← Chapters

ဝမ်လင်း၏တပ်မက်ဖွယ်ခန္ဓာကိုယ်

Vol. 77 Ch. 1153

ဝမ်လင်း၏တပ်မက်ဖွယ်ခန္ဓာကိုယ်

Vol. 77 Ch. 1153

သူတောင်စင်သားရဲသွေး၏ သေစေလောက်သော ဆွဲဆောင်နိုင်မှုသည် တောထဲတွင် ဆူညံပွက်လော ရိုက်စေပြီး မီးတောင်ထွတ်တ၀ိုက်ရှိ ဧရာမစိတ်၀ိညာဥ် သားရဲများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

"ဒီအနံ့.."

ဧရာမလက်မောင်းတွင် စိတ်၀ိညာဥ်မီးလျှံများ ရစ်ပတ်နေသော မျောက်ဘုရင်တစ်ကောင်သည် သူ၏ နှုတ်ခမ်းဖျားကို လျှာဖြင့် သပ်လိုက်သည်။

သူက နှစ်တစ်ထောင်မက်မွန်သီးအနံ့နှင့် ဆင်တူသောအနံ့ကို ရရုံဖြင့် သရေကျနေခဲ့ပြီ ဖြစ်၏။

ဒုတိယတန်းစား စိတ်ဝိညာဥ်သားရဲ မီးလျှံလက်မောင်း ဧရာမမျောက်ဘုရင်၊ ဒုတိယတန်းစား စိတ်ဝိညာဥ်သားရဲ သွေးခြေသည်း မြွေဘုရင်၊ တတိယတန်းစား စိတ်၀ိညာဥ်သားရဲ ဒါဇင်ပေါင်းများစွာ နှင့် စတုတ္ထ နှင့် ပဥ္စမတန်းစား ၀ိညာဥ်သားရဲ ရာပေါင်းများစွာ..

ထွင်ထျန်းဟာသည် တောထဲတွင် ပြောင်းလဲမှုများကို အာရုံခံစားမိလိုက်သည်။

ဤစိတ်၀ိညာဥ်သားရဲများကို ထိန်းချုပ်နိုင်သ၍ ကောင်းမွန်သော ပြကွက်တစ်ခုကို ပြသရန် လုံလောက်လိမ့်မည် ဖြစ်သည်။

စိတ်၀ိညာဥ်သားရဲများကို ကိုင်တွယ်ရန်မှာ ငွေရောင်လေးနှင့်ထွင်ထျန်းဟာတို့ အတွက် ကိတ်မုန့်လှီးသလောက်ပင် မခက်ခဲပေ။

သူတို့က ပထမဆုံး ရောက်ရှိလာသော မီးလျှံလက်မောင်းမျောက်ဘုရင်နှင့် သွေးခြေသည်းမြွေဘုရင် တို့ကို ချက်ချင်း ဖိနှိပ်နင်းနိုင်ခဲ့သည်။

ထွင်ထျန်းဟာက မီတာဒါဇင်ပေါင်းများစွာ ရှည်လျား

သော ဒုတိယတန်းစား စိတ်ဝိညာဥ်သားရဲ သွေးခြေသည်း မြွေဘုရင်၏ ခန္ဓာကိုယ်ကို ကြိုးအဖြစ် အသုံးပြုကာ မီးလျှံလက်မောင်း မျောက်ဘုရင်ကို မြဲမြံစွာ ချည်နှောင်ထားလိုက်သည်။

"အရှင်နှစ်ပါး.. ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ"

လုံး၀ ချုပ်နှောင်ခံထားရသဖြင့် ဒုတိယတန်းစား စိတ်၀ိညာဥ်သားရဲဘုရင်နှစ်ကောင်သည် အံ့အားသင့်သွားကြသည်။

သူတို့က ဤနေရာတွင် သူတောင်စင် သားရဲနှင့် သူတော်စင်တစ်ပိုင်း သားရဲတို့ ပေါ်ထွက်လာလိမ့်မည်ဟု လုံး၀မထင်ခဲ့ကြပေ။

ထို့အပြင် သူတော်စင်တစ်ပိုင်း သားရဲသည် အစိမ်းရောင် ရောကျော်ခွေးတစ်ကောင် ဖြစ်သော်လည်း လူသားအသွင်ကိုပင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

သူတို့က နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခဲ့ပြီးပြီ ဖြစ်သော်လည်း လူသားအသွင်ကို မရရှိသေးကြောင်း သိထားရပေမည်။

၁၀ မိနစ်ခန့်အကြာတွင် အမှတ်၆၀အထက်တန်းကျောင်း မှ ကျောင်းသားများသည် ကောင်းကင်ထက်တွင် ပျံ၀ဲနေသော ငှက်ပေါင်းများစွာနှင့် သူတို့ရှေ့ရှိ တောတွင် ပြေး လွှားနေသော သားရဲရာပေါင်းများစွာကို တွေ့လိုက်သည်။

ဒုတိယတန်းစား စိတ်ဝိညာဥ်သားရဲ မီးလျှံလက်မောင်း မြောက်ဘုရင် နှင့်သွေးခြေ သည်းမြွေဘုရင်တို့ ဦးဆောင်သော စိတ်၀ိညာဥ် သားရဲများစွာသည် ၀မ်လင်းတို့ ဘက်တွင်ပြေးလွှားနေခဲ့ကြသည်။

သို့သော်လည်း သူတို့သည် ကျောင်းသားများကို ရန်ပြုလိုစိတ် မရှိကြပေ။

ဤသည်မှာ ထွင်ထျန်းဟာ နှင့် ငွေရောင်လေးတို့ စီစဥ်ထားခြင်းဖြစ်ကြောင်း ၀မ်လင်း သိရှိခဲ့ရသည်။

သူက အစောကတည်းကပင် ငွေရောင်လေး၏ သူတော်စင်သားရဲ အရှိန်အ၀ါကို အနံ့ရခဲ့သည်။

ထို့ကြောင့် ဤသားရဲ၀ိညာဥ်အုပ်စု ရုတ်တရက် ပေါ်ပေါက်လာသည်ကို တွေ့ရပြီးနောက်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ချက်ချင်းဆိုသလို ခန့်မှန်းမိလိုက်၏။

ဤစိတ်၀ိညာဥ် သားရဲများသည် ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့၏ အတင်းအကြပ် ခိုင်းစေခြင်းကို ခံထားရသည်မှာ အလွန်ပင် ထင်ရှားနေသည်။

၀မ်လင်းက သရုပ်ဆောင်ရန် မည်မျှ ခက်ခဲကြောင်း တွေးမိကာ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ထွင်ထျန်းဟာတို့ အနေဖြင့် ဤကဲ့သို့ ဖြစ်ရပ်ကို လုပ်ဆောင်ရန်အတွက် ၀ိညာဥ်သားရဲ အရေအတွက်ကို ထိန်းချုပ်ရမည် ဖြစ်၏။

သို့မဟုတ်လျှင် ပြိုင်ပွဲကျင်းပရေး ကော်မတီသည် ဤနေရာကို သားရဲလှိုင်း အန္တရာယ် ရှိနေသည်ဟု ယူဆသွားနိုင်ဖွယ် ရှိသည် မဟုတ်ပါလော။

သားရဲလှိုင်းဖြစ်ရပ်သည် နဂါးကိုးကောင်တောင်တွင် အခါအားလျော့စွာ ဖြစ်ပွားတတ်သည်။

ပျမ်းမျှအားဖြင့် အများဆုံး သုံးလေးလ တစ်ကြိမ် ဖြစ်တတ်၏။

သားရဲလှိုင်းအတွင်း ခရီးသွားလာခြင်းသည် အလွန်ပင် အန္တရာယ်များ၍ ပြိုင်ပွဲကျင်းပရေး ကော်မတီသည် လူအများကို စေလွှတ်ကာ အကြောင်းရင်းအား စုံစမ်းမည်မှာ သေချာသည်။

ထိုအတွက်ကြောင့် ပြိုင်ပွဲကျင်းပရေးကော်မတီက သတိမထားမိစေရန်လည်း လိုအပ်၏။

ကံကောင်းစွာဖြင့် ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့၏ အမိန့်အရ စိတ်၀ိညာဥ်သားရဲများသည် စနစ်တကျ ပြုမူခဲ့ကြပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ သံသယကို မလှုံဆော်ခဲ့ကြပေ။

သူတို့၏ ပတ်၀န်းကျင်နှင့် ၀ိညာဥ်သားရဲများကို မကြာခဏ တွေ့လာရသည်နှင့် အမျှ ပျင်းရိဖွယ်ကောင်းသော စွန့်စားခန်းသည် အနည်းငယ်ပို၍ အသက်၀င်လာခဲ့သည်။

တကယ်တမ်းတွင် ၀ိညာဥ်သားရဲများ ပတ်၀န်းကျင်တွင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရေးမကြီးပေ။

၀မ်လင်းတို့လူစုသည် စိတ်၀ိညာဥ်သစ်သီးများကို စားသုံးခြင်းဖြင့်လည်း အသက်ရှင်နိုင်ပေသည်။

နောက်ထပ် နာရီ၀က်ခန့်အကြာတွင် အမှတ် ၆၀ အထက်တန်းကျောင်းသည် မီးတောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။

အံ့သြစရာကောင်းစွာပင် မီးတောင်ထွတ်၌ စခန်းချထားသော လက္ခဏာရပ်များကို မတွေ့ရပေ။

တစ်နည်းအားဖြင့် အမှတ် ၆၀ အထက်တန်းကျောင်းသည် ဤတောင်ထွတ်သို့ ပထမဆုံး ရောက်ရှိလာသော အဖွဲ့ ဖြစ်သည်။

"ငါတို့က တကယ်ပဲ ပထမဆုံး ရောက်လာတဲ့ အဖွဲ့လား"

ချန်းချောင်က တအံ့တသြ ရေရွတ်လိုက်သည်။

တကယ်တမ်းတွင် ဤသည်မှာ ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့၏ ထိန်းချုပ်မှုကို ခံနေရသည့် မီးလျှံလက်မောင်း​ မျောက်ဘုရင်နှင့် သွေးခြေသည်း မြွေဘုရင်တို့က သူတို့၏ လက်အောက်ငယ်သား မျောက်ငယ်လေးများနှင့် မြွေငယ်လေးများကို စေလွှတ်ကာ မီးတောင်ထွတ်ကို သိမ်းပိုက်ရန် စီစဥ်နေသော အဖွဲ့များအား အနှောင့်အယှက် ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် အမှတ် ၆၀အထက်တန်းကျောင်း အဖွဲ့ ရောက်ရှိလာသောအခါတွင် မီးတောင်ထွတ်သည် အလွန်ပင် သန့်ရှင်းနေပြီး မထိတွေ့ရသေးသည့်ပုံ ပေါက်နေခဲ့၏။

----------------------

အခြားတစ်ဖက်တွင်လည်း ဗိုလ်ချုပ်ပိုင် ဦးဆောင်သော မာကျောက်တပ်ဖွဲ့သည် ကွပ်ကဲရေးစင်တာနှင့် ပူးပေါင်းကာ လူသားမိစ္ဆာ ရှားလီရှင်း ရှိသည်ဟု သံသယရှိသော နေရာသို့ရောက်ရှိသွားကြသည်။

ထိုနေရာတွင် ကျောင်းသားများ ရှိမနေခဲ့ပေ။

"လူသားမိစ္ဆာ ဒီနေရာမှာ ရှိခဲ့တယ်"

မိစ္ဆာအင်ပါယာကွာဖီက မြေပြင်ပေါ်ရှိ ညိုးနွမ်းနေသော စိတ်၀ိညာဥ် အပင်များကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ရှားလီရှင်းသည် စိတ်၀ိညာဥ် စွမ်းအင်များကို မဆင်မခြင်စားသုံးနိုင်သည့် ကြောက်မက်ဖွယ် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

သူတို့က ဆက်လက် စစ်ဆေးခဲ့ရာ လူသားမိစ္ဆာရှားလီရှင်း၏ သေဆုံးခြင်းနှင့် ပျက်စီးခြင်း အင်အားကို ခံစားနိုင်ခဲ့ကြသည်။

ဗိုလ်ချုပ်ပိုင်က မြေပြင်ပေါ်ရှိ ခြေရာများကို ဂရုတစိုက် အကဲခတ်လိုက်သည်။

ခြေရာတစ်ခုချင်းစီသည် သေခြင်းတရား၏ အရှိန်အ၀ါကို

ထုတ်လွှတ်နေခဲ့သည်။

လူသားမိစ္ဆာ၏ခြေရာကို နင်းမိသူတိုင်း၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် ဓာတ်ရောင်ခြည်နှင့် ထိတွေ့ခံရသကဲ့သို့ လျင်မြန်စွာ ညိုးနွမ်းကာ သေဆုံးသွားလိမ့်မည်။

"သူအရင်ထက် အားကောင်းလာတယ်"

မိစ္ဆာအင်ပါယာကွာဖီက မြေပြင်ပေါ်ရှိ ခြေရာများကို စိုက်ကြည့်ကာ စိုးရိမ်ပူပန်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းနဲ့ သူနဲ့ နောက်ဆုံးတိုက်ခိုက်တဲ့အချိန်က အခြေအနေနဲ့ ယှဥ်ရင် သူဘယ်လောက်ထိ ပြောင်းလဲသွားလဲ"

ဗိုလ်ချုပ်ပိုင်က မေးခွန်းထုတ်လိုက်သည်။

"နောက်ဆုံးအကြိမ်က သူအတော်လေး ငါ့ကို အခက်တွေ့စေခဲ့တယ်"

ကွာဖီက ခေါင်းကို အနည်းငယ် ခါရမ်းကာ ပွင့်လင်းစွာ ပြောလိုက်သည်။

"အဲဒီအချိန်က သူနဲ့ထိတွေ့တဲ့ နေရာတွေက ညှိုးနွမ်းရုံလောက်ပဲ.. ဒါပေမဲ့ ဒီတစ်ကြိမ် စိတ်၀ိညာဥ်အပင်တွေ ပျက်စီးယိုယွင်းမှုကို လေ့လာမှုအရတော့ ရှားလီရှင်းရဲ့ သူတော်စင်နတ်ဆိုး အကျဥ်းချ နည်းစနစ်က အတော်လေး တိုးတက်လာပြီး ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားပြီ ဆိုတာ သက်သေပြနေတယ်

ထိုစကားကို ပြောရင်း ကွာဖီသည် ရုတ်တရက် တစ်စုံတစ်ရာကို စဥ်းစားမိကာ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

"မကောင်းတော့ဘူး"

"မင်းဘာတွေးမိလို့လဲ"

"သူတော်စင်နတ်ဆိုး အကျဥ်းချနည်းစနစ်က ရှားလီရှင်းကို စိတ်၀ိညာဥ်စွမ်းအင်တွေ စုပ်ယူပြီး သက်ရှိအားလုံးရဲ့ ဆဲလ်တွေကို မျိုချဖို့အတွက် အကူအညီပေးနိုင်တယ်.. နဂါးကိုးကောင်တောင်မှာက သက်တန့်မြူလို သဘာ၀ ဖြစ်စဥ်တွေ နေ့စဥ်နေ့တိုင်း ဖြစ်ပေါ်နေတယ်.. ဥပမာ ရှားလီရှင်းက နဂါးကိုးကောင်တောင်မှာရှိတဲ့ အပင်တွေအားလုံးကို ၀ါးမျိုမယ်.. ပြီးရင် အဲဒီစိတ်၀ိညာဥ်အပင်တွေ သက်တန့်မြူအစွမ်းနဲ့ ပြန်လည် လန်းဆန်းလာတာကို စောင့်မယ်.. ပြီးရင် ထပ်မံမျိုချမယ်.. ဒီလိုမျိုးသာ အဆက်မပြတ် ဖြစ်နေခဲ့မယ်ဆိုရင်.."

ကွာဖီ၏ စကားကိုကြားလျှင် သူတို့အားလုံး တုန်လှုပ်သွားကြသည်။

ထိုသို့ တကယ်ပဲဖြစ်လာခဲ့လျှင် နဂါးကိုးကောင်တောင်၏ ပတ်၀န်းကျင်သည် ရှားလီရှင်းအတွက် ဒဏ္ဍာရီလာ မရပ်မနား စွမ်းအင် ထုတ်ပေးသည့် စက်တစ်လုံးလို ဖြစ်သွားပေလိမ့်မည်။

ဗိုလ်ချုပ်ပိုင်သည် ထိုအချက်ကို အမှန်တကယ် မစဥ်းစားမိခဲ့ပေ။

"လူသားမိစ္ဆာ ရှားလီရှင်းကို အမြန်ဆုံး ဖယ်ရှားပစ်ရမယ်"

ဤကိစ္စက မည်မျှအရေးကြီးမှန်း ဗိုလ်ချုပ်ပိုင်က ကောင်းစွာ သဘောပေါက်လိုက်သည်။

သူတို့၏ အဓိကဦးစားပေးမှာ ဤနေရာကို ပိတ်ဆို့ထားပြီး လူသားမိစ္ဆာရှားလီရှင်းကို ဖယ်ရှားရန်ဖြစ်၏။

သို့ရာတွင် သူတို့ဤနေရာသို့ ရောက်လာကတည်းက လူသားမိစ္ဆာ ရှားလီရှင်း၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။

ထိုအချက်ကိုကြည့်လျှင် ရှားလီရှင်းသည် လိမ်မာပါးနပ်သည့် ရန်သူတစ်ယောက်မှန်း သိသာနေသည်။

ရှားလီရှင်းကို မဖယ်ရှားနိုင်လျှင် မည်သည့်အရာများ ဖြစ်ပျက်လာနိုင်သလဲ ဆိုသည်ကို မည်သူမှမသိပေ။

ဗိုလ်ချုပ်ပိုင်က ကွပ်ကဲရေးစင်တာကို ထပ်မံ ဆက်သွယ်လိုက်သည်။

"ကွပ်ကဲရေးစင်တာကလား လူသားမိစ္ဆာရှားလီရှင်းရဲ့ အော်ရာကို ငါတို့ရှာမတွေ့တော့ဘူး.. သူ့ရဲ့ တည်နေရာကို ထပ်ပြီး အတည်ပြုပေးပါဦး"

တစ်ဖက်တွင်လည်း ၀မ်လင်းတို့၏ နောက်သို့ အရိပ်မည်း တစ်ခုသည် တိတ်တဆိတ် လိုက်ပါလာခဲ့သည်။

လူသားမိစ္ဆာရှားလီရှင်းသည် ပြန်လည် ရှင်သန်လာပြီးနောက်တွင် ခွန်အားအပြည့်ရှိသည့် ငယ်ရွယ်သော ခန္ဓာကိုယ်ကို အရေးတကြီး လိုအပ်နေခဲ့သည်။

သူ၏ပစ်မှတ်မှာ အမှတ် ၆၀ အထက်တန်းကျောင်းမှ

ကျောင်းသားများက လွဲ၍ တခြားမဟုတ်ပေ။

တိတိကျကျပြောရလျှင် သူ၏အဓိကပစ်မှတ်သည် ၀မ်လင်း ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် ရှားလီရှင်းသည် ခံစားချက်မဲ့ငါးမသာ မျက်လုံးရှိသော ဤလူငယ်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အ၀ါသည် ရွယ်တူများနှင့် ယှဥ်လျှင် သာလွန်နေကြောင်း ခံစားမိခဲ့သည်။

ကျောင်းသားအားလုံးသည် အသက်အရွယ် တူညီကြသော်လည်း ၎င်းတို့၏ခန္ဓာကိုယ်များကမူ အနှစ်သာရအားဖြင့် ကွဲပြားခြားနားကြသည်။

လူငယ်တစ်ဦးအနေဖြင့် ၀မ်လင်း၏ ခန္ဓာကိုယ် ဤမျှအထိ ကောင်းမွန်ရသည့် အကြောင်းရင်းမှာ အလွန်ပင် ရိုးရှင်းသည်။

ယင်းမှာ ညဥ့်နက်သည်အထိ မနေဘဲ စောစောအိပ် စောစော ထကာ ဆိုဒါပါသော အအေးများ မသောက်သောကြောင့် ဖြစ်၏။

အပိုင်း(၁၁၅၃) ပြီး၏

All Chapters