဒါက အပြာရောင်လိပ်ခွံ မှော်အကာအကွယ်ပဲ.. ဒီလိပ်ခွံထဲမှာအသက်ရှုရင် အော်ရာတွေကို ထိန်းသိမ်းနိုင်တဲ့အပြင် လိပ်အသက်ရှုခြင်း နည်းစနစ်နဲ့ တူညီတဲ့ အကျိုးသက်ရောက်မှုကိုလည်း ရရှိစေတယ်"

စွန်းရုံက ရှင်းပြလိုက်သည်။

ထို့နောက်တွင် စွန်းရုံသည် မန္တန်ကို မည်သို့ ရွတ်ဆိုရမည်ကို သင်ပေးလိုက်သည်။

လူတိုင်းက ၀ိညာဥ်စွမ်းရည်ကို ပေါင်းစပ်ခြင်း မပြုလျှင် အပြာရောင်လိပ်ခွံ မှော်အကာအကွယ်သည် ကြာကြာမခံနိုင်မည်ကို စိုးရိမ်ရ၏။

ယခုအခါတွင်မူ သူတို့ ဆယ်ယောက်လုံးသည် ဆန်းကြယ်ပင်လယ်ကို စိတ်၀ိညာဥ်စွမ်းအားများ ပေးအပ်ပြီး မန္တန်ကို အတူတကွ ရွတ်ဆိုနေခဲ့ကြသည်။

သို့သော် ဤသည်က ပြသနာတစ်ခုကို မတော်တဆ ဖန်တီးမိခဲ့၏။

ဆန်းကြယ်ပင်လယ်သည် ၀မ်လင်းတွင် အင်အားအလွန်တစ်ရာ များပြားကြောင်း သဘောပေါက်လိုက်သည်။

ဓားစိတ်၀ိညာဥ်အနေဖြင့် သူမ၏တစ်သက်တာတွင် ဤမျှ အတိုင်းအဆမဲ့သော ၀ိညာဥ်စွမ်းရည်ကို ခံစားမိခြင်းသည် ပထမဆုံးအကြိမ်ဖြစ်၍ သူမအနေဖြင့် ရုတ်တရက် နှလုံးသားထဲကနေ ကျယ်လောင်စွာ အော်ဟစ်ပစ်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။

"ဝေးဝေးမှာ နေပေးပါ ကျွန်မ တောင့်မခံနိုင်တော့ဘူး"

အပိုင်း(၁၁၅၁) ပြီး၏

All Chapters